အင်္ဂါဂြိုဟ် တွင် ရေ သဲလွန်စ တွေ့ရှိ
အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်ငယ် Mars Curiosity င်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့
အင်္ဂါဂြိုဟ်မျက်နှာပြင်ပုံရိပ်များ NASA ထုတ်ပြန်ဖော်ပြ




credit : planet
အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရှိခဲ့တဲ့ ချော်ရည် စီးဆင်းမှု ပုံစံများ
အာကာသ သိပ္ပံ ပညာရပ်ရဲ့ နောက်ဆုံး တွေ့ရှိမှု တစ်ခု ဖြစ်တဲ့ အင်္ဂါ ဂြိုဟ်ပေါ်မှာ တွေ့ရှိ ခဲ့ရတဲ့ ချော်ရည်တွေရဲ့ စီးဆင်းမှု ပုံစံ မှတ်တမ်း ဓာတ်ပုံ တွေအရ ချော်ရည် တွေဟာ ပြန့်ကျဲ စီးဆင်းခြင်း မရှိဘဲ တစ်ဖက်တည်း စီးဆင်း နေတာကို တွေ့ရှိခဲ့ရပါတယ်။
ဒီလိုပုံစံမျိုးနဲ့ ချော်ရည်တွေ စီးဆင်းမှုကို အင်္ဂါဂြိုဟ်ပေါ်မှာ တွေ့ရှိ ခဲ့ပြီးတဲ့ နောက်မှာ တော့ ကမ္ဘာမြေပြင်ပေါ်မှာ ရှိတဲ့ နေရာဒေသ တချို့မှာလည်း အခုလို တစ်ဖက်တည်း စီးဆင်းမှုတွေကို ထပ်မံတွေ့ရှိခဲ့ပါ တယ်။
ဒီတွေ့ရှိချက် တွေကို အရီဇိုးနား ပြည်နယ်က တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်တဲ့ အန်ဒရူးရိုင်ယန်က ၂၀၁၂ ခုနှစ် ဧပြီလထုတ် သိပ္ပံနဲ့နည်းပညာ ဂျာနယ် တစ်ခုမှာ ထုတ်ဖော်ရေး သားခဲ့ပါတယ်။ အင်္ဂါဂြိုဟ်ပေါ်မှာရှိတဲ့ အီလိုက်ဆီယန် မီးတောင် ကနေ ထွက်ပေါ် လာခဲ့တဲ့ ရေတွေရဲ့ စီးဆင်းမှုပုံစံနဲ့ အဲဒီမီးတောင် ကနေ ထွက်ပေါ် လာတဲ့ ချော်ရည်တွေရဲ့ စီးဆင်းမှုပုံစံက ကွဲပြားခြားနားမှု ရှိတယ်လို့ သုံးသပ် ပြောဆို ထားပါတယ်။
အမေရိကန် ရုပ်သံလိုင်း တွေမှာ ဖော်ပြခဲ့တဲ့ မီးတောင်ချော် ရည်စီးဆင်းမှုဆိုင်ရာ ပြကွက်တွေမှာ အင်္ဂါဂြိုဟ်ပေါ်က အီလိုက်ဆီယန်မီးတောင်ရဲ့ အစိတ်အပိုင်း နှစ်ခုဖြစ်တဲ့ အက်သာဘက်စ်ကာ ဗီးလပ်စ်နဲ့ ဆာဗာရက်စ်ပလက်စ်တို့ အကြောင်းကို သူအရမ်းစိတ်ဝင်စားကြောင်း သိပ္ပံနဲ့အနုပညာကောလိပ်ရဲ့ ဌာနခွဲတစ်ခု ဖြစ်တဲ့ ASU ကမ္ဘာနဲ့ အာကာသလေ့လာရေးဆိုင်ရာကောလိပ်မှာ ပညာသင်ကြားနေတဲ့ ပထမနှစ်ကျောင်းသားအန်ဒရူးဘိုင်ယန်ကရေးသားခဲ့တာပါ။
ASU ကောလိပ်ရဲ့ ပါမောက္ခ ဖြစ်တဲ့ ဖီးလစ် ခရစ္စတီဆင်ဟာ သိပ္ပံပညာရပ်ဆိုင်ရာ စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ သူက အင်္ဂါဂြိုဟ်ဟာ လက်ရှိကမ္ဘာမှာနေ ထိုင်ကြတဲ့ လူသားတွေ အတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ကမ္ဘာ့အပြင်ဘက် တစ်နေရာဖြစ်ပြီး အခုလိုသူတို့ရဲ့ မီးတောင် ပေါက်ကွဲမှု အခြေ အနေ ချော်ရည် စီးဆင်းမှု အခြေအနေ တွေနဲ့ တခြားအစိတ်အပိုင်း အတော်များများကို လေ့လာနိုင်တာဟာ လူသားတွေအတွက် ဂုဏ်ယူစရာ ကောင်းတယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။
