Powered by Blogger.
RSS
Showing posts with label တရုတ်သတင်း. Show all posts
Showing posts with label တရုတ်သတင်း. Show all posts

တရုတ် အာကာသယာဉ်နှစ်စင်း ကမ္ဘာပတ်လမ်းအတွင်း ပထမဆုံးအကြိမ် ချိတ်ဆက်


တရုတ်အာကာသယာဉ် နှစ် စင်းသည် ကမ္ဘာပတ်လမ်းအတွင်း ပထမဆုံးအကြိမ် ချိတ်ဆက်နိုင်ခဲ့ ကြကြောင်း သိရှိရသည်။ လူလိုက် ပါခြင်းမရှိသော အာကာသယာဉ် Shenzhou 8 ကို လွန်ခဲ့သော အပတ်က လွှတ်တင်ခဲ့ပြီး ပတ်လမ်း အတွင်းရောက်ရှိနေသော တရုတ်ပိုင် အာကာသဓာတ်ခွဲခန်း Tiangong-1 နှင့် နိုဝင်ဘာ ၂ ရက် တွင် အောင် မြင်စွာ ချိတ်ဆက်နိုင်ခဲ့ကြောင်း သိရှိရသည်။ ချိတ်ဆက်ခြင်းကိုတရုတ် နိုင်ငံရှိ အာကာသဟင်းလင်းပြင် တွင် ဆောင်ရွက်ခဲ့ကြသည်။ ယခု ကဲ့သို့ ပြုလုပ်နိုင် ခဲ့ခြင်းသည် တရုတ် တို့၏ အာကာသစခန်း တည် ဆောက်ထားမှုကို လုပ်ငန်းစတင် နိုင်ရန် အောင်မြင်မှုတစ်ရပ်ဖြစ်သည်။ သို့ရာတွင် ယခုအကြိမ် သွား ရောက်ချိတ်ဆက် သော အာကာသ ယာဉ် Shenzhou 8 တွင် လူလိုက် ပါခြင်းမရှိပေ။ အနာဂတ်အာကာသ ခရီးလုပ်ဆောင်မှုများတွင် အာကာ သယာဉ်မှူးများ လိုက်ပါရန် ရည်ရွယ်ထား သည်။ ၄င်းယာဉ်နှစ်စင်း သည် အမြင့်ကီလိုမီတာ ၃၄ဝ မှ လှည့်ပတ်နေပြီး မြေပြင်ထိန်းချုပ် ရေးစခန်းBeijing Aerospace Flight Control Centre မှ ထိန်းချုပ် ထားနိုင်ခဲ့ကြောင်း ဖော်ပြထား ကြသည်။ ၄င်းအာကာသယာဉ်နှစ်စင်း တို့သည် နှစ်ပတ်ကြာ အတူတကွ လှည့်ပတ်ပျံသန်းနေပြီး Shenzhou 8 သည် ကမ္ဘာမြေပြင် သို့ ပြန်လည် ဆင်းသက်လာမည်ဖြစ်သည်။ China Aerospace ၏ ပါမောက္ခ Yang Yuguang က ၁၂ရက်ခန့်သာ အတူတကွ ချိတ်ဆက်နေပြီး ကမ္ဘာ သို့ ပြန်လာ မည်ဖြစ်ကြောင်း ရှင်း လင်းပြောပြသည်။ အာကာသအတွင်း ချိတ်ဆက် နေစဉ် Shenzhou 8 သည် ဒုတိယအကြိမ် မီတာ ၁၄ဝခန့် အကွာ ပြန်လည်ခွာ ထုတ်ပြီး တစ်ဖန် ထပ်မံချိတ်ဆက်ကာ ၂ ရက်ခန့် ပျံသန်းစမ်းသပ်မှုပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ၅ ကီလိုမီတာအကွာမှ ယာဉ်နှစ်စင်း အတူတကွ ယှဉ်၍ ပျံသန်း လှည့်ပတ်မှုကို ပြုလုပ် ကြ မည်ဖြစ်သည်။ ဤအာကာသခရီး စဉ်အတွက် ဂျာမနီနိုင်ငံ၏ German Space Agency (DLR) မှ စမ်းသပ်မှုဆိုင်ရာ ပစ္စည်းများပါဝင် သော သေတ္တာကို ကူညီပေးပို့ခဲ့ သည်။ ၄င်းအထဲတွင် ငါးများ၊ တီကောင်များ၊ အပင်များ၊ ဗက်တီးရီး ယားပိုးမွှားများအပြင် ဇီဝဆိုင်ရာဖြစ် စဉ်များ လေ့လာနိုင်သည့်ပစ္စည်းများ နှင့် ကင်ဆာဆဲလ်များကိုပါ ထည့် သွင်းပေးပို့ခဲ့ကြောင်း သိရှိရသည်။ ထိုသေတ္တာကို တရုတ်နှင့်ဂျာမနီတို့ ပူးတွဲဆောင်ရွက်ခဲ့သဖြင့် Simbox ဟု အမည်ပေးထားသည်။ တရုတ် တို့၏ အာကာသစခန်း Tiangong-1 ကို ယခုနှစ် စက်တင်ဘာလ အတွင်းက လွှတ်တင်ခဲ့သည်။ ၂ဝ၁၂ တွင် လူ နှစ်ဦးလိုက်ပါနိုင်သည့် အာကာသယာဉ် Shenzhou 9 နှင့် 10 ကို လွှတ်တင် ပေးမည်ဖြစ်သည်။ ထို့အပြင် ၂ဝ၂ဝ ခုနှစ်တွင် တန်ချိန် ၆ဝ ရှိသော အာကာသစခန်းအသစ် တစ် ခုကို ထပ်မံတည်ဆောက်ပေး မည် ဖြစ်သည်။ တရုတ်တို့ ၂ဝ၂ဝ ခုနှစ်တွင် တည်ဆောက်မည့် တန်ချိန် ၆ဝ ရှိ အာကာသစခန်းမှာ ယခုလက်ရှိ လွှတ်တင်ထားသည့်International Space Station (ISS) ထက် အလွန်ပင်သေးငယ် လှ ကြောင်း တွေ့ရှိရသည်။ ISS မှာ တန်ချိန် ၄ဝဝ ရှိပြီး အမေရိကန်၊ ရုရှား၊ အီးယူ၊ ကနေဒါနှင့် ဂျပန်တို့ အတူတကွ ပူးပေါင်းဆောင် ရွက်နေသော အာကာသ စခန်းကြီး တစ်ခု ဖြစ်သည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံကာ ၄င်းတို့၏ အာကာသစခန်းတစ်ခု တည်ဆောက်နိုင်ရန် အားထုတ်နေ ကြသည်။ ခိုင်မာ သော အာကာသ စွမ်းအားနည်းလမ်းများအောက်တွင် ဂြိုဟ်တု နှစ်လုံး လွှတ်တင်ထားပြီး လကမ္ဘာသို့လည်း လွှတ်တင်ထား ခဲ့သည်။ ထို့အပြင် တတိယမစ်ရှင် အဖြစ် လကမ္ဘာမြေပြင်သို့ စက်ရုပ် တစ်ခု ဆင်းသက်နိုင်ရန် ကြိုးပမ်း နေကြသည်။ ယခုနိုဝင်ဘာတွင် ဂြိုဟ်နီကြီးဟု အမည်ပေးထားသော မားစ်ဂြိုဟ်သို့ အာကာသယာဉ့်  Yinghuo-1 ခရီးစဉ်စတင်မည်ဖြစ် သည်။ တရုတ်တို့အား အီးယူနိုင်ငံများ က ISS နှင့် ချိတ်ဆက်အလုပ်လုပ် ရန် အကြံပြုပြော ဆိုခဲ့ကြ သည်။ အမေရိကန်တို့က ၄င်းတို့ သီးသန့် အာကာသစခန်းကို စစ်အတွက် အ သုံးချရန် စိုးရိမ်ပူပန်မှုရှိနေသည်။ ဂျော့ခ်ျဝါရှင်တန်တက္ကသိုလ်မှ အာကာသသုတေသီ ပါမောက္ခ ဂျွန်လော့ဒန်က နှစ်နိုင်ငံ အနေဖြင့် ပထမ ဆုံးယုံကြည်မှု တည်ဆောက်ကာ အသိဖလှယ်ရမည်ဖြစ်ကြောင်း၊ သို့ မှသာ ကျယ်ကျယ်ပြန့်ပြန့် အတူတကွ ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။


