Discovery အာကာသလွန်းပျံယာဉ်အား ကနေဒီအာကာသစခန်းမှ ဝါရှင်တန်ဒီစီသို့ သယ်ဆောင်ခြင်း

လွန်းပြန်ယာဉ် အတ္တလန္တိတ် ကမ္ဘာမြေပေါ် ပြန်လည် ဆင်းသက်ပြီးနောက် လွန်းပြန်ယာဉ် တစ်ခေတ် အဆုံးသတ်
အမေရိကန် အာကာသလွန်းပြန်ယာဉ် အတ္တလန္တိတ်သည် အာကာသစခန်းသို့ နောက်ဆုံး ခရီးစဉ် သွားရောက်ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့တွင် ကမ္ဘာမြေပေါ် ပြန်လည် ဆင်းသက်လာခြင်းနှင့်အတူ လွန်းပြန်ယာဉ် တစ်ခေတ် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အနှစ် ၃၀ ကြာမြင့်ခဲ့သည့် အမေရိကန် အာကာသ စူးစမ်းရှာဖွေရေးသမိုင်း၏ အရေးပါသော အခန်းကဏ္ဍ တစ်ရပ်သည် အတ္တလန္တိတ် လွန်းပြန်ယာဉ် ကနေဒီ အာကာသစင်တာတွင် ဇူလိုင်လ ၂၁ ရက်၊ နံနက် ၅ နာရီ ၅၇ မိနစ်တွင် ပြန်လည် ဆင်း သက်လာခြင်းနှင့်အတူ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်း(အိုင်အက်စ်အက်စ်) သို့ သွားရောက်နိုင်မည့် တစ်မျိုးတည်းသောယာဉ် အဖြစ် လက်ရှိအချိန်တွင် ရုရှား ဆိုယုဇ်ဒုံးယာဉ်များသာ ကျန်ရှိတော့မည် ဖြစ်သည်။
''အာကာသလွန်းပြန်ယာဉ်ဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးအပေါ် ရှုမြင်မှုကို ပြောင်းလဲပစ်ခဲ့ပါတယ်။ စကြ၀ဠာကြီးအပေါ် ရှုမြင်မှုကိုလည်း ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒီကနေ့မှာ ခံစားချက်တွေ တစ်ပုံတစ်ပင် ရှိနေကြပေမဲ့လည်း
အငြင်းပွားစရာမရှိတဲ့ တစ်ချက်တော့ ရှိနေပါတယ်။ အဲဒါက အမေရိကဟာ စူးစမ်းရှာဖွေမှုကို ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး ဆိုတာ ပါပဲ''ဟု လွန်းပြန်ယာဉ်မှူး ခရစ်ဖာဂူဆန်က ပြောကြားခဲ့သည်။
''အာကာသ လွန်းပြန်ယာဉ်ကြီးစီးပြီး အာကာသယာဉ်မှူး ဖြစ်ချင်ကြတဲ့ ကလေးတွေရဲ့အိပ်မက်ကတော့ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ အင်္ဂါဂြိုဟ်ပေါ်မှာ သူတို့ လမ်းလျှောက်နိုင်ကြဦးမှာပါ''ဟု နာဆာ အုပ်ချုပ်ရေးမှူး ချားလ်စ်ဘိုလ်ဒမ်က ပြောကြားခဲ့သည်။
လွန်းပြန်ယာဉ်များသမိုင်း
အာကာသလွန်းပြန်ယာဉ်သည် ကမ္ဘာ့ ပထမဆုံး အကြိမ်ကြိမ် ပြန်သုံးနိုင်သည့် အာကာသသွား လူစီးယာဉ် ဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ် စတင် လွှတ်တင်စဉ်က စပြီး လွန်းပြန်ယာဉ် ငါးစီး အထိ သုံးစွဲခဲ့သည်။