ကမ္ဘာထဲက အခြေအနေတွေနဲ့နှိုင်းယှဉ် ပြောရမယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ ဟာဝိုင်ရီမှာ ချော်ရည်စီးဆင်းမှုတွေကို မကြာခဏ တွေ့မြင်ရ တယ်လို့ သိရပါတယ်။ အဲဒီအထဲက တစ်ချို့ချော်ရည်စီးဆင်းမှုနေရာတွေဟာ အင်္ဂါဂြိုဟ်ပေါ် မှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေနဲ့ တူညီမှု ရှိနေတာကြောင့် အနာဂတ် ကမ္ဘာသစ် တစ်ခုကို အင်္ဂါဂြိုဟ်ပေါ်မှာ ရှာဖွေဖို့ ကြံစည်နေတဲ့ လူသားတွေအတွက် လမ်းစတစ်ခုဖြစ်လာနိုင် တယ်လို့ သုံးသပ် နေကြပါတယ်။
မားစ်ဂြိုဟ်ကို လေ့လာရန် သုတေသနယဉ် ပါဝင်သော ဒုံးပျံကို နာဆာက လွှတ်တင်
အမေရိကန်နိုင်ငံရဲ့ အမျိုးသား လေကြောင်းနဲ့အာကာသ ထိန်းချုပ်စီမံခန့်ခွဲရေး အဖွဲ့(နာဆာ) က၊ နိုဝင်ဘာ ၂၆ ရက် စနေနေ့ မနက် (၁ဝ) နာရီမှာ၊ လူသားမပါတဲ့ အက်လတ်စ် (၅) ဒုံးပျံကို ဖလော်ရီဒါ ကနေဗာရယ်ကျွန်းဆွယ် လေတပ်စခန်းမှ လွှတ်တင်လိုက်ပါတယ်။ စင်္ကြာဝဋာ ဂြိုဟ်တခုဖြစ်တဲ့ မားစ် ဂြိုဟ် (အင်္ဂါဂြိုဟ်) ရဲ့လျှို့ဝှက် ဆန်းပြားတာတွေကို လေ့လာဘို့ အမေရိကန် ဒေါ်လာ ၂.၅ ဘီလျှံ အကုန်ခံပြီး လွှတ်တင်ခဲ့ခြင်း ဖြစ်ပါတယ်။
“ပြင်းထန်တဲ့ လေ့လာလိုအားဆန္ဒ”လို့ ချစ်စနိုးအမည်ပေးထားတဲ့၊ သာမာန် ကားလေးတစင်း အရွယ်သာသာ၊ ဒီ မားစ် ဂြိုဟ် သိပ္ဗံသုတေသန ယာဉ်ကလေးဟာ နျူကလိယား စွမ်းအင်နဲ့မားစ် ဂြိုဟ်ပေါ်မှာ မောင်းနှင်နေမှာဖြစ်ပါတယ်။ သက်ရှိသတ္တဝါတွေ မားစ် ဂြိုဟ်ပေါ်မှာ နေခဲ့တဲ့ အထောက်အထားတွေနဲ့ လူတွေ နေဘို့ သင့်မသင့် လိုအပ်တာတွေ စူးစမ်းလေ့လာပြီး အနီရောင် အာကာသဆီ၊ ၂ဝ၁၂ သြဂုတ်လ ၆ ရက်နေ့မှာ ပြန်လည်ရောက်ရှိမယ်လို့ အစီစဉ်ဆွဲထားကြောင်း သိရပါတယ်။
Source : PatheinCity News
အင်္ဂါဂြိုဟ်သွားခရီးစဉ်အတွက် ရက်ပေါင်း ၅၂၀ ကြာ အလုံပိတ်စမ်းသပ်ခံမှုပြီးဆုံး
အင်္ဂါဂြိုဟ်သို့ လူစေလွှတ်ရေးအတွက် စမ်းသပ်မှုအဖြစ် ကမ္ဘာမြေပေါ်တွင်ပင် လူခြောက်ဦးအား ရက်ပေါင်း ၅၂၀ ကြာ အလုံပိတ်စမ်းသပ်မှုမှာ နိုဝင်ဘာလ ၄ ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။ မော်စကိုရှိ အလုံပိတ်အခန်းကြီးတွင် ပြုလုပ်ခဲ့သော စမ်းသပ်မှုပြီးစီးခဲ့ပြီးနောက် ပြန်ထွက်လာကြသော အဖွဲ့ဝင်အားလုံးမှာ ကျန်းမာရေးအရ ထိခိုက်မှုလုံးဝမရှိခဲ့ဟု ဆိုသည်။