KLMA
Ref : Xinhua / Reuters

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသ၌ ယာဉ်ချိတ်ဆက်မှု တရုတ်နိုင်ငံ ပထမဆုံးပြုလုပ်

ပေကျင်း- တရုတ်နိုင်ငံသည် အာကာသ အတွင်း အာကာသယာဉ်ချိတ်ဆက်မှု လုပ်ငန်းကို နိုဝင်ဘာလ ၃ ရက်က ပထမဆုံးအကြိမ် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ခြင်းဖြင့် လူနေနိုင်သည့် အာကာသ စခန်းတစ်ခု တည်ဆောက် ရေးရည်မှန်း ချက်ပြည့်ဖို့ ခက်ခဲသည့် အဆင့် တစ်ဆင့်သို့ ရောက်သွားပြီဖြစ်သည်။

နိုဝင်ဘာလ ၁ ရက်က လွှတ်တင် ခဲ့သော ရှင်ကျိုး အမှတ် (၈) အာကာသ ယာဉ်သည် မနက် ၁ နာရီ ၃၆ မိနစ် (ဗုဒ္ဓဟူးနေ့ ဂရင်းနစ် စံတော်ချိန် ၁၇၃၆ နာရီ) ကျော်သည်နှင့် ကမ္ဘာမြေပြင်မှ ၃၄၃ ကီလိုမီတာ (၂၁၃ မိုင်) ကျော် အမြင့်တွင် ထျန်ကုန်အမှတ် (၁) မိုဂျူးနှင့် ချိတ်ဆက်မိသွားသည်ဟု လူနေနိုင်သည့် တရုတ်အာကာသစခန်းမှ ပြောခွင့်ရ အမျိုးသမီး ၀ူဖင်းက ဆိုသည်။

ထျန် ကုန်အမှတ် (၁) မိုဂျူးမှာ တည်ဆောက်မည့် အာကာသစခန်းသစ်၏ အစိတ် အပိုင်းတစ်ခုဖြစ်သည်။

တရုတ်သည် ယခု အာကာသစခန်း ကို ၂၀၂၀ ပြည့်နှစ်မတိုင်မီ အပြီးတည် ဆောက်မည်ဖြစ်ရာ အသုံးပြုရမည့် ယာဉ်ချိတ်ဆက်မှု နည်းပညာမှာ ၁၉၆၀ ပြည့်လွန်နှစ်များက အမေရိကန်နှင့် ရုရှား တို့ အောင်မြင်စွာ အသုံးပြုခဲ့ကြသော အလွန်သိမ်မွေ့ခက်ခဲ့သည့် ထိန်းချုပ်မှု ကွပ်ကဲမှုစနစ်ဖြစ်သည်။

အလွန်ခက်ခဲသော ဆောင်ရွက်မှုမျိုး အောင်မြင်စွာ ပြီးဆုံးသွားခြင်းအတွက် တရုတ်ပြည်သူ များ ၀မ်းမြောက်ဂုဏ်ယူခဲ့ကြသည်။ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်နှင့် ခေါင်းဆောင်များက တိုက်ရိုက်လွှင့် ထုတ်သည့် ယာဉ်ချိတ်ဆက်မှု ရုပ်သံ သတင်းများကို ပေကျင်းမြို့ အာကာသ ပျံသန်းမှုကွပ်ကဲရေးစခန်းမှ ကြည့်ရှုခဲ့ ကြပြီး ပြင်သစ်တွင် ဂျီ-၂၀ ထိပ်သီး အစည်းအဝေးတက်နေသော သမ္မတ ဟူကျင်ထောင်က ဂုဏ်ပြုသ၀ဏ်လွှာ ပေးပို့ခဲ့သည်။

"အာကာသထဲမှာ ယာဉ်ချင်းချိတ် ဆက်တဲ့ နည်းပညာတွေကို ထွန်းပေါက် အောင်မြင်စွာနဲ့ ပိုင်ပိုင်နိုင်နိုင်ရလိုက်ခြင်းဟာ ကျွန်တော် တို့ရဲ့ လူတွေလိုက်ပါမယ့် အာကာသအစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာမှာ အသက်တမျှ အရေးကြီးပါတယ်"ဟု ဟူက ဆိုသည်။

ရှစ်မိနစ်ကြာမြင့်သည့် ယာဉ်ချိတ် ဆက်မှုကို မိုက်ခရိုဝေ့ဖ်ရေဒါများ၊ လေဆာရောင်ခြည်သုံး အကွာအဝေး တိုင်းကိရိယာများနှင့် ဗီဒီယိုကင်မရာ များအကူအညီဖြင့် ပြုလုပ်ခဲ့သည်။

