Powered by Blogger.
RSS
Showing posts with label Sun (နေ). Show all posts
Showing posts with label Sun (နေ). Show all posts

နေ



နေသည် ကျွန်ုပ်တို့ နေအဖွဲ့အစည်း၏ ဗဟိုတွင်တည်ရှိနေသည့် ကြယ်ကြီးတစ်လုံးဖြစ်သည်။ မြန်မာတို့က “သူရိယ” ဟု ပါဋိစကားလုံးမှ ဆင်းသက်လာသည့်အတိုင်း ခေါ်ကြသည်။ နေ၏အချင်းမှာ မိုင်ပေါင်း (၈၆၄၆၀၀) မိုင်ဖြစ်သည်။ ကမ္ဘာနှင့်နေ တို့၏ အကွာအဝေးသည် မိုင်ပေါင်း (၉၃၀၀၀၀၀၀) ကိုးဆယ့်သုံးသန်းဖြစ်သည်။ နေအား ကမ္ဘာအပါအ၀င် ဂြိုလ်များ၊ ဂြိုလ်သိမ်များ၊ ဥက္ကာပျံများ၊ ကြယ်တံခွန်များ ကလှည့်ပတ်နေသည်။ ထို့ကြောင့် နေသည် နေအဖွဲ့အစည်း၏ တည်ဆောက်ပုံအရလည်း ဗဟိုဖြစ်သည်။ ထို့ပြင် နေသည် နေအဖွဲ့အစည်း တစ်ခုလုံးပေါင်းသိပ်သည်းဆ ၏ ၉၉.၈ % မျှရှိသည်ဟု ဆိုပါသည်။

နေမှ စွမ်းအင်များသည် နေရောင်ခြည်အဖြစ် ကမ္ဘာပေါ်သို့ကျရောက်လာပြီး သက်ရှိများအသက်ရှင်ရပ်တည်ရေးနှင့် ကမ္ဘာ့ရာသီဥတု အပြောင်းအလဲများကို ဖန်တီးပေးသည်။ နေနှင့် ကမ္ဘာကြား အကွာအဝေးကြောင့် နေမှ အလင်းသည် ကမ္ဘာသို့ရောက်ရန် ၈ မိနစ်မျှကြာသည်။

နေ၏ မျက်နှာပြင်ပေါ်တွင် ပါဝင်သည့်အရာများမှာ ဓာတ်ငွေ့များဖြစ်သည်။ အဓိကအားဖြင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့မှာ ၇၄% ခန့်ရှိပြီး၊ ဟီလီယံဓာတ်ငွေ့ ၂၄% ပါဝင်ကာ ကျန်ရာခိုင်နှုံးများတွင် သံ၊ နီကယ်၊ အောက်စီဂျင်၊ ဆီလီကွန်၊ ကန့်၊ မဂ္ဂနီစီယံ၊ ကာဗွန်၊ နီယွန် နှင့် ကယ်လ်စီယံ ဓာတ်ငွေ့များပေါင်းစပ်ပါဝင်ပါသည်။

ကျွန်ုပ်တို့၏ နေကို နေ့အခါတွင် ကောင်းကင်ယံတွင် မြင်နိုင်သည်။ နေသည် ကြီးမားသော အဝါရောင်ဘောလုံးကြီး တစ်ခုပမာပင်ဖြစ်သည်။

အမှန်စင်စစ်တွင် နေသည် မရပ်မနား ပေါက်ကွဲနေသော ဧရာမဘောလုံးကြီး တစ်ခုသာလျှင်ဖြစ်သည်။ ထိုပေါက်ကွဲမှုများမှ စွမ်းအင်အမြောက်အများကို ထုတ်လွှတ်သည်။ နေသည် ကမ္ဘာမှ အလွန်ပင်ကွာဝေးသော်လည်း လူသားတို့အနေဖြင့် ထိုစွမ်းအင်ကို ခံစားသိရှိနိုင်သည်။ နေသည် အလွန်တောက်ပသဖြင့် ကြည့်ရုံမျှနှင့်ပင် မျက်စိကို ကျိန်းစပ်နာကျင်စေသည်။ နေမှ အလင်းရောင်၊ အပူဓာတ်နှင့် နေလှိုင်းများ (solar wind) ကို ထုတ်လုပ်သည်။ နေလှိုင်းများသည် လေထု၏ အပြင်ဖက်မှ ကမ္ဘာကို လှည့်ပတ်သွားနေကြသည်။ နေလှိုင်းများကို နေမှလွင့်ပျံ့ထွက်လာသော သေးငယ်သော အမှုန်အမွှားကလေးများဖြင့် ဖွဲ့စည်းထားသည်။ နေသည် ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် အဓိက စွမ်းအင်အရင်းအမြစ်ဖြစ်သည်။