သုတေသနပညာရှင်တစ်ဦးက အခမ်းတံခါးကိုဖွင့်ပေးခဲ့ပြီးနောက် နိုင်ငံစုံမှ အဖွဲ့ဝင်ခြောက်ဦးသည် အပြာရောင်ဝတ်စုံများဖြင့် ထွက်လာခဲ့ကြပြီး မိသားစုဝင်များ၊သိပ္ပံပညာရှင်များက ဂုဏ်ပြုခဲ့ကြသည်။ ရုရှား မှ သုံးဦး၊တရုတ်၊ပြင်သစ်၊အီတလီ မှ တစ်ဦးစီပါဝင်သော အဖွဲ့သည် နောက်ထပ်ဆေးစစ်မှုများကိုမူ ထပ်မံ ပြုလုပ်ရဦးမည်ဖြစ်သည်။
စမ်းသပ်မှုတွင် အလုံပိတ်အခန်းအတွင်း လပေါင်းများစွာ နေထိုင်မှုအပါအ၀င် အင်္ဂါဂြိုဟ်ပေါ်လမ်းလျှောက်မှု ဂြိုဟ်ပုံတူမျက်နှာပြင်ပေါ်တွင် ပြုလုပ်မှု၊ကမ္ဘာမြေနှင့်ဆက်သွယ်မှုပြတ်တောက်သွားချိန်တွင် မည်သို့ကိုင်တွယ်မည် ဆိုခြင်းကို စမ်းသပ်မှုများ ပါဝင်ခဲ့သည်။
ကာဗွန်ဒိုင် အောက်ဆိုက်ကို မှီဝဲကာ အသက်ရှင်နိုင်သော သက်ရှိကို ဖန်တီးနိုင်ခဲ့ ပြီးနောက် အင်္ဂါဂြိုဟ်ပေါ်၌ အသက်ရှင် နေထိုင်ရန် ဖြစ်နိုင်လာ
ဗန်တာက ကမ္ဘာမြေ၌ စားနပ်ရိက္ခာ နှင့် စွမ်းအင် ထုတ်လုပ်မှုမှာ အမြင့်ဆုံးသို့ ရောက်ရှိ နေပြီး မကြာမီ အကျပ်အတည်းများနှင့် ရင်ဆိုင် လာရဖွယ် ရှိသောကြောင့် အင်္ဂါဂြိုဟ်ပေါ်တွင် လူ့ အဖွဲ့အစည်း အသစ် တစ်ရပ် တည်ထောင်နိုင်ရန် မျှော်လင့်နေသည်။ သို့သော် အင်္ဂါဂြိုဟ်ပေါ်ရှိ ပါးလွှာသော လေထု အတွင်း ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့မှာ ၉၅ ရာခိုင်နှုန်း ရှိနေ သည် ဟု ဆိုသည်။
အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိလျှင် သက်ရှိများလည်း ရှိနိုင်မည်လား
နာဆာ (NASA-National Aeronautics and Space Administration) မှ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနိုင်ကြောင်း လက္ခဏာများ တွေ့ရှိရာ၊ သက်ရှိများလည်း ရှိနိုင်သည်ဟု ယူဆစရာဖြစ်လာသည်။
နာဆာ (NASA) ၏ အင်္ဂါဂြိုဟ်အား စူးစမ်းရှာဖွေသော အစီအစဉ်ဖြစ်သော (Mars Exploration Program) သည် အနီရောင်ဂြိုဟ် (Red Planet) ဟုလည်း ခေါ်သော အင်္ဂါဂြိုဟ် (Mars) ပေါ်တွင် သက်ရှိ အမျိုးအစားများ ရှိနိုင်မည်လားဟု အဖြေပေးနိုင်ရန် ပို၍ နီးစပ်လာပြီး ဖြစ်သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ်သည် အနာဂတ်တွင် လူတို့၏ အာကာသ စူးစမ်းမှု ခရီးများ၏ ပန်းတိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဟု နာဆာ၏ စီမံခန့်ခွဲရေး အရာရှိ ချားလ်စ် ဘိုလ်ဒဲန် (NASA Administrator Charles Bolden) ကပြောသည်။
