ကောင်းကင်ယံတွင် ညအချိန်၌ မြင်တွေ့ရသည့် တလက်လက် တောက်ပနေသော ကြယ်များအားလုံး တွင် အနည်းဆုံး တစ်လုံးထက်မကသည့် ဂြိုဟ်များ ရှိနေနိုင်ကြောင်း အသစ်ထုတ်ပြန်လိုက် သည့် တွေ့ရှိမှု တစ်ရပ်တွင် ဖော်ပြခဲ့သည်။ ယခုလိုတွေ့ရှိ မှုကြောင့် လူသားတို့နေထိုင်ရာ နဂါးငွေ့တန်း ဂလက်ဆီအ တွင်း ကမ္ဘာကြီးနှင့် အရွယ်အစားတူ ဂြိုဟ်ပေါင်း ၁၀ ဘီလီယံ ပမာဏအထိ ရှိနေနိုင်ကြောင်းလည်း ဆိုလိုခြင်းဖြစ်သည်ဟု bbc သတင်းတွင် ဖော်ပြခဲ့သည်။
gravitational microlensing ဟူအမည်ရသည့် နည်းစနစ်ကို အသုံးပြုပြီး နိုင်ငံတကာမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့၏ ရှာဖွေဖော် ထုတ် ချက်အရ ယခုလို တွေ့ရှိခဲ့ရခြင်းဖြစ်ကာ ယင်းသို့ သောကြယ်များကို လှည်ပတ်နေသော ဂြိုဟ်ပေါင်း ကုဋေကုဋာမက ရှိနေနိုင်ေ ကြာင်း ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။အဆိုပါတွေ့ရှိချက်ကို ၂၁၉ ကြိမ်မြောက် American Astronomical Society (AAS) အဖွဲ့၏တွေ့ဆုံပွဲအတွင်း ထုတ်ပြန် ပြောကြားခဲ့ခြင်းဖြစ်ကာ အသေးငယ်ဆုံးသော နေတစ်လုံးပါ ကြယ်အဖွဲ့အစည်းများလည်း ရှိနေနိုင်ကြောင်းလည်း ပြောကြားသွားခဲ့သည်။
ကြယ်အဖွဲ့အစည်းတိုင်းတွင် ထူးခြားသည့် ဂြိုဟ်များရှိကြောင်း လေ့လာမှု အသစ်တွင် ဖော်ပြ
ကမ္ဘာဂြိုဟ်နှင့်တူသော 'စူပါမြေကမ္ဘာ' ဂြိုဟ်သစ်တစ်လုံးတွေ့ရှိ
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၈ ( ၁၆ - ၂၂ ၊ ၁၂ ၊ ၂၀၁၁)
ဝါရှင်တန်- သက်ရှိများနေနိုင်သည့် ဤ မြေကမ္ဘာနှင့်တူသော ဂြိုဟ်တစ်လုံးကို ဤနေစကြ၀ဠာ အပြင်ဘက်၌ ကက်ပလာ အာကာသ မှန်ပြောင်းဖြင့် တွေ့ထားကြောင်း အမေရိကန်နာဆာ အဖွဲ့မှ ဒီဇင်ဘာလ ၅ ရက်တွင် ကြေညာသည်။
ပြင်သစ် နက္ခတ္တသိပ္ပံပညာရှင်များကလည်း သက်ရှိများနေနိုင်ဖွယ်ရှိသည့် ကျောက်သားဖြင့်ပြီးသော ဂြိုဟ်တစ်လုံးကို ဤနေစကြ၀ဠာ အပြင်ဘက်တွင် မိမိ တို့ ပထမဆုံးအကြိမ်တွေ့ရှိကြောင်း ယခု နှစ်ဦးပိုင်းက ကြေညာသည်။