နေသည် ကျွန်ုပ်တို့နေထိုင်ရာ နေအဖွဲ့အစည်း၏ အလယ်တွင် တည်ရှိသည်။ ဂြိုလ်တို့သည် နေကိုဗဟိုပြု၍ စက်ဝိုင်းပုံ လှည့်ပတ်နေကြသည်။ ဂြိုလ်ပတ်လမ်းကြောင်းများသည် နေမှ အကွာအဝေးအမျိုးမျိုးရှိကြသည်။ ဂြိုလ်ပတ်လမ်းကြောင်းများမှာ လုံးဝဝိုင်းစက်သော စက်ဝိုင်းပုံမဟုတ်ဘဲ ဘဲဥပုံဖြစ်သည်။ နေနှင့်နီးသော ဂြိုလ်တို့သည် အပူကို ပိုမိုရရှိပြီး ဝေးကွာသော ဂြိုလ်တို့တွင် ပို၍ အေးသည်။

ကမ္ဘာပေါ်ရှိသက်ရှိအားလုံးတို့တွင် နေမှလာသော အလင်းရောင်နှင့် စွမ်းအင်တို့ကို လိုအပ်သည်။ ဂြိုလ်တို့သည် နေ၏ရောင်ခြည်ကို စွမ်းအင်အဖြစ်သုံး၍ ဖွံ့ဖြိုးလာကြသည်။ အပင်များနှင့် သစ်ရွက်များတွင် အစိမ်းရောင်ရှိသည့် ကလိုရိုပလတ်စ်များဖြင့် နေရောင်ခြည်ကို အသုံးချကာ ဖိုတိုဆန်းသစ်စစ်ခေါ် နည်းလမ်းဖြင့် အစာချက်လုပ်ကြသည်။

နေ၏ အလယ်ဗဟိုတွင်ရှိသော ဗဟိုထုတွင် လွန်စွာပြင်းထန်သော အပူချိန်နှင့် ဖိအားတို့သည် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို ဟီလီယံဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးပြီး မြောက်များလှစွာသော စွမ်းအင်များကို ထုတ်လွှတ်သည်။ ထိုသို့ဖြစ်ခြင်းကို atomic fusion ဟုခေါ်သည်။

လူတို့သည် အန္တရာယ်မဖြစ်စေရန် အထူးပြုလုပ်ထားသော မျက်မှန် (lens) များကို သုံး၍ နေကိုကြည့်နိုင်သည်။ ထိုသို့ကြည့်သောအခါ တွင် နေ၏မျက်နှာပြင်ပေါ်တွင် မည်းနက်သော အစက်အပျောက်များကို တခါတရံတွင် မြင်ရတတ်သည်။ ထို အစက်အပျောက်များကို ဆန်းစပေါ့ (sunspot) ဟုခေါ်သည်။ ဆန်းစပေါ့ များ၏အရေအတွက်သည် တဖြည်းဖြည်းများလာပြီးနောက် ၁၁ နှစ်တာကာလအတွင်း တဖြည်းဖြည်း ပြန်လည်၍နည်းသွားလေ့ရှိသည်။ ထိုအဖြစ်အပျက်မှာ ၁၁ နှစ်လျှင်တစ်ခါ ဖြစ်ပျက်နေပြီး ကမ္ဘာပေါ်ရှိ ရာသီဥတု နှင့် အီလက်ထရွန်းနစ်ပစ္စည်းတို့ကို အကျိုးသက်ရောက်မှုများ ဖြစ်စေသည်။


