Powered by Blogger.
RSS
Showing posts with label ဂျပန်သတင်း. Show all posts
Showing posts with label ဂျပန်သတင်း. Show all posts

ဂျပန် အာကာသစခန်းများ

ကာဂိုရှီးမား အာကာသစခန်း(Latitude 31.2o N Longitude 131.1o E)

1970 ဖေဖော်ဝါရီ 11 ရက်နေ့ မှာ အိုဆုမိ (Ohsumi) လို့ ခေါ်တဲံ့ဂြိုဟ်တုကို လမ်ဗ်ဒါ ( Lumbda) ဒုံးပျံဖြင့် ပစ်လွှတ်ပြီးဂျပန်နိုင်ငံဟာ စတုတ္ထမြောက် အာကာသထဲကို ဒုံးပျံပစ်လွှတ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အားထားရတဲ့ ထိုအာကာသစခန်းဟာ ပစိဖိတ် သမုဒ္မရာဘက်ကို မျက်နှာမူထားပြီး တောင်ထိပ်ပိုင်းမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ကျူရှုကျွန်း ပေါ်မှာတည်ရှိပြီး အစပိုင်းမှာ မိုးလေ၀သ ဂြိုဟ်တုတွေ ကိုပစ်လွှတ်ဖို့ ရည်ရွယ်ခဲ့ တာဖြစ်ပြီး ယခုအခါမှာတော့ အာကာသယာဉ်တွေကိုပါ ပစ်လွှတ်နိုင် ပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပထမဒုံးပျံခြောက်စင်းကို ကာဂိုရှီးမား အာကာသစခန်း ကနေပစ်လွှတ်ခဲ့တာဖြစ်ပြီး ယခုအချိန်ထိအာကာသ ဂြိုဟ်တုပေါင်း နှစ်ဒါဇင်ကျော်ကို ပစ်လွှတ် နိုင်ပြီးဖြစ်ပါတယ်။


တန်ဂါရှီးမား အာကာသစခန်း (Latitude 30.4o N Longitude 131.0o E)

ဂျပန်အာကာသဖွံ့ ဖြိုးရေး အေဂျင်စီရဲ့ ရုံးစိုက်ရာစခန်းဖြစ်ပြီး တိုကျိုမြို့ မှ မိုင်ပေါင်း 650 သာ ကွာဝေးတဲ့  တန်ဂါရှီးမား ကျွန်းပေါ်မှာတည်ရှိပါတယ်။ ထို စခန်းမှာတော့ အဓိကအားဖြင့် solid or liquid ဒုံးပျံတွေကိုသာ စမ်းသတ်ပစ်လွှတ် လျှက်ရှိပါတယ်။


အခြားအာကာသစခန်းများ

အထက်ပါ အာကာသစခန်း များအပြင် ကမ္ဘတစ်ဝှမ်းမှာလဲ အခြားအာကာသစခန်း များတည်ရှိပါသေး တယ်။ ထိုအထဲမှ တစ်ချိုကတော့ နိုင်ငံပိုင်စခန်းတွေဖြစ်ပြီး တစ်ချို့ ကတော့ နာဆာနဲ့ ဥရောပအေဂျင်စီရဲ့ စခန်းတွေဖြစ်ပါတယ်။ နာဆာရဲ့  tran-Atlantic landing အတွက်စခန်းသုံးခု တည်ဆောက်ထားပြီး စပိန်၊ ဆီနီဂေါနဲ့မော်ရိုကို နိုင်ငံတွေမှာဖြစ်ပါတယ်။ 1988 စက်တင်ဘာ 19 ရက်နေ့ မှာ
အစ္စရေးနိုင်ငံဟာ ကိုးနိုင်ငံ မြောက် အာကာသထဲကို ပစ်လွှတ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့သလို အီရတ်နိုင်ငံ ဟာလဲ 1989 ဒီဇင်ဘာ 5ရက်နေ့  မှာဆယ်နိုင်ငံမြောက်နိုင်ငံဖြစ်လာခဲ့ ပါတယ်။ ထူးခြားတဲ့ အာကာသစခန်းကတော့ အီတလီနိုင်ငံ ရဲ့ အာကာသစခန်း ဖြစ်ပြီးတော့ ဆမ်မာရီနိုကျွန်း အနီးမှာရှိတဲ့ ရေပြင်ပေါ်မှာတည်ဆောက်ထားတဲ့  စခန်းကနေပစ်လွှတ်ခဲ့ တာဖြစ်ပါတယ်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂျပန်နိုင်ငံမှ လွှတ်တင်ထား​သည့်​ ဂြိုလ်တု ကမ္ဘာပတ်လမ်း​အတွင်း​ ပျက်စီး​သွား

ဂျပန်နိုင်ငံမှ လွှတ်တင်ထား​သော အာကာသ ဂြိုဟ်တုတစ်ခုသည် ကမ္ဘာပတ်လမ်း​အတွင်း​တွင် ပျက်စီး​သွား​ပြီဟု သိရသည်။ ကမ္ဘာ​မြေ ​လေ့​လာ​ရေး​ ​ခေတ်မီဂြိုဟ်တု ဒိုင်ချီသည် ယခုအခါ လုံး​ဝပျက်စီး​သွား​ပြီဟု ဂျပန်အာကာသ ​အေဂျင်စီက ​ကြေညာခဲ့​သည်။ အမျိုး​အမည် ခွဲခြား​ရန် ခက်ခဲ​သော ထိခိုက်မှုများ​ကြောင့်​ လွန်ခဲ့​သော ၃ ပတ်မျှကတည်း​က အပြီး​တိုင် ပျက်စီး​ သွား​ခြင်း​ဟု ​အေဂျင်စီက အတည်ပြုခဲ့​သည်။ ဂြိုဟ်တုသည် ဧပြီလ ၂၂ ရက်​နေ့​က အလိုအ​လျောက် စွမ်း​အင်ဖြတ်​တောက်သွား​ပြီး​နောက် အဆက်ပြတ်​နေခဲ့​သည်။

ဂျပန်အာကာသ ​အေဂျင်စီသည် နည်း​လမ်း​မျိုး​စုံ အသုံး​ပြု၍ ဂြိုဟ်တုကို ပြန်လည်အသက်သွင်း​ရန် ကြိုး​ပမ်း​ခဲ့​သော်လည်း​ ဒိုင်ချီကို ယခုအခါ အပြီး​တိုင် လက်လွှတ်လိုက်ရခြင်း​ဖြစ်သည်။ ဒိုင်ချီကို ၂၀၀၆ ခုနှစ်က ကမ္ဘာ​မြေ ဘက်စုံ​လေ့​လာ​ရေး​ ရည်ရွယ်ချက်ဖြင့်​ လွှတ်တင်ခဲ့​ခြင်း​ဖြစ်သည်။

ဒိုင်ချီသည် တာဝန်ထမ်း​ဆောင်​နေစဉ်အတွင်း​ ဓာတ်ပုံ​ပေါင်း​ ၆.၅ သန်း​ကျော် ရိုက်ယူနိုင်ခဲ့ ​ပြီး​ မတ်လ ၁၁ ရက်​နေ့​က ဂျပန်နိုင်ငံသို့​ ရိုက်ခတ်ခဲ့​သည့်​ ဆူနာမီ​ရေလှိုင်း​ ပုံရိပ်များ​ကိုပါ မှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​ သိရှိရသည်။


alt

Source: People Media Voices


  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...