သို့သော် ၂၀၀၉ ခုနှစ်ကတည်းက စတင်တွေ့ရှိ စူးစမ်းလာခဲ့သည့် Kepler-22b ဟု အမည်ပေးထားသော ယခုဂြိုဟ်တုသစ်မှာလည်း အမေရိကန်အာကာသ အေဂျင် စီအနေဖြင့် ပထမဆုံး အတည်ပြု ပြောကြားနိုင်ခဲ့သော ဂြိုဟ်ဖြစ်သည်။
အတည်ပြုခြင်းဆိုသည်မှာ သင့်တင့်သော အခြေအနေများဖြင့် ထိုနေစကြ၀ဠာ၌ ယခုဂြိုဟ်သစ် အမှန်တကယ်ရှိနေခြင်းကိုသာ ဆိုလိုပြီး ဂြိုဟ်သစ်ပေါ်၌ သက်ရှိများ အသေအချာရှိနေသည်ဟု ဆိုလို ခြင်းမဟုတ်ဟုဆိုသည်။
မြေကမ္ဘာနှင့်တူသည့် ယင်းကဲ့သို့ သော ဂြိုဟ်များသည် ရေရှိနိုင်ဖို့အတွက် ၎င်းတို့၏ နေနှင့်မနီးလွန်း မဝေးလွန်း သည့်နေရာတွင် ရှိနေရမည့်အပြင် သက်ရှိများ ရှင်ကျန်မျိုးပွားနိုင်ရေး အတွက် သင့်တင့်သည့်အပူချိန်နှင့် လေထုလည်းရှိနေရမည် ဖြစ်သည်။
"Kepler-22b ဟာ သက်ရှိတွေ နေနိုင်လောက်တဲ့ ဇုန်နယ်ထဲမှာရှိတာ သေချာပါတယ်။ အခြေခံမျက်နှာပြင် တစ်ခုခုသာ ရှိနေရင်တော့ ဒီဂြိုဟ်ရဲ့ အပူချိန်လည်း ကောင်းနေဖို့များပါ တယ်"ဟု နာဆာအဖွဲ့ အေမီသုတေသန ဌာနမှ ကက်ပလာ သုတေသနမှူး ဘီးဘို ရပ်ကီက ဆိုသည်။
နေနှင့်တူသော ကြယ်တစ်လုံးကို အလင်းနှစ် ၆၀၀ ခန့်အကွာမှ ရက် ၂၉၀ တစ်ပတ်နှုန်းဖြင့် လှည့်ပတ်နေသော Kepler-22b သည် ဤကမ္ဘာဂြိုဟ်ထက် ၂ ဒသမ ၄ ဆ ပိုကြီးသည်။
နက္ခတ္တဗေဒသိပ္ပံသုတေသန မှတ်တမ်းတွင် စူပါမြေကမ္ဘာများ (Super-Earths) အဆင့်အုပ်စု၌ စာရင်းသွင်းထားသည်။
Kepler-22b ဂြိုဟ်၏ မျက်နှာပြင် အထက် အနီးဝန်းကျင်အပူချိန်ကို ၇၂ ဒီဂရီ ဖာရင်ဟိုက် (၂၂ ဆဲဆီးယပ်) ခန့်ဟု ခန့်မှန်းထားပြီး ဂြိုဟ်အမျိုးအစားမှာ ကျောက်သားလော၊ ဓာတ်ငွေ့လော၊ သို့တည်းမဟုတ် အရည်လော သိပ္ပံ ပညာရှင်များ မသိကြသေးပေ။
နေရှေ့မှ ဖြတ်သန်းသွားနေသော Kepler-22b ၏ ပထမဆုံးပုံရိပ်ကို ၂၀၀၉ ခုနှစ်၊ မတ်လတွင် နာဆာမှ Kepler အာကာသယာဉ် လွှတ်တင်ပြီး မကြာမီမှာပင် ယာဉ်ပေါ်တွင် အသင့် တပ်ဆင်ထားသော (အာကာသသို့ သယ်ဆောင်ခဲ့သည့် ကင်မရာများ အနက် အကြီးဆုံးဖြစ်သည့်) ကင်မရာ ဖြင့် ရိုက်ယူရရှိခဲ့သည်။