နေ ၏ ကြမ္မာ


အာကာသရူပဗေဒပညာရှင် ဟုခေါ်သော သိပ္ပံပညာရှင်တို့၏ အဆိုအရ နေသည် ယဲလိုးဒွဖ် (yellow dwarf) အမျိုးအစားဝင် ကြယ်ဖြစ်ပြီး သက်တမ်း၏ တစ်ဝက်ခန့်မျှ ကုန်လွန်ခဲ့ပြီဖြစ်သည်။ နောက်နှစ်ပေါင်း ၄ ဘီလီယံ သို့ ၅ ဘီလီယံမျှအကြာတွင် နေသည် တဖြည်းဖြည်းကြီးမားသည်ထက်ကြီးမားလာပြီး ရက်ဂျိုင်းယင့် (red giant) အမျိုးအစားကြယ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။ နေသည် ယခုလက်ရှိ ပမာဏထက် ၂၅၀ ဆမျှကြီးမားလာမည်ဖြစ်ပြီး ၁.၄ အေယူ (အာကာသယူနစ် ၁ ယူနစ်လျှင် ကီလိုမီတာပေါင်း သန်း ၁၅၀ ခန့် သို့ မိုင်ပေါင်း ၉၃ သန်းခန့်ရှိသည်။) အထိ ကြီးထွားလာမည်ဖြစ်သဖြင့် ယခုကမ္ဘာပတ်ကြောင်း ကို ကျော်ဖြတ်သွားမည်ဖြစ်သည်။ ကမ္ဘာ၏ ကြမ္မာမှာလည်း ဖြေရှင်းရခက်သော ပြသနာပင်ဖြစ်သည်။ ယခင်တွင်ချက်မှုများအရ စတယ်လာလှိုင်း (stellar wind) များကြောင့် နေ၏ ဒြပ်ထုကို ၃၀ ရာခိုင်နှုန်းမျှ လျော့ကျသွားစေမည် ဖြစ်ပြီး ကမ္ဘာသည် ပိုမိုဝေးလံသော ပတ်လမ်းကြောင်းသို့ လွတ်မြောက်သွားမည်ဖြစ်သည် ဟုဆိုကြသည်။

သို့သော် လေ့လာမှုအသစ်များတွင်မူ ဆွဲငင်မှု၏ ဒုတိယအား (tidal forces) များကြောင့် နေ၏ပမာဏ ကြီးထွားမလာခင်အချိန်ကပင် ဒြပ်ထုလျော့ကျသွားသော်လည်း ကမ္ဘာသည်ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ နေသည် main sequence ဟုခေါ်သည့် ကြယ်အများစုတို့နှင့် တူညီသော ပုံသဏ္ဌန် အဖြစ် ဆက်လက်ရှိနေစေကာမူကမ္ဘာ၏ လေထုနှင့် ရေထုတို့သည် ပျောက်ပျက်သွားလိမ့်မည်ဖြစ်သည်။ နောက်ဆုံးတွင်နေသည် ဝှိုက်ဒွဖ် (white dwarf) အဖြစ်ကျုံ့ဝင်သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် ဘလက်ဒွဖ် (black dwarf) အဖြစ် မှေးမှိန်သွားမည်ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေမုန်တိုင်းများ ကမ္ဘာသို့ ကျရောက်နိုင်




ပြီးခဲ့သည့်ရက် အနည်းငယ်က နေဂြိုလ်၌် ကြီးမားသောပေါက်ကွဲမှု ၃ ကြိမ်ဖြစ်ပွားခဲ့သဖြင့် နေမုန်တိုင်းများ လာမည့်ရက်များတွင် ကမ္ဘာသို့ ကျရောက်နိုင်ရာ ဂြိုလ်တုသုံးစွဲသူများ၊ ဆက်သွယ်ရေးစနစ် အသုံးပြုသူများ၊ နှင့် အီလက်ထရောနစ်စနစ် အသုံးပြုသူများ ကြိုတင်ပြင်ဆင် မှုများပြုလုပ်ထားကြရန် အမေရိကန် သိပ္ပံပညာရှင်များက သြဂတ်လ ၁၀ ရက်နေ့ ၌ သတိပေးထားသည်။