"ပတ်လမ်းထဲမှာ တစ်စက္ကန့် ၇ ဒသမ ၈ ကီလိုမီတာနဲ့ပြေးနေတဲ့ အာကာသ ယာဉ်နှစ်စင်း ချိတ်ဆက်မိဖို့ဆိုတာ ကောက်ရိုးပုံမှာ အပ်တစ်ချောင်းရှာရ သလိုပါပဲ"ဟု တရုတ်လူလိုက်ပါသည့် အာကာသအစီအစဉ်မှ ဒီဇိုင်နာ ကျောင်ကျင်ဖင်က ပြောသည်။

ရှင်ကျိုး (၈) ကို ကျန်စုပြည်နယ်၊ ကျူချွမ် အခြေစိုက် ဒုံးလွှတ်စခန်းမှ အင်္ဂါနေ့တွင် ပစ်လွှတ်ခဲ့သည်။ ထျန်ကုန်(၁) မိုဂျူး ကိုလည်း ယင်းစခန်းမှပင် စက်တင် ဘာလ ၂၉ ရက်က ပစ်လွှတ်ခဲ့သည်။

ဝူဖင်း၏အဆိုအရ ရှင်ကျိုး (၈) နှင့် ထျန်ကုန် (၁) တို့သည် အတူတူ ချိတ် ဆက်လျက် ကမ္ဘာပတ်လမ်းကြောင်း တွင် ၁၂ ရက်ကြာ ရှိနေပြီးနောက် ချိတ်ဆက်ဖြုတ်၍ ခေတ္တ တသီးတခြားနေမည်။

ဒုတိယအကြိမ် ပြန်၍တွဲချိတ် မည်။ ယင်းနောက် ရှင်ကျိုး (၈) သည် မြေကမ္ဘာဆီသို့ နိုဝင်ဘာလ ၁၇ ရက် တွင် ပြန်လာမည်ဖြစ်သည်။ နောင် ၁၀ နှစ်ကာလတွင် လူလိုက် ပါသည့် အာကာသခရီးစဉ်ပေါင်း ၂၀ ကျော်ကို စီစဉ်ထားသည်ဟု ရှင်ဟွာသတင်းတွင် ဖော်ပြသည်။

အင်္ဂါဂြိုဟ်ခရီးတွင် ဖြစ်ပေါ်လာနိုင် သည့် လူသားများ၏ ခန္ဓာကိုယ်တွင်း ဖြစ်စဉ်ကို ၁၈ လကြာမျှ စမ်းသပ်စစ်ဆေးသည့် ရုရှားသုတေ သနစခန်းမှ သောကြာနေ့တွင် ထွက်လာတော့မည့် အစမ်းသပ်ခံသူ ခြောက်ဦးတွင် တရုတ် အာကာသယာဉ်မှူး သင်တန်းဆရာ တစ်ဦးပါဝင်နေသည်။

တရုတ်နိုင်ငံသည် ရုရှား၏နည်းပညာ ကို ၀ယ်ယူပြီးနောက် လူလိုက်ပါသည့် အာကာသပျံသန်းရေး အစီအစဉ်ကို ၁၉၉၀ ပြည့်နှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် (ယခင် ဆိုဗီယက် ယူနီယံနှင့် အမေရိကန် ပြည်ထောင်စု တို့ပြီးလျှင်) လူသားများကို အာကာသ သို့ပို့လွှတ်သည့် ကမ္ဘာ့တတိယမြောက် နိုင်ငံဖြစ်လာခဲ့သည်။ ယခု ရှင်ကျိုး (၈) ခရီးစဉ် အောင်မြင် ပါက ရှေ့နှစ်တွင် အာကာသယာဉ် နှစ်စင်း (ရှင်ကျိုး-၉ နှင့်၊ ရှင်ကျိုး -၁၀) ကို စေလွှတ်၍ ထျန်ကုန် (၁) နှင့် ချိတ်ဆက်စေဦးမည်ဖြစ်သည်။

ယာဉ် နှစ်စင်းအနက် အနည်းဆုံး တစ်စင်း တွင် လူလိုက်ပါဖွယ်ရှိသည်။ ယင်းခရီးစဉ်အတွက် လေ့ကျင့်နေသော အာကာသယာဉ်မှူး များထဲတွင် အမျိုးသမီးနှစ်ဦးပါဝင်ရာ အရွေးခံရ ပါက တရုတ်နိုင်ငံက အာကာသသို့ ပို့လွှတ်သည့် ပထမဆုံးအမျိုးသမီးများ ဖြစ် လာပေမည်။

လူလိုက်ပါသော ခရီးစဉ်များအတွက် ကြိုတင်ပြင်ဆင်စေဖို့ ရှင်ကျိုး (၈) နှင့် အတူ ပကတိအရွယ်ရှိ လူရုပ်နှစ်ခုကို ထည့်ပေး လိုက်သည်။

ယခုခရီးစဉ်အတွင်း လူ၏ အသက် ရှူမှု၊ အပူချိန်နှင့် သွေးဖိအားဆိုင်ရာ ထူးခြားမှုများကို သုတေသီများသိနိုင် ဖို့အတွက် မြေပြင်စခန်းသို့ အီလက် ထရွန်းနစ် အချက်အလက်များကိုလည်း ပေးပို့မည်ဖြစ်သည်။


(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၈ ၊ အမှတ် ၅၄၃ ( ၁၁ - ၁၇ ၊ ၁၁ ၊ ၂၀၁၁)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ်ကိုယ်ပိုင် အာကာသစခန်းတည်ဆောက်ရေး ပထမခြေလှမ်းအဖြစ် လေ့လာရေးစခန်း၏ ပင်မအစိတ်အပိုင်း လွှတ်တင်

w71_04

ကိုယ်ပိုင်အာကာသစခန်း တည်ဆောက်မှုအတွက် ပထမဆုံးခြေလှမ်းအဖြစ် ယင်းအစီအစဉ်တွင် ပါဝင်သည့်လေ့လာရေးစခန်း ပင်မအစိတ်အပိုင်းကို တရုတ်နိုင်ငံက စက်တင်ဘာလ ၂၉ ရက်နေ့တွင် လွှတ်တင်လိုက်ကြောင်းသိရသည်။

၂၀၂၀ ပြည့်နှစ်တွင် တည်ဆောက်မည့် အာကာသစခန်းအတွက် အကြိုစမ်းသပ်မှုများ ပြုလုပ်ရန် အလေးချိန် ၈ ဒသမ ၅ တန်ရှိသည့် Tiangong-1 (ကောင်းကင်နန်းတော်) ဟုအမည် ပေးထားသော လူမဲ့အာကာသစခန်း အစိတ်အပိုင်းကို ဂိုဘီ သဲကန္တာရအစွန်းရှိ ကျူးကွမ်လွှတ်တင်ရေးစခန်းမှ ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