အနှစ် ၄၀ ကျော်အတွင်း အမေရိကန်ဒေါ်လာ ၁၉၆ ဘီလျံ သုံးစွဲကာ တည်ဆောက်ခဲ့သော လွန်းပြန်ယာဉ်များသည် ၁၉၈၁ ခုနှစ်၊ ဧပြီလ ပထမဆုံး ခရီးစဉ်မှစပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံမှ အာကာသသူရဲ ၃၅၅ ဦးကို ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ အာကာသအတွင်း မိုင်ပေါင်း ၅၄၂ သန်းမျှ ခရီးနှင်ခဲ့ကြသည့် ယာဉ်ငါးစီးမှာ အတ္တလန္တိတ်၊ ချယ်လင်ဂျာ၊ ကိုလံဘီယာ၊ ဒစ္စကာဗာရီ၊ အန်ဒဲဗားတို့ ဖြစ်သည်။ ၂၀၀၃ တွင် ကိုလံဘီယာ၊ ၁၉၈၆ တွင် ချယ်လင်ဂျာတို့ ပေါက်ကွဲ ပျက်စီးကာ ယာဉ်ပေါ်ပါသူ စုစုပေါင်း ၁၄ ဦး သေဆုံးစေခဲ့ဖူးသည်။ ကျန်သုံးစီမှာမူ ပြတိုက်များတွင် အပြီးတိုင် နားခိုတော့မည် ဖြစ်သည်။
အနာဂတ်အတွက် ဘာဆက်လုပ်မလဲ
အနာဂတ်တွင် အာကာသစခန်းသို့ လူပို့လွှတ်ရေး အတွက် ရုရှား ဆိုယုဇ် ဒုံးယာဉ်များကိုသာ အားကိုးရတော့မည် ဖြစ်သည်။ ကုန်ကျစရိတ် သက်သာသော ပုဂ္ဂလိကယာဉ်များ သုံးစွဲရန် အမေရိကန် အစိုးရက လိုလားနေပြီး လက်ရှိ အချိန်တွင် လူခုနစ်ဦးအထိ ပို့ဆောင်ပေးနိုင်သော ယာဉ်တစ်မျိုးကို ထုတ်လုပ်ပေးရန် ဘိုးအင်းကုမ္ပဏီက အဆိုပြုထားသည်။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကမ္ဘာပတ်လမ်းအတွင်း ရှိသည့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထက် ဝေးသော နေရာများသို့ စေလွှတ်နိုင်ရန်နှင့် ကုန်ကျစရိတ် ပိုမို သက်သာရန် ဆိုသော အချက်နှစ်ချက်နှင့် လျော်ညီသည့် တီထွင်မှုမျိုး လိုအပ်နေသည်ဟု ထုတ်ဖော် ပြောကြားထားသည်။ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ကနေဒီ အာကာသ စင်တာသို့ ပြန်လည် ဆင်းသက်လာသည့် အတ္တလန္တိတ် အာကာသ လွန်းပြန်ယာဉ်
Source: First Eleven
A2100 (Lockheed Martin)
A2100 series ကို အောက်ပါအတိုင်း အမျိုးအစား (၄) မျိုးခွဲခြားထားသည်။
(၁) A2100A – 1 to 4 kW
(၂) A2100AX – 4 to 15 kW
(၃) A2100AX အမျိုးအစားအား အဆင့်မြှင့်တင်ထားသော A2100AXS
(၄) Mobile communications လုပ်ငန်းစဉ်များအတွက် A2100AXX
