Powered by Blogger.
RSS
Showing posts with label အာဆီယံသတင်း. Show all posts
Showing posts with label အာဆီယံသတင်း. Show all posts

အာဆီယံနိုင်ငံများက ပိုင်ဆိုင်သော ဆက်သွယ်ရေးဂြိုဟ်တုများ (Asean Nations’ Communications Satellite)


အာဆီယံနိုင်ငံများက ပိုင်ဆိုင်သော ဆက်သွယ်ရေးဂြိုဟ်တုများ၏ အကြောင်းအရာ အချက်အလက်များကို အပိုင်းလိုက်ခွဲ၍ ဖော်ပြသွားပါမည်။ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့သည် ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တုများရှိကြသည်။ လာအိုနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံပိုင်ဆက်သွယ်ရေးဂြိုဟ်တု တစ်ခုကို တရုတ်နိုင်ငံအကူအညီဖြင့် လွှတ်တင်မည်ဖြစ်ကြောင်း သိရှိရသည်။ ကျန်ရှိသော အာဆီယံနိုင်ငံများအနက် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တုလွှတ်တင်ရန် စိတ်ပါဝင်စားလျက်ရှိပြီး ဘရူနိုင်းနိုင်ငံသည် ဆက်သွယ်ရေးဂြိုဟ်တုစီမံကိန်းပြုလုပ်ရန် စိတ်ပါဝင်စားမှုမရှိသေးကြောင်း တွေ့ရှိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၁၃ ခုနှစ်တွင် ဂြိုဟ်တုလွှတ်တင်မည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ယခုအချိန်ထိ မည့်သည့်အဖွဲ့အစည်းကိုမှ စာချုပ်ချုပ်ဆိုရခြင်းမရှိသေးကြောင်း သိရှိရသည်။ အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံက ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တု စုစုပေါင်း (၁၅) ခုဖြင့် အများဆုံး ပိုင်ဆိုင်ထားသည်။ မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ဂြိုဟ်တု (၄) ခုစီပိုင်ဆိုင်၍ နောက်ထပ်ဂြိုဟ်တုတစ်ခု ထပ်မံလွှတ်တင်ရန် မှာယူထားသည်။ စင်ကာပူနိုင်ငံက ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တု (၂) ခု ပိုင်ဆိုင်၍ ထပ်မံလွှတ်တင်ရန် နောက်ထပ် ဂြိုဟ်တုတစ်ခုအား မှာယူထားသည်။ ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် ဆက်သွယ်ရေးဂြိုဟ်တု (၁) ခုအား ပိုင်ဆိုင်ထား၍ ဂြိုဟ်တုတစ်ခုအား ထပ်မံလွှတ်တင်ရန် မှာယူထားသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကိုယ်ပိုင်ဆက်သွယ်ရေးဂြိုဟ်တု (၁) ခုကို လွှတ်တင်ထားပြီးဖြစ်သည်။ ဖတ်ရှုသူများ ဗဟုသုတရရှိစေရန် အာဆီယံနိုင်ငံများက ပိုင်ဆိုင်သော ဆက်သွယ်ရေးဂြိုဟ်တုများ၏ အချက်အလက်များကို တတ်နိုင်သမျှ ရေးသားဖော်ပြသွားပါမည်။

Credit : Satellite​&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...