လွှတ်တင်ပြီး ၁၀ မိနစ်အကြာ မြေပြင်အထက် ၁၂၅ မိုင်အရောက် တွင် Tiangong-1 သည် ၎င်းအား ပစ်တင်ခဲ့သည့် Long March 2F မှ အောင်မြင်စွာ ခွဲထွက်ခဲ့ကြောင်း သိရသည်။

အာကာသအတွင်း နှစ်နှစ်ကြာ လေ့လာမှုများ လုပ်သွားမည့် Tian-gong-1 သည် တရုတ်နိုင်ငံ၏ Shen-zhou VIII လူမဲ့အာကာသယာဉ်နှင့် ယခုနှစ်ကုန်ပိုင်းတွင် ချိတ်ဆက်နိုင်ရန် ရည်ရွယ်ထားသည်။ နောက်ထပ် လွှတ်တင်မှု နှစ်ခုတွင်မူ အနည်းဆုံးတစ်ခု၌ လူပါလာမည်ဖြစ်ပြီး ယင်းစခန်းတွင် တစ်လကြာမျှနေထိုင်မည် ဖြစ်သည်။ အခြားစမ်းသပ်စခန်း အစိတ်အပိုင်းနှစ်ခုကိုလည်း လွှတ်တင်ကာ ချိတ်ဆက်မည်ဖြစ်သည်။

အာကာသစခန်းကြီးကိုမူ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၂ ခုနှစ်အတွင်း သုံးပိုင်းခွဲပြီး လွှတ်တင် တပ်ဆင်မည်ဖြစ်သည်။ တန် ၆၀ မျှရှိမည့် တပ်ဆင်မှုများ ပြီးစီးပါကလည်း တရုတ်အာကာသစခန်းသည် နိုင်ငံ ၁၆ နိုင်ငံပါဝင်သော အပြည်ပြည်ဆိုင်ရာအာကာသစခန်း (ISS) နှင့်ယှဉ်လျင် သေးငယ်နေဦး မည်ဖြစ်သည်။တရုတ်သည် ISS တွင်သာ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခဲ့သော်လည်း အမေရိကန်၏ ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရသည်။ နည်းပညာပိုင်းအရ ကြည့်လျှင် တရုတ်၏ ယခုလုပ်ဆောင်ချက်သည် အမေရိကန်၏ ၁၉၆၀ ပြည့်နှစ်များ က ဂျီမီနီစီမံကိန်းနှင့်ဆင်တူပြီး ထိုစဉ်ကထက် အားသာသည်မှာ လွှတ်တင်မှုအကြိမ် ရေလျှော့သွားခြင်းနှင့် စခန်းတည်ဆောက်ရေးအတွက် အမေရိကန်ေ ဆာင်ရွက်ခဲ့ရသကဲ့သို့ အစမှ ပြန်လည်လေ့လာရန် မလိုတော့ခြင်းဖြစ်သည်။

တရုတ်သည် ၂၀၀၃ ခုနှစ်တွင် လူလိုက်ပါသည့်အာကာသယာဉ်ကို လွှတ်တင်နိုင်ခဲ့ပြီး ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စုတို့ ပြီးနောက် အာကာသအတွင်းသို့ လူစေလွှတ်နိုင်သည့် ကမ္ဘာ့တတိယမြောက် နိုင်ငံဖြစ်သည်။

Ref:AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

China အာကာသစခန်းများ

1970 ဧပြီ 24 ရက်နေ့ မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ အာကာသထဲကို ဂြိုဟ်တု ပစ်တင်နိုင်တဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်လာခဲ့ ပါတယ်။ ဂြိုဟ်တုရဲ့ အမည်ကတော့ Mao-1 ဖြစ်ပီး Lnog March 1 ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ထိုဒုံးပျံကို ကျူကွမ်း အာကာသစခန်းကနေလွှတ်တင်ခဲ့ တာဖြစ်ပီး ယခုဆိုရင် တရုတ်ပြည် မှာ အာကာသစခန်း သုံးခုရှိနေပီဖြစ်ပါတယ်။

Jiuquan အာကာသစခန်း(Latitude 40.6o N Longitude 99.9o E)

ကျူကွမ်းအာကာသစခန်း ဟာ မွန်ဂိုလီးယားနယ်စပ်၊ ဂိုဘီသဲကန္တာရ အနီးက ကျူကွမ်းမြို့ မှာတည် ဆောက်ထားတာဖြစ်ပီး မြို့ တော်ပီကင်းကနေပြီး မိုင် 1000ခန့်ကွာဝေးပါတယ်။ ၄င်း ဟာတရုတ်နိုင်ငံရဲ့ ပထမ ဦးဆုံး အာကာသစခန်းဖြစ်ပီး မီတာ 50 မြင့်တဲ့ ပစ်လွှတ်စင်တွေ ကို ပိုင်ဆိုင်ထားပါတယ်။ ယင်း အာကာစခန်းဟာ အရှေ့ တောင်ဘက် 57 မှ 70 ဒီဂရီကြားထဲ သို့ ပစ်လွှတ်နိုင်ခြင်းမရှိပါဘူး။ မွန်ဂိုလီးယားနှင့် ရှရုနိုင်ငံ အတွင်း သို့ ဒုံးပျံ ကျရောက်နိုင် တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ Long March ဒုံးပျံတွေ အပြင်လေထုတိုင်းတာရေး ဂြိုဟ်တုတွေ၊ မိုးလေ၀သ ဂြိုဟ်တုတွေကို ပစ်လွှတ်နေတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။ လွင်ပြင်ဒေသအနီးမှာ တည်ဆောက်ထားတဲ့အတွက်ကြောင့် အခြားအာကာသစခန်းများမှအာကာသယာဉ်များ ဆင်းသက်နိုင်သလို နေထွက်တဲ့ရှုခင်းဟာလဲလှပပြီး နာမည်ကျော်ကြားပါတယ်။ 2003 အောက်တိုဘာ 15 ရက်နေ့ မှာ အာကာသယာဉ်မှုး ယန်လီဝေ ( Yan Lewai) လိုက်ပါတဲ့ ရှန်ဇူး 5 အာကာသယာဉ်ကို Long March 2F ဒုံးပျံဖြင့် လွှတ်တင်နိုင်ခဲ့ ပြီး တရုတ်နိုင်ငံ ဟာတတိယမြောက် အာကာသထဲကို လူလွှတ်တင် နိုင်တဲ့ နိုင်ငံ အဖြစ်ရောက်ရှိလာခဲ့ ပါတယ်။