စစ်ဖက်ဆိုင်ရာ ဂြိုဟ်တုများအတွက် A2100M ဒီဇိုင်းကိုလည်း ပြုလုပ်ပေးနိုင်သည်။
A2100 satellite bus အား အသုံးပြုထားသည့် ဂြိုဟ်တုတစ်ခုမှာ Vinasat-1 ဂြိုဟ်တုဖြစ်သည်။ ၂၀၀၆ ခုနှစ် မေလ ၁၂ ရက်၌ လက်မှတ်ထိုးခဲ့သော သဘောတူစာချုပ်အရ Lockheed Martin Commercial Space Systems ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ ဂြိုဟ်တုစီမံကိန်း တစ်ခုလုံးအား ထုတ်လုပ်မှုအဆင့်မှ လွှတ်တင်ခြင်းအဆင့်သို့ ရောက်ရှိသည့်တိုင်အောင် တာဝန်ယူခဲ့သည်။ Lockheed Martin ကုမ္ပဏီနှင့် ဂြိုဟ်တု တည်ဆောက်ခြင်းအတွက် ဒေါ်လာ ၁၆၈ သန်း တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့သည်။ အဆိုပါ ဂြိုဟ်တုအား ၂၀၀၈ ခုနှစ် ဧပြီလ ၁၈ ရက်တွင် Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ထပ်မံ၍ Lockheed Martin ကုမ္ပဏီဖြင့်ပင် စာချုပ်ကာ Vinasat-2 ဂြိုဟ်တုအား ၂၀၁၂ ခုနှစ်တွင် လွှတ်တင်မည် ဖြစ်သည်။
Source: Satellite&Space
LS 1300 (Space System/Loral)
Intelsat Corporation သည် Space Systems/Loral နှင့် Intelsat 17 ဂြိုဟ်တုအား LS 1300 satellite bus ကို အသုံးပြု၍ ထုတ်လုပ်ရန် စာချုပ်ချုပ်ဆိုခဲ့သည်။ အဆိုပါ Intelsat 17 ဂြိုဟ်တုသည် အရှေ့လောင်ဂျီတွဒ် ၆၆ ဒီဂရီ၌ တည်ရှိသော Intelsat 702 ဂြိုဟ်တုအား အစားထိုးရန် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။
Source: http://sites.google.com/site/
'ကန်'စစ်တပ်မှာ ရေဒါလွတ်ရဟတ်ယာဉ် ရှိနေပြီလား
အိုစမာဘင်လာဒင်အား သတ်ဖြတ်မှု စစ်ဆင်ရေးအတွင်း အမေရိကန် အထူး ရေတပ် (SEAL)အသုံးပြုသည့် ရဟတ် ယာဉ်သည် ၎င်းတို့ပိုင် ဆိုင်သော အများ သိ ရဟတ်ယာဉ်မျိုးနှင့် မတူကြောင်း ကျွမ်းကျင် သူများက ပြောဆိုလိုက်သဖြင့် ရေဒါဖမ်းမမိသည့် ရဟတ်ယာဉ် ကောလာဟလများ ထွက်ပေါ်လာသည်။ စစ်ဘက်ဆိုင်ရာ လေကြောင်း ကျွမ်း ကျင်သူများက အိုစမာဘင်လာဒင်အား အောင်မြင်စွာ သုတ်သင် နိုင်ခဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းသည် လူမသိသေး သော ရေဒါလွတ် ရဟတ်ယာဉ်များ ကြောင့်လည်းဖြစ်သည်ဟု ခန့်မှန်းနေ ကြသည်။ ယင်းရဟတ်ယာဉ်တစ်စင်း သည် ပျက်စီးသွားခဲ့ကာ ပါကစ္စတန် တွင် ကျန်ရစ်ခဲ့သည်။ ဘင်လာဒင်၏နေအိမ်ဝင်းအတွင်း ပျက်ကျခဲ့သည့်