“နေမုန်တိုင်းတွေဟာ မကြာမီကာလမှာ သေချာပေါက်ဖြစ်ပေါ်လာမှာဖြစ်ပြီး လက်ရှိကမ္ဘာမြေမှာ တိုက်ခတ်နေတဲ့ အင်အားပြင်းထန်တဲ့ မုန်တိုင်းတွေရဲ့ တိုင်ခတ်နှုန်းအတိုင်း တိုက်ခတ်နိုင်ပါတယ်”ဟု အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် လေထုဆိုင်ရာ အဖွဲ့မှ အာကာသသိပ္ပံပညာရှင် တစ်ဦးဖြစ်သူ ဂျို့ ကန်ချက်စ်က ပြောကြားသည်။

နေမုန်တိုင်း များသည် ယခုသီတင်းပတ်များအတွင်း ဖြစ်ပေါ်နိုင်သည်ဖြစ်ရာ ကမ္ဘာ့ ဆက်သွယ်ရေးစနစ်များနှင့် ကမ္ဘာကြီး၏ တည်နေရာအနေအထားကို ထိခိုက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံ စစ္စကွန်ဆင်ပြည်နယ်နှင့် မင်နီဆိုးတားပြည်နယ် တောင်ဘက်စွန်းနေရာများတွင်ေ၇ာင်စုံအလင်းတန်းများ ထွက်ပေါ်ဖွယ်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။



အဆိုပါ အလင်းတန်းများမှာ ကမ္ဘာ့လေထုလွှာ အမြင့်ဆုံးဖြစ်ပေါ်နေသော အဏုမြူအက်တမ်များ အချင်းချင်းတိုက်မိပေါက်ကွဲ မှုကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပြိး အာတိတ်နှင့် အန္တာတိက တို့ ၏ဝေဟင်တွင် အဆိုပါေ၇ာင်စုံအလင်းတန်းများ ထွက်ပေါ်မည်ဖြစ်သည်။ ၁၉၈၉ ခုနှစ်က နေမုန်တိုင်း ကျေ၇ာက်မှုကြောင့် ကနေဒါနိုင်ငံ ကွီဘတ်မြို့ တွင် လျှပ်စစ်ဓာတ်အားပေးစနစ်များ ပျက်စိးပြိး ပြည်သူ ၆သန်းခန့် ဓာတ်အားပျက်တောက်မှုနှင့် ကြုံတွေ့ ခဲ့ရသည်။ အကြီးမားဆုံး နေမုန်တိုင်းတိုက်ခတ်မှုမှာ ၁၈၅၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာတစ်ဝန်း ဆက်သွယ်ရေးစနစ်များ ထိခိုက်ခဲ့သည်။




လေးနှစ်အတွင်းအကြီးမား ဆုံးပေါက်ကွဲမှုအဖြစ်လွန်ခဲ့သည့် တနင်္လာနေ့မှ စတင်ပြီးနေတွင်အစက် အပျောက်ကြီးများထွက်ပေါ် လာလျှက်ပေါက်ကွဲလျှက်ရှိသည် ဟုသတင်းဌာနများမှဖေါ်ပြခဲ့ပါသည်။




ထိုကဲ့သို့နေပေါက်ကွဲမှုများကြောင့် ကမ္ဘာကြီးဆီဆို့ ဓါတ်ရောင်ချည်ဖြာ ထွက်မှုများသည်ကြာသ ပတေးနေ့နှင့်သောင်္ကြာနေ့ များတွင်ရောက်ရှိနိုင်ပြီး ကျွန်တော်တို့ ဆီမှဆက်သွယ်ရေးကွန်ယက် များဂြိုလ်တုဆက်သွယ်ရေးစနစ်၊ GPSစနစ်များကိုထိခိုက် နိုင်သည်ဟုဆိုပါသည်။

