Powered by Blogger.
RSS
Showing posts with label နက္ခတ္တဗေဒ. Show all posts
Showing posts with label နက္ခတ္တဗေဒ. Show all posts

အာကာသခရီး နှစ် ၅၀



အာကာသထဲသွားပြီး ကမ္ဘာကိုပတ်ခဲ့တဲ့ ပထမဆုံး အမေရိကန်အာကာသယာဉ်မှုး ဂျွန်ဂလင်း John Glenn ရဲ့ နှစ်၅၀အာကာသခရီးနဲ့ အမေရိကန် အာကာသလေ့လာရေးအနာဂတ် အကြောင်းကို ပြောပြပါရစေ

"အဲဒီအချိန်တုန်းက တွေ့မြင်ခံစားခဲ့ရတာတွေဟာ ဘယ်လိုမှ ပြန်ပြောပြလို့ ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ အာကာသထဲကနေ ကမ္ဘာကိုမြင်လိုက်ရတဲ့ မြင်ကွင်းမျိုးဟာ လူတွေ ဘယ်တော့မှ တွေ့ဘူးမယ်လို့ ထင်မထားကြတဲ့ မြင်ကွင်းမျိုးမို့ ခံစားခဲ့ရတဲ့ ခံစားချက်ကို ဘယ်လိုမှ ပြန်ပြောမပြနိုင်ပါဘူး"

အသက် ၉၁နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် အာကာသ ယာဉ်မှုး တဦးလည်းဖြစ် အမေရိကန် အထက်လွှတ်တော် အမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ ဂျွန်ဂလင်းကပြောသွားတာပါ။ သူအာကာသထဲ ပထမဆုံးသွားပြီး ကမ္ဘာကိုပတ်ခဲ့တာ ၁၉၆၂ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ရက်နေ့မို့ အခုဆိုရင်နှစ်ပေါင်း ၅၀ရှိပါပြီ။ အာကာသခရီး အတွေ့အကြုံကို အခုလို နှစ်ပေါင်း ၅၀ကျော်မှာ ပြန်ပြောခွင့် ရတာအတွက် ပြောသူရော နားထောင်သူပါ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရပါတယ်။

၁၉၂၁ခုနှစ် ဂျူလိုင်လ ၁၈ရက်နေ့မှာ အိုဟိုင်းယိုပြည်နယ် Cambridge မြို့မှာ မွေးဖွားခဲ့တဲ့ ဂျွန်ဂလင်းဟာ ၁၉၄၂ခုနှစ် ရေတပ် တိုက်လေယာဉ် သင်တန်းဆင်း တဦးဖြစ်ပြီး အမေရိကန် အထက်လွှတ်တော အာကာသ သူရဲကောင်းဆု အပါအ၀င် လေသူရဲဆု အမြောက်အများ အချီးမြှင့်ခံရသူ ဖြစ်ပါတယ်။ ၁၉၅၇ ခုနှစ်မှာ F8U Crusader တိုက်လေယာဉ်မှုးအဖြစ်နဲ့ အမေရိကန်အနောက်ခြမ်း Los Angeles မြို့ကနေ အရှေ့ခြမ်းက New York မြို့အရောက် ၃နာရီ ၂၃မိနစ်နဲ့ သွားခဲ့တာမို့ ပထမဆုံး အသံထက်မြန်တဲ့ နှုံးနဲ့ အမေရိက တိုက်ကို ဖြတ်သန်းခဲ့သူပါ။

၁၉၅၉ခုနှစ်မှာ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အဖွဲ့ နာဆာရဲ့ မာကျူရီစီမံကိန်း အာကာသ ယာဉ်မှုး Project Mercury Astronaut အဖြစ်အရွေ့းခံခဲ့ရသူ ၇ဦးမှာ တဦး ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ရက်နေ့မှာ Mercury-Atlas-6 လို့ခေါ်တဲ့ Friendship 7 အာကာသယာဉ်နဲ့ ပထမဆုံး အာကာသထဲ ပျံသန်းခဲ့တာပါ။ Florida ပြည်နယ် ကနေဒီအာကာသစခန်းကနေ လွှတ်တင်ခဲ့တဲ့ ဒီယာဉ်နဲ့ ကမ္ဘာကို ၃ပတ်ပတ်ခဲ့ရာမှာ ပျမ်းမျှ တနာရီ မိုင် ၁၇,၅၀၀ လောက်နှုံးနဲ့ သွားခဲ့ပြီး ကနေဒီ အာကာသစခန်း အရှေ့တောင်ဘက် မိုင် ၈၀၀ လောက် အကွာက Grand Turk ကျွန်းကို အရောက် စုစုပေါင်း ၄နာရီ ၅၅မိနစ်နဲ့ ၂၃စက္ကန့် ကြာခဲ့ပါတယ်။

အာကာသ သူရဲကောင်း ဂျွန်ဂလင်းဟာ အမေရိကန် အထက်လွှတ်တော်မှာ Ohio ပြည်နယ် ကိုယ်စားပြု အမတ်အနေနဲ့ ၂၄နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ခုနှစ် အသက် ၇၇နှစ်မှာ အာကာသ လွန်းပျံယာဉ် Discovery ရဲ့ STS 95 နဲ့ အာကာသထဲ ထပ်မံသွားရောက်ခဲ့ပါတယ်။ နှစ်ပေါင်း ၃၆နှစ် အကြာမှာ နောက်တခေါက် ထပ်သွားခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်ဟာ ၉ရက်ကြာခဲ့ပြီး ကမ္ဘာကို ၁၃၄ကြိမ် ပတ်ခဲ့တာမို့ မိုင်ပေါင်း ၃.၆သန်း ခရီးဖြစ်ပါတယ်။ ဒီခရီးမှာ သူဟာ အခု အာကာသစူးစမ်းလေ့လာရေးအတွက် အရေးပါတဲ့ Hubble အာကာသ မှန်ပြောင်း လွှတ်တင်မယ့် ပတ်လမ်းကြောင်းအတွက် စမ်းသပ်မှုတွေ အပါအ၀င် နာဆာရဲ့ စူးစမ်းမှု အများအပြားအတွက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ကမ္ဘာ့ထိပ်တန်း အမေရိကန် အာကာသစူးစမ်းလေ့လာရေး အဖွဲ့က နိုင်ငံတကာ အာကာသစခန်းဆီ ပျံသန်းမယ့် လွန်းပျံယာဉ်တွေ ဆက်ပြီးမထုတ်တော့ တဲ့ အတွက် စိတ်မကောင်းဖြစ်နေတဲ့ မစ္စတာ ဂလင်းက သူ့ကို ဂုဏ်ပြုတဲ့ Ohio တက္ကသိုလ်က ရွှေရတု အခန်းအနားမှာ နာဆာရဲ့ လက်ရှိ အခြေအနေကို အခုလို ပြောပြပါတယ်

"နာဆာဟာ ခက်ခဲတဲ့ အခြေနေနဲ့ ရင်ဆိုင်နေရပါတယ်။ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းထဲမှာ အာကာသ၀န်းကျင် သုတေသနတွေ ဆက်ပြီးလုပ်နေတဲ့ အမေရိကန် သိပ္ပံပညာရှင်တွေအတွက် လိုအပ်တာ ရှိရင် ရုရှားနိုင်ငံက ဆိုယုဇ် Soyuz ယာဉ်နဲ့ တင်ပေးနေရပါတယ်"

အာကာသလွန်းပျံယာဉ် လွှတ်တင်တဲ့အစီအစဉ်ကို နာဆာကနေ ရပ်ဆိုင်းခဲ့ရတာမို့ အမေရိကန် အာကာသ ယာဉ်မှုးတွေဟာ အခု အာကာသစခန်းကို သွားဖို့အတွက် ရုရှားအာကာသယာဉ်ကို အားထားနေရချိန်မှာပဲ အမေရိကန်အစိုးရက ပုဂ္ဂလိကကုမ္ပဏီတွေကို အာကာသထဲလွှတ်တင်မယ့် ယာဉ်တွေ တည်ဆောက်ဖို့ အတွက် ငွေကြေးထောက်ပံ့မှုတွေ လုပ်နေပါတယ်။

ရွှေရတုအခမ်းအနားကျင်းပတဲ့နေ့မှာပဲ နာဆာ စီမံခန့်ခွဲရေးမှူး Charles Bolden နဲ့ အာကာသယာဉ်မှူး John Glenn တို့ဟာ နိုင်ငံတကာ အာကာသစခန်းမှာရောက်နေတဲ့ အဖွဲ့သား ၃ ယောက်နဲ့ ဗွီဒီယိုရုပ်သံက တဆင့် စကားပြောခဲ့ကြပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ က အာကာသထဲကို ရောက်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ရ ပေမယ့် ခုခေတ်မှာ အာကာသထဲမှာ လေး-ငါး-ခြောက်လလောက် နေပြီး သုတေသနတွေ လုပ်နိုင်ပြီဖြစ်သလို ရုပ်ပါမြင်ပြီး စကားပြောတဲ့ကိစ္စဟာ အထူးအဆန်းမဟုတ်တော့ပါဘူး။

နာဆာ အာကာသ စူးစမ်းလေ့လာရေးဌာနက လက်ရှိဆောင်ရွက်နေတာတွေကိုတော့ နာဆာ သိပ္ပံပညာရှင် တဦးဖြစ်တဲ့ ဒေါက်တာ ပဒေသာတင်က အခုလို ပြောပါတယ်။

“နာဆာရဲ့ လောလောဆယ်လုပ်နေတဲ့ အာကာသ သုတေသနနဲ့ အနာဂတ်မှာ လေ့လာမယ့် အစီအစဉ်တွေက တော်တော်ကို များပါတယ်။ အခုလောလောဆယ်တော့ အပြည်ပြည်ဆိုင်ရာ အာကာသ သုတေသနစခန်းမှာ လုပ်နေတဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ စက်မှုလက်မှုနဲ့ ပတ်သက်တဲ့ဟာ၊ ဆေးပညာနဲ့ပတ်သက်တာ၊ မိုးလေဝသ၊ ဇီဝဗေဒလေ့လာရေး အကုန်လုံးပေါ့။ စကြဝဠာကို သုတေသနပြုတာကအစ အဲဒါတွေ အားလုံးကို အဓိကထားပြီးတော့ ဆောင်ရွက်နေပါတယ်။

အဲဒါအပြင် နေစကြဝဠာမှာ အင်္ဂါဂြိုဟ်နဲ့စနေဂြိုဟ်တို့ရဲ့ မိုးလေဝသ၊ ရာသီဥတု၊ ရေမြေ အနေအထား၊ ဇီဝဗေဒ၊ ဓာတုဗေဒ အသက်ရှိမှု၊ မရှိမှု အဲဒါတွေကို လူမပါတဲ့ ဒုံးပျံ အာကာသ ဂြိုဟ်တုတွေလွှတ်ပြီးတော့ လေ့လာနေပါတယ် ”

နာဆာက ဆက်ပြီး လုပ်ဆောင်မှာတွေကို ကြည့်ကြရအောင်ပါ။

“အမေရိကန်နိုင်ငံရဲ့ နာဆာ အာကာသသုတေသနစခန်းအနေနဲ့ ဘာတွေ ဆက်လုပ်ရမလဲ ဆိုတဲ့ဟာကို ၁၀ နှစ်တိုင်း၊ ၁၀ နှစ်တိုင်း သူတို့က အစီအစဉ်ထုတ်ပါတယ်။ အဲဒီအစီအစဉ်အရ ဆိုလို့ရှိရင် အခု ၂၀၁၂ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်ကတော့ အပြည်ပြည်ဆိုင်ရာ အာကာသ သုတေသနစခန်းမှာ ဆက်ပြီးတော့ သုတေသနမှာ မျိုးစုံလေ့လာမှာဖြစ်ပါတယ်။ ဒီ့အပြင် ဒီအာကာသ စခန်းကနေပြီး တခြားဂြိုဟ်နက္ခတ်တွေကို လေ့လာလို့ရတဲ့ ဂြိုဟ်တုတွေ ဘာတွေ၊ အဲဒီကနေပြီးတော့မှာ ပြန်ပြီး တဆင့်တင်ပေးလို့ ရဖို့အတွက် အစီအစဉ်တွေ၊ အဲဒါမျိုးတွေလည်း ရှိပါတယ်။

ဒါ့အပြင် လူမဲ့အာကာသဂြိုဟ်တုတွေကို ဆက်ပြီးတော့ လွှတ်တင်နေမှာဖြစ်ပါတယ်။ ဥပမာ- မက်ဆင်ဂျာဆိုတဲ့ လူမဲ့အာကာသယာဉ်က ဆိုလို့ရှိရင် ဗုဒ္ဓဟူးဂြိုဟ်ကို လွှတ်ထားပြီ၊ နယူးဟော်ရီဇုံ (New Horizon) ဆိုတာကတော့ ကြာသာပတေးနဲ့ ပလူတိုဂြိုဟ်ကို လေ့လာရေးအတွက်ကို လွှတ်တင်ထားတဲ့ ဂြိုဟ်တုဖြစ်ပါတယ်။ နောက် ပိုင်အိုနီးယားနဲ့ Voyager ဂြိုဟ်တုကတော့ ပလူတိုဂြိုဟ်လို့ခေါ်တဲ့ နေစကြဝဠာရဲ့ အပြင်ဆုံးဂြိုဟ်ကိုဖြတ်ပြီးတော့ အခုအချိန်မှာ နေစကြာဝဠာရဲ့ အကာနယ်ပယ်ကို ရောက်နေပြီပေါ့နော်။ ဒွန် (Dawn) ဆိုတဲ့ လူမဲ့ အာကာသယာဉ်ကတော့ Astriod Belt လို့ခေါ်တဲ့ ဥက္ကာပျံအစိုင်အခဲတွေ ပြည့်နေတဲ့ နေစကြာဝဠာအပြင်က ပတ်လမ်းကြောင်းကြီးထဲကို ရောက်တဲ့အထိ သူ့ကို လွှတ်ပြီး ဒီဥက္ကာပျံအစိုင်အခဲတွေ အနေအထားတွေ ဘယ်လို သတ္ထုတွေနဲ့ဖွဲ့စည်းထားတယ်၊ အရှိန်ဘယ်လောက်နဲ့သွားနေတယ်၊ သူတို့ရဲ့ ဓာတ်သဘာဝတွေကို လေ့လာနေတာပါ။”