Xichang အာကာသစခန်း(Latitude 28.25o N Longitude 102.0o E)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ သူတို့ရဲ့ချန်ကျန်း (Changzheng) ဒုံးပျံတွေ ကိုပစ်လွှတ်ဖို့ အာကာသစခန်းသုံးခုရှိပြီး ဇီကျန်း အာကာသစခန်းဟာ အကြီးဆုံးဖြစ်ပါတယ်။ ထိုအာကာသစခန်းဟာ တစ်ခြားစခန်းနှစ်ခုထက်ပိုကောင်းတဲ့ တည်နေရာမှာတည်ရှိပြီးတော့ ပိုမိုကောင်းမွန်တဲ့ပတ်လမ်းထဲ ကိုပစ်လွှတ်နိုင်ပါတယ်။ တရုတ်ပြည်တောင်ပိုင်း စီချွမ် (Sichuan) ပြည်နယ်ကတောင်နှစ်လုံးကြားမှာ တည်ရှိပါတယ်။ ဒုံးပျံပစ်လွှတ်စင်တွေအပြင် အာကာသယဉ်တင်ဆောင်နိုင်တဲ့ 76 မီတာ မြင့်တဲ့ ပစ်စင် အကြီးစားနှစ်ခုလဲပါရှိပါတယ်။ လက်ရှိတရုတ်ရဲ့ Long March ဒုံးပျံတွေကို ပစ်လွှတ်နေတဲ့နေရာဖြစ်ပြီး1984 ခုနှစ်မှာပထမဦးဆုံးသော ဒုံးပျံကိုပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ သူ့၏အကြီးဆုံးအားနည်းချက်ကတော့ လူဦးရေ ထူထပ်တဲ့နေရာတွေကိုဖြတ်သန်း ပစ်လွှတ်ရတာဖြစ်ပြီး 1996 က ပျက်ကျခဲ့ တဲ့  Long March 3 ဒုံးပျံကြောင့် 6 ယောက်သေပြီး 57 ယောက်ဒဏ်ရာရရှိခဲ့ ပါတယ်။ အလားတူ 1995 တုန်းကလဲ Long March 2E ဒုံးပျံ ပေါက်ကွဲခဲ့ တဲ့ အတွက် အစအနတွေ ဟာ ငါးမိုင်အကွာက ရွာကိုကျရောက်ခဲ့ ပြီးခြောက်ယောက် သေဆုံးကာ 23 ယောက် ဒဏ်ရာရရှိခဲ့ ပါတယ်။


Taiyuan အာကာသစခန်း (Latitude 37.5o N Longitude 112.6o E)

တိုင်ယွမ် အာကာသစခန်းဟာ ကျူကွမ်း အာကာသစခန်းကနေ ပစ်လွှတ်ဖို့ ကြီးလွန်းတဲ့  အာကာသဒုံးပျံတွေကို ပစ်လွှတ်တဲ့နေရာ တစ်ခုဖြစ်ပြီး ၀ူဇီ ပြည်နယ်မှာတည်ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဖက်ဆက်တည်ဆောက်ထားတာဖြစ်ပြီး ထောက်လှမ်းရေး၊ လေ့လာရေး ဂြိုဟ်တုတွေကို ၀င်ရိုးစွန်းပတ် လမ်းတွေကို ပစ်လွှတ်နေတဲ့  စခန်းတစ်ခု ဖြစ်ပါတယ်။ 1990 ခုနှစ်မှာအမေရိကန်ရဲ့ နာမည်ကျော် Iriidum constellartion satellite တွေကိုပစ်လွှတ်ခဲ့ တာဖြစ်ပါတယ်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

OAO Rocket and Space Corporation Energia

ယခင် S.P. Korolev ထိုမှ တစ်ဆင့် S.P. Korolev Rocket and Space Public Corporation Energia ယခုလက်ရှိ OAO Rocket and Space Corporation Energia သည် ရုရှားနိုင်ငံ၏ ဗျူဟာ မြောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူလိုက်ပါသော အာကာသယာဉ်များ တည်ဆောက်ခြင်း တွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် အထူးသဖြင့် မြောက်များစွာ သော နေရာများတွင် အသုံးချနိုင်သော အာကာသနည်းပညာအသစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ပတ်လမ်းအတွင်း ၀င်ရောက်ခြင်းအတွက် လိုအပ်သော ဒုံးပျံစနစ်များ ဖွံ့ဖြိုး လာစေရန် အဓိကထား လုပ်ဆောင်နေသည်။

လက်ရှိအချိန်တွင် ဒုံးပျံနှင့် အာကာသ ၀န်ဆောင်မှုများအတွက် နိုင်ငံတကာဈေးကွက် ရရှိ လာစေရန် ပြုလုပ်နေသည်။ ယင်းအဖွဲ့အစည်းသည် အာကာသစက်မှု လုပ်ငန်းများနှင့် ထိတွေ့ဖူးခြင်း မရှိသည့် ကုန်ပစ္စည်းထုတ်လုပ်သူများကို အာကာသနည်းပညာများနှင့် မိတ်ဆက်ပေးရာတွင်လည်း ရှေ့ဆုံးမှ ဦးဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ယင်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။
· - Primary Design Bureau
· - Baikonur branch
· - ZAO Experimental Machine Building Plant, RSC Energia
· - ZAO Valzhskoye DB
· - ZAO PO Kosmos, RSC Energia
· - Developed Social Infrastructure

ယင်းအဖွဲ့အစည်း၏ ၃၈ ရာခိုင်နှုန်းကို ရုရှားအစိုးရမှ ပိုင်ဆိုင်သည်။

အဖွဲ့အစည်းမှတ်တမ်း

၁၉၉၄ ခုနှစ်တွင် လက်ရှိအမည်ကို ရရှိသည်။ ထိုမတိုင်ခင်က ယင်းအဖွဲ့အစည်းအား Special Design Bureau – 1 (OKB – 1), Central Design Bureau of Experimental Machine Building (TsKBEM), Scientific-Production Association (NPO) Energia ဟု ခေါ်သည်။

၂၀ ရာစု၏ ၁၉၄၀ ခုနှစ်နှင့် ၁၉၅၀ အစောပိုင်းနှစ်များတွင် အဖွဲ့အစည်းသည် ပဲ့ထိန်းစနစ် ပါဝင်သည့် ဒုံးပျံရှေ့ပြေး ပုံစံများကို တီထွင်ခဲ့သည်။ ယင်းဒုံးပျံများတွင် ဗျူဟာမြောက် ရွေ့လျား ပစ်စင်များမှ ပစ်လွှတ်နိုင်သော ဒုံးပျံများ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ဒုံးပျံများနှင့် ဗျူဟာ မြောက် တိုက်ချင်းပစ် သာမိုနျူကလီးယားလက်နက်များ အထိ ပါဝင်ခဲ့သည်။

