Powered by Blogger.
RSS
Showing posts with label အိန္ဒိယသတင်း. Show all posts
Showing posts with label အိန္ဒိယသတင်း. Show all posts

နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော ဒုံးပျံနှစ်စင်းအား အိန္ဒိယ စမ်းသပ်ပစ်လွှတ်


အိန္ဒိယနိုင်ငံသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော တာလတ်ပစ် ဒုံးပျံနှစ်စင်းအား သောကြာနေ့တွင် နိုင်ငံ၏ အရှေ့ဘက် ကမ်းခြေ၌စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု သတင်း ထုတ်ပြန် ခဲ့သည်။ အဆိုပါ အစီအစဉ်သည်အိန္ဒိယနိုင်ငံ နျူကလီးယား မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

သင်္သကရိုက် ဘာသာစကားဖြင့် Dhanush (လေးသည်တော်၏ လေးကိုင်း) ဟုအဓိပ္ပာယ် ရသည့် ဒုံးပျံအား သြရိယပြည်နယ်၏ အရှေ့ဘက် ဘင်္ဂလားပင်လယ်အော်အတွင်းရှိရေတပ် စစ်သင်္ဘောတစ်စင်းမှ သောကြာနေ့ မနက်တွင် ပစ်လွှတ်ခဲ့သည်။ ထို့နောက်ဒုတိယမြောက် ဒုံးပျံ ဖြစ်သည့် Prithvi II (ကမ္ဘာမြေ) ဒုံးပျံကိုသြရိယပြည်နယ်မြို့တော် Bhubaneswar ၏ အရှေ့မြောက် ဘက် ကီလိုမီတာ ၂၀၀ အကွာရှိChandipur ကမ်းခြေ ဒုံးပျံစမ်းသပ် ပစ်လွှတ်ရေးစခန်းမှ ပစ်လွှတ်ခဲ့သည်။

ဒုံးပျံနှစ်စင်းလုံးအား အောင်မြင်စွာ ပစ်လွှတ်နိုင်၍ missionအားလုံးကို ပြီးမြောက်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း စမ်းသပ်ပစ်လွှတ်ရေးစခန်းဒါရိုက်တာ ဖြစ်သူ S.P Dash က ပြောကြားခဲ့သည်။

၁၁ မီတာ (၃၆ ပေ) ရှည်သော Dhanush ဒုံးပျံသည် မြေပြင်မှ မြေပြင်ပစ်ဒုံးပျံဖြစ်သော Prithvi ဒုံးပျံ၏ မူကွဲတစ်ခုဖြစ်ပြီး ၃၅၀ ကီလိုမီတာ အကွာအဝေးကိုပစ်လွှတ်နိုင်သည်။ အဆိုပါ ဒုံးပျံကို အိန္ဒိယရေတပ်မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၈.၅ မီတာ (၂၈ ပေ) ရှည်သော Prithvi II ဒုံးပျံသည် ၁၅၀ ကီလိုမီတာ မှ၃၅၀ ကီလိုမီတာ အကွာအဝေးသို့ ပစ်လွှတ်နိုင်ပြီး payload အလေးချိန် တစ်တန် (၁၀၀၀ကီလိုဂရမ်) ကို သယ်ဆောင် နိုင်သည်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ သုတေသနဖွံ့ဖြိုးမှုအဖွဲ့ (DefenceResearch Development Organisation) သည် နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသောအိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံများကိုယှဉ်ပြိုင်ရန် နိုင်ငံ၏ နျူကလီးယား မဟာဗျူဟာ အနေဖြင့် ဒုံးပျံများကို စမ်းသပ်ထုတ်လုပ်နေခြင်း ဖြစ်သည်။ အဆိုပါ ဒုံးပျံစမ်းသပ်မှုသည် အိန္ဒိယ တပ်မတော်စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း ကာကွယ်ရေးဌာနမှပြောကြားခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အိန္ဒိယအာကာသအေဂျင်စီမှ ဧပြီလတွင် ဂြိုဟ်တု (၃) ခုလွှတ်တင်

အိန္ဒိယအာကာသသုတေသနအဖွဲ့ (Indian Space Research Organization – ISRO) မှ နောက်ဆုံးပေါ် remote sening ဂြိုဟ်တုနှင့် အခြားဂြိုဟ်တု နှစ်ခုကို ဧပြီလ ဒုတိယအပတ်တွင် လွှတ်တင်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ဂြိုဟ်တု (၃) ခုအား လွှတ်တင်ရန် တပ်ဆင်ထားသော လွှတ်တင်ရေးဒုံးပျံမှ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုအား လဲလှယ်ပြီးလျှင် ပြီးချင်း လွှတ်တင်မည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းတစ်ခုဖြစ်သည့် Sriharikota စခန်း၌ တပ်ဆင်ထားသော ၀င်ရိုးစွန်းပတ်လမ်း ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံ (Polar Satellite Launch Vehicle – PSLV) ၏ gas motor တစ်ခုအား အဆင့်မြ§င့်တင်ထားသော gas motor ဖြင့် လဲလှယ်မည်ဟု ISRO မှ သတင်းထုတ်ပြန်ခဲ့သည်။