အချက်အလက်များကို ယင်းကင်မရာဖြင့် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလအထိ မြေကမ္ဘာသို့ ရိုက်ကူး ပေးပို့နေဦးမည်ဖြစ်သည်။
"နာဆာအဖွဲ့သည် ယခင်ကတည်းကပင် ဂြိုဟ်၊ သို့မဟုတ် အရံဂြိုဟ်ဟု ထင်ရသော အရာဝတ္ထုပေါင်း ၂,၃၂၆ ခုကို ဤနေစကြ၀ဠာ ပြင်ပ၌ စူးစမ်းလေ့လာ ခဲ့သည့်အနက် ယခုအခါ ဂြိုဟ်ဖြစ်ရန် အလားအလာများစွာရှိသည့် ဂြိုဟ်သစ် ပေါင်း ၁,၀၉၄ လုံးကို ဖော် ထုတ်နိုင်ပြီဖြစ် ကြောင်း ယခုသီတင်းပတ်တွင်း ကယ်လီ ဖိုးနီးယားပြည်နယ်၌ ကျင်းပသော ညီလာခံတစ်ခုသို့ တင်သွင်းသည့် နာဆာ သုတေသနစာတမ်း၌ ဖော်ပြထားသည်။
ဒေါ်လာ သန်း ၆၀၀ ခန့်ကုန်ကျသည့် Kepler ခရီးစဉ်သည် မြေကမ္ဘာ ဂြိုဟ်နှင့်တူသော ဂြိုဟ်များကို အခြား နေစကြ၀ဠာများ၌ ရှာဖွေလေ့လာရန် ဆောင်ရွက်သည့် နာဆာ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။
Kepler အာကာသ ယာဉ်သည် အခြားသော နေစကြ၀ဠာ များရှိ (ဤကမ္ဘာဂြိုဟ်အရွယ်ခန့်အထိ ငယ်သည့်) ဂြိုဟ်များကို ထောက်လှမ်း ရှာဖွေလျက်ရှိသည်။
ဤနေစကြ၀ဠာပြင်ပရှိ ဂြိုဟ်သုံးလုံးကို သက်ရှိများနေနိုင်မည့် ဂြိုဟ်များအဖြစ် ကမ္ဘာ့နက္ခတ္တဗေဒသိပ္ပံပညာရှင်များ လက်ခံထားပြီး ဖြစ်သည်။
ပြင်သစ်သိပ္ပံပညာရှင်များ ယခုနှစ် မေလ၌တွေ့ခဲ့သည့် Gliese 581d ဂြိုဟ်၊ ဆွစ်သိပ္ပံပညာရှင်များ ယခုနှစ် ဩဂုတ်လတွင် တွေ့ခဲ့သည့် HD85512b ဂြိုဟ်နှင့် ယခုနှစ် မတ်လတွင် နောက်ဆုံးတွေ့သည့် Kepler-22b ဂြိုဟ်တို့ဖြစ်သည်။
Gliese 581d နှင့် HD85512b တို့သည် ဤနေစကြ၀ဠာမှ နေထက် အရွယ်အစားပိုငယ်၊ ပို၍လည်းအေးသော နေများကို လှည့်ပတ် ကြောင်း တွေ့ရသည်။
ဤနေစကြ၀ဠာမှ နေနှင့် တူသော နေတစ်စင်းအား မနီးလွန်း မဝေးလွန်းသည့် အကွာအဝေး (သက်ရှိ များရှင်သန်နိုင်သည့် အပူချိန် ရှိသည့် နေပတ်လမ်း) မှ လှည့်ပတ်နေသော တွေ့ရှိထားပြီး ဂြိုဟ်များတွင်ကား Kepler-22b သည် အရွယ်အစား အငယ်ဆုံးဖြစ်သည် ဟုလည်း နာဆာ ကဆိုသည်။