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာကို ဂြိုလ်တစ်လုံးဝင်တိုက်မည်


နောက်အနှစ် ၁၀၀ ခန့်တွင် ကမ္ဘာဂြိုလ်ကို အခြား ဂြိုလ်တစ်လုံး ဝင်တိုက်မိမည်ဖြစ်ကြောင်း
နက္ခတ်တာရာ ပညာရှင်များက တွက်ချက်ခန့်မှန်းခဲ့ကြသည်။

ယင်းတွက်ချက်မှုသည် ကွန်ပျူတာတွက်ချက်မှုပါ ပါဝင်ပေါင်းစပ်ထားပြီး၊ မည်သည့်နည်းလမ်းနှင့် ရှောင်လွဲနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ ထိုဖြစ်ရပ်မှာ ကမ္ဘာပျက်သည့် အလားသဏ္ဍန် လေလား ဟု နက္ခတ်ပညာရှင်များအကြား အငြင်းပွားဖွယ် ရာများ ဖြစ်ပေါ်လျက်ရှိသည်။

၂၀၁၁၊ နိုဝင်ဘာလ ၈ ရက်( အင်္ဂါနေ့)တွင်လည်း စကြဝဋ္ဌာအတွင်း မှ ဂြိုလ်ငယ်တစ်လုံး သည် ကမ္ဘာနှင့် အနီးဆုံး ကီလိုမီတာ သုံးသိန်းခန့်အကွာမှ ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယခင်နှစ် ဧပရယ်လတွင်လည်း ယင်းကဲ့သို့ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသော်လည်း ယခုတစ်ကြိမ် လောက်နီးစပ်မှုမရှိခဲ့ပေ။ သို့သော်လည်း ဂြိုလ်ငယ်၏ ဖြတ်သန်းမှုသည် ကမ္ဘာသို့မည်သည့် အန္တာရယ်မှ သက်ရောက်မှု မရှိနိုင်ကြောင်း နက္ခတ်တာရာ ပညာရှင်များ က ပြောကြားခဲ့သည်။

Ref: ဆင်ဟွာ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လေယာဉ်တင်သင်္ဘောအရွယ် ဥက္ကာခဲတစ်ခု ကမ္ဘာနှင့်လအကြား ဖြတ်သန်း

b32_09

လေယာဉ်တင်သင်္ဘောတစ်စင်း အရွယ်အစားမျှရှိသော ဥက္ကာခဲတစ်ခုသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကမ္ဘာနှင့်လအကြား လ၏ပတ်လမ်း ကိုဖြတ်သန်းခဲ့ကြောင်း သိရသည်။

YU55 ဟု အမည်ပေးထား သောဥက္ကာခဲသည် ကမ္ဘာမြေအတွက် အန္တရာယ်ရှိနိုင်ခြေ အလွန့်အလွန် နည်းပါးသောကြောင့် စိုးရိမ်ဖွယ်မရှိ ခဲ့သော်လည်း နှစ်ပေါင်း ၃၅ နှစ် အတွင်း ကမ္ဘာနှင့်အနီးဆုံးမှ ဖြတ်သန်းသည့် ဥက္ကာခဲဖြစ်သည့်အတွက် နက္ခတ်တာရာကြည့် ၀ါသနာအိုးများအတွက် စိတ်ဝင်စားဖွယ်ဖြစ်ခဲ့သည်။

သို့ရာတွင် အလွန်ဖျော့တော့သောကြောင့် သာမန်မျက်စိဖြင့် ကြည့်ရှုရန်မဖြစ်နိုင်ခဲ့ပေ။ တယ်လီစကုပ်ဖြင့် ကြည့်ရှုရာတွင်လည်း မြို့ပြများမှ မြင်တွေ့ရန်ခက်ခဲခဲ့သလို လပြည့်နေခြင်းကလည်း ကြည့်ရှုသူများအတွက် အခက်ကြုံစေခဲ့သည်။

ယင်းဥက္ကာခဲသည် ကမ္ဘာအနီး ၁၉၇၆ ခုနှစ်က ဖြတ်သန်းခဲ့ဖူးပြီး အမေရိကန် အာကာသအေဂျင်စီပင် သတိမပြုမိခဲ့ပေ။

Ref;DailyMail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အဲရစ်ဂြိုဟ်ပုသည် ပလူတိုနှင့်အရွယ်အစား ထပ်တူနီးပါးတူညီကြောင်း ထပ်မံတွေ့ရှိ

၂၀၀၅ ခုနှစ်တွင် အဲရစ်ဂြိုဟ်ပုကို တွေ့ရှိခဲ့ခြင်းနှင့်အတူ ပလူတိုသည်ဂြိုဟ်အဖြစ်မှ လျော့ကျသွားခဲ့ပြီး ဂြိုဟ်ပုစာရင်းဝင်သွားခဲ့ပြီးနောက် ယခုအခါ ထပ်မံလေ့လာမှုများအရ ယင်းဂြိုဟ်ပုနှစ်ခုသည် အရွယ်အစား ထပ်တူနီးပါးတူညီကြောင်း တွေ့ရှိခဲ့ရသည်။

ပလူတိုထက် နေနှင့် သုံးဆပိုဝေးသော အဲရစ်ကို ချီလီရှိတယ်လီ စကုပ်များဖြင့် အရွယ်အစား အတိအကျတိုင်းတာနိုင်ခဲ့ခြင်းဖြစ်သည်။

အဲရစ်ဂြိုဟ်ပုသည် အချင်း ၁၄၄၅ မိုင်ရှိပြီး ပလူတို၏ အချင်း ၁၄၂၉ မိုင်နှင့် ကွာဟချက် အနည်းငယ်သာရှိခဲ့သည်။ အဲရစ်ကိုတွေ့ရှိခြင်းနှင့် အခြားဂြိုဟ်ပုများကိုတွေ့ရှိခြင်း၊ အချို့သောဂြိုဟ်ရံလများမှာ ပလူတိုထက် ကြီးနေခြင်းတို့ကြောင့် ပလူတိုသည် ဂြိုဟ်အဆင့်မှ ဂြိုဟ်ပု အဆင့်သို့ လျော့ချသတ်မှတ်ခံခဲ့ရသည်။ အဲရစ်ဂြိုဟ်ပုကို ယခင်က မတိုင်းတာနိုင်ခဲ့ဘဲ ကြယ်တစ်စင်း၏ရှေ့တွင် ဖြတ်သွားချိန်တွင်မှ ယင်းကြယ်မှအလင်းရောင်ဖြင့် လေ့လာနိုင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ တယ်လီစကုပ် ၂၆ ခုဖြင့် လေ့လာရန် စီစဉ်ခဲ့သော်လည်း ချီလီမှ တယ် လီစကုပ်သုံးခုဖြင့်သာ လေ့လာနိုင်ခဲ့သည်။ လေ့လာမှုများ ပြုလုပ်ပြီး နောက်အဲရစ်သည် ပလူတိုထက်ပင် အတန်ငယ်ကြီးနေကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ရသည်။

ပရမ်းပတာဖြစ်မှု၊ ပဋိပက္ခဖြစ်မှုများ၏ ဂရိနတ်ဘုရားအီရစ်ကို အစွဲပြုပြီးမှည့်ခေါ်ထားသော ယင်းဂြိုဟ်ပုသည် နေအဖွဲ့အစည်းအစွန်းရှိ ဂြိုဟ်သိမ် ဂြိုဟ်မွှားစက်ဝန်း၏ အစွန်းတွင် တည်ရှိသည်။ နေမှ ၄ ဒသမ ၅ ဘီလျံမိုင်အကွာတွင် တည်ရှိပြီးရောက်ရှိလာသော အလင်းတိုင်း ကို အလင်းပြန်လေ့ရှိသည်ဟု သိရသည်။

Ref: DailyMail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြယ်တံခွန်တစ်ခု​​ပေါ်တွင် ကြီး​​မား​​​သော ​​ရေပြင်အား​​ သိပ္ပံပညာရှင်များ​​ ရှာ​​ဖွေ​​တွေ့​​ရှိ

alt

ကြယ်တံခွန်တစ်ခု​​ပေါ်တွင် ကြီး​​မား​​​သော ​​ရေပြင် © dailymail

သိပ္ပံပညာရှင်များ​​သည် ကြယ်တံခွန် တစ်ခု​​ပေါ်တွင် ကြီး​​မား​​ကျယ်ပြန့်​​​သော ​​ရေပြင်တစ်ခုအား​​ ရှာ​​ဖွေ​​တွေ့​​ရှိခဲ့​​​ကြောင်း​​ အတည်ပြု ​​ပြောကြား​​ခဲ့​​သည်။

Hartley 2 ကြယ်တံခွန်​​ပေါ်တွင် ကမ္ဘာ​​ပေါ်ရှိ သမုဒ္ဒရာ ​​ရေပြင်ထက် ပိုမိုကြီး​​မား​​​သော ​​ရေထုတစ်ခု ရှိ​​နေ​​ကြောင်း​​ Natureသိပ္ပံဂျာနယ်တွင် ထည့်​​သွင်း​​​ဖော်ပြခဲ့​​သည်။ Deuteriumဟု​​ခေါ်သည့်​​ ရှား​​ပါး​​​သော Hydrogenဓာတ်​​ငွေ့​​ တစ်ခု တည်ရှိ​​နေခြင်း​​​ကြောင့်​​ ယခုလို ​​ရေပြင်ကျယ် ​​ပေါ်​​ပေါက်လာခြင်း​​ဟု ပညာရှင်များ​​က ယုံကြည်​​နေသည်။ ပညာရှင်များ​​က ယခု​​တွေ့​​ရှိမှု​​ကြောင့်​​ တစ်ချိန်က ကမ္ဘာ​​ပေါ်တွင် ​​ရေလုံး​​ဝ မရှိခဲ့​​ဘဲ ကြယ်တံခွန်များ​​ ဝင်တိုက်ရာမှ ​​ရေများ​​ ပျံ့​​နှံ့​​​ရောက်ရှိလာသည်ဟူ​​သော အယူအဆသစ်ကို ​​လေ့​​လာစဉ်း​​စား​​​နေပြီဖြစ်သည်။

ကမ္ဘာ​​မြေ၏ ဓာတုဖွဲ့​​စည်း​​ပုံအရ ဥက္ကာခဲနှင့်​​ ကြယ်တံခွန်များ​​တွင် ပါဝင်​​နေ​​သော Deuterium ဖွဲ့​​စည်း​​ပုံသည် ပိုမိုလျင်မြန်စွာ အ​​ခြေကျတည်ရှိသွား​​နိုင်မည်ဟု သိရသည်။ သတ္တုဆန်​​သော ဒြပ်များ​​ ပါဝင်​​သော ပစ္စည်း​​များ​​သည်လည်း​​ ကမ္ဘာ​​ပေါ်သို့​​ ဥက္ကာခဲများ​​ ကျ​​ရောက်ချိန်တွင် ပိုမိုပျံ့​​နှံ့​​တည်ရှိလာခြင်း​​ဟု ပညာရှင်များ​​က ယုံကြည်ထား​​သည်။

Hartley 2သည် Dueteriumတည်ရှိမှုဆိုင်ရာ ​​လေ့​​လာဆန်း​​စစ်မှုများ​​ကို ကျယ်ကျယ်ပြန့်​​ပြန့်​​ လုပ်​​ဆောင်နိုင်ခဲ့​​သည့်​​ ပထမဆုံး​​ ကြယ်တံခွန်လည်း​​ ဖြစ်လာ​​ကြောင်း​​ သိရှိရသည်။ အဆိုပါ ​​လေ့​​လာမှု စစ်တမ်း​​ကို အ​​မေရိကန်နိုင်ငံ၊​ မစ်ချီဂန် တက္ကသိုလ်မှ သု​​တေသန ပညာရှင် တက်ဘာဂျင်က ဦး​​​ဆောင်ခဲ့​​ခြင်း​​ဟုလည်း​​ Natureက ​​ဖော်ပြသွား​​သည်။

ref: people media voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိလျှင် သက်ရှိများလည်း ရှိနိုင်မည်လား



နာဆာ (NASA-National Aeronautics and Space Administration) မှ အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိနိုင်ကြောင်း လက္ခဏာများ တွေ့ရှိရာ၊ သက်ရှိများလည်း ရှိနိုင်သည်ဟု ယူဆစရာဖြစ်လာသည်။