ရဟတ်ယာဉ်အား အမေရိကန်တပ်ကဖျက်ဆီးပစ်ခဲ့သော်လည်းရဟတ် ယာဉ်အမြီးပိုင်းသည် အုတ်နံရံ၏ အခြားတစ်ဖက်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိနေသော အမြီးပိုင်းပုံများအားကြည့်ရှုကာ လေကြောင်းကျွမ်းကျင် သူများက ရဟတ်ယာဉ်သည် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်အမျိုးအစားနှင့်ရေဒါလွတ် တိုက်လေယာဉ်နှစ်မျိုးရောနေသည့် အမှတ် လက္ခဏာများကို တွေ့ရှိရသည်ဟုဆိုသည်။
အမေရိကန်စစ်တပ်တွင် ရေဒါလွတ် ရဟတ်ယာဉ်အမျိုးအစား ရှိသည်ဟုအများက သိရှိမထားသော်လည်း ပါကစ္စတန်နိုင်ငံ အဘိုတာ ဘတ်မြို့ရှိ ဘင်လာဒင်၏ အိမ်ဝင်းရှိရာသို့ ရေဒါများ တွင် မဖမ်းမိစေဘဲ အမေရိကန်စစ်သား များအား ဆောင်ကြဉ်းခဲ့သည့် ရဟတ် ယာဉ်များမှာမူ ရေဒါလွတ်ရဟတ်ယာဉ် အမျိုးအစားလက္ခဏာများ ရှိနေသည်။
"ဒါ တွေ့နေကျ ဘလက်ခ်ဟော့ခ် မျိုးမဟုတ်ဘူး။ ဒီရဟတ်ယာဉ်က အက်ဖ်-၁၁၇ ရေဒါလွတ် တိုက်လေ ယာဉ်တွေမှာတွေ့ရတဲ့ ထောင့်ချိုးတွေ အနားစောင်းတွေ ပါနေတယ်" ဟု အငြိမ်းစား အထူးစစ်ဆင်ရေးလေယာဉ် မှူးတစ်ဦးကပြောသည်။
ရေဒါလွတ်ရဟတ်ယာဉ်နှင့် ရေဒါ လွတ်တိုက်လေယာဉ်တို့သည် တူညီမှု များ ရှိလင့်ကစား ဦးတည်ချက်မတူညီ သည့် ဒီဇိုင်းများရှိ သည်။ ရေဒါလွတ် လေယာဉ်သည် ရေဒါတွင် ဖမ်းမမိစေ ရန်ရည်ရွယ်ပြီး ရေဒါလွတ်ရဟတ် ယာဉ်မှာ အသံတိတ်ဆိတ်ရန် ဦးတည် ထားသည်။ ရဟတ်ယာဉ်များသည် ရေဒါ၏အောက်မှ ပျံသန်းနိုင်သည့်စွမ်းရည်ရှိထားပြီးဖြစ်ကာ ၎င်းတို့တွင်လှုပ်ရှားနေသည့် အစိတ် အပိုင်းများများစွာပါရှိသည့်အတွက် ရေဒါတွင်ဖမ်းမမိစေရေးမှာ များစွာခက်ခဲလှသည်။
ကျင့်သားမရသည့် နားများအတွက် ရေဒါလွတ်ရဟတ်ယာဉ်သံသည် အမေရိကန်ဒေါ်လာသန်း ၁၅၀ တန်စစ်ရဟတ်ယာဉ်တစ်စင်း ဆိုခြင်းထက်သာမန်မြက်ရိတ်စက်သံနှင့် ပိုတူလေသည်။ အမေရိကန်စစ်တပ်၏ နောက်ဆုံးသိရသော ရေဒါလွတ်ရဟတ်ယာဉ်
စီမံကိန်း RAH-66 Comanche သည် မည်သည့်စစ်ဆင်ရေးမျှ မလုပ်မီ ၂၀၀၄ ခုနှစ်အတွင်း ဖျက်သိမ်းခဲ့သည်။ ဖျက် သိမ်းခဲ့စဉ်က ဒေါ်လာ ခုနစ်ဘီလျံနီးပါး သုံးစွဲခဲ့သည့် ယင်းအစီအစဉ်သည် အနာဂတ် ရေဒါလွတ်ယာဉ်များတွင် ဆက်လက်အသုံးချသွားမည်ဟု စစ်ဘက်ဆိုင်ရာ အရာရှိများကပြောသည်။
