Powered by Blogger.
RSS
Showing posts with label ဂျာမနီ သတင်း. Show all posts
Showing posts with label ဂျာမနီ သတင်း. Show all posts

မြန်မာနိုင်ငံအနီး ကပ္ပလီပင်လယ်အော် အတွင်း ဂျာမနီဂြိုဟ်တုပျက် ကျဆင်းခဲ့ဖွယ်ရှိ

ဂျာမနီ ဂြိုဟ်တုပျက် တစ်စင်း ကမ္ဘာမြေပေါ် ပြန်လည် ကျဆင်းလာခဲ့ ရာ အောက်တိုဘာလ ၂၃ ရက်နေ့တွင်
လေထုအတွင်း ၀င်ရောက်လာခဲ့ပြီး ဂြိုဟ်တုအစိတ်အပိုင်းများ ကမ္ဘာမြေပေါ်သို့ ကျဆင်းခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၂၄ ရက်နေ့ အထိ ဂြိုဟ်တုအစိတ်အပိုင်းများ ကျဆင်းခြင်းနှင့် ပတ်သက်ပြီးသတင်းပေးပို့ မှုမရရှိ
သောကြောင့် ကျဆင်းဖွယ်ရှိသည့် နေရာများထဲမှ မြန်မာနိုင်ငံ ကမ်းလွန် ကပ္ပလီပင်လယ်အော်(သို့မဟုတ်) လူသူမ
နေသောနေရာ တစ်နေရာသို့ ကျဆင်းရန်ဖြစ်နိုင်ခြေ အများဆုံးဖြစ် နေကြောင်းသိရသည်။

သိပ္ပံပညာရှင်များ ခန့်မှန်းထားသော ကမ္ဘာမြေပေါ် ကျဆင်းမည့်အချိန်သည် အာရှစံတော် ချိန်များအရ နိုင်ငံအလိုက်
နံနက်ပိုင်း ၇ နာရီမှ ၈ နာရီ ၀န်းကျင်ဖြစ်ပြီး ကျဆင်းမည့်အချိန် တွက်ချက်မှုမှာ တစ်ရက်ခန့်အထိ ကွဲလွဲနိုင်ကြောင်း
သိရသည်။ ဂျာမနီအာကာသစင်တာမှ ထုတ်ပြန်ချက်အရ ဂြိုဟ်တုကျဆင်းသည် ဆိုသော သတင်းပို့ချက် မရရှိသော
ကြောင့် လူသူမရှိသည့်နေရာသို့ ကျဆင်းခြင်းသာ ဖြစ်နိုင်သည်ဟု ထုတ်ပြန်ထားသည်။

မည်သည့်နေရာသို့ ကျဆင်းသည်ဟု အတိအကျ မပြောနိုင်သော်လည်း မြန်မာနိုင်ငံကမ်းလွန် ကပ္ပလီ ပင်လယ်
အော်၊ မြန်မာနိုင်ငံကုန်းတွင်းပိုင်း၊ အိန္ဒိယသမုဒ္ဒရာကိုလွန်ပြီး သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းသို့ ကျရောက် နိုင်ဖွယ်ရှိ
သည်ဟု အမေရိကန်သိပ္ပံပညာရှင်များက အစောပိုင်းတွင် တွက်ချက်ထားခဲ့ပြီး တရုတ်နိုင်ငံတွင်းသို့ ကျဆင်းနိုင်ခြေ
ရှိကြောင်းလည်း ခန့် မှန်းထားခဲ့သည်။ တရုတ်သို့ကျမည် ဆိုလျှင် လူသန်းနှင့်ချီနေထိုင်သော ချုံကင်းနှင့်ချန်ဒူးသို့
ကျဆင်းနိုင်၍ စိုးရိမ်ရကြောင်း ဟားဗတ်-စမစ် ဆိုနီယန်စင်တာမှ အာကာသရူပဗေဒ ပညာရှင် ဂျိုနသန်မက်ဒေါ်ဝဲလ်
က အစောပိုင်းတွင် သုံးသပ်ခဲ့သည်။ သို့ရာ တွင် တရုတ်ဘက်မှ သတင်းထွက် ပေါ်မှု မရှိခဲ့ပေ။

၂ ဒသမ ၆၉ တန် လေးသော ROSAT အမည်ရဂြိုဟ်တုကို ၁၉၉၀ ပြည့်နှစ်က လွှတ်တင်ခဲ့ပြီး အာကာသ တွင်းရှိ
တွင်းနက်ကြီးများ၊ နျူထရွန် ကြယ်များ၊ အာကာသတွင်းမှ X-Ray ရင်းမြစ်များကို လေ့လာခဲ့ပြီး ၁၉၉၉ ခုနှစ်တွင်
ရပ်ဆိုင်းသွားခဲ့ခြင်း ဖြစ်ပါသည်။

ref: http://www.mmcfamily.org/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...