နာဆာ (NASA) ၏ အင်္ဂါဂြိုဟ်အား စူးစမ်းရှာဖွေသော အစီအစဉ်ဖြစ်သော (Mars Exploration Program) သည် အနီရောင်ဂြိုဟ် (Red Planet) ဟုလည်း ခေါ်သော အင်္ဂါဂြိုဟ် (Mars) ပေါ်တွင် သက်ရှိ အမျိုးအစားများ ရှိနိုင်မည်လားဟု အဖြေပေးနိုင်ရန် ပို၍ နီးစပ်လာပြီး ဖြစ်သည်။

ထို့ကြောင့် အင်္ဂါဂြိုဟ်သည် အနာဂတ်တွင် လူတို့၏ အာကာသ စူးစမ်းမှု ခရီးများ၏ ပန်းတိုင်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဦးမည်ဟု နာဆာ၏ စီမံခန့်ခွဲရေး အရာရှိ ချားလ်စ် ဘိုလ်ဒဲန် (NASA Administrator Charles Bolden) ကပြောသည်။

အင်္ဂါဂြိုဟ်၏ ပူနွေးသောလများတွင် ဂြိုဟ်၏ မျက်နှာပြင်ပေါ်တွင် ရေစီးဆင်းမှုရှိနိုင်ကြောင်းအား အင်္ဂါဂြိုဟ်ကို ပတ်၍ ထောက်လှမ်းသော (Mars Reconnaissance Orbiter) က မကြာမီတွင် တွေ့ရှိခဲ့သည်။ ဂြိုဟ်၏ နွေဦးနှောင်းပိုင်းမှ နွေရာသီတစ်လျှောက်တွင် ဆင်ခြေလျှော မျက်နှာပြင်များတွင် လူ၏လက်ချောင်း ကလေးများ ပုံသဏ္ဌာန်တွေ့ရပြီး ဆောင်းတွင်းတွင် ၎င်းသဏ္ဌာန်များ ပြတ်ပြတ်သားသား မရှိဘဲ နွေဦးတွင် ပြန်၍ပေါ်လာသည်။


၎င်းပုံသဏ္ဌာန်များ ပေါ်လာပုံ၏ အကြောင်းရင်းမှာ ဆားငံရည်စီးဆင်းမှု ရှိသောကြောင့်ဟု အများဆုံး ထင်ရသည်ဟု အဲဖရက် မက်အီဝဲန် (Alfred McEwen) ကပြောသည်။ မက်အီဝဲန် (McEwen) မှာ အမေရိကန်ပြည်ထောင်စု အာရီဇိုးနား (Arizona) ပြည်နယ် တူးစန် (Tucson) မြို့ရှိ အာရီဇိုးနာ တက္ကသိုလ် (University of Arizona) မှ ဖြစ်သည်။ သူသည် အင်္ဂါဂြိုဟ်အား စူးစမ်းသော (Mars Reconnaissance Orbiter) ၏ ပုံရိပ်နှင့်ပတ်သက်သော စမ်းသပ်ချက် (High Resolution Imaging Science) တွင် ပါဝင် လုပ်ဆောင်နေသူ တစ်ဦးဖြစ်သည်။

ဆားငံရေ စီးဆင်းမှုရှိသည်ဆိုသော ယူဆချက်မှာ တိကျမှု မရှိသေးသော်လည်း အခြားထင်မြင်ယူဆချက် များနှင့် နှိုင်းယှဉ်လျှင် အဖြစ်နိုင်ဆုံးဖြစ်သည်။ ဆားငံရေ မဟုတ်ပါဘဲ ရေချိုဆိုပါက စီးဆင်းမှုမရှိဘဲ ရေခဲနေမည် ဖြစ်သည်။ ဆားငံရေသည် ရေချိုထက်ပို၍ ခဲမှတ်နိမ့်မည်။

Ref : Internet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ့သမိုင်းနှင့် နက္ခတ္တပညာ လေ့လာစရာ


ကျွန်တော်အနေဖြင့်- နက္ခတ္တ ပညာကို စိတ်ဝင်စား ခြင်း ဖြစ်အောင် ပေးပို့ ခဲ့သော အခြေအနေများ ရှိခဲ့ပါသည်။ ထိုအချက် များစွာတို.အထဲမှ- အချက်တစ်ခုမှာ- မြန်မာ့ သမိုင်းနှင့် နက္ခတ္တ ပညာ တို.ဆက်စပ်နေမှု ပင် ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင်- တနည်းအားဖြင့် ရာဇ၀င်တို့ တွင်- နက္ခတ္တပညာ၏ အခန်းတွင် လွန်စွာ မှ အရေးပါသော နေရာမှ ရပ်တည်ခဲ့ပါသည်။

ယင်းတို.အနက်- စိတ်ဝင်စားစရာ ကောင်းသော အချက်တို့မှာ-
ပေါက္ကံ (ပုဂံ) ဘုရင် အနော်ရထာမင်း- (အမှန်အား ဖြင့် အနော်ရထာ ဆိုသော မြန်မာ အမည်သည် “အနုရုဒ္ဓါ” ကို မြန်မာမှု ပြုထားခြင်း ဖြစ်သည်။) သည် နတ်ရွာ စံခါနီး အချိန်တွင်- နန်းတော် ရှိ ဗေဒင် ပညာရှိ အပေါင်းတို့က ဘုရင်၏ စန်းပြတ်၊ လွန်းပြတ် ဖြစ်နေသည်ကို သတိပြုမိ၍ (စန်း ခေါ် တနင်္လာကိုလည်းကောင်း၊ လဂ်ကို လည်းကောင်း ဂြိုဟ်ဆိုးများ၏ အင်အား သက်ရောက် မှု များ ထင်ရှားနေ၍) ဘုရင် ဖြစ်သူအား- သတိပေးထားချိန် တွင်- နန်းတော် ယာယီတိုင် တူးရာတွင်- သေနေသော ဖားဖိုအား၊ ဖားမ က ပိုးထားသည်ကို တွေ့ရ၍ - အတိတ်နိမိတ် များ မကောင်းဟု စိုးရိမ်နေခဲ့ကြရပါသည်။

ထိုအချိန်တွင်ပင်- ကျွဲတစ်ကောင်- သောင်းကျန်း လွန်းသည်၊ မည်သူမျှ- ဖမ်းဆီး၍ မရဟူသော သတင်းဘုရင့် ထံသို့- ရောက်ရှိလာပါသည်။ အနော်ရထာ မင်းမြတ်သည်- နောင်တော် စုက္ကတေးမင်းကို လှံချင်းယှဉ်၊ စီးချင်းထိုးခဲ့သော လက်ရုံး ရည်၊ နှလုံးရည် နှင့် ပြည့်ဝသည့် ဘုရင်ဖြစ်သည်။

သာမာန်ကိစ္စ ဟု၍ အပေါ့အတန်-သဘောထားကာ အခြား တစ်ယောက် ယောက်ကို စေခိုင်းရမည့် အစား- ဤကိစ္စကို ငါကိုယ်တိုင် လုပ်မှ ဖြစ်မည်ဟု ရာဇ မာန်ဖြင့် ကိုယ်တိုင် ဖမ်းဆီး ခဲ့ရာမှ- ဘုရင့် ဆင်တော် ပင်လျှင် ကျွဲရိုင်း၏ ဒဏ်ကို မခံနိုင်ပဲ- အူအခွေလိုက် ပွင့်ထွက် သဖြင့်- ဆင်, က-ကို ခါချခဲ့သဖြင့် ဘုရင်ကိုယ်တိုင် ဆင်ပေါ်မှ ကျကာ- အနိစ္စ ရောက် နတ်ရွာ စံခဲ့ရပါသည်။

ပထမ မြန်မာနိုင်ငံတော် တည်ထောင်ခဲ့သူ အနော်ရထာ မင်းမြတ် ၏ ကံကြမ္မာကို နတ်ရွာစံ မသေဆုံးခင်ကပင်- သူ၏ ဇာတာက ဖေါ်ပြ နေပါတော့ ၏။

ဘုရင့်နောင် မင်းတရားနှင့် သူ၏ဇာတာ
အင်မတန်- စိတ်ဝင်စား စရာကောင်းသော အခြားဇာတာ နှင့် ဖြစ်ရပ်မှာကား- ဘုရင့်နောင် မင်းတရား၏ ဇာတာ ဖြစ်ပါသည်။ ဘုရင့်နောင်တွင်- ရှင်ဘုရင် ဘွဲ.မပါ- အမည် သုံးမျိုး ရှိပါသည်။ ၄င်းတို.မှာ- သျှင်ရဲထွဋ်၊ ကျော်ထင် နော်ရထာ နှင့် ဘုရင့်နောင် တို့ ဖြစ်ပါသည်။

တောင်ငူဘုရင် မင်းကြီးညို၏ သား ဖြစ်သူ- တပင်ရွှေထီး မင်းသား၏ အထိန်းတော်မှ မွေးလာသော ဘုရင့်နောင်သည်- တပင်ရွှေထီး၏ ညီအကို သဘွယ် လေးစား ချစ်ခင်မှု၊ ယုံကြည် အားကိုးမှုကို ရခဲ့ပါသည်။ ထို့ကြောင့်လည်း နန်းတော်တွင် တံခါးမရှိ၊ ဓါးမရှိ ၀င်နိုင် ထွက်နိုင်သော အနေအထားတွင် နေခဲ့ရာမှ- တပင်ရွှေထီး၏ အမတော် ဖြစ်သူ- ခင်ခင်ကြီး နှင့် ချစ်ကျွမ်းဝင် ခဲ့ပါတော့သည်။

တစ်နေ့တွင်- ချစ်သူတို့ဘာဝ တစ်ဦးနှင့် တစ်ဦး ကျီစားယင်း- ခင်ခင်ကြီး မှ- ၄င်းတို့ မှ သျှင်ရဲထွဋ် တို့ အား ကျေးဇူးပြုထားပုံ တို့ကို သျှင်ရဲထွဋ် မခံချင်အောင် ပြောလိုက်မိသည်။

ဤသည်တွင်- ဘုရင့်နောင် ဖြစ်လာမည့် သျှင်ရဲထွဋ် မှ- သူ့ အနေဖြင့် ဘုန်းရှိ၍ ခင်ခင်ကြီး တို့မှ- ကျေးဇူးပြု ကူညီရခြင်း ဖြစ်ကြောင်းပြောရာ- ခင်ခင်ကြီး မှ- မှူးမျိုး မတ်မျိုး အဆင့်သာ ရှိသော သျှင်ရဲထွဋ် တို့နှင့် ဘုရင့်သမီးတော် - မည်သူက ဘုန်းရှိပါမည် နည်းဟု ချေပ ခဲ့ပါသည်။

ထိုအခါ- သျှင်ရဲထွဋ် မှ- ခင်ခင်ကြီးအား- ခမည်းတော် ဖြစ်သူ မင်းကြီးညို၏ ဇာတာ၊ တပင်ရွှေထီး၏ ဇာတာနှင့် သျှင်ရဲထွဋ် ဇာတာ (၃) ခုကို ယူ ဆရာတော်အား စစ်ဆေး ကြည့်ခိုင်းရန် မှာလိုက်ပါသည်။
နောက်နေ့တွင် ဆရာတော်မှ စစ်ဆေးပြီးနောက်- “ဤဇာတာသည် မင်းဧကရာဇ် ပင် ဖြစ်ရမည်။ ကောင်းလှသည်။ - ဤဇာတာသည် ဘုန်းတန်ခိုးကြီးသော ဘုရင် ဖြစ်၍၊ ရန်ဟူသမျှ အောင်မြင် လိမ့်မည် မှန်သော်လည်း၊ အသက်မရှည်။ လက်နက် ဓားလှံ ထိပါးတတ်သည်။ - ဤဇာတာကား အထက် ဇာတာ နှစ်စောင် တို.ထက် မြင့်မြတ် ကောင်းမွန် လှသည် ဖြစ်၍ ဇာတာရှင်သည် အပြည်ပြည် ထောင်သော မင်းတို့ကို အစိုးရသော မင်းဧကရာဇ် ကြီး ဖြစ်၍၊ သားစဉ် မြေးဆက် မင်းချည်း နှင်နှင် ဖြစ်လိမ့်မည်။ ဤဇာတာ များကို မည်သူအားမျှ မပြလေနှင့်၊ ယခု အခါ ပြလျှင် ပျက်စီးတတ်သည်။” ဟု သတိပေး စကား မိန်.ကြား ခဲ့ပါသည်။

ထိုအခါ ဇာတာကို လာပြသော- အစေအပါး ဖြစ်သူမှ-“နောက်ဆုံး ဇာတာကို ထုံးနှင့် တို့ မှတ် ပေးတော်မူပါ ဘုရား” ဟု တင်လျှောက်သဖြင့် ဆရာတော်မှ- ထုံးဖြင့် မှတ်ပေး လိုက်သည်။ ထိုဇာတာသည်ကား- ဘုရင့်နောင် မင်းတရားကြီး ဖြစ်လာမည့် သျှင်ရဲထွဋ်၏ ဇာတာပင် ဖြစ်သည်။

ထို့နောက်တွင် တော့- ခင်ခင်ကြီး အနေဖြင့်- သျှင်ရဲထွဋ် ဖြင့် လူငယ်တို့ ဘာဝ အချစ်နယ် ကျွံလွန်ခဲ့မိသည်။ သမီးတော် အနေဖြင့်- အခြေအနေ မူမမှန်ကြောင်းကို ဘခင် ဖြစ်သူ မင်းကြီးညိုမှ မသင်္ကာ ဖြစ်ပြီး- မိခင် ဖြစ်သူ မိဖုရားကြီး (မိုးဗြဲ စော်ဘွားသမီး ခင်နွယ်) ကို မေးစစ်ရာမှ သိရှိပြီးနောက်- “သမီးတော် အား မိုက်မဲ စော်ကားသူ ငရဲထွဋ် အား ဖမ်းဆီး၍ သတ်စေရန်” အမိန့်တော် ချခဲ့သည်။
သို့သော်လည်း- ဆရာတော်များနှင့် ဥပုသ် ဆောက်တည် ခိုက်ဖြစ်၍- ဆရာတော်များက အမျက်ချုပ် သည်းခံရန် မှာကြားသဖြင့်- ခပ်မဆိတ် နေခဲ့၏။