အင်္ဂါဂြိုဟ်၏ ပူနွေးသောလများတွင် ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ရေစီးဆင်းမှုရှိနိုင်ကြောင်းအား အင်္ဂါဂြိုဟ်ကို ပတ်၍ ထောက်လှမ်းသော (Mars Reconnaissance Orbiter) က မကြာမီတွင် တွေ့ရှိခဲ့သည်။ ဂြိုဟ်၏ နွေဦးနှောင်းပိုင်းမှ နွေရာသီတစ်လျှောက်တွင် ဆင်ခြေလျှော မျက်နှာပြင်များတွင် လူ၏လက်ချောင်း ကလေးများ ပုံသဏ္ဌာန်တွေ့ရပြီး ဆောင်းတွင်းတွင် ၎င်းသဏ္ဌာန်များ ပြတ်ပြတ်သားသား မရှိဘဲ နွေဦးတွင် ပြန်၍ပေါ်လာသည်။
၎င်းပုံသဏ္ဌာန်များ ပေါ်လာပုံ၏ အကြောင်းရင်းမှာ ဆားငံရည်စီးဆင်းမှု ရှိသောကြောင့်ဟု အများဆုံး ထင်ရသည်ဟု အဲဖရက် မက်အီဝဲန် (Alfred McEwen) ကပြောသည်။ မက်အီဝဲန် (McEwen) မှာ အမေရိကန်ပြည်ထောင်စု အာရီဇိုးနား (Arizona) ပြည်နယ် တူးစန် (Tucson) မြို့ရှိ အာရီဇိုးနာ တက္ကသိုလ် (University of Arizona) မှ ဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်အား စူးစမ်းသော (Mars Reconnaissance Orbiter) ၏ ပုံရိပ်နှင့်ပတ်သက်သော စမ်းသပ်ချက် (High Resolution Imaging Science) တွင် ပါဝင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။
ဆားငံရေ စီးဆင်းမှုရှိသည်ဆိုသော ယူဆချက်မှာ တိကျမှု မရှိသေးသော်လည်း အခြားထင်မြင်ယူဆချက် များနှင့် နှိုင်းယှဉ်လျှင် အဖြစ်နိုင်ဆုံးဖြစ်သည်။ ဆားငံရေ မဟုတ်ပါဘဲ ရေချိုဆိုပါက စီးဆင်းမှုမရှိဘဲ ရေခဲနေမည် ဖြစ်သည်။ ဆားငံရေသည် ရေချိုထက်ပို၍ ခဲမှတ်နိမ့်မည်။
Ref : Internet
အင်္ဂါဂြိုဟ်သွား ခရီးအတွက် ခြေတစ်လှမ်းနီးပြီ မိုင် ၄၉ သန်း ခရီးကိုသွားမည့် လေးယောက်စီး အာကာသယာဉ် နာဆာ ထုတ်ဖော်ပြသ
လပေါ်သို့ လူပြန်လည်စေလွှတ်ရန် ရည်ရွယ်ပြီး မူလက တည်ဆောက်ခဲ့သော အိုရီယွန်ယာဉ်ကို အခြေခံပြီး ပြန်လည် တည်ဆောက်ထားသော ဘက်စုံးသုံး လူစီးယာဉ် (MPCV) ကို မိုင် ၄၉ သန်း ကွာဝေးသည့် အင်္ဂါဂြိုဟ်သို့ လူသားတို့ကို ပို့ဆောင်ပေးရန် သုံးစွဲမည် ဖြစ်သည်။လာမည့် ငါးနှစ်အတွင်း ကမ္ဘာပတ်လမ်းအတွင်း လှည့်ပတ်နိုင်ရန် မျှော်လင့်ထားပြီး နောက်ပိုင်းတွင် အင်္ဂါဂြိုဟ်သို့ ပို့ဆောင်ပေးရန် ရည်ရွယ်ထားသည်။
အကြိမ်ကြိမ် ပြင်ဆင်မှုများဖြင့် နောက်ဆုံးထုတ် MPCV သည် ဘက်စုံသုံးအသွင် ပိုဆောင်လာပြီး အတွင်းတွင် လိုက်ပါမည့်သူများ ပိုမို ဘေးကင်းစေရန် အဆင့်မြှင့်ထားနိုင်သည် ဟုဆိုသည်။ အင်္ဂါဂြိုဟ်သွားရန် အဓိက
ရည်ရွယ်ထားသော်လည်း ဦးဆုံးအနေဖြင့် အနားယူသွားသော အာကာသလွန်းပျံယာဉ်များ နေရာ အစားဝင်ပြီး အမေရိကန် အာကာသယာဉ်မှူးများကို နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ရေး ဆောင်ရွက်ပေးရဦးမည် ဖြစ်သည်။
Source: First Eleven











