Powered by Blogger.
RSS
Showing posts with label မွန်ဂိုလီးယားသတင်း. Show all posts
Showing posts with label မွန်ဂိုလီးယားသတင်း. Show all posts

ဂျပန်နိုင်ငံ၏ အကူအညီဖြင့် မွန်ဂိုလီးယားနိုင်ငံမှ ၂၀၁၅ ခုနှစ်တွင် ဂြိုဟ်တုတစ်ခု လွှတ်တင်မည်

မွန်ဂိုလီးယားနိုင်ငံသည် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ၂၀၁၅ ခုနှစ်တွင် ဂြိုဟ်တုတစ်ခု လွှတ်တင်နိုင်ရန် မျှော်လင့်သည်ဟု ဒေသခံမီဒီယာများမှ ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံမှ အာကာသ လေ့လာရေးအဖွဲ့ တစ်ဖွဲ့သည် မွန်ဂိုလီးယားနိုင်ငံသို့ ရာက်ရှိ၍ နိုင်ငံခြားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနတွင် နှစ်ရက်ကြာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို စီစဉ်ကျင်းပခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နှစ်နိုင်ငံလုံးမှ အစိုးရကိုယ်စားလှယ်များနှင့် ဂျပန်နိုင်ငံမှ စီးပွားရေးကုမ္ပဏီများဖြစ်သော မစ်ဆူဘီရှီ၊ တိုရှီဘာ၊ ဟီတာချီနှင့် ဆူမီတိုမီ တို့မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

ယခုလက်ရှိတွင် မွန်ဂိုလီးယားနိုင်ငံသည် ကျေးလက် နယ်ပယ်များသို့ ရုပ်မြင်သံကြားနှင့် ရေဒီယို အစီအစဉ်များ ထုတ်လွှင့်ရန်အတွက် Ipstar-5 broadband ဂြိုဟ်တုကို အသုံးပြုနေပြီး ဆက်သွယ်ရေးနှင့် မိုဘိုင်းဖုန်း ၀န်ဆောင်မှုများအတွက် Intelsat ဂြိုဟ်တုကို အသုံးပြုနေသည်။ ထို့ပြင် ရာသီဥတုနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးအတွက် အသုံးပြုရန် data အချက်အလက်များကို ပတ်လမ်းအနိမ့်အတွင်းရှိ ဂြိုဟ်တုများမှ ရယူသုံးစွဲသည်။

မွန်ဂိုလီးယား အစိုးရသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကူအညီပေးနိုင်သည့် ကိုယ်ပိုင်ဂြိုဟ်တုတစ်ခုကို အာကာသထဲသို့ ပစ်လွှတ်နိုင်ရန်အတွက် ဂြိုဟ်တု စီမံကိန်းတစ်ခုကို စတင် အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခဲ့သည်ဟု မွန်ဂိုလီးယား သတင်းအချက်အလက်၊ ဆက်သွယ်ရေး နည်းပညာနှင့် စာတိုက် အာဏာပိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အမ်ဂါလန်ဘတ် က ပြောကြား သွားခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...