Kepler-22b အတည်ပြုလက်ခံရေးတွင် တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော ဥရောပသိပ္ပံပညာရှင်များသည် Gliese 581d နှင့် HD85512b ဂြိုဟ်နှစ်လုံးကို ရှာဖွေ၍ အတည်ပြုချက် ရခဲ့ပြီးဖြစ်သည်ဟု သိရသည်။
Kepler အာကာသမှန်ပြောင်းဖြင့် ယနေ့အထိ စူးစမ်းစစ်ဆေးချက်အရ ထောက်လှမ်းတွေ့ရှိထားသည့် ဤ နေစကြ၀ဠာပြင်ပရှိ ဂြိုဟ်သစ်ပေါင်း ၂,၃၂၆ လုံးအနက် ဂြိုဟ်နှင့် အရံဂြိုဟ် (လ) စုစုပေါင်း ၄၈ လုံးကို သက်ရှိများ နေနိုင်သည့် အလားအလာရှိသော ဂြိုဟ်များအဖြစ် စာရင်းပြုထားပြီးဖြစ်သည်။
Credit : Myanmar Times
သက်ရှိ သတ္တဝါတွေ နေထိုင်လို့ ရမယ့် ပထမဆုံး ကမ္ဘာဂြိုဟ်သစ်ကို ရှာဖွေတွေ့ရှိ
စကြဝဠာနယ်နိမိတ်အတွင်း သက်ရှိသတ္တဝါတွေ နေထိုင်လို့ ရမယ့် ပထမဆုံး သက်ရှိကမ္ဘာဂြိုဟ်ကို တွေ့ ရှိပြီလို့ အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနဲ့ အာကာသ ထိန်းချုပ်စီမံခန့် ခွဲရေးအဖွဲ့ (နာဆာ) ရဲ့  ကက်ပလာ (Kepler) လို့ခေါ်တဲ့ အာကာသယာဉ်က အတည်ပြုလိုက်ပါတယ်။ ရေနဲ့ ဇီဝပစ္စည်း သစ်ပေါင်း ၁ဝဝဝ ကျော်တွေ့ရှိတယ်လို့ သုတေသန ပညာရှင်တွေက ဒီဇင်ဘာလ ၅ ရက်နေ့က ပြောကြားလိုက်ပါတယ်။
ပထမ အစီစဉ်အဖြစ် ၁၆ လကြာတဲ့ ကက်ပလာ အာကာသ အဝေးကြည့်မှန်ပြောင်းရဲ့ သုတေသနပြုမှုအတွင်း ကမ္ဘာမြေ ဖြစ်လာနိုင်မယ့် ဂြိုဟ်ပေါင်း ၂၃၂၆ ကို လေ့လာနိုင်ခြင်း ဖြစ်ပါတယ်။ ဒီစူးစမ်းရှာဖွေ တွေ့ရှိမှုတွေကို တကယ်တမ်း သေချာတယ်လို့ အတည်ပြုနိုင်မယ်ဆိုရင် ယခုတွေ့ရှိရတဲ့ ကမ္ဘာဂြိဟ်အသစ်ဟာ လက်ရှိ နေကိုအမှီပြု လည်ပတ်နေတဲ့ နေအဖွဲ့အစည်းမှာ ရှိနေတဲ့ ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာမြေ အရွယ်အစားထက် ၄ ဆ ပိုကြီးလိမ့်မယ် လို့ သိရပါတယ်။