အဖွဲ့အစည်းသည် ဗျူဟာမြောက်ဒုံးပျံ ၁၄ မျိုးကို ပြုလုပ်ခဲ့၍ ယင်းတို့ထဲမှ ၁၁ မျိုးကို အပြည့် အ၀ အသုံးချနိုင်ခဲ့သည်။ ထိုဒုံးပျံ ၁၁ ခုထဲ၌ high-temperature နှင့် lowtemperature liquid propellant အစိတ်အပိုင်းများပါဝင်သော liquid rocket နှင့် solid rocket တို့၏ ရှေ့ပြေးပုံစံများ ပါဝင်ခဲ့သည်။ ပထမဆုံး အာကာသသို့ လွှတ်တင်သော ဒုံးပျံဖြစ်သည့် R-7 သည် ယနေ့အချိန်ထိ တိုင်အောင် ကမ္ဘာ့ စိတ်အချရဆုံး ဒုံးပျံအဖြစ် ဆက်လက်တည်ရှိနေသည်။ ထိုစီမံကိန်းသည် နောက်ပိုင်းတွင် နိုင်ငံဒုံးပျံလက်နက် တပ်ဆင်ရေးကို အထောက်အပံ့ပေးခဲ့သည်။

ပထမဆုံးဂြိုဟ်တု (Sputnik – 1957) နှင့် ယင်းအား ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့သည့် ပထမဦးဆုံး ဒုံးပျံ R-7 ၊ အာကာသထဲသို့ ပထမဦးဆုံးရောက်ရှိသည့် ယူရီဂါဂါရင် (၁၉၆၁) ၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် လသို့ ပစ်လွှတ်သော ပိုင်အိုးနီးယား အာကာသယာဉ် (၁၉၅၉-၁၉၆၉) ၊ လပေါ်သို့ ဆင်းသက်နိုင်ခဲ့သော ပိုင်အိုးနီးယား လဆင်းယာဉ် (၁၉၆၀) စသည့် စီမံကိန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းစီမံကိန်းများကို National rocket-space system ၏ ဒီဇိုင်နာအကြီးအကဲဖြစ်သော S.P. Korolev ၏ ထူးချွန်ပြောင်မြောက်သော အကြံဥာဏ်များ၊ အစွမ်းအစများနှင့် ဖန်တီးကာ ပြီးမြောက်စေခဲ့ခြင်း ဖြစ်သည်။ S.P. Korolev သည် ပါရမီရှင် အင်ဂျင်နီယာနှင့် မန်နေဂျာဖြစ်ပြီး လက်တွေ့ကျသော အာကာသ လေ့လာရေးဆိုင်ရာ ပညာရပ်ကို စတင်ခဲ့သူ ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

DongFangHong 4 (DFH-4) (တရုတ်)


DFH-4 satellite bus သည် တရုတ်နိုင်ငံ ဆက်သွယ်ရေးဂြိုဟ်တုများ၏ တတိယမျိုးဆက်ဖြစ်ပြီး တရုတ်နိုင်ငံ၏ ပထမဦးဆုံး Direct Broadcasting system ပါရှိသော bus အမျိုးအစားဖြစ်သည်။ DFH-4 satellite bus ၏ performance အား A2100AX ၊ LS 1300 နှင့် Spacebus 3000 တို့၏ performance နှင့် တူညီစေရန် ထုတ်လုပ်ထားသည်ဟု တရုတ်နိုင်ငံမှ ဖော်ပြထားသည်။ ယင်း bus ၏ အလေးချိန်မှာ ၅၂၀၀ ကီလိုဂရမ်ဖြစ်ပြီး payload ထည့်သွင်းနိုင်သော အလေးချိန်မှာ ၆၀၀ ကီလိုဂရမ်မှ ၈၀၀ ကီလိုဂရမ် အထိရှိသည်။ C/Ku/Ka/L band များကို အသုံးပြုနိုင်ပြီး သက်တမ်းမှာ ၁၅ နှစ်ဖြစ်သည်။ သက်တမ်းကုန်ဆုံးချိန် (End of Life-EOL) တွင် လျှပ်စစ်ပါဝါ ၁၀.၅ ကီလိုဝပ် ကို ထုတ်လုပ်နိုင်သည်။

အဆိုပါ DFH-4 satellite bus အား အသုံးပြုခဲ့သည့် ဆက်သွယ်ရေးဂြိုဟ်တုများမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁) Sinosat-2 (တရုတ်နိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

(၂) Nigcomsat-1 (နိုင်ဂျီးရီးယားနိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၀၇ ခုနှစ် မေလ ၁၄ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

(၃) Venesat-1 (ဗင်နီဖွဲလားနိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

(၄) Sinosat-6 (တရုတ်နိုင်ငံမှ ပိုင်ဆိုင်သောဆက်သွယ်ရေးဂြိုဟ်တုဖြစ်ပြီး ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လွှတ်တင်ခဲ့သည်။)

Sinosat-2 ဂြိုဟ်တုသည် solar array များဖြန့်ထုတ်ခြင်း မပြုနိုင်သောကြောင့် အလုံးစုံဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။ Nigcomsat-1 ဂြိုဟ်တုသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ၌ solar array တွင် နည်းပညာဆိုင်ရာ မှားယွင်းမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည်။ အဆိုပါ ဂြိုဟ်တုသည် တရုတ်နိုင်ငံ၏ အာကာသကန်ထရိုက်တာများမှ ပြင်ပနိုင်ငံတစ်ခုအား ဂြိုဟ်တုဒီဇိုင်းပြုလုပ်ပေးခြင်း ၊ထုတ်လုပ်ပေးခြင်းနှု့် လွှတ်တင်ပေးခြင်း (Satellite/Launch package) တို့ကို ပထမဦးဆုံး ပြုလုပ်ပေးခဲ့သော ဂြိုဟ်တုဖြစ်ပြီး အဆိုပါသဘောတူညီမှု၏ တန်ဖိုးမှာ ဒေါ်လာ ၃၁၁ သန်းရှိသည်။ အဆိုပါ ဂြိုဟ်တုအား နိုင်ဂျီးရီးယားနိုင်ငံက telecommunications ၊ broadcasting ၊ broadband service များပြုလုပ်ရန်မှာယူခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လက်ရှိတွင် DFH-4 satellite bus ကိုအသုံးပြုပြီး Paksat-1R ၊ Nigcomsat-1R နှင့် Laosat-1 ဂြိုဟ်တုတို့ကို တည်ဆောက် လျက် ရှိသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တတိယမြောက် လမ်းကြောင်းပြ ဂြိုဟ်တု တရုတ် လွှတ်တင်