ထိုကဲ့သို့ပေါက်ကွဲမှုမျိုးသည်(11) နှစ်ကြာလျှင်တ ကြိမ်ဖြစ်ပေါ် နိုင်ပြီးအ ခုပေါက်ကွဲမှု သည်သာမန်ပေါက် ကွဲမှုဖြစ်ရိုးဖြစ်စဉ်မျိုး မဟုတ်ပဲဖြစ်ပေါ်ခဲ့ သည်ဟုသိရသည်။ သာမန်ပေါက်ကွဲမှု အတွက်လာမည့် (2013)ခုနှစ်တွင်တကြိမ်ထပ်မံဖြစ်ပေါ်နိုင်ဦးမည် ဟုပညာရှင်များကပြောကြားခဲ့ပါသည်။


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေပေါ် မှ မီးမုန်တိုင်း

နေမှ မီးလျှံလုံးကြီး ကို မြင်တွေ.ရပုံ

Power supplies, phone signals နဲ. flights တွေ ရပ်တန်.သွားစေနိုင်လောက်တဲ့ မီးလျှံကြီးတခု မနေ.ညက ဖြစ်ပေါ်ခဲ့ပါတယ် ။ နှစ်ပေါင်းများစွာအတွင်း အခုဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှု.သည် အရမ်းအံသြ စိတ်ဝင်စားစရာကောင်းတဲ့ နေမုန်တိုင်းက နေပေါ်ထွက်လာတာပါ ။ Nasa သတင်းအရ ကြည့်ရှု.နေသူတွေကို အရမ်းရင်သပ်ရှု.မော ဖြစ်စေခဲ့တယ်လို.ဆိုပါတယ် ။ သို.သော်လည်း အန္တရာယ်ဖြစ်စေနိုင်တဲ့ အကျိုးသက်ရောက်မှု.တွေအတွက် မနေ.က ည ရ နာရီ က စပြီး power grids နဲ. satellities များပျက်စီးစေနိုင်ကြောင်း သတိပေးကြေငြာခြင်းများ ၊ လေကြောင်းလိုင်းများ လမ်းကြောင်းလွှဲခြင်းများ ကို ပြုလုပ်ခဲ့ကြရပါတယ် ။

Nasa ကင်မရာများက နေကနေ မီးအလုံးကြီး ပေါက်ကွဲတဲ့ဖြစ်စဉ်ကို ရိုက်ကူးနိုင်ခဲ့ပါတယ် ။ Solar wind ပြင်းထန်မှု. ၊ minor radiation storm တို. စုပေါင်းဖြစ်ပေါ်နေတဲ့ ဒီ မီးလျှံအစုအဝေးကြီးဟာ တနင်္လာနေ.မနက် ၆နာရီ ၄၀ မှာ အမြင့်မားဆုံးကို ရောက်ရှိခဲ့တာပါ။ အမေရိကန် National Weather Service မှ Bill Murtagh ကဒီလိုပြောခဲ့ပါတယ် ဒီတခုက တော်တော့ကို ထူးဆန်းအံသြဖို.ကောင်းပါတယ် ။ ကျနော်တို. ကနဦးပိုင်း မီးလျှံလေးကို မြင်ခဲ့ပါတယ် အဲ့ဒီတုန်းက ဒီလောက်မကြီးပါဘူး နောက်တော့ အဲ့နောက်က ပေါက်ကွဲမှု.က ပါလာပါတယ် ။ ကျနော်တို. energy particle radiation စီးဝင်မှု.နဲ. မျက်နှာပြင်မှ ကြီးမားတဲ့မီးလျှံ ထုတ်လွှတ်မှု.တွေကို ရရှိခဲ့ပါတယ် ။ နေကနေပေါက်ကွဲထွက်လာတဲ့ အရာအားလုံးကို သင်တို.မြင်တွေ.နိုင်ပါတယ် ။ ဒါဟာ တော်တော် ရင်သပ်ရှု.မောစရာပါပဲ ။

Power grids တွေရပ်တန်.သွားစေခြင်းများ နဲ.အာရှတိုက် သို. အသွားအပြန် လေယာဉ်ခရီးစဉ်များ လမ်းကြောင်းပြောင်းလဲခြင်းများ ရှိကောင်းရှိခဲ့ပါလိမ့်မယ်လို. ပြောခဲ့ပါတယ် ။ အဲ့ဒီ့အပြင် satellites စီမံကွပ်ကဲနေသူများ အနေနဲ. ဒီအချက်ကို အထူး အာရုံစိုက်ကြရမယ်...geomagnetic storms က satellites တွေကို နည်းမျိုးစုံ နဲ. ဝင်ရောက်နှောင့်ယှက် နိုင်ပါတယ်လို. ထပ်မံပြောကြားခဲ့ပါတယ် ။ Nasa ကလည်း ဒီဖြစ်စဉ်ရဲ့ အကျိုးသက်ရောက်မှု.မှာ အတန်အသင့်ေ သးငယ်လိမ့်မယ် ဒါပေမယ့် ကမ္ဘာနဲ. နေ ကြားမှာရှိတဲ့ magnetic fields တွေ ကို ထိခိုက်ခြင်း ၊ ထူးခြားပြောင်းလဲခြင်းများရှိ မရှိကို စစ်ဆေးနေပါတယ်လို. ဆိုပါတယ် ။ The space agency က အဲ့ဒီ မီးလျှံကြီးဟာ နေ မျက်နှာပြင် တဝက်နီးပါး လွှမ်းခြုံထားတဲ့ အမှုန်လေးများရဲ့ တိမ်တိုက်ကြီး တခုကို ဖြစ်စေခဲ့တယ်လို. ပြောကြားထားပြန်ပါသေးတယ် ။

Simpleviews
Source : metro.co.uk

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေမုန်တိုင်း နှင့် ၄င်း၏ ဖြစ်ပေါ်လာပုံ

နေမုန်တိုင်းဆိုတာကတော့ နေကိုလွှမ်းခြုံထားတဲ့ဓာတ်ငွေ့လွှာအတွင်းမှာ ဖြစ်ပေါ်တတ်သောပြင်းထန်သော ပေါက်ကွဲမှုတစ်မျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
နေမုန်တိုင်းတွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကတော့ နေရဲ့ ပါဝင်ပစ္စည်းများကြောင့်ဖြစ်ပါတယ်။ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယမ်ဓာတ်ငွေ့များနဲ့ အဓိကဖွဲ့စည်းထားတဲ့နေမှာ ယင်းဓာတ်ငွေ့နှစ်မျိုး လောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးထွက်ပစ္စည်းအနေနဲ့အပူစွမ်းအင်ရယ်၊ အလင်းရောင်ရယ်၊ ဓာတ်ဆောင်မှုန် (charged particles)ရယ်၊ ဓာတ်ရောင်ခြည်ဖြာထွက်မှု (X-rays, Gamma rays, etc.) ရယ်ရှိကြပါတယ်။၎င်းဘေးထွက်ပစ္စည်းများအနက်မှ ဒြပ်ထုမရှိသောဘေးထွက်ပစ္စည်းများဖြစ်ကြတဲ့ အလင်းရောင်ရယ်၊ ဓာတ်ရောင်ခြည်ရယ်၊ အပူစွမ်းအင်ရယ်ဟာ နေမှ အချိန်ပြည့် ဖြာထွက်နေပြီး ဓာတ်ဆောင်မှုန်ကတော့ နေအတွင်းပိုင်းမှာပဲ တည်ရှိပါတယ်။နေမုန်တိုင်းဆိုတာကတော့ ဒြပ်ထုရှိတဲ့ ဓာတ်ဆောင်မှုန်(charged particles) များနေမှအရှိန်အဟုတ်ပြင်းစွာ လွင့်ကန်ထွက်လာခြင်းဖြစ်ပါတယ်။ဒါဟာ နေရဲ့ အတွင်းပိုင်းမှာ ရှိတဲ့ သံလိုက်စက်ကွင်းကြောင့်ဖြစ်ပါတယ်။ နေထဲမှာ လှည့်ပတ်ရွေ့လျားနေတဲ့ ဓာတ်ဆောင်မှုန်တွေနဲ့အတူ သံလိုက်စက်ကွင်းဟာလည်း လိုက်ပြောင်းနေပါတယ်။တစ်ချိန်တည်းမှာပဲ နေရဲ့ corona အလွှာအတွင်းမှာရှိနေတဲ့ ဓာတ်ဆောင်မှုန်တွေဖြစ်ကြတဲ့ Proton နဲ့ electron တို့ဟာလည်း အလွန်မြင့်မားတဲ့အပူချိန်ကြောင့် နေရဲ့ဆွဲအားမှလွတ်ထွက်နိုင်သော စွမ်းအင်အရှိန် (escape velocity) ကိုရရှိနေကြပါတယ်။ “သံလိုက်စက်ကွင်းများသည်ဓာတ်ဆောင်မှုန်များအား လမ်းကြောင်းပြောင်းနိုင်ကြသည်” (တွန်းနိုင်ဆွဲနိုင်ကြသည်) (Charged particles can be deflected by magnetic fields) ဆိုတဲ့သဘော ကြောင့် သံလိုက်စက်ကွင်းတွေတစ်နေရာရာမှာစုမိလာပြီး ပြင်းအားများ သွားတဲ့အခါမျိုးတွေမှာ ဓာတ်ဆောင်မှုန် တွေကိုနေထဲကနေ အပြင်ကိုတွန်းထုတ်နေသကဲ့သို့ ဖြစ်နေပါတယ်။အဲ့ဒီမှာ အဘက်ဘက်သို့ ဓာတ်ဆောင်မှုန် စီးကြောင်း (နေမုန်တိုင်း) ပေါ်ပေါက်တိုက်ခတ်လာခြင်းဖြစ်ပါတယ်။