ကက်ပလာအဖို့ သက်ရှိသတ္တဝါတွေနေလို့ ရမယ့် ပထမဆုံးတွေ့ရှိမှု ဖြစ်တဲ့ ကမ္ဘာဂြိုဟ်အသစ်ဟာ ကျွန်တော်တို့ရဲ့ နေအဖွဲအစည်းမှာလိုပဲ နေနဲ့ ဆင်တူတဲ့ ကြယ်တလုံးကို လှည့်ပတ်နေပါတယ်။ ဒီစူးစမ်းရှာဖွေတွေ့ရှိမှုဟာ သိပ္ပံပညာရှင်တွေအတွက် ကျွန်တော်တို့ရဲ့  နေအဖွဲ့အစည်းနဲ့တူတဲ့ သက်ရှိသတ္တဝါတွေ နေထိုင်လို့ ရမယ့် သက်ရှိ ကမ္ဘာဂြိုဟ်တခုကို တွေ့ဖို့ အဆင့်တဆင့် နီးလာခြင်းပါပဲလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
“ရွှေဝါရောင်ဆံပင်များနဲ့ အာကာသ ကမ္ဘာ (Goldilocks planet) လို့ခေါ်ရမယ့် သက်ရှိကမ္ဘာဂြိုဟ်ကို တွေ့ရှိဘို့ ကျနော်တို့ တဖြည်းဖြည်းနီးလာပါပြီ” လို့ အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနဲ့ အာကာသ ထိန်းချုပ်စီမံခန့် ခွဲရေးအဖွဲ့ (နာဆာ) ရဲ့  ကယ်လီဖိုးနီးယားပြည်နယ် မော့ဖက် အီးမ်စ် သုတေသနဌာန ဒါရိုက်တာ ပီတာ ဝါ့ဒ်ဒင်းက ပြောခဲ့ပါတယ်။
အခု အသစ်တွေ့ရှိတဲ့ နေအဖွဲ့အစည်းအတွင်း သက်ရှိ သတ္တဝါတွေနေလို့ ရမယ့် သက်ရှိကမ္ဘာဂြိုဟ်သစ် ကို ကက်ပလာ ၂၂(ခ) (Kepler-22b) လို့ အမည်ပေးထားပါတယ်။ ကမ္ဘာမြေနဲ့ အလင်းနှစ် ၆ဝဝ လောက် အကွာအဝေးမှာရှိပြီး နေနဲ့တူတဲ့ ကြယ်ဂြိုဟ်တခုကို သူ့က လှည့်ပတ်နေပါတယ်။ ကက်ပလာ ၂၂(ခ) ရဲ့  အချင်းဝက်ဟာ ကမ္ဘာကြီးရဲ့ ၂.၄ ဆရှိပါတယ်။
ဒီဂြိုဟ်၂ခုဟာ အပူချိန် အတူတူနီးပါး ရှိကြပါတယ်။ တကယ်လို့ ဖန်လုံအိမ် အာနိသင် သက်ရောက်မှုဟာ ကျွန်တော်တို့ရဲ့ ကမ္ဘာမှာလိုပဲဆိုရင် ကက်ပလာ ၂၂(ခ) ရဲ့ ပျမ်းမျှအပူချိန်ဟာ ၇၂ ဒီဂရီ ဖာရင်ဟိုက် (၂၂ ဒီဂရီ စင်တီဂရိတ်)
credit : pathin city
ဂြိုဟ်အသစ်တစ်ခု မွေးဖွားခြင်းကို ဟာဝိုင်အီမှ သိပ္ပံပညာရှင်တစ်ဦး မှတ်တမ်းတင်နိုင်ခဲ့
ဟာဝိုင်အီတက္ကသိုလ်မှ နက္ခတ္တဗေဒပညာရှင်တစ်ဦးသည် ၁၀ မီတာရှည်သော ကက်ခ်တယ်လီစကုပ် ညီနောင်ကို အသုံးပြုပြီး ကြယ်(နေ) တစ်စင်းကိုပတ်ပြီး ဂြိုဟ်သစ်တစ်ခု မွေးဖွားခြင်းကို ပထမဆုံးအကြိမ် တိုက်ရိုက် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