တရုတ်နိုင်ငံသည် အမှီအခိုကင်းသော ကမ္ဘာလုံးဆိုင်ရာ လမ်းကြောင်းပြကွန်ယက်တစ်ခုကို တည်ဆောက်လျက်ရှိရာ ရှေ့ခြေတလှမ်းအနေဖြင့် တနင်္ဂနွေနေ့နံနက်က တတိယကမ္ဘာပတ် လမ်းကြောင်းပြဂြိုဟ်တု တစ်လုံးကို ဇီချမ်းအာကာသစခန်းမှ လွှတ်တင်ခဲ့သည်။ ၎င်းဂြိုဟ်တုသည်ရှိနှင့် ပြီးဖြစ်သော ဂြိုဟ်တုနှစ်လုံးနှင့် ပေါင်းစပ်၍လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။ ၎င်းကွန်ယက်တွင်ဂြိုဟ်တု ၃၅ လုံး ပါရှိ၍ ၂၀၂၀ အရောက်တွင် တကမ္ဘာလုံးမှ သုံးစွဲသူများအား ကမ္ဘာ့လမ်းကြောင်းပြ ၀န်ဆောင်မှုကို ပေးအပ်သွားမည် ဖြစ်သည်။ ယခုအခါတရုတ်နိုင်ငံသည် အမေရိကန်နှင့် ရုရှပြီးလျှင် အမှီအခို ကင်းသော တတိယမြောက်ဂြိုဟ်တုလမ်းပြစနစ်ကို တည်ထောင်နိုင်သည့် နိုင်ငံအဖြစ်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။ (ဆင်ဟွာ)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ်​နိုင်ငံ၏ ပထမ​ဆုံး​ အသံ​တိတ်​ဂျက်​တိုက်​လေယာဉ်အား​ ပထမဆုံး​​အကြိမ် စမ်း​သပ်​​​မောင်း​နှင်

alt

တရုတ်နိုင်ငံ၏ ပထမဆုံး​ အသံတိတ် ဂျက်တိုက်​လေယာဉ်ကို စွမ်း​အင်ပြည့်​ ပထမဆုံး​အကြိမ် စမ်း​သပ်​မောင်း​နှင်ခဲ့​ကြောင်း​ သိရသည်။ J-20 တိုက်​လေယာဉ်သည် ​ရေဒါဖြင့်​ ​ထောက်လှမ်း​မှုကို ​ရှောင်တိမ်း​နိုင်စွမ်း​ ရှိမည်ဖြစ်ပြီး

တရုတ်၏ စစ်လက်နက် နည်း​ပညာ တိုး​တက်မှု မှတ်တမ်း​တွင် ဂုဏ်ယူ​လောက်ဖွယ် ​အောင်မြင်မှု တစ်ခုဖြစ်လာသည်။ မျိုး​စပ်နည်း​ပညာသုံး​ တိုက်​လေယာဉ်သည် နိုင်ငံအ​နောက်​တောင်ပိုင်း​ ချန်ဒူရှိ ​လေဆိပ်တစ်ခုမှ ၁၅ မိနစ်ကြာ ပျံသန်း​မှု ပြုလုပ်ခဲ့​ခြင်း​ဖြစ်သည်။

တရုတ်စစ်ဖက် တရား​ဝင် ဝက်ဆိုက်က အဆိုပါ​လေယာဉ် ဆင်း​ သက်လာစဉ် ဝိုင်း​အုံ​နေသည့်​ အရပ်ဝတ် အမှုထမ်း​များ​၏ ပုံကိုလည်း​ ​ဖော်ပြခဲ့​သည်။ ​လေယာဉ်ပျံသန်း​စဉ် ယခင်က တရုတ်၏ ပထမဆုံး​ ကိုယ်ပိုင်ဂျက်တိုက်​လေယာဉ်အဖြစ် မှတ်တမ်း​ဝင်ခဲ့​သည့်​ J-10တစ်စင်း​က ​နောက်​ယောက်ခံ ​လေယာဉ်အဖြစ် လိုက်ပါ ​ဆောင်ရွက်​နေခဲ့​သည်။ တရုတ်စစ်ဖက်သည် အဆိုပါ​လေယာဉ်နှင့်​ ပတ်သက်​သော ဓာတ်ပုံများ​ အင်တာနက်တွင် ပျံ့​နှံ့​နေ​သော်လည်း​ ယင်း​ကို ထိန်း​ချုပ်ရန် ဆန္ဒရှိပုံ မ​ပေါ်​ချေ။

တရုတ်စစ်ဖက်သည် J-20 ကို ကမ္ဘာ​ကျော် အသံတိတ် ဂျက်​လေယာဉ်များ​ ဖြစ်ကြ​သော အ​မေရိကန် စစ်ဖက်သုံး​ F-22 Raptor နှင့်​ ဥ​ ရောပယူနီယံ၏ F-35 Eurofighter တို့​အား​ ယှဉ်ပြိုင်သွား​နိုင်ရန် ​မျှော်လင့်​နေသည်။ တရုတ်နှင့်​ ဆက်ဆံ​ရေး​ တင်း​မာမှုများ​ ရှိ​နေ​သော ထိုင်ဝမ်အ​ နေနှင့်​မူ ယင်း​သတင်း​အတွက် စိုး​ရိမ်စရာ ဖြစ်လာခဲ့​သည်။ ထိုင်ဝမ်သည် သက်တမ်း​ရင့်​ F-16 များ​ကိုသာ အဓိက အား​ပြု​နေရာ J-20သည် နည်း​ ပညာပိုင်း​ ကြီး​ကြီး​မား​မား​ သာလွန်လာဖွယ် ရှိ​နေသည်။ ထို့​အပြင် J-20 သည် အ​မေရိကန်နှင့်​ ရုရှား​လုပ် တိုက်​လေယာဉ်များ​ထက် လက်နက်ပမာဏ ပိုမိုတင်​ဆောင်နိုင်ပြီး​ ခရီး​ပိုမိုရှည်ကြာစွာ ပျံသန်း​နိုင်မည်ဟု ယူဆမှုများ​လည်း​ ရှိ​နေ​ကြောင်း​ သိရှိရသည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ်နိုင်ငံ၏ ပထမဆုံးလူလိုက်ပါသည့် အာကာသခရီးစဉ်ပြီးဆုံး

http://www.planet.com.mm/news/newsimg/September08/chinam200.jpg

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသအတွင်း လမ်းလျှောက်နိုင်ရန် စမ်းသပ်ခဲ့သည့် missionအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်အတွက် အလွန်နှစ်ထောင်းအားရ ဖြစ်မိကြောင်း တရုတ်အာကာသယာဉ်မှူး (၃)ဦးကပြောကြားခဲ့သည်။ ထိုအောင်မြင်မှုသည် တရုတ်နိုင်ငံ၏ အာကာသလေ့လာရေးအတွက် သမိုင်းဝင် အောင်မြင်မှုကြီးတစ်ရပ် ဖြစ်လာခဲ့ပြီဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။ စက်တင်ဘာလ(၂၅)ရက်နေ့က လွှတ်တင်လိုက်သော ဒုံးပျံမှာ အာကာသအတွင်း လမ်းလျှောက်နိုင်ရန် အဓိကရည်ရွယ်ပြီး လွှတ်တင်လိုက်ခြင်းဖြစ်သည်။