“ ကျွန်တော်တို့ရဲ့ အဆင့်လေးဆင့်ပါရှိတဲ့ ဒုံးပျံဟာ တပ်ဆင်လို့ ပြီးပါပြီ။ ဒါပေမယ့် ဒုတိယအဆင့်မှာရှိတဲ့ gas motor တစ်ခုက အခြေအနေ မကောင်းမွန်တဲ့ အတွက် အဆင့်မြ§င့်တင်ထားတဲ့ တစ်ခုနဲ့ လဲလှယ်မှာ ဖြစ်ပါတယ်” ဟု ISRO မှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ISRO မှ နောက်ဆုံးလွှတ်တင်ခဲ့သည့် mission နှစ်ခုတွင် ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှုနှစ်ခုတွင် geosynchronous ပတ်လမ်း ဂြိုဟ်တု လွှတ်တင်ရေးဒုံးပျံ (Geosynchronous Satellite Launch Vehicle – GSLV) ပစ်လွှတ်မှု မအောင်မြင်ခြင်းသည်လည်း တစ်ခုအပါအ၀င် ဖြစ်သည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှု နှစ်ခုပေါင်းတွင် ရူပီး (၆) ဘီလီယံခန့် ဆုံးရှုံးခဲ့သည့်အတွက် ISRO အဖွဲ့သည် ဒုံးပျံပစ်လွှတ်မှုကို စေ့စပ်သေချာစွာ ပြုလုပ်လျက် ရှိသည်။

ပစ်လွှတ်မည့် ဂြိုဟ်တု (၃) ခုမှာ အိန္ဒိယနိုင်ငံပိုင် Resourcesat – 2 ဂြိုဟ်တု (၁၂၀၀ ကီလိုဂရမ်)၊ အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံ ပူးပေါင်းတည်ဆောက်ထားသော Youthsat ဂြိုဟ်တု (၉၃ ကီလိုဂရမ်) နှင့် စင်ကာပူနိုင်ငံ၏ X-sat (၁၀၃ ကီလိုဂရမ်) တို့ဖြစ်သည်။ အဆိုပါ ဂြိုဟ်တုများကို အစောပိုင်းက ဖေဖော်ဝါရီလတွင် လွှတ်တင်မည်ဟု ရည်ရွယ်ခဲ့သော်လည်း ရွှေ့ဆိုင်းခဲ့ရသည်။ ၄င်းတို့သည် ကမ္ဘာမြေ၏ရုပ်ပုံများနှင့် အခြားအချက်အလက်များကို ရယူ၍ မြေပြင်သို့ ပြန်လည် ပို့ဆောင်ပေးမည် ဖြစ်သည်။ အဆိုပါ remote sensing နည်းပညာကဏ္ဍတွင် အိန္ဒိယနိုင်ငံသည် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

အသစ်လဲလှယ်မည့် gas motor သည် ဒုံးပျံ ဒုတိယအဆင့် မောင်းနှင်မှုကို ထိန်းသိမ်းပေးမည် ဖြစ်ပြီး ဒုံးပျံအား ၄င်း၏ လမ်းကြောင်းအတိုင်း မှန်ကန်စွာသွားနိုင်ရန် ထိန်းသိမ်းပေးမည်ဟု ပြောရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့သည်။ အဆိုပါ gas motor အား ဒုံးပျံမှ ထွက်ရှိသည့် ဓာတ်ငွေ့ပူများဖြင့် မောင်းနှင်မည်ဟု သိရှိရသည်။

၄၄ မီတာ (၁၄၄.၃၅ ပေ) ရှည်သော PSLV ဒုံးပျံသည် အဆင့်လေးဆင့်ပါသော ဒုံးပျံဖြစ်၍ ပထမအဆင့်နှင့် တတိယအဆင့်ကို လောင်စာခဲများဖြင့် မောင်းနှင်မည်ဖြစ်ပြီး ဒုတိယအဆင့်နှင့် စတုတ္ထအဆင့်တို့ကို လောင်စာရည်များဖြင့် မောင်းနှင်မည် ဖြစ်သည်။

အိန္ဒိယနိုင်ငံသည် အကြီးမားဆုံး remote sensing ဂြိုဟ်တု အစုအဖွဲ့ကို ပိုင်ဆိုင်ထား၍ resolution အမျိုးမျိုးဖြင့် ရိုက်ကူးထားသော ပုံရိပ်များကို ဖြန့်ဝေလျက်ရှိသည်။ လက်ရှိလုပ်ငန်း ဆောင်ရွက်နေသော remote sensing ဂြိုဟ်တုများမှာ Cartosat-2B ၊ Oceansat-2 ၊ RISAT-2 ၊ Cartosat-2A ၊ IMS-1 ၊ Cartosat-2 ၊ Resourcesat-1 နှင့် TES ဂြိုဟ်တုတို့ ဖြစ်သည်။

ပြောရေးဆိုခွင့်ရှိသူမှ ဆက်လက်ပြောကြားရာ၌ ယခုလွှတ်တင်မည့် Resourcesat-2 ဂြိုဟ်တုသည် လက်ရှိ လုပ်ငန်းဆောင်ရွက်နေသော Resourcesat-1 ဂြိုဟ်တု၏ သက်တမ်း မကုန်မီအထိ ပူးတွဲဆောင်ရွက်မည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ Resourcesat-1 ဂြိုဟ်တုသည် ၂၀၀၃ ခုနှစ်တွင် လွှတ်တင်ခဲ့၍ ၄င်း၏ မူလသက်တမ်းဖြစ်သော (၅) နှစ် သက်တမ်းထက်ကျော်လွန်၍ လုပ်ငန်းဆောင်ရွက်နေသော ဂြိုဟ်တုတစ်ခု ဖြစ်သည်။

အိန္ဒိယအာကာသအေဂျင်စီမှ လွှတ်တင်ရန် စီမံထားသည့် အခြားဂြိုဟ်တုများမှာ RISAT ၊ Megha-Tropiques ၊ INSAT-3D နှင့် Astrosat (အာကာသအတွင်း လှည့်ပတ်နေသော အရာဝတ္ထုများအား နက္ခတ္တဗေဒဖြင့် လေ့လာမည့် ဂြိုဟ်တု) တို့ ဖြစ်ကြသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...