ပျက်စီးသွားသည့် ရဟတ်ယာဉ်နှင့် စပ်လျဉ်း၍ ပင်တဂွန်သည် ရေငုံနှုတ် ပိတ်ရှိနေပြီး စီအိုင်အေဒါရိုက်တာ လီယွန်ပနက်နာက ဘင်လာဒင်စစ်ဆင် ရေးတွင် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်များကို သုံးစွဲခဲ့သည်ဟုသာဆိုသည်။ ပါကစ္စတန်အရာရှိများက ရဟတ် ယာဉ်ပျက် အပိုင်းအစများအား ကုန်တင်ကားများပေါ်တင်ဆောင်ကာ မိုးကာများ ဖုံးအုပ်လျက် သယ်ဆောင်သွား ကြသည်။ ပါကစ္စတန်သည် တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေ သဖြင့် အမေရိကန်တို့ဘက်မှ ရဟတ် ယာဉ်အပျက်များ မည်သို့အဆုံးသတ် မည်ဆိုသည့်ကိစ္စအား စိုးရိမ်မကင်းဖြစ် သွားရသည်။
Source: Myanmar Times
A2100 (Lockheed Martin)
A2100 series ကို အောက်ပါအတိုင်း အမျိုးအစား (၄) မျိုးခွဲခြားထားသည်။
(၁) A2100A – 1 to 4 kW
(၂) A2100AX – 4 to 15 kW
(၃) A2100AX အမျိုးအစားအား အဆင့်မြှင့်တင်ထားသော A2100AXS
(၄) Mobile communications လုပ်ငန်းစဉ်များအတွက် A2100AXX
စစ်ဖက်ဆိုင်ရာ ဂြိုဟ်တုများအတွက် A2100M ဒီဇိုင်းကိုလည်း ပြုလုပ်ပေးနိုင်သည်။
A2100 satellite bus အား အသုံးပြုထားသည့် ဂြိုဟ်တုတစ်ခုမှာ Vinasat-1 ဂြိုဟ်တုဖြစ်သည်။ ၂၀၀၆ ခုနှစ် မေလ ၁၂ ရက်၌ လက်မှတ်ထိုးခဲ့သော သဘောတူစာချုပ်အရ Lockheed Martin Commercial Space Systems ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံ၏ ဂြိုဟ်တုစီမံကိန်း တစ်ခုလုံးအား ထုတ်လုပ်မှုအဆင့်မှ လွှတ်တင်ခြင်းအဆင့်သို့ ရောက်ရှိသည့်တိုင်အောင် တာဝန်ယူခဲ့သည်။ Lockheed Martin ကုမ္ပဏီနှင့် ဂြိုဟ်တု တည်ဆောက်ခြင်းအတွက် ဒေါ်လာ ၁၆၈ သန်း တန်ဖိုးရှိ စာချုပ်ချုပ်ဆိုခဲ့သည်။ အဆိုပါ ဂြိုဟ်တုအား ၂၀၀၈ ခုနှစ် ဧပြီလ ၁၈ ရက်တွင် Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ထပ်မံ၍ Lockheed Martin ကုမ္ပဏီဖြင့်ပင် စာချုပ်ကာ Vinasat-2 ဂြိုဟ်တုအား ၂၀၁၂ ခုနှစ်တွင် လွှတ်တင်မည် ဖြစ်သည်။
Source: Satellite&Space
'ကန်'စစ်တပ်မှာ ရေဒါလွတ်ရဟတ်ယာဉ် ရှိနေပြီလား