LkCa 15b ဟုခေါ်သော ယင်း ဂြိုဟ်မှာ ဂြိုဟ်လောင်း အဆင့်သာရှိသေးပြီး အေးသောဖုန်နှင့်ဓာတ်ငွေ့များ ၀န်းရံနေသည်ဟု သိရသည်။ ကမ္ဘာနှင့် အလင်းနှစ် ၄၅၀ အကွာတွင်ရှိသော ယင်းဂြိုဟ်မှာ တွေ့ရှိရသမျှထဲတွင် အငယ်ဆုံးဂြိုဟ်ဖြစ်သည်ဟု သိရသည်။
LkCa 15b ဟာ တွေ့ရှိရသမျှထဲမှာ အငယ်ဆုံးပါပဲ။ အရင်စံချိန်တင်ထားတဲ့ ဂြိုဟ်ထက် ငါးဆလောက် ပိုငယ်ပါတယ်။ အရင်တုန်းကဆိုရင် ဒီလိုမျိုးဖြစ်စဉ်တွေက ကြယ်(နေ)တွေနဲ့ အနီးမှာဖြစ်တော့ လေ့လာလို့ မရခဲ့ပါဘူး။ ဒါပေမဲ့အခု အချိန်မှာတော့ ကျွန်တော်တို့က ဒီဂြိုဟ်နဲ့ သူ့ပတ်ဝန်းကျင်က အခြေအနေတွေကို တိုက်ရိုက်တိုင်းတာ လေ့လာနိုင်ခဲ့ပါပြီ'' ဟု လေ့လာတွေ့ရှိခဲ့သည့် ပညာရှင် အဒမ်ခရောက်ဇ်က ဆိုသည်။
Ref: DailyMail
နေနှစ်စင်းကိုပတ်နေသောဂြိုဟ်တွေ့ရှိ
ပြင်ပ စကြ၀ဠာများထဲတွင် ပထမဆုံးအကြိမ်အဖြစ် နေနှစ်စင်း ကို ပတ်နေသောဂြိုဟ်ကို နာဆာ၏ ကက်ပလာ တယ်လီစကုပ်ဖြင့် တွေ့ရှိ ခဲ့ကြောင်း သိရသည်။
Kepler-16b ဟု အမည်ပေး ထားသော ဂြိုဟ်သည် မိမိတို့ နေစကြ ၀ဠာရှိ စနေဂြိုဟ်ကဲ့သို့သော လူမနေ နိုင်သည့် အေးခဲသော ဓာတ်ငွေ့စု ကြီးသာ ဖြစ်သည်ဟု သိရသည်။
ယင်းဂြိုဟ်သည် ကမ္ဘာမြေနှင့် အလင်းနှစ် ၂၀၀ ခန့်အကွာတွင် ရှိ သည်ဟုသိရသည်။ (အလင်းနှစ်ဆို သည်မှာ ကမ္ဘာကနေကိုတစ်ပတ် ပတ်သော ကာလ(တစ်နှစ်) အတွင်း အလင်းရောက်ရှိသည့် မိုင်ပေါင်း ၅၈၈၀,၀၀၀,၀၀၀,၀၀၀ မိုင်ကို ဆိုလို သည်) ယခင်ကတည်းက နေနှစ်စင်းကိုပတ်သည့် ဂြိုဟ်ရှိနိုင်ကြောင်း သုံး သပ်ခဲ့ကြဖူးပြီး သိပ္ပံ ၀တ္ထုဇာတ်လမ်း များတွင် ပါဝင်ခဲ့သော်လည်း ယခု အခါတွင်မှ ပထမဆုံးတွေ့ရှိခြင်း ဖြစ် သည်။
ယင်းဂြိုဟ်တွင် နေ၀င်ချိန်၊ နေထွက်ချိန်ကို နှစ်ခါစီ ကြုံတွေ့ရ သည်။ ယင်းနေတို့သည်လည်း အချင်းချင်း ၄၁ ရက်လျင် တစ်ပတ် နှုန်းဖြင့် ပတ်နေကြပြီး ဂြိုဟ်က နေ နှစ်စင်းကိုပတ်ရန် ကြာချိန်တစ်နှစ် မှာ ၂၂၉ ရက်ဖြစ်သည်။
Ref: AFP