ထိုအချိန်တွင် ကြက်တိုက် ပျော်မြူးနေသော- သျှင်ရဲထွဋ် မြင်တွေ.သော အိပ်ဖန်စောင့် တို့သည်- “သေပန်းပွင့်” နေသူဟု ပြောကာ- အခြေအနေကို ရှင်းပြ၍ ထွက်ပြေးရန် ပြောသော်လည်း- သျှင်ရဲထွဋ် အနေဖြင့် မျက်နှာ မပြောင်းသလို- ပြေးရန်စိတ်ကူးမရှိ။
မသေခင် ပျော်ပျော် နေမည်ဟု သဘောထားပြီး- ကြက်တိုက်မြဲ တိုက်နေခဲ့သည်။

အချိန်ကုန်မှ အိမ်ပြန်ပြီး- နောက်နေ့ စောစောတွင် ဘုရင်မျက်နှာသစ် တော်အကျကို စောင့်ဆိုင်း၍ ဘုရင်အား ခစားလေတော့သည်။
ဤနေရာတွင်- ဘုရင်အား သျှင်ရဲထွဋ် တင်လျှောက်ပုံမှာလည်း- စိတ်ဝင်စားစရာ ကောင်းပါသည်။

“ဘုန်းတော်ကြီးသော အရှင်မြတ် ဖြစ်ပါ၍-ရာဇ၀တ် ဘေးမှ ပုန်းရှောင် သော်လည်း လွတ်ကင်းနိုင်မည် မဟုတ်သဖြင့်၊ အရှင်မင်းမြတ်၏ မိန့်တော်သံကို နာခံရန် ရှေ.တော်သို. ၀င်လာခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ဇာတာကို ကြည့်၍ ဆုံးဖြတ်တော် မူစေလိုပါသည်”

ဟု လျှောက်တင် ၍ ဇာတာကို ဆက်သ လိုက်သည်။

ဘုရင် မင်းကြီးညိုသည်- ဗေဒင် လွန်စွာ တတ်ကျွမ်းသူ ဖြစ်ရာ- ဇာတာကို ကြည့်လိုက်သည် နှင့်- ဟု နှလုံးဖြူသော အလား “ငရဲထွဋ် နင့်ဇာတာ ကောင်းလှသည်။ ကောင်းမွန်စွာ သိမ်းဆည်းထား လေ” ဟု မိန့်ဆိုလျှက် ဇာတာကို လှမ်းပေးလိုက်သည် သည်ဟု ဆိုထားပါသည်။

ဤမျှ ထူးခြားသော ဇာတာပိုင်ရှင်- သျှင်ရဲထွဋ် သည်-

“ဤဇာတာသည် ဘုန်းသမ္ဘာကြီးလှသော ဘုရင် ဧကရာဇ် ဇာတာ မျိုး ဖြစ်ချေသည်။ ငါ၏ သားတော် တပင်ရွှေထီးသည် ငရဲထွဋ်ကို ညီအစ်ကို အရင်းမက ချစ်ကြည် လေးမြတ် ပေသည်။ ငရဲထွဋ်အား ရာဇ၀တ် အပြစ်ဒဏ် ပေးလိုက်လျှင် ငါ၏ သားတော်မှာ စိတ်ဒုက္ခ ကြီးစွာ ရောက်ပေတော့မည်။ ထိုမှ တစ်ပါး- ငါ၏ သားတော် ထီးနန်း အုပ်ချုပ် မင်းလုပ်သော အခါ၌ ငရဲထွဋ် ကဲ့သို.သော ဖွားဖက် လူယုံတော် ရှိမှ ဖြစ်ချေမည်။ ငါ့သားတော် တွင် လည်း အခြား ညီတော် နောင်တော် သီးခြားမရှိ၊ တပင် ရွှေထီး ဆိုသည့် အတိုင်း တစ်ပါး ထီးထီး ရှိချေတော့မည်။ ငါ၏ သားတော် ၏ အားကိုးရာ ဖြစ်စေတော့။ သင်း၏ ဇာတာသည်လည်း လွန်စွာ ကောင်းသည် ဖြစ်၍ အားကိုးလောက်သော အာဇာနည် တစ်ယေက် ဖြစ်ချိမ့်မည်။ သမီးတော်မှာ- တပင် ရွှေထီးထက်ပင် အသက်ကြီးပေသည်။ ငရဲထွဋ် နှင့်မှ သက်တူရွယ်မျှ ဖြစ်သည်။ ငရဲထွဋ်လည်း ဧကရာဇ် တစ်ဆူ ဖြစ်မည့်သူပင်၊ ငါ၏ သမီးတော် သားတော်များ ဒုက္ခမရောက်စေသင့်- ၄င်းတို. အလိုရှိသည့် အတိုင်း ပြည့်စုံစေတော့ အံ့ ”


- သာမာန် အဆင့်တွင်- မင်း၏ သေဒဏ်ကို ချမှတ်ခြင်း ခံရသော်လည်း- ကြောက်လန့် တကြား ထွက်ပြေးခဲ့သူ မဟုတ်။
-တိုက်ပွဲ တစ်ပွဲတစ်ပွဲတွင်- ပေါင်ကို ထုတ်ချင်းပေါက် အောင် ထိုးစိုက်နေသော လှံကို မနှုတ်ပဲ- ဖြတ်ရုံသာ ဖြတ်၍- တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့သည်။
-တပင်ရွှေထီး- နားသ မင်္ဂလာအတွက် -ရန်သူ. နယ်မြေ ဖြစ်သော ပဲခူး-ရွှေမော်ဓော ဘုရားကို သွားရန်- သူရဲကောင်းရွေးရာတွင် လက်သည်းခွံ အကြား-တို.သံစိုက်ကာ တူနှင့် ရိုက်သွင်း၍ သွေးမတွန့် ကြောင်း ကိုယ်တိုင် အစစ်ခံ၍- သူရဲကောင်းတို.ကိုလည်း ထိုနည်း အတိုင်း ရွေးကာ- အစီအရင်ကို အောင်မြင်အောင် ခေါင်းဆောင် ဆောင်ရွက်ခဲ့သည်။
- မိမိထက် အဆမတန် များသော ရန်သူတို့ကို တိုက်ခိုက်ရန် အတွက်- နောက်ကြောင်း ပြန်လှည့် လိုသော စိတ်များ ပျောက်စေရန် ဖောင်ဖျက် တိုက်ပွဲ ၀င်ပြီး အောင်လံထူခဲ့သည်။
- ငယ်ရွယ်၍- ရူးမိုက်မှုတို.ကြောင့် သေရည် အရက်၏ ကျေးကျွန်ဖြစ်ပြီး- တိုင်းပြည် ကိစ္စကို အာရုံမစိုက်သော- ဘုရင်ဖြစ်သူ တပင်ရွှေထီးကို နန်းချပြီး ဘုရင်လုပ်ရန်- မှူးကြီး မတ်ရာတို့က ကြိမ်ဖန်များစွာ တိုက်တွန်းသော်လည်း- မိမိ၏ အောင်မြင်မှု အတွက်- သစ္စာမဖေါက်ခဲ့။
-မင်းမျိုးမဟုတ်သော အနွယ်မှ- မင်းဖြစ်လာခဲ့သည်။
- တောင်ငူ မြို.ကို အုပ်ချုပ်သော မင်း အဖြစ်မှ- ထိုင်းနိုင်ငံ (ဆူကိုထိုင်း- (မြန်မာ အခေါ် သောက္ကတဲ) - ဇင်းမယ်၊ အယုဒ္ဓယ တို့သာမက၊ ကမ္ဘောဒီးယား၊ လာအို တို့အပါ အ၀င် မဲခေါင်မြစ်၏ အနောက်ဘက် တစ်ခြမ်းလုံးကို အုပ်ချုပ်နိုင်ခဲ့သော ဧကရာဇ် မင်း အဖြစ်ကို ရောက်ခဲ့သည်။
- တိုင်းပြည်ကို တည်ထောင်ရန် အတွက် စစ်တိုက်ရသော်လည်း- ရန်သူတို.အပေါ်တွင် မရက်စက်သည့် အပြင်- သိမ်းပိုက်ရာ နိုင်ငံမှ ဘုရင်တို့၏ သားသမီးများကို မွေးစားကာ ပညာ သင်ပေးခဲ့သဖြင့်- ထိုင်းနိုင်ငံမှ ၄င်းအား “ဖုကျနာ ဆစ်ဗ် (အရပ် - ဆယ်မျက်နှာ နှင့် ပြည့်စုံသောသူ)” ဟု ခေတ်အဆက်ဆက် ရိုသေ လေးစားခဲ့ရသည်။

ဤသည်ကား မြန်မာ့ သမိုင်းတွင်- မြန်မာ့ နက္ခတ္တ ပညာသည်- မည်မျှ တိကျ မှန်ကန်ခဲ့သနည်း ဆိုသည်ကို ဖေါ်ပြနေသော အချက်ပင် ဖြစ်ပါသည်။

ထူးခြားသော သူတို့တွင်- ထူးခြားသော စိတ်ဓါတ် ရှိသည်။ ထူးခြားသော လက်ရုံးရည်၊ နှလုံးရည် ရှိသည်။ ထိုအချက်တို.၏ နောက်ကွယ်တွင်ကား- ထူးခြားသော ဇာတာ ရှိနေပါ တော့သည်။

နျူမာန် (မိုးတား)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာကို ဂြိုဟ်သိမ်တစ်ခု တိုက်မိပါက ဗြိတိန်နှင့်အမေရိကန်တွင် အန္တရာယ် အများဆုံး ဖြစ်နိုင်

ကမ္ဘာကို ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုက ၀င်တိုက်မိပါက အန္တရာယ် ဆိုးရွားစွာ ကြုံတွေ့နိုင်သည့် နိုင်ငံများကို စာရင်းပြုစုရာတွင် ဗြိတိန်နှင့် အမေရိကန်၌ အန္တရာယ် အများဆုံး ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်သည့် ကပ်ဘေး ဖြစ်ပေါ်ပါက အသက်ဆုံးရှုံးမှု (သို့မဟုတ်) ပြန်လည် နာလန်မထူနိုင်မှုများ ကြုံတွေ့နိုင်မှု အတွက် သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။Southamption တက္ကသိုလ်မှ သုတေသန ပညာရှင်များက NASA's Near Earth Object ပရိုဂရမ် အမည်ရှိ ဆော့ဖ်ဝဲများကို အသုံးပြုပြီး အဆိုပါ စာရင်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာရင်းတွင် ဖွံ့ဖြိုးပြီးနိုင်ငံ အများဆုံး ပါဝင်ကြောင်း သိရှိရသည်။ လူဦးရေများပြား၍ သေဆုံး ထိခိုက်မှု မြင့်မားနိုင်သဖြင့် တရုတ် နိုင်ငံသည်လည်း အဆိုပါ စာရင်းတွင် ပါဝင်ခဲ့သည်။ ဆွီဒင်နိုင်ငံကဲ့သို့သော
နိုင်ငံငယ်များပင်လျှင် အခြေခံ အဆောက်အအုံများ ပျက်စီးနိုင်သောကြောင့် အန္တရာယ် ဖြစ်ပေါ်နိုင်သည်။

ဂြိုဟ်သိမ်ဖြင့် တိုက်မိပါက အန္တ ရာယ်အများဆုံး နိုင်ငံများတွင် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ အီတလီ၊ ဗြိတိန်၊ နိုင်ဂျီးရီးယား နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရသည်။

လူသေဆုံးနိုင်မှုကိုကြည့်လျှင် အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှာ အန္တရာယ် အများဆုံး ဖြစ်သည်။ ဂြိုဟ်သိမ်တိုက်မိပါက ကနေဒါ၊ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဆွီဒင်နိုင်ငံတို့တွင် အခြေခံ အဆောက်အအုံ များစွာ ပျက်စီးမှုများနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

ယခု သီတင်းပတ်အတွင်း အိမ်တစ်လုံး အရွယ်အစားရှိသည့် ကျောက်တစ်ခုသည် ကမ္ဘာနှင့်မိုင် ၇၅၀၀ အကွာသို့ ရောက်ရှိလာသောကြောင့် ယခုကဲ့သို့ ဂြိုဟ်သိမ်များ၏ အန္တရာယ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

''ကမ္ဘာမြေကို ဂြိုဟ်သိမ်တစ်ခုရဲ့ ၀င်တိုက်ခံရမှုကို လူသားတို့ ကြုံရတဲ့ အန္တရာယ် ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခု အဖြစ် လက်ခံလာကြပြီ''ဟု Southampton တက္ကသိုလ်မှ NEOimpactor ဆော့ဖ်ဝဲတီထွင်သူ Nick Bailey က ပြောကြားခဲ့သည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေထက် အဆ ၃ဝဝ ကျော် ကြီးမားသည့် အကြီးဆုံးကြယ် တွေ့ရှိ