အိုစမာဘင်လာဒင်အား သတ်ဖြတ်မှု စစ်ဆင်ရေးအတွင်း အမေရိကန် အထူး ရေတပ် (SEAL)အသုံးပြုသည့် ရဟတ် ယာဉ်သည် ၎င်းတို့ပိုင် ဆိုင်သော အများ သိ ရဟတ်ယာဉ်မျိုးနှင့် မတူကြောင်း ကျွမ်းကျင် သူများက ပြောဆိုလိုက်သဖြင့် ရေဒါဖမ်းမမိသည့် ရဟတ်ယာဉ် ကောလာဟလများ ထွက်ပေါ်လာသည်။ စစ်ဘက်ဆိုင်ရာ လေကြောင်း ကျွမ်း ကျင်သူများက အိုစမာဘင်လာဒင်အား အောင်မြင်စွာ သုတ်သင် နိုင်ခဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းသည် လူမသိသေး သော ရေဒါလွတ် ရဟတ်ယာဉ်များ ကြောင့်လည်းဖြစ်သည်ဟု ခန့်မှန်းနေ ကြသည်။ ယင်းရဟတ်ယာဉ်တစ်စင်း သည် ပျက်စီးသွားခဲ့ကာ ပါကစ္စတန် တွင် ကျန်ရစ်ခဲ့သည်။ ဘင်လာဒင်၏နေအိမ်ဝင်းအတွင်း ပျက်ကျခဲ့သည့်
ရဟတ်ယာဉ်အား အမေရိကန်တပ်ကဖျက်ဆီးပစ်ခဲ့သော်လည်းရဟတ် ယာဉ်အမြီးပိုင်းသည် အုတ်နံရံ၏ အခြားတစ်ဖက်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိနေသော အမြီးပိုင်းပုံများအားကြည့်ရှုကာ လေကြောင်းကျွမ်းကျင် သူများက ရဟတ်ယာဉ်သည် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်အမျိုးအစားနှင့်ရေဒါလွတ် တိုက်လေယာဉ်နှစ်မျိုးရောနေသည့် အမှတ် လက္ခဏာများကို တွေ့ရှိရသည်ဟုဆိုသည်။
အမေရိကန်စစ်တပ်တွင် ရေဒါလွတ် ရဟတ်ယာဉ်အမျိုးအစား ရှိသည်ဟုအများက သိရှိမထားသော်လည်း ပါကစ္စတန်နိုင်ငံ အဘိုတာ ဘတ်မြို့ရှိ ဘင်လာဒင်၏ အိမ်ဝင်းရှိရာသို့ ရေဒါများ တွင် မဖမ်းမိစေဘဲ အမေရိကန်စစ်သား များအား ဆောင်ကြဉ်းခဲ့သည့် ရဟတ် ယာဉ်များမှာမူ ရေဒါလွတ်ရဟတ်ယာဉ် အမျိုးအစားလက္ခဏာများ ရှိနေသည်။
"ဒါ တွေ့နေကျ ဘလက်ခ်ဟော့ခ် မျိုးမဟုတ်ဘူး။ ဒီရဟတ်ယာဉ်က အက်ဖ်-၁၁၇ ရေဒါလွတ် တိုက်လေ ယာဉ်တွေမှာတွေ့ရတဲ့ ထောင့်ချိုးတွေ အနားစောင်းတွေ ပါနေတယ်" ဟု အငြိမ်းစား အထူးစစ်ဆင်ရေးလေယာဉ် မှူးတစ်ဦးကပြောသည်။
ရေဒါလွတ်ရဟတ်ယာဉ်နှင့် ရေဒါ လွတ်တိုက်လေယာဉ်တို့သည် တူညီမှု များ ရှိလင့်ကစား ဦးတည်ချက်မတူညီ သည့် ဒီဇိုင်းများရှိ သည်။ ရေဒါလွတ် လေယာဉ်သည် ရေဒါတွင် ဖမ်းမမိစေ ရန်ရည်ရွယ်ပြီး ရေဒါလွတ်ရဟတ် ယာဉ်မှာ အသံတိတ်ဆိတ်ရန် ဦးတည် ထားသည်။ ရဟတ်ယာဉ်များသည် ရေဒါ၏အောက်မှ ပျံသန်းနိုင်သည့်စွမ်းရည်ရှိထားပြီးဖြစ်ကာ ၎င်းတို့တွင်လှုပ်ရှားနေသည့် အစိတ် အပိုင်းများများစွာပါရှိသည့်အတွက် ရေဒါတွင်ဖမ်းမမိစေရေးမှာ များစွာခက်ခဲလှသည်။
