Powered by Blogger.
RSS
Showing posts with label ကြယ်တံခွန်. Show all posts
Showing posts with label ကြယ်တံခွန်. Show all posts

ကြယ်တံခွန်များသည် ကမ္ဘာဦးခေတ်၏ ရေအရင်းမြစ် ဖြစ်ခဲ့ဖွယ်ရှိ

သမုဒ္ဒရာရေကဲ့သို့သော ရေရှိသည့် ကြယ်တံခွန်တစ်စင်းကို နက္ခတ်ပညာရှင်များက တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာခေတ်ဦးတွင် ကြယ်တံခွန်များမှ တစ်ဆင့် ကမ္ဘာပေါ်သို့ ရေအရင်းအမြစ်များ ရောက်ရှိလာခဲ့ခြင်း ဖြစ်နိုင်သည်ဆိုသော သီအိုရီ ပိုမိုအားကောင်း လာစေခဲ့သည်။

ကမ္ဘာကြီးစတင်ဖွဲ့တည်စဉ်က အပူချိန်မှာ အလွန်အမင်း များပြားသောကြောင့် ရေအရင်းမြစ်ရှိခဲ့လျှင် ပင်အငွေ့ပျံတက်သွားနိုင်ပြီး နောက်အနှစ် ရှစ်သန်းခန့်တွင်မှသာ သမုဒ္ဒရာများပေါ်ပေါက်လာခြင်းဖြစ်သည် ဟု သိပ္ပံပညာရှင်များက ယုံကြည်ထားခဲ့ကြသည်။

ယခင်ကတည်းက ရေခဲရှိသော ကြယ်တံခွန်များကို တွေ့ရှိခဲ့သော် လည်း ကမ္ဘာပေါ်ရှိရေနှင့် ဓာတုဖွဲ့စည်းပုံမတူသောကြောင့် မျက်မှောက်ခေတ်သမုဒ္ဒရာများ၏ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ကြယ်တံခွန်များမှ ရေ ပံ့ပိုးပေးနိုင်သည်ဟု ယူဆခဲ့ကြသည်။ သို့ရာတွင် ဂျာမနီနိုင်ငံ မက်စ်ပလန့်ခ် အင်စတီကျု၊ နေစွမ်းအင်သုတေသနဌာနမှ ပညာရှင်များ၏ လေ့လာမှုအရ ကမ္ဘာပေါ်ရှိ သမုဒ္ဒရာများနှင့် ဓာတုဖွဲ့စည်းပုံတူသော ရေရှိသည့် 103P/Hartley2 ကြယ်တံခွန်ကို တွေ့ရှိခဲ့ကြသည်။ ယခင်လေ့လာမှုများအရ ဥက္ကာပျံများမှ ခေတ်ဦးကမ္ဘာသို့ ရေရောက်ရှိလာခြင်းဖြစ်ကြောင်း ယူဆခဲ့ကြသည်။

Ref: Reuters

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အယ်လီနင် ကြယ်တံခွန် ကမ္ဘာကို ၀င်တိုက်နိုင်သည် ဆိုသည့် ကောလာဟလကို နာဆာ ပယ်ချ

အချင်း ၃ ကီလိုမီတာမှ ၅ ကီလိုမီတာအထိ ကျယ်သော အယ်လီနင် အမည်ရှိ ကြယ်တံခွန်ကြီး ကမ္ဘာကို ၀င်တိုက်တော့မည်ဟု ကောလာဟလများ ပျံ့နှံ့နေမှုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ(နာဆာ)က ခိုင်လုံသော အထောက်အထားများဖြင့် ပယ်ချခဲ့ကြောင်း သိရသည်။

အာကာသတွင်း အရာဝတ္ထုတစ်ခု အနေဖြင့် ဆိုပါက အလွန် သေးငယ်လွန်းပြီး ကမ္ဘာနှင့်လ အကွာအဝေးထက် အဆ ၉၀ ကွာသော နေရာအထိသာ ရောက်ရှိမည် ဖြစ်သောကြောင့် အန္တရာယ် မရှိနိုင်ဟု နာဆာက
တွက်ချက်ပြခဲ့သည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာနှင့်အနီးဆုံးသို့ ရောက်ရှိမည် ဖြစ်သော်လည်း အကွာအဝေးမှာ မိုင် ၂၂ သန်းအထိ ရှိမည် ဖြစ်သောကြောင့် အန္တရာယ်ဖြစ်မည် ဆိုခြင်းမှာ အဓိပ္ပာယ် မရှိဟု နာဆာမှ ပညာရှင်များက ပြောကြားခဲ့သည်။

အယ်လီနင် ကြယ်တံခွန်ကြီးကို ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရုရှားနက္ခတ္တဗေဒပညာရှင် လီယွန်နစ်အယ်လီနင်က တွေ့ရှိခဲ့သည်။ ထိုစဉ်က ကမ္ဘာမြေနှင့် မိုင်ပေါင်း ၄၀၁ သန်း အကွာတွင် ရှိနေခဲ့ပြီး တဖြည်းဖြည်းနှင့် နေအဖွဲ့အစည်း အတွင်းပိုင်းသို့ ၀င်လာခဲ့ရာ ကမ္ဘာပျက်စေနိုင်သော ကြယ်တံခွန်ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...