Powered by Blogger.
RSS
Showing posts with label ၾသစေၾတးလ် သတင္း. Show all posts
Showing posts with label ၾသစေၾတးလ် သတင်း. Show all posts

စိန်များဖြင့် ဖွဲ့စည်း ထားသော ဂြိုဟ်တစ်လုံးကို သြစတြေးလျ နက္ခတ္တဗေဒ ပညာရှင်များ တွေ့ရှိ


ကျွန်ုပ်တို့ ကမ္ဘာကြီး တည်ရှိရာ နဂါးငွေ့တန်း၏ အနောက်ဘက်တွင် စိန်များဖြင့် ဖွဲ့စည်း ထားသည် ဟု ယုံကြည်ရသော ဂြိုဟ်တစ်လုံးကို တွေ့ရှိ ခဲ့ကြောင်း သြစတြေးလျ နက္ခတ္တဗေဒ ပညာရှင်များက သြဂုတ်လ ၂၆ ရက် နေ့တွင် ကြေညာခဲ့သည်။ ကမ္ဘာမှ နေ၍ အလင်းနှစ်ပေါင်း ၄ဝဝဝ ဝေးကွာသည့် နေရာတွင် ကမ္ဘာမြေ၏ ငါးဆ အရွယ်အစား(အချင်း ၆ဝ,ဝဝဝ ကီလိုမီတာ) ရှိ အဆိုပါဂိုဟ်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါဂြိုဟ်သည် တစ်ချိန်က ကြယ်တစ်လုံး ဖြစ်ပြီး ပျက်စီးယိုယွင်း သွားပြီးနောက် ပုံဆောင်ခဲ အဖြစ် ဖွဲ့စည်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ မဲလ်ဘုန်းမြို့ရှိ ဆွင်ဘန်း နည်းပညာ တက္ကသိုလ်မှ ပညာရှင် မက်သရူးဘေ ဦးဆောင်သော နိုင်ငံတကာ အဖွဲ့က အဆိုပါ ဂြိုဟ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခု တွေ့ရှိသည့် ဂြိုဟ်သည် ကာဗွန် အလွန် ကြွယ်ဝစွာဖြင့် ဖွဲ့စည်း ထားပြီး တွေ့ရှိဖူးပြီးသမျှ ဂြိုဟ်များ အားလုံး အနက် အသိပ်သည်းဆုံး ဖြစ်သည်ဟု ဆိုသည်။ ဂြိုဟ်၏ ဖွဲ့စည်းပုံမှာ သိပ်သည်းလွန်း သောကြောင့် ကာဗွန်များသည် ပုံဆောင်ခဲ အဖြစ် တည်ရှိနေသည် ဟု ယူဆရပြီး ယင်းမှာ စိန်၏ ဖွဲ့စည်းပုံ အတိုင်း ဖြစ်သည် ဟု ယူဆရပြီး ယင်းမှာ စိန်၏ ဖွဲ့စည်းပုံ အတိုင်း ဖြစ်သည် ဟု ဆိုသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...