နေထက်အဆ ၃ဝဝ ကျော် ကြီးမားပြီး တွေ့ခဲ့သမျှ ကြယ်များတွင် အကြီးဆုံးဖြစ်သည့် ကြယ်ကြီးကို နက္ခတ်ပညာရှင်များ ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရှက်ဖီးလ်တက္ကသိုလ်မှ နက္ခတ္တ ရူပဗေဒပါမောက္ခ Paul Crowther ဦးဆောင်သော အဖွဲ့ကအလွန်ကြီးမားသော အာကာသမှန်ပြောင်းကြီးကိုသုံးရန် NGC 3603 နှင့် RMC 136 ၏ ကြယ်အစုအဝေးကို လေ့လာရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

RMC 136 ကြယ်စုမှR136 a1သည် တွေ့ဖူးသမျှသော ကြယ်များအနက် အကြီးမားဆုံးဖြစ်သည်။ ယင်းကြယ်သည် နေထက် အဆ ၃ဝဝ ကျော် ကြီးမားသည်ဟု ကျွမ်း ကျင်သူများက ပြောသည်။ ”အဲဒီကြယ်တွေဟာ နဂိုကတည်းက ကြီးကြီးမားမား ဖြစ်တည်လာတာဖြစ်ရင်ဖြစ် ဒါမှမဟုတ် ကြယ်လေးတွေစုပြီး ကြယ်ကြီးဖြစ် လာတာဖြစ်ရင် ဖြစ်နိုင်တယ်” ဟု ပါမောက္ခCrowtherက ပြောသည်။ ”ဒီကြယ်တွေဟာရှားပါးလွန်းလို့ ဒီစံချိန်သစ်ကို တော်တော်နဲ့တော့ ချိုးနိုင်မှာမဟုတ်ဘူး”ဟု ပါမောက္ခ က ပြောသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျွန်ုပ်တို့၏ ကမ္ဘာ နှင့် 2011 နေစကြာဝဠာ

ပုံများမှာ နာဆာအဖွဲ့ က ဖမ်းယူမိသော နေစကြာဝဠာ ဖြာထွက်ပေါက်ကွဲနေပုံဖြစ်သည်။

နေ၏ မျက်နှာပြင်ကိုဖြတ်လျှက် ကြီးမားကျယ်ပြန့်သောမီးလျှံကွင်းများမှာ

အလျှံတညီးညီး တောက်လောင်လျက်ရှိသည်။
ထို တောက်လောင်နေသော မီးလျှံကွင်းသည်
ကမ္ဘာ နှင့် လ အကွာအဝေး နှစ်ဆနီးပါး မိုင် ၄၃၅၀၀၀ ရှိသည်။

နေလှည့်လည်မှုစနစ် (Solar System)

ကျွန်ုပ်တို့ ကမ္ဘာပါဝင်နေသော နေလှည့်ပတ်မှုစနစ်(Solar System) တွင် နေအားဗဟိုပြု၍
ဂြိုဟ်ကြီး(၉)လုံး လှည့်ပါတ်နေကြသည်ဟု ယခင်က သတ်မှတ်ခဲ့ကြသော်လည်း ပြောင်းလဲပြီး
နေလှည့်လည်မှု စနစ်အသစ် (New Solar System) အရ ပလူတိုဂြိုဟ်(Pluto Planet) အား
24.8.2006 ရက်နေ့မှစပြီး ဂြိုဟ်အဖြစ် မသတ်မှတ်တော့၍ ဂြိုဟ်ကြီး(၈)လုံးသည် နေအား
ဗဟိုပြု၍ လည်ပတ်နေသည်ဟု သတ်မှတ်ပါသည်။
နေအားဗဟိုပြု၍ ဗုဒ္ဓဟူးဂြိုဟ် (Mercury) ၊ သောကြာဂြိုဟ် (Venus) ၊ ကမ္ဘာဂြိုဟ် (Earth)၊
အင်္ဂါဂြိုဟ်(Mars) တို့သည် အတွင်းပိုင်းဂြိုဟ်(၄)လုံးအဖြစ် လှည့်ပတ်နေပြီး ...............
ကြာသပတေးဂြိုဟ် (Jupitar)၊ စနေဂြိုဟ် (Saturn) ၊ ယူရေးနပ်စ်ဂြိုဟ်( Uranus) နှင့်

နက်ပ်ကျူး ( Neptune) ဂြိုဟ်(၄)လုံးတို့သည် အပြင်ပိုင်းဂြိုဟ် အဖြစ် လှည့်ပတ်နေကြသည်။
မူလနေလှည့်မှုစနစ်တွင် ဂြိုဟ်အဖြစ်သတ်မှတ်ထားသော ပလူတိုဂြိုဟ်(Pluto Planet) အား
နေလှည့်လည်မှု စနစ်အသစ်တွင် ဂြိုဟ်အသေးအမွှား (Dwarf Planet) အဖြစ် သတ်မှတ်ပါသည်။

နေလှည့်လည်မှု စနစ်သစ်တွင် (Pluto)အပြင် စီးရီးစ် (Ceres) ၊ အားရစ် (Eris) ဂြိုဟ် စသည့်

အသေးအမွှား (Dwarf Planet) (၂)လုံးလည်း ထပ်တိုးလာပါသည်။
ကျွန်ုပ်တို့ ၏ ကမ္ဘာသည် နေအား ဗဟိုပြုကီလိုမီတာ သန်း(၁၅၀) အကွာအဝေးမှ လှည့်ပါတ်

ပါသည်။ နေ နှင့် အနီးဆုံးဖြစ်သော ဗုဒ္ဓဟူးဂြိုဟ်မှာ နေ နှင့် ကီလိုမီတာ သန်း(၆၀)ရှိပြီး အဝေးဆုံးဂြိုဟ်

နက်ပ်ကျူး မှာ ကီလိုမီတာ သန်း(၄၅၀၀)အကွာအဝေးတို့မှ နေအား ဗဟိုပြု၍ လှည့်ပတ်နေကြပါသည်။
နေအားလှည့်ပတ်ကြရာတွင် ကမ္ဘာသည် (၃၆၅.၂၄၂၂)ရက်တွင် တစ်ပတ် ပတ်မိပြီး ကျန်ဂြိုဟ်များအနက်

အနီးဆုံး ဗုဒ္ဓဟူးဂြိုဟ်မှာ (၈၈)ရက်တွင် တစ်ပတ်၊ အဝေးဆုံး နက်ကျူးဂြိုဟ်မှာ နှစ်ပေါင်း(၁၆၀)ကြာမှ

နေကို တစ်ပတ် ပတ်မိသည်။

ref: BBC News....
The Inter Planets (English On Line website)
The Solar System (Science-resources CO.UK ewbsite)
The Analysis of 2012 probulem -Naing Aung (Conqueror)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာနှင့် နေအကြားသို့ လမှလမ်းကြောင်းတည့်မတ်စွာ ၀င်ရောက်ဖြတ်သန်းခြင်းကြောင့် ဖြစ်ပေါ်သော နေကြတ်သည့်ဖြစ်စဉ် ဇွန်လ၂ရက်နေ့၌ ဖြစ်ပေါ်မည်

63512
ကမ္ဘာနှင့် နေအကြားသို့ လမှလမ်းကြောင်း တည့်မတ်စွာ ၀င်ရောက် ဖြတ်သန်းခြင်းကြောင့် ဖြစ်ပေါ်မည့် နေကြတ်မှုဖြစ်စဉ်

ကမ္ဘာနှင့်နေအကြားသို့ လမှ လမ်းကြောင်း တည့်မတ်စွာ ၀င်ရောက် ဖြတ်သန်းခြင်းကြောင့် ဖြစ်ပေါ်သော နေကြတ်မှုဖြစ်စဉ် ဇွန်လ၂ ရက်နေ့ ၌ ဖြစ်ပေါ်ရန်ရှိကြောင်း နိုင်ငံတကာ ရေးရာ နက္ခတ်သိပ္ပံ သင်တန်းကျောင်း မှ သတင်းရရှိပါသည်။

နေကြတ်မှု ဖြစ်စဉ်များတွင် တစ်စိတ်တစ်ပိုင်း ကြတ်သည့်ဖြစ်စဉ်၊ အပြည့်ကြတ်သည့်ဖြစ်စဉ်နှင့် အရစ် ကြတ်ဖြစ်စဉ်ဟူ၍ သုံးမျိုးရှိကာယခု ဖြစ်ပေါ်မည့် ဖြစ်စဉ်မှာမူ တစ်စိတ်တစ်ပိုင်း ကြတ်မည့်ဖြစ်စဉ် ဖြစ်ကြောင်းသိ ရသည်။ ထို့အပြင် နေကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင် နှစ်ကြိမ်သာဖြစ်လေ့ရှိပြီး ယခုနှစ်တွင်မူ လေးကြိမ်ဖြစ် ပေါ်မည်ဖြစ်သည်။ အဆိုပါနေကြတ်မှုဖြစ်စဉ် လေးကြိမ်ဖြစ်ပေါ်မည့်အနက် ယခုနှစ်၏ ပထမဆုံးအကြိမ် နေကြတ်မှုသည် ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက် နေ့ကဖြစ်ပေါ်ခဲ့ပြီး ယခုဖြစ်ပေါ်မည့် နေကြတ်မှုမှာ ဒုတိယအကြိမ်ဖြစ်ကာ တတိယအကြိမ်အဖြစ် ဇူလိုင်လ ၁ ရက်နေ့နှင့် စတုတ္ထအကြိမ်အဖြစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဖြစ်ပေါ်မည် ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၂ ရက်နေ့တွင် ဖြစ်ပေါ်မည့် တစ်စိတ်တစ်ပိုင်း နေကြတ်မှုဖြစ်စဉ်သည် မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၅၄ မိနစ်၊ အရှေ့လောင်ဂျီ တွဒ် ၁၃၅ ဒီဂရီ ၀၃ မိနစ်နှင့် မြောက်လတ္တီတွဒ် ၄၄ ဒီဂရီ ၂၂ မိနစ်အတွင်း ရှိဂျပန်နိုင်ငံမြောက်ဘက်အနီးတွင် စတင်ဖြစ်ပေါ်မည်ဖြစ်ကာ မြန်မာ စံတော်ချိန်မွန်းလွဲ ၃ နာရီ ၈ မိနစ်၌ အရှေ့လောင်ဂျီတွဒ် ၄၆ ဒီဂရီ၊ ၄၈ မိနစ်နှင့် မြောက်လတီတွဒ် ၆၈ ဒီဂရီ ၁၁ မိနစ်တွင်ရုရှားနိုင်ငံ၌ ဖမ်းလယ် ဖြစ်ပေါ်ပြီး နောက်မြန်မာစံတော်ချိန် ၅ နာရီ ၃၆ မိနစ်တွင်အနောက် လောင်ဂျီတွဒ် ၅၀ ဒီဂရီ ၁၉ မိနစ်နှင့် မြောက်လတ္တီတွဒ် ၄၈ ဒီဂရီ၂၄ မိနစ် ၌ ဂရင်းလန်းဒေသတွင် အဆိုပါနေ ကြတ်မှုဖြစ်စဉ် ပြီးဆုံးမည်ဖြစ်သည်။

သို့ရာတွင် အဆိုပါနေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံမှမြင်တွေ့ခွင့် မရနိုင်ဘဲ အရှေ့အာရှ၊မြောက်ပစိဖိတ် နှင့်မြောက်အမေရိက ဒေသ၊ အိုက်စလန်းဒေသတို့မှ မြင်တွေ့နိုင်သည်။

နေကြတ်မှု ဖြစ်စဉ်များတိုင်းကို ရံဖန်ရံခါမှ မြင်တွေ့ခွင့်ရရှိလေ့ရှိပြီး ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက် နေ့ကဖြစ်ပေါ်ခဲ့သော နေကြတ်မှု ဖြစ်စဉ်ကို မြန်မာနိုင်ငံမှနောက်ဆုံး မြင်တွေ့ခဲ့ရကာ နောက်တစ်ကြိမ် မြင် တွေ့ရနိုင်မှုကို ၂၀၁၆ ခုနှစ် မတ်လ ၉ ရက်နေ့တွင် ဖြစ်ပေါ်မည့် နေကြတ်မှုဖြစ်စဉ်ရောက်မှသာ ထပ်မံမြင်တွေ့ ရမည်ဖြစ်ကြောင်း သိရပါသည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လမျက်နှာပြင်၌ ကြေးနီ ရောင်သန်းမှု


မြန်မာနိုင်ငံအပါအ၀င် အိမ်နီးချင်းနိုင်ငံများရှိ အများပြည်သူ စားဝတ်နေရေး ပြေလည်မှု ဖြစ်ပေါ်စေနိုင်သည့် လအပြည့်ကြတ်မှု ဖြစ်စဉ် ဇွန် လ ၁၆ ရက်နေ့၌ ဖြစ်ပေါ်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ လအပြည့်ကြတ်မှုဖြစ် စဉ်သည် ဇွန်လ ၁၅ ရက်နေ့ ညဥ့်သန်းခေါင်ကျော် အပြီး ဇွန်လ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၀ နာရီ ၅၆ မိနစ်၌ စတင်ဖြစ်ပေါ်မည်ဖြစ်ပြီး နံနက် ၂ နာရီ ၄၃ မိနစ် တွင် ဖမ်း လယ်ဖြစ်ပေါ်မည်ဖြစ်ကာ နံနက် ၄နာရီ ၃၂ မိနစ်တွင် လကြတ်မှုပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။