ယခု mission၏ ခေါင်းဆာင်ဖြစ်သူ အာကာသယာဉ်မှူး ဇိုင်ဇီဂန်က ၎င်းအနေနှင့် ကမ္ဘာပါတ်လမ်းကြောင်းအတွင်း(၁၃)မိနစ်ခန့်ကြာအောင် လမ်းလျှောက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် နောက်ထပ်အာကာသ လေ့လာမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု ဇိုင်ဇီဂန်က ဖြည့်စွက်ပြောကြားသွားသည်။

စက်တင်ဘာလ(၂၈)ရက်နေ့က အာကသယာဉ်မှူး (၃)ဦးပါဝင်သော ရှန်ဇူး(၇) အာကာသယာဉ် မြေပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်အပြီး ဇိုင်ဇီဂန်က ယခုခရီးစဉ်သည် စိတ်လှုပ်ရှားစရာကောင်းပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော်လည်း အဆုံးသတ်တွင် အောင်မြင်မှုအပြည့်အ၀ ရရှိနိုင်ခဲ့ကြောင်း သတင်းထောက်များအား ထုတ်ဖော်ပြောဆိုခဲ့သည်။ ဇိုင်ဇီဂန်က ယခုအောင်မြင်မှုကြောင့် အမိနိုင်ငံတော်အတွက် ဂုဏ်တက်ဖွယ်ရာ ဖြစ်စေခဲ့ကြောင်း မြေပြင်ဆင်းသက်ယာဉ်ငယ်ဖြင့် မွန်ဂိုလီးယားဒေသတွင် ဆင်းသက်အပြီး ၀ံ့ကြွားစွာ ပြောကြားသွားသည်။ (၆၈)နာရီကြာ အာကာသခရီးစဉ်မှ ကမ္ဘာပေါ်သို့ ပြန်လည်ရောက်ရှိလာသော အာကာသယာဉ်မှူးများအား ဆေးစစ်မှုများပြုလုပ်အပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

အသက်(၄၁)နှစ်အရွယ် တိုက်လေယာဉ်မှူးဟောင်း ဇိုင်ဇီဂန်က ဒေါ်လာ(၄.၄)သန်းတန် အာကာသယာဉ်မှူးဝတ်စုံနှင့် အာကာသဟင်းလင်းပြင်ထဲတွင် တရုတ်နိုင်ငံ၏ အလံတော်ကိုကိုင်ကာ လမ်းလျှောက်ခဲ့ရသည့် အတွေ့အကြုံအား မည်သည့်အခါမျှ မေ့နိုင်တော့မည်မထင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ တရုတ်သတင်းဌာနများကလည်း နိုင်ငံ၏သမိုင်းဝင်အောင်မြင်မှုအတွက် ဂုဏ်ယူမိကြောင်း သတင်းများထုတ်လွှင့်ပြသခဲ့သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသကာကွယ်ရေးစနစ် တရုတ်စစ်တပ်တည်ဆောက်နေ

http://www.planet.com.mm/news/newsimg/March08/china250.jpg

တရုတ်နိုင်ငံသည်အကျပ်အတည်း အချိန်အတွင်းဖြစ်ပွားလာနိုင်သော ပြိုင်ဆိုင်မှုများတွင် ဂြိုဟ်တုအသုံးပြုမှုကို တားဆီးရန် (သို့)ထိန်းချုပ်ရန်နည်းပညာကိုပြုလုပ်နေ ကြောင်းဖြင့် ကွန်ကရက်သို့တင်ပြနေသော အစီရင်ခံစာတွင် ပင်တဂွန်ကရေးသားဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာထဲတွင် အာကာသစစ်ပွဲအတွက်ကြိုးစားနေခြင်းကို တရုတ်နိုင်ငံက စစ်အင်အားတိုးတက်မှုအတွက်လက်တွေ့ကျသောနည်းလမ်းတစ်ခု အဖြစ်သာမက အမျိုးသားဂုဏ်သိက္ခာကို မြှင့်တင်ရန်ပင်ဟုရှုမြင်နေသည်ဟုဖော်ပြ ထားသည်။ တရုတ်စစ်အင်အားတိုးချဲ့ သည့် ထိုင်ဝမ်လွတ်လပ်ရေးကိုတားဆီးရန် အဓိကဖြစ်ပြီးအာကာသစစ်ပွဲကိုတရုတ်အာရုံစိုက်နေသည်မှာလည်း ထိုင်ဝမ်နည်းပညာ ၏တစ်စိတ်တစ်ဒေသဖြစ်သည်။

တရုတ်နိုင်ငံသည် ပင်တဂွန်၏စစ်ရေးအစီစဉ်များနှင့် မူဝါဒများကိုအမြဲတမ်းလိုလို ဝေဖန်လေ့ရှိသည်။ အရှေ့အာရှဒုလက်ထောက်ကာကွယ်ရေးဝန်ကြီးဒေးဗစ်ဆစ္စ ဒနီက တရုတ်နိုင်ငံသည်ယခုနှစ်အစီရင်ခံစာကို အချက်အလက်မှားတရုတ်ဆန့်ကျင်ရေးအစီရင်ခံစာဟု ဝေဖန်ပြောဆိုလိမ့်မည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သို့သော်အမေရိကန်နှင့်တရုတ်တာဝန်ရှိသူ များသည်အဆိုပါအစီရင်ခံစာအကြောင်း ကိုပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်သည်။ ထို့ပြင်ဝါရှင်တန်ရှိတ ရုတ်စစ်သံအရာရှိများကိုလည်းအစီရင်ခံစာကို ဖတ်ပြခဲ့ပြီးဖြစ်သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...