ကျင့်သားမရသည့် နားများအတွက် ရေဒါလွတ်ရဟတ်ယာဉ်သံသည် အမေရိကန်ဒေါ်လာသန်း ၁၅၀ တန်စစ်ရဟတ်ယာဉ်တစ်စင်း ဆိုခြင်းထက်သာမန်မြက်ရိတ်စက်သံနှင့် ပိုတူလေသည်။ အမေရိကန်စစ်တပ်၏ နောက်ဆုံးသိရသော ရေဒါလွတ်ရဟတ်ယာဉ်
စီမံကိန်း RAH-66 Comanche သည် မည်သည့်စစ်ဆင်ရေးမျှ မလုပ်မီ ၂၀၀၄ ခုနှစ်အတွင်း ဖျက်သိမ်းခဲ့သည်။ ဖျက် သိမ်းခဲ့စဉ်က ဒေါ်လာ ခုနစ်ဘီလျံနီးပါး သုံးစွဲခဲ့သည့် ယင်းအစီအစဉ်သည် အနာဂတ် ရေဒါလွတ်ယာဉ်များတွင် ဆက်လက်အသုံးချသွားမည်ဟု စစ်ဘက်ဆိုင်ရာ အရာရှိများကပြောသည်။
ပျက်စီးသွားသည့် ရဟတ်ယာဉ်နှင့် စပ်လျဉ်း၍ ပင်တဂွန်သည် ရေငုံနှုတ် ပိတ်ရှိနေပြီး စီအိုင်အေဒါရိုက်တာ လီယွန်ပနက်နာက ဘင်လာဒင်စစ်ဆင် ရေးတွင် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်များကို သုံးစွဲခဲ့သည်ဟုသာဆိုသည်။ ပါကစ္စတန်အရာရှိများက ရဟတ် ယာဉ်ပျက် အပိုင်းအစများအား ကုန်တင်ကားများပေါ်တင်ဆောင်ကာ မိုးကာများ ဖုံးအုပ်လျက် သယ်ဆောင်သွား ကြသည်။ ပါကစ္စတန်သည် တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေ သဖြင့် အမေရိကန်တို့ဘက်မှ ရဟတ် ယာဉ်အပျက်များ မည်သို့အဆုံးသတ် မည်ဆိုသည့်ကိစ္စအား စိုးရိမ်မကင်းဖြစ် သွားရသည်။
Source: Myanmar Times
စွန်တစ်ခုလွှတ်တင်ထားသည်ကို ပန်းကန်ပြားပျံအဖြစ် အမြင်မှားခဲ့ကြ
ပန်းကန်ပြားပျံအဖြစ် အမြင်မှားခဲ့ကြသည့် စွန်တစ်ခု © dailymail
သို့သော်လည်း ဝါရှင်တန်ပြည်နယ်ရှိ ဗန်ကူးဗားတွင် တွေ့ရှိခဲ့ရသည့် ယင်းပန်းကန်ပြားပျံမှာ မီးအလင်းရောင်များဖြင့် အလှဆင်ထားသည့် တရုတ်လုပ် စွန်တစ်ခုသာဖြစ်ကြောင်း သိရသည်။ ၇ ပေခွဲ အမြင့်ရှိပြီး ၁၃ ပေ ကျယ်သော စွန်ကြီးအား ၎င်းလွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း မိုက်ဟုသာ အမည်ဖော်ပြသူတစ်ဦးက သတင်းထောက်များက ပြောကြားခဲ့သည်။ ထိုစွန်ကြီးတွင် ပေါ့ပါးပြီး ရောင်စုံတောက်ပနေသည့် LED မီးလုံး ရာဂဏန်းမျှကို တပ်ဆင်ခဲ့ပြီး ယင်းမီးလုံးများသည် ၄ မိနစ်လျင် တစ်ကြိမ် အရောင်ပြောင်းကာ လင်းနေခဲ့ကြောင်း ရှင်းပြခဲ့သည်။ မိုက်သည် ထိုစွန်ကြီးကို ဝယ်ယူပြီးနောက် ဒေါ်လာ ၅၀၀ မျှအကုန်အကျခံကာ အလှဆင် မွမ်းမံခဲ့သည်။ ၎င်းက စွန်ကြီးကို လွှတ်တင်စဉ် ဗန်ကူးဗား လေကြောင်းအုပ်ချုပ်မှုဌာနနှင့် ရဲတပ်ဖွဲ့တို့ကိုလည်း ဆွေးနွေးခဲ့ပြီး ပေ ၅၀၀ အောက် အနိမ့်တွင်သာ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြခဲ့သည်။
ထိုစွန်ကြီး သည် အလွန်လှပကြောင်း၊ လူအများက ယင်းကို ပန်းကန်ပြားပျံအဖြစ် ယုံကြည်နေသည်ကို သိရှိရသည့်အခါ အံ့ဩမိကြောင်း မိုက်က ပြောဆိုသွားသည်။
Source: People Media Voice
နည်းပညာမြင့် ထောက်လှမ်းရေးဂြိုဟ်တု အမေရိကန်လွှတ်တင်
အမေရိကန် စစ်ဖက်သည် ထောက်လှမ်းရေး ရည်ရွယ်ချက်ဖြင့် အသုံးပြုမည့် နည်းပညာမြင့် ဂြိုဟ်တုတစ်ခုကို လွှတ်တင်ခဲ့ကြောင်း သိရသည်။ Minotaur 1 ဂြိုဟ်တုကို ဖေဖော်ဝါရီ ၆ ရက်နေ့က အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း
အမေရိကန် အမျိုးသား ထောက်လှမ်းရေး ဌာန (NRO) က ကြေညာခဲ့သည်။ ယင်းသည် အာကာသမှတဆင့် ထောက်လှမ်းရေး သတင်းအချက်အလက်များ ရယူနိုင်ရန် ကြိုးပမ်းမှုအတွက် အရေးပါသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာသည်။ NRO ဒါရိုက်တာ ရောဘတ် ဘရိုဒေါ့စကီးက ယခုဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်နိုင်ခြင်းသည် မိမိတို့နိုင်ငံအနေနှင့် အသေးစား အာကာသယာဉ်များကို လျင်လျင်မြန်မြန် တည်ဆောက်နိုင်ကြောင်း လက်တွေ့ပြသနိုင်ခဲ့သည်ဟု မှတ်ချက်ပြု ပြောဆိုသွားသည်။
NRO က ယခုဂြိုဟ်တု လွှတ်တင်မှုသည် နည်းပညာပိုင်းဆိုင်ရာ ပိုမိုတိုးတက် ကောင်းမွန်လာမှုကိုလည်း ညွှန်ပြနေကြောင်း ပြောကြားခဲ့သည်။ ယင်းဂြိုဟ်တုအတွက် ကုန်ကျစရိတ်ကိုမူ ဌာနက လျှို့ဝှက်ထားသည်။ ဂြိုဟ်တုသည် တွဲ၍တပ်ဆင်ထားသည့် ဒုံးကျည်များ၏ အကူအညီဖြင့် ပေလေးသိန်း အမြင့်ရောက်အောင် ထိုးတက်သွားပြီးလျင် ထိုအမြင့်သို့ ရောက်သောအခါ အခြားသော အကူအင်ဂျင်များက တစ်နာရီ မိုင် ၁၇၀၀၀ နှုန်းဖြင့် ကမ္ဘာပတ်လမ်းအတွင်း သယ်ဆောင်သွားကာ ဂြိုဟ်တုကို နေရာချပေးခဲ့ကြောင်း သိရသည်။
Source: People Media Voice

.jpg)

.jpg)