လကြတ်မှုဖြစ်စဉ်သည် တစ်နှစ်လျှင်နှစ်ကြိမ် ဖြစ်ပေါ်လေ့ရှိပြီး အပြည့်ကြတ်ဖြစ်စဉ်၊ တစ်စိတ်တစ် ပိုင်းကြတ်ဖြစ်စဉ်နှင့် အရိပ်ဖျော့ဖြစ် စဉ်ဟူ၍သုံးမျိုးရှိကာ လအပြည့် ကြတ်မှုဖြစ်စဉ်ကို အရပ်အခေါ်အဝေါ် အရ လငပုတ်ဖမ်းသည်ဟုလည်း ခေါ်ဆိုကြသည်။

ဇွန်လ၁၆ ရက်နေ့တွင် ဖြစ်ပေါ်မည့် လအပြည့်ကြတ်မှုဖြစ်စဉ်သည် ယခုနှစ်၏ ပထမဆုံးအကြိမ် ဖြစ်ပေါ် မည့် လကြတ်မှုဖြစ်စဉ်ဖြစ်ပြီး ၎င်းဖြစ်စဉ်ပြီးပါက ဒီဇင်ဘာလ ၁၀ ရက်နေ့ မှသာ ထပ်မံဖြစ်ပေါ်မည်ဖြစ်သည်။

ယခုဖြစ်ပေါ်မည့် လကြတ်မှုဖြစ်စဉ်ကို ကြည့်မည်ဆိုပါက ဇွန်လ ၁၅ ရက်နေ့ သန်းခေါင်ကျော်ပြီး ဇွန်လ ၁၆ ရက်နေ့မြန်မာစံတော်ချိန် သန်းလွဲ ၀၀ နာရီ ၅၆ မိနစ်၌ အနောက်ဘက်အရပ်မှ စတင်ကာလ၏ မျက်နှာပြင်အား အရိပ်မည်းလွှမ်းခြုံကာ နံနက် ၁နာရီ ၅၃မိနစ်တွင်လ၏ မျက်နှာပြင်တစ်ခုလုံးသည် တဖြည်းဖြည်း ကြေးနီရောင် သန်းလာမည်ဖြစ်သည်။ ထို့အပြင် နံနက် ၂ နာရီ ၄၃ မိနစ် တွင်လည်း လမျက်နှာပြင်၌ ကြေးနီ ရောင်သန်းမှု ပိုထူလာကာနံနက် ၃ နာရီ ၃၃ မိနစ်တွင် အနောက်အရပ်မှ စတင်ကာ လ၏၀င်းပသည့်အလင်း ရောင်အားစတင်တွေ့ရာမှ နံနက် ၄ နာရီ ၃၂မိနစ်၌ လုံးဝဖြူစင်သွားသည့် လရောင်ကို တွေ့ရမည်ဖြစ်ကြောင်း သိရသည်။လကြတ်သည့်ဖြစ်စဉ်နှင့် ပတ်သက်ပြီး လ၏ ဆုတ်ခွာချိန်ကို ကြည့်ကာ ရှေးမြန်မာ့နက္ခတ်ပညာ ရှင်များက အန်သည်(သို့)ယိုသည် ဟု ဆုံးဖြတ်ကြကြောင်း သိရသည်။

“မျက်မှောက်ခေတ် နည်းပညာကြောင့် လကြတ်တာကို ရှေးခေတ်တုန်းကလို အစအဆုံး ထိုင်ကြည့်စရာ မလိုတော့ဘဲ ကြိုတင်သုံးသပ်တဲ့စနစ်တွေနဲ့ တွက်ချက်နိုင်ပါပြီ။ အခုဖြစ် စဉ်မှာ လမင်းက အရှေ့ဘက်အရပ်ကို ပြန်ဆုတ်သွားပြီး အနောက်ဘက် မိုးကောင်းကင်အလွန်မှာ စကြတ်ပါတယ်။ ပြီးတော့ အနောက်ဘက် မိုးကောင်းကင်မှာပဲ ပြီးဆုံးတာဖြစ်တဲ့အတွက် အန်တဲ့ဖြစ်စဉ်လို့ သတ်မှတ်နိုင်ပါတယ်။

အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံ အပါအ၀င် အိမ်နီးချင်းနိုင်ငံတွေမှာ အများပြည်သူ စားဝတ်နေရေးအဆင်ပြေ ချောင်လည် စေနိုင်ပါတယ်”ဟု နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်းမှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ရှင်းပြပါသည်။

တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်သည့် လကြတ်မှုနှစ်လုံး အပြည့်ကြတ်မှု ဖြစ်စဉ်သည် နှစ်ပေါင်း များစွာကြာမှ ဖြစ်ပေါ်လေ့ရှိမှုကြောင့် ယင်းဖြစ်စဉ်ကိုပြီးခဲ့သည့် ၁၉၈၆ ခု နှစ်ဧပြီလ ၂၄ ရက်နေ့နှင့် အောက်တိုဘာလ ၁၈ ရက်နေ့က ကြုံတွေ့ခဲ့ ရပြီး လာမည့် ၂၀၁၈ ဇန်န၀ါရီ လ ၃၁ ရက်နေ့နှင့် ဇူလိုင်လ၂၇ရက်နေ့မှ သာ ထပ်မံကြုံတွေ့ရမည် ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လပေါ်တွင် မူလ ယူဆထားသည်ထက် ရေပိုရှိနေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြ

လပေါ်တွင် မူလက ယူဆထားသည်ထက် ရေပိုရှိနေနိုင်ကြောင်း၊ အချို့သော နေရာများတွင် ကမ္ဘာပေါ်တွင် ရှိသည့် ပမာဏမျှ ရှိနေနိုင်ကြောင်း မေလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ကာလရှည် လက်ခံထားခဲ့သောလ ဆိုသည်မှာ ဖုန်ထူ ခြောက်သရောင်းသော အရပ်ဒေသ ဆိုသော အယူအဆမှာ မကြာသေးမီ နှစ်များအတွင်း လေ့လာမှုများအရ လပေါ်တွင် အေးခဲနေသောရေ တွေ့ရှိခဲ့မှုနှင့်အတူ မခိုင်မမာ ဖြစ်ခဲ့ပြီး ဖြစ်သည်။ယခုအခါ ဘရောင်းတက္ကသိုလ်၊ ကာနက်ဂီသိပ္ပံအဖွဲ့၊ ကေ့စ်ဝက်စတန်ရီဆာ့ဗ် တက္ကသိုလ်တို့မှ ပညာရှင်များ၏ လေ့လာမှုအရ ယခင် ယုံကြည်ခဲ့သည်ထက် အဆ ၁၀၀ မျှ များပြားသော ရေပမာဏ လပေါ်တွင် ရှိနေနိုင်သည်ဟု ခန့်မှန်းခဲ့ကြခြင်း ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၇ ဘီလျံခန့်က လပေါ်တွင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် လိမ္မော်ဖန်မြေသားဟု ခေါ်သော အမှုန်အမွှားများကို လေ့လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန် အာကာသယာဉ်မှူးများ လပေါ် နောက်ဆုံး ရောက်ရှိခဲ့သည့် ၁၉၇၂ ခုနှစ်က ယူဆောင်လာခဲ့သည့် ယင်းအမှုန်အမွှားများကို လေ့လာရာတွင် လအတွင်းပိုင်း၌ ကမ္ဘာအတွင်းပိုင်း အခြေအနေကဲ့သို့ ရှိနေကြောင်း သုံးသပ်နိုင်ခဲ့သည်။ ယင်းကြောင့် ရေကို စုပ်ယူထားနိုင်စွမ်း ရှိနေနိုင်သည်ဟု သုံးသပ်ခဲ့ကြသည်။

လေ့လာမှုအရ သီအိုရီတစ်ခု ဖြစ်သော ကမ္ဘာနှင့်လသည် ဘုံထုထည် တစ်ခုတည်းမှ ဆင်းသက်ခဲ့ခြင်း ဖြစ်ပြီး ကွဲထွက်သွားခဲ့ခြင်း ဖြစ်သည် ဆိုသော အယူအဆကိုပါ ပြန်လည် လေ့လာရမည့် အခြေအနေ ရောက်လာခဲ့သည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လကမ္ဘာအကြောင်း သိကောင်းစရာ




လဟာဘယ် လောက်ကြီးပြီးတော့ ဘယ်လောက်ဝေးသလဲ ဆိုတာကို ကျွန်တော်တို့  အရင် လေ့လာကြည့်မယ်နော်..။

တကယ်တော့ လဟာ ကမ္ဘာ့ အရွယ်အစားထက် လေးပုံပုံ တစ်ပုံလောက်ပဲရှိတယ်..၊ လဟာ (ကျွန်တော်တို့ ကမ္ဘာကနေ ) မိုင်ပေါင်း ၂၃၀,၀၀၀ လောက် အကွာမှာ ရှိပြီး ကျွန်တော်တို့ ရဲ့  အနီးဆုံးမှာရှိတဲ့ အရာဖြစ်ပါတယ်..၊ အာကာသ ဝေါဟာရ သတ်မှတ်ချက်များအရ ဒီ အကွာဝေးကို ( အရမ်းကို) လုံးဝ နီးကပ်တယ်လို့ သုံးသပ်သတ်မှတ်ရပါတယ်..။


လရဲ့ မျက်နှာပြင်ဟာ ဘာနဲ့ တူတာလဲဆိုတာကိုကော ကျွန်တော်တို့  လေ့လာကြည့်မယ်နော်..။



၁၉၆၉ ခုနှစ်မှာ လူသားတွေဟာ လရဲ့  မျက်နှာပြင်ပေါ်ကို ပထမဦးဆုံးအကြိမ်ဆင်းသက်ခဲ့တယ်...။ဒီတော့ လဟာ

ဘာနဲ့  တူသလဲဆိုတာ ကို ကျွန်တော်တို့  သိခဲ့ကြရတယ်..၊လမှာ ကရိတ်တာ(ဥက္ကာခဲကျလို့  ဖြစ်သွားတဲ့ချိုင့်ကြီး) တွေလို့ ခေါ်တဲ့ ချိုင့်ခွက် ထောင်ပေါင်းများစွာ ဖုံလွမ်းနေပြီး...ကျောက်ဆောင်ထူထပ်ကြမ်းတမ်းတဲ့ မျက်နှာပြင်ရှိတယ်..။

သိပံပညာရှင် တွေကတော့ လရဲ့ ချိုင့်ခွက်ကြီးတွေဟာ ဥက္ကာပျံ တွေနဲ့  အာကာသမှ အခြားအစအန တွေ လပေါ်ပြုတ်ကျလို့  ဖြစ်ပေါ်ခဲ့တာလို့  ယုံကြည်ယူဆကြတယ်.။ လပေါ်မှာ ကျယ်ဝန်း ချောမွတ် ပြေပြစ်တဲ့နေရာ အချို့ လည်းရှိပါသေးတယ်..။အဲ့ဒီညီညာတဲ့နေရာတွေကို သမုဒ္ဒရာတွေ..၊ပင်လယ်တွေ၊ ရေကန်ကြီးတွေ လို့ေ ခ်ါဝေါ်ကြတယ်..။သူတို့ အရွယ်အစား ဘယ်လောက်ကြီးသလဲဆိုတဲ့ အပေါ်မူတည်ပြီး ခေါ်ဝေါ်တာဖြစ်ပါတယ်..။ သူတို့  ထဲ မှာ ကျောက်ဆောင်တွေနဲ့  မြေကြီးတွေသာပါဝင်ပါတယ်..။ ဒါပေမယ့် ရေတော့မရှိဘူး...။

လဟာ ကမ္ဘာနဲ့  ဘယ်ပုံဘယ်နည်းတွေ ကွာခြားသလဲဆိုတာကိုလည်း ထပ်မံလေ့လာကြည့်မယ်နော်..။

လဟာကမ္ဘာထက်အများကြီး ပိုသေးတယ်ဆိုတဲ့ အချက်ပြင် ကမ္ဘာနဲ့  လအကြား အခြားများစွာသော ကွဲ ပြားခြားနားချက်တွေ ရှိ(သေး)တယ်၊ ပထမဦးဆုံး အချက်က လမှာ ရေမရှိဘူး ၊တိမ်တွေ မရှိဘူး ၊ ဘယ်လို အာကာသလေထုအမျိုးအစား မှမရှိဘူး၊(လပေါ်မှာ) သက်ရှိသတ္တ၀ါတွေမရှိဘူး.၊ လပေါ်မှာ ဆွဲအားကလည်း အများကြီးပိုမိုနည်းပါးတယ်..၊ ကမ္ဘာ့ ဆွဲအားရဲ့  ခြောက်ပုံတစ်ပုံပဲ ရှိတယ်..လို့ ပြောကြပါတယ်..။

နောက်ပြီးတော့ လဟာပုံသဏ္ဍန်ပြောင်းလဲတယ်လို့ ထင်ရတဲ့ အချက်.. လသာတာကို ကျွနုပ်တို့  တွေ့ မြင်ရတယ် ၊ ဘာကြောင့် ဆို နေရဲ့ အလင်းရောင်က လမျက်နှာပြင်ပေါ် ကျရောက်ကန်ထွက်ပြီး ကမ္ဘာဆီသို့  အလင်းပြန်(ရောင်ပြန်ဟပ်)လို့ ဖြစ်ပါတယ်..။ လက ကမ္ဘာကိုပတ်ပြီ ၊ကမ္ဘာက နေကို ပတ်နေတဲ့အတွက် လရဲ့  ထွန်းတောက်တဲ့ မျက်နှာပြင် အစိတ်အပိုင်း အမျိုးမျိုး ကို ကျွန်တော်တို့ တွေ့ မြင်နေရတာဖြစ်ပါတယ်..။