နေရဲ့အတွင်းပိုင်းမှာ စုမိသွားတဲ့ သံလိုက်စက်ကွင်းပြင်းအားပေါ်ကို လိုက်ပြီးနေမုန်တိုင်းတွေရဲ့ အရွယ်အစားတွေကွာခြားကြပါတယ်။ နေမှစတင်တိုက်ခတ်တဲ့အချိန်မှာ နေမုန်တိုင်းရဲ့စွမ်းအင် ထုတ်လွှတ်မှုဟာ 6*1025Joules မျှရှိပါတယ်။ဒါဟာ နေမှတစ်စက္ကန့်မှာထုတ်လွတ်နေတဲ့ စွမ်းအင်စုစုပေါင်းရဲ့ ခြောက်ပုံတစ်ပုံမျှရှိသော ပမာဏဖြစ်ပါတယ်။ ဒါကြောင့် နေမုန်တိုင်းက သယ်ဆောင်ထားတဲ့စွမ်းအင်ဟာ အင်မတန်မြင့်မားပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ ကမ္ဘာ ပတ်လမ်းသို့နေမုန်တိုင်းရောက်ရှိချိန်မှာ တိုက်ခတ်နှုန်းဟာ တစ်စက္ကန့်လျှင် 185435 မိုင်မျှရှိပြီး ဓာတ်ဆောင်မှုန် အရွေအတွက်ဟာလည်း ကုဗစင်တီမီတာတိုင်းအတွက် တစ်မှုန် မှ ဆယ်မှုန် အထိ ရှိပါတယ်။နေမုန်တိုင်း တိုက်ခတ်တဲ့နှုန်း (velocity)၊ ဓာတ်ဆောင်မှုန်သိပ်သည်းဆ (charged particle density)၊နဲ့ တိုက်ခတ်တဲ့ အကြိမ်ရေတို့ဟာ sunspot activity ပေါ်လိုက်ပြီးပြောင်းလဲပါတယ်။နေမုန်တိုင်းက သယ်ဆောင်လာတဲ့စွမ်းအင် စုပေါင်းပမာဏဟာ နေမုန်တိုင်းတိုက် ခတ်တဲ့အကြိမ်ရေနဲ့ ပြောင်းပြန်အချိုးကျပါတယ်။ဆိုလိုတာကတော့ နေမုန်တိုင်းငယ်များဟာ နေမုန်တိုင်းကြီးများ ထက်ပိုမိုတိုက်ခတ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...