ဒါဘာကြောင့် လရဲ့ ပုံပန်းသဏ္ဍန်ဟာ သေးငယ်ပါလွှာတဲ့ လခြမ်းကွေးလေတစ်ခုကနေ ပြည့်၀၀ိုင်းစက်နေတဲ့ လပြည့်ဝန်းကြီးတစ်ခုအဖြစ် ပြောင်းလဲ သွားတယ်လို့  ထင်ရတဲ့ အချက်ပါပဲ။ အဲ့ဒီပုံ သဏ္ဍန်တွေကို (လကွယ်မှ လပြည့်ထိ အဆင့်ဆင့် ပြောင်းလဲသော) လသဏ္ဍန် အဆင်ဆင့် လို့ ခေါ်ပါတယ်...။




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေမုန်တိုင်း နှင့် ၄င်း၏ ဖြစ်ပေါ်လာပုံ

နေမုန်တိုင်းဆိုတာကတော့ နေကိုလွှမ်းခြုံထားတဲ့ဓာတ်ငွေ့လွှာအတွင်းမှာ ဖြစ်ပေါ်တတ်သောပြင်းထန်သော ပေါက်ကွဲမှုတစ်မျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
နေမုန်တိုင်းတွေ ဘယ်လိုဖြစ်ပေါ်လာသလဲဆိုတာကတော့ နေရဲ့ ပါဝင်ပစ္စည်းများကြောင့်ဖြစ်ပါတယ်။ ဟိုက်ဒြိုဂျင်နဲ့ ဟီလီယမ်ဓာတ်ငွေ့များနဲ့ အဓိကဖွဲ့စည်းထားတဲ့နေမှာ ယင်းဓာတ်ငွေ့နှစ်မျိုး လောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ဘေးထွက်ပစ္စည်းအနေနဲ့အပူစွမ်းအင်ရယ်၊ အလင်းရောင်ရယ်၊ ဓာတ်ဆောင်မှုန် (charged particles)ရယ်၊ ဓာတ်ရောင်ခြည်ဖြာထွက်မှု (X-rays, Gamma rays, etc.) ရယ်ရှိကြပါတယ်။၎င်းဘေးထွက်ပစ္စည်းများအနက်မှ ဒြပ်ထုမရှိသောဘေးထွက်ပစ္စည်းများဖြစ်ကြတဲ့ အလင်းရောင်ရယ်၊ ဓာတ်ရောင်ခြည်ရယ်၊ အပူစွမ်းအင်ရယ်ဟာ နေမှ အချိန်ပြည့် ဖြာထွက်နေပြီး ဓာတ်ဆောင်မှုန်ကတော့ နေအတွင်းပိုင်းမှာပဲ တည်ရှိပါတယ်။နေမုန်တိုင်းဆိုတာကတော့ ဒြပ်ထုရှိတဲ့ ဓာတ်ဆောင်မှုန်(charged particles) များနေမှအရှိန်အဟုတ်ပြင်းစွာ လွင့်ကန်ထွက်လာခြင်းဖြစ်ပါတယ်။ဒါဟာ နေရဲ့ အတွင်းပိုင်းမှာ ရှိတဲ့ သံလိုက်စက်ကွင်းကြောင့်ဖြစ်ပါတယ်။ နေထဲမှာ လှည့်ပတ်ရွေ့လျားနေတဲ့ ဓာတ်ဆောင်မှုန်တွေနဲ့အတူ သံလိုက်စက်ကွင်းဟာလည်း လိုက်ပြောင်းနေပါတယ်။တစ်ချိန်တည်းမှာပဲ နေရဲ့ corona အလွှာအတွင်းမှာရှိနေတဲ့ ဓာတ်ဆောင်မှုန်တွေဖြစ်ကြတဲ့ Proton နဲ့ electron တို့ဟာလည်း အလွန်မြင့်မားတဲ့အပူချိန်ကြောင့် နေရဲ့ဆွဲအားမှလွတ်ထွက်နိုင်သော စွမ်းအင်အရှိန် (escape velocity) ကိုရရှိနေကြပါတယ်။ “သံလိုက်စက်ကွင်းများသည်ဓာတ်ဆောင်မှုန်များအား လမ်းကြောင်းပြောင်းနိုင်ကြသည်” (တွန်းနိုင်ဆွဲနိုင်ကြသည်) (Charged particles can be deflected by magnetic fields) ဆိုတဲ့သဘော ကြောင့် သံလိုက်စက်ကွင်းတွေတစ်နေရာရာမှာစုမိလာပြီး ပြင်းအားများ သွားတဲ့အခါမျိုးတွေမှာ ဓာတ်ဆောင်မှုန် တွေကိုနေထဲကနေ အပြင်ကိုတွန်းထုတ်နေသကဲ့သို့ ဖြစ်နေပါတယ်။အဲ့ဒီမှာ အဘက်ဘက်သို့ ဓာတ်ဆောင်မှုန် စီးကြောင်း (နေမုန်တိုင်း) ပေါ်ပေါက်တိုက်ခတ်လာခြင်းဖြစ်ပါတယ်။

နေရဲ့အတွင်းပိုင်းမှာ စုမိသွားတဲ့ သံလိုက်စက်ကွင်းပြင်းအားပေါ်ကို လိုက်ပြီးနေမုန်တိုင်းတွေရဲ့ အရွယ်အစားတွေကွာခြားကြပါတယ်။ နေမှစတင်တိုက်ခတ်တဲ့အချိန်မှာ နေမုန်တိုင်းရဲ့စွမ်းအင် ထုတ်လွှတ်မှုဟာ 6*1025Joules မျှရှိပါတယ်။ဒါဟာ နေမှတစ်စက္ကန့်မှာထုတ်လွတ်နေတဲ့ စွမ်းအင်စုစုပေါင်းရဲ့ ခြောက်ပုံတစ်ပုံမျှရှိသော ပမာဏဖြစ်ပါတယ်။ ဒါကြောင့် နေမုန်တိုင်းက သယ်ဆောင်ထားတဲ့စွမ်းအင်ဟာ အင်မတန်မြင့်မားပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ ကမ္ဘာ ပတ်လမ်းသို့နေမုန်တိုင်းရောက်ရှိချိန်မှာ တိုက်ခတ်နှုန်းဟာ တစ်စက္ကန့်လျှင် 185435 မိုင်မျှရှိပြီး ဓာတ်ဆောင်မှုန် အရွေအတွက်ဟာလည်း ကုဗစင်တီမီတာတိုင်းအတွက် တစ်မှုန် မှ ဆယ်မှုန် အထိ ရှိပါတယ်။နေမုန်တိုင်း တိုက်ခတ်တဲ့နှုန်း (velocity)၊ ဓာတ်ဆောင်မှုန်သိပ်သည်းဆ (charged particle density)၊နဲ့ တိုက်ခတ်တဲ့ အကြိမ်ရေတို့ဟာ sunspot activity ပေါ်လိုက်ပြီးပြောင်းလဲပါတယ်။နေမုန်တိုင်းက သယ်ဆောင်လာတဲ့စွမ်းအင် စုပေါင်းပမာဏဟာ နေမုန်တိုင်းတိုက် ခတ်တဲ့အကြိမ်ရေနဲ့ ပြောင်းပြန်အချိုးကျပါတယ်။ဆိုလိုတာကတော့ နေမုန်တိုင်းငယ်များဟာ နေမုန်တိုင်းကြီးများ ထက်ပိုမိုတိုက်ခတ်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂလက်ဆီ အားလုံးဟာ တူညီကြသလား..?











ဂလက်ဆီ တွေမှာ အမျိုးစား လေးမျိုး ရှိပါတယ်..၊လှည်းဘီး (သို့ ) ခရုပတ် သဏ္ဍန် စကြ၀ဠာ ၊ နှမောင်းနှစ်ခုပါသော စကြ၀ဠာ ၊ ဘဲဥပုံသဏ္ဍန် စကြ၀ဠာ ၊( ၀ိုင်းသည်၊ပြားသည် ၊ရှည်သည် လို့ တိကျစွာမှတ်ယူနိုင်တဲ့ ပုံသဏ္ဍန်မမှန်းတဲ့ စကြ၀ဠာတို့ ဖြစ်ကြပါသည်၊ ခရုပတ် သို့ မဟုတ် လှည်းဘီး စကြ၀ဠာ ဟာတစ်ခုတည်းနဲ့  အသွင်းသဏ္ဍန် တူပါတယ်..။တောက်ပတဲ့ အလယိဗဟိုတစ်ခုကနေ ရစ်လိမ်ပြီး ထွက်လာတယ်ထင်ရတဲ့ ကြီးမားတဲ့ မောင်းတံအစင်းအရစ်တွေ ရှိပါတယ်..။ နှမောင်း နှစ်ခုပါတဲ့ စကြ၀ဠာမှာ စကြ၀ဠာ အလယ်ဗဟိုကို ဖြတ်သန်းတဲ့ ဘားတန်းတစ်ခုစီရှိပါတယ်..။ ဘဲဥပုံသဏ္ဍန် စကြ၀ဠာတွေကတော့ အပြားဝိုင်း ပုံသဏ္ဍန်ကနေ အ၀ိုင်းလုံးပုံသဏ္ဍန်အထိ ပုံသဏ္ဍန်တွေ အမျိုးမျိုး ကွဲ ပြားပါတယ်..။သူတို့  ထဲမှာ ကြယ်အဟောင်းတွေ ပါဝင်ဖွဲ့ စည်းထားပါတယ်..။ ဓတ်ငွေ့ (တိမ်တိုက်) နဲ့  ဖုန်(တိမ်တိုက်)တွေ တော့ ပါဝင်ဖွဲ့  စည်းထားတာမတွေ့ ရပါဘူး..။ပုံသဏ္ဍန်မမှန်တဲ့ စကြ၀ဠာတွေမှာတော့ တိကျတဲ့ သဏ္ဍန်ရယ်လို့  မရှိပါဘူး..။(၀ိုင်းသည်..၊ပြားသည် ၊ ရှည်သည် စသည်ဖြင့် လို့  တိကျစွာ မှတ်ယူလို့ မရပါဘူး..။) အခြားအမျိုးစားတွေ ထက်စာရင်..သူတို့ ကိုတွေ့ မြင်ရမူဟာ အလွန်းနည်းပါး ပါတယ်...။(သူတို့ ရဲ့  အရည်အတွက်ဟာ ပိုမို နည်းပါးလှပါတယ်..။)




  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်၌ စူးစမ်းလေ့လာရန် တရုတ်နိုင်ငံမှ အာကာသယာဉ်တစ်စင်းကို ၂၀၁၃ ခုနှစ်တွင် လွှတ်တင်မည်

အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ကိုလေ့လာမည့် တရုတ်နိုင်ငံ၏ ပထမဦးဆုံး အာကာသယာဉ်ကို ၂၀၁၃ ခုနှစ်တွင် လွှတ်တင်မည်ဟု တရုတ်နိုင်ငံ သိပံ္ပပညာရှင် အကြီးအကဲတစ်ဦးက ဗုဒ္ဓဟူးနေ့ (မတ်လ ၂ရက်) တွင် ပြောကြားလိုက်သည်။

“အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ အနီးစပ်ဆုံး တူညီတဲ့ ဂြိုဟ်တစ်ခုဖြစ်ပြီး သက်ရှိသတ္တ၀ါများ တည်ရှိ နိုင်ကာ နေထိုင်ရန် သင့်လျော်တဲ့ နေရာအဖြစ်သို့လည်း ပြောင်းလဲနိုင်ပါတယ်။ အဲဒါကြောင့် လူသား မျိုးနွယ်စုရဲ့ ပထမဦးဆုံး လေ့လာစူးစမ်းမယ့် ဂြိုဟ်တစ်ခု အဖြစ် အင်္ဂါဂြိုဟ်ကို လေ့လာမှာ ဖြစ်ပါတယ်” ဟု တရုတ်အာကာသနည်းပညာ အကယ်ဒမီမှ အာကာသစူးစမ်းလေ့လာရေးအဖွဲ့၏ အကြီးအကဲ သိပံ္ပပညာရှင် YE Peijan က ပြောကြားခဲ့သည်။

အဆိုပါ mission တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လွှတ်တင်ရေး ဒုံးပျံ ၊ စူးစမ်းရှာဖွေရေး ပစ္စည်းများနှင့် စောင့်ကြည့်လေ့လာရေး ပစ္စည်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်း Ye Peijan က ဆက်လက်ပြောကြားခဲ့သည်။

Ye Peijan သည် တရုတ်ပြည်သူ့နိုင်ငံရေးရာ အကြံပေး ညီလာခံမှ အမျိုးသား ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အထက်ပါ တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သို့ စူးစမ်းလေ့လာရေး အာကာသယာဉ် လွှတ်တင်ရန် ကိစ္စအား နှစ်ပတ်လည် ညီလာခံမစတင်မီ ကြာသပတေးနေ့ (မတ်လ ၂ရက်) တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ လက်ရှိထုတ်လုပ်ထားသော လစူးစမ်းလေ့လာရေး အာကာသယာဉ်အား အဆင့်တိုးမြှင့်၍ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်အဖြစ် ပြောင်းလဲ ထုတ်လုပ်မည် ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။

အဆိုပါ အာကာသယာဉ်ကို ကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့ အနီးကပ်ဆုံးဖြစ်သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တင်မည်ဟု ခန့်မှန်းထားပြီး မအောင်မြင်ခဲ့ပါက နောက်ထပ်တစ်ကြိမ် ထပ်မံ နီးကပ်မည့် ၂၀၁၆ ခုနှစ်တွင် နောက်ဆုံးပေါ် စူးစမ်းရှာဖွေရေးကိရိယာများ တပ်ဆင်၍ လွှတ်တင်မည် ဟု ပြောကြားခဲ့သည်။ သို့သော် အဆိုပါ စီမံကိန်းသည် ပထမဦးစွာ တရုတ်အစိုးရ၏ ခွင့်ပြုချက်ကို ရယူရမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် လှည့်ပတ်စူးစမ်းလေ့လာရေး ဂြိုဟ်တုဖြစ်သည့် Yinghuo-1 ဂြိုဟ်တုကို ယခုနှစ် နိုဝင်ဘာလတွင် ရုရှားနိုင်ငံမှ Zenit-3F လွှတ်တင်ရေး ဒုံးပျံဖြင့် လွှတ်တင်မည် ဖြစ်သည်။ အဆိုပါ Yinghuo-1 ဂြိုဟ်တုသည် အင်္ဂါဂြိုဟ်၏ အာကာသပတ်ဝန်းကျင်ဆိုင်ရာ အချက် အလက်များနှင့် ဂြိုဟ်၏ သံလိုက်စက်ကွင်းတို့ကို စူးစမ်းလေ့လာသွားမည် ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေအဖွဲ့​အစည်း​အပြင်ဘက်တွင် ဂြိုဟ်​ပေါင်း​ ၁၀၀၀ ​ကျော်ရှာ​ဖွေ​တွေ့​ရှိ

alt

ကက်ပလာ အာကာသယာဉ်သည် ​နေအဖွဲ့​အစည်း​ အပြင်ဖက်ရှိ ဂြိုဟ်​ပေါင်း​ ၁၀၀၀ ​ကျော်အား​ ရှာ​ဖွေမှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​ သိရသည်။ ကက်ပလာက ရှာ​ဖွေ​တွေ့​ရှိခဲ့​သော ဂြိုဟ်များ​အနက်

အနည်း​ဆုံး​ ၅၄ လုံး​သည် သတ္တဝါများ​ ရှင်သန်​နေထိုင်​လောက်​သော ​ရေတည်ရှိမှု၊​ အပူချိန်မျှတမှု စံနှုန်း​များ​နှင့်​ ကိုက်ညီ​နေ​ကြောင်း​ NASA က ​ပြောကြား​ခဲ့​သည်။

NASA လက်​အောက်ခံ အိမ်း​သု​တေသန စင်တာက လွှတ်တင်ထား​သော ကက်ပလာ အာကာသယာဉ်သည် ကမ္ဘာမှ အလင်း​နှစ်​ပေါင်း​ ၂၀၀၀ ​ကျော် ကွာ​ဝေး​သော ​နေရာများ​ရှိ ​နေအဖွဲ့​အစည်း​ အသီး​သီး​မှ ကြယ်တာရာ ၁၅၆၀၀၀ ကို​လေ့​လာပြီး​ ဂြိုဟ်များ​ကို စာရင်း​ပြု မှတ်သား​ခဲ့​ခြင်း​ဖြစ်သည်။ အိမ်း​သု​တေသန စင်တာမှ ပညာရှင် တစ်ဦး​ဖြစ်​သော ဝီလီ​ဘော်ရူကီက ကက်ပလာသည် ဂြိုဟ်အလုံး​ပေါင်း​ ၁၂၃၅ ကို မှတ်တမ်း​တင်နိုင်ခဲ့​ကြောင်း​၊​ ယင်း​တို့​အနက် ၂၈၈ ဦး​သည် ကမ္ဘာထက် အနည်း​ဆုံး​ နှစ်ဆပိုကြီး​ကြောင်း​ ရှင်း​ပြခဲ့​သည်။

၆၆၂ လုံး​သည် နပ်ပကျွန်း​ဂြိုဟ်မျှရှိပြီး​ ၁၆၅ လုံး​မှ ဂျူပီတာဂြိုဟ်၏ အရွယ်မျှရှိ​ကြောင်း​၊​ ၁၉ လုံး​သည် ဂျူပီတာထက်ပင် ကြီး​သေး​ကြောင်း​ ရှင်း​ပြခဲ့​သည်။ ၂၀၀၉ ခုနှစ်၊​ မတ်လက စတင်ခဲ့​သော ​လေ့​လာမှု၏ ရလဒ်ကို အလွန်အံ့​အား​သင့်​ ​ကျေနပ်မိ​ကြောင်း​ ​ဘော်ရူကီကဆိုသည်။ ကက်ပလာ၏ ရှာ​ဖွေ​တွေ့​ရှိခဲ့​မှုတွင် ယခင်က မှတ်တမ်း​မတင်ရ​သေး​သည့်​ အ​သေး​စား​ ​နေအဖွဲ့​အစည်း​ငယ်များ​လည်း​ ပါဝင်​ကြောင်း​ သတင်း​ရရှိသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သက်ရှိများ နေထိုင်နိုင်ဖွယ် ရှိသော ဂြိုဟ်ပေါင်း ၁၂၃၅ ကို နာဆာ အဖွဲ့ က ပြသ

အမေရိကန် ပြည်ထောင်စု နာဆာ အဖွဲ့က နက္ခတ္တဗေဒ ပညာရှင် တွေ ဟာ လွန်ခဲ့တဲ့ နှစ်နှစ်လုံးလုံး မစ်ကီဝေး နဂါးငွေ့တန်း အတွင်းမှာ ကမ္ဘာ နဲ့ တူပြီး သက်ရှိတွေ နေထိုင် နိုင်ဖွယ် ရှိတဲ့ ဂြိုဟ်တွေကို ပိုက်စိပ်တိုက် ရှာဖွေ ခဲ့ပါတယ်။ အဲဒီလို ရှာဖွေ ပြီးတဲ့ နောက် နာဆာအဖွဲ့ ဟာ သူတို့ရဲ့ သက်ဆိုင်ရာ နေအသီးသီးကို လှည့်ပတ် နေတဲ့ ဂြိုဟ်ပေါင်း ၁၂၃၅ ကို အရွယ်အစား အစဉ်လိုက် စီစဉ်ပြီး မတ်လ ၂၉ ရက် နေ့ မှာ ထုတ်ဖော် ပြသ လိုက် ပါတယ်။ အဲဒီ ဂြိုဟ်တွေကို ကပ္ပလာ အာကာသ ကြည့်မှန်ပြောင်း ကို အသုံးပြုပြီး ရှာဖွေခဲ့ခြင်း ဖြစ်ပါတယ်။ အခု ရှာဖွေခဲ့မှုက ညဘက် ကောင်းကင် ရဲ့ အပုံလေးရာပုံ တစ်ပုံပဲ ရှာဖွေ ရသေးတာ ဖြစ်တာမို့ နောက်ထပ် ကမ္ဘာ နဲ့ တူတဲ့ ဂြိုဟ်တွေ အများကြီး ထပ်မံ တွေ့ရှိ လာဖို့ ရှိပါ သေးတယ်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

က​မ္ဘာ​နှင့်​ ​သဏ္ဍန်​တူ​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည့်​ဂြိုဟ်​ ​အ​မှန်​တ​ကယ်​မ​ရှိ​ဟု​ဆို

http://i54.tinypic.com/261ez36.jpg

ယ​ခင်​က​ ​ရှာ​ဖွေ​တွေ့​ရှိ​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည့်​ ​က​မ္ဘာ​နှင့်​ ​ဆင်​တူ​သော​ဂြိုဟ်​မှာ​ ​အ​မှန်​တ​ကယ်​ ​မ​ရှိ​ကြောင်း​ ​ပ​ညာ​ရှင်​များ​က​ ​ဝန်​ခံ​ပြော​ကြား​လိုက်​သည်​။ Gliese​ 581g​ဟု​ ​အ​မ​ည်​ပေး​ထား​သော​ ​ဂြိုဟ်​မှာ​ ​က​မ္ဘာ​ထက်​ ​၃​ ​ဆ​မျှ​ကြီး​ပြီး​ ​က​မ္ဘာ​မှ​ ​အ​လင်း​နှစ်​ ​၂၀​ ​အ​ကွာ​တွင်​ ​တည်​ရှိ​ကြောင်း

 ​ပြီး​ခဲ့​သည့်​လ​က​ ​အ​မေ​ရိ​ကန်မှ​ န​က္ခတ်​ဗေ​ဒ​ ​ပ​ညာ​ရှင်​များက​ ​ကြေ​ညာ​ခဲ့​သည်​။ ​ယင်း​တို့​က​ ကျောက်​သား​များ​ဖြင့်​ ​အ​ဓိ​က​ ​ဖွဲ့​စည်း​ထား​သည်​ဟု​ ​ယူ​ဆ​ရ​သော​ ​အ​ဆို​ပါ​ဂြိုဟ်​ ကြီး​သည်​ ​နေ​တစ်​စင်း​ကို​ ​လှည့်​ပတ်​နေ​ကြောင်း​လည်း​ ​ဖော်​ပြ​ခဲ့​သည်​။ ​သို့​သော်​လည်း​ ​နောက်​ပိုင်း​တွင်​ အ​ခြား​သော​ ​သု​တေ​သီ​ ​အ​ဖွဲ့​တစ်​ခု​က​ 581g​နှင့်​ ​ပတ်သက်​သည့်​ ​မူ​လ​တွေ့​ရှိ​ချက်​များ​အား​ ​သံ​သ​ယ​ ​ရှိ​လာ​ခဲ့​ပြီး​ သီး​သန့်​လေ့​လာ​မှု​များ​ ​ ပြု​လုပ်​ခဲ့​သည်​။ ​ဆွစ်​ဇာ​လန်​နိုင်ငံ​၊​ ​ဆော်​ဗာ​နီ​ရှိ​ ​ဂျီ​နီ​ဗာ​ ​န​က္ခတ်​တာ​ရာ​ကြည့်​ ​မှန်​ပြောင်း​တည်​ရှိ​ရာ​ ​အာ​ကာ​သ​ ​လေ့​လာ​ရေး​စ​ခန်း​မှ​ ​ပ​ညာ​ရှင်​ ​ဖ​ရ​န်​ဆက်​စ​ကို​ ​ပီ​ပီ​က​ ​အီ​တ​လီ​နိုင်ငံ​၊​ ​တို​ရန်​တို​မြို့​တွင်​ ​ကျင်း​ပ​သော​ ​န​က္ခတ်​ဗေ​ဒ​ ​ညီ​လာ​ခံ​တွင်​ ​ ယင်း​ဂြိုဟ်​အား​ ​မတွေ့​ရှိ​ခဲ့​ကြောင်း​ ​တ​ရား​ဝင်​ ​ကြေ​ညာ​ခဲ့​ခြင်း​ဖြစ်​သည်​။

အ​ဆို​ပါ​ဂြိုဟ်​ကို​ ​ချီ​လီ​ရှိ​ ​လာ​ဆီ​လာ​မှ​ ​န​က္ခတ်​ဗေ​ဒ​ ​မှန်​ပြောင်း​ဖြင့်​ ​လေ့​လာ​ခဲ့​မှု​များ​ ​ပြန်​လည်​ပြု​လုပ်​ပြီး​နောက်​ ​မူ​လ​တွေ့​ရှိ​ချက်​မှာ​ ​အ​မှား​သာ​ဖြစ်​ကြောင်း​ ​ပီ​ပီ​က​ ​ ကြေ​ညာ​ခဲ့​သည်​။ ​၃၇​ ​ရက်​ကြာ​သည့်​အ​ချိန်​တွင်​ ​အ​ဆို​ပါ​ ​ပတ်​လမ်း​အ​တွင်း​ Gliese​ 581g​ကို​ ​လုံး​ဝ​မ​တွေ့​တော့​ပါ​ဟ​ဟု​ ၎င်း​က​ဆို​သည်​။ ​ယင်း​ဂြိုဟ်​ကို​ ​တွေ့​ရှိ​ခဲ့​သည့်​ ဆန်​တာ​ခ​ရု​ရှိ​ ​ကယ်​လီ​ဖိုး​နီး​ယား​ ​တ​က္က​သိုလ်​ ​အာ​ကာသ​သိ​ပ္ပံ​ ​ဌာ​န​မှ​ ​​ ဒေါက်​တာ​စ​တီ​ဗင်​ဗော့​၏​ ​လေ့​လာ​မှု​များ​နှင့်​ ​ပတ်​သက်​ပြီး​ ​အ​ငြင်း​မ​ပွား​လို​ကြောင်း​၊​ ​သို့​သော်​လည်း​ ​အ​ဆို​ပါ​ ​ပတ်​လမ်း​တွင်​ Gliese​ 581g​ကို​ ​လုံး​ဝ​ရှာ​မ​တွေ့​တော့​ကြောင်း​ ​ပီ​ပီ​က​ ​အ​ခိုင်​အ​မာ​ ​ပြော​ကြား​သွား​သည်​။ မူ​လ​ကြေ​ညာ​ချက်​ကို​ ​ ထုတ်​ပြန်​ပြီး​ချိန်​က​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​အ​ချို့​သည်​ ​ယင်း​ဂြိုဟ်​ပေါ်​တွင်​ ​သက်​ရှိ​များ​ ​မှီ​တင်း​နေ​ထိုင်​နိုင်​မည်​ဟု​ ​ယုံ​ကြည်​ခဲ့​ကြောင်း​လည်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ထား​သည်​။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...