Powered by Blogger.
RSS
Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

လပေါ်ကိုလူတွေရောက်ခဲ့တယ်ဆိုတာ..သမိုင်းဝင်လိမ်ညာမှု့ကြီးလား?

စစ်အေးခေတ်က ဆိုဗီယက်ယူနီယံနဲ့ အမေရိကန် ပြည်ထောင်စုတို့ဟာ လပေါ်ကို ဘယ်သူအရင်ရောက်အောင် ခြေချနိုင်မလဲဆိုတဲ့ သိပ္ပံပြိုင်ပွဲကြီးတစ်ခုကို နိုင်ငံရေးအရရော၊ ဩဇာအရပါ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်ခဲ့ကြပါတယ်။ အဲဒီပြိုင်ပွဲကြီးရဲ့ အဆုံးသတ် အရှုံးအနိုင်အဖြေဟာ (၁၉၆၉)ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှာ ထင်ထင်ရှားရှား ပေါ်လာပါတော့တယ်။ အမေရိကန်ရဲ့ Apollo 11ဒုံးပျံနဲ့ လိုက်ပါသွားတဲ့ နီးလ်အမ်းစထရောင်းနဲ့ ဘက်ဇ်အဲလ်ဒရင်တို့ဟာ လဆင်းယာဉ်နဲ့အတူ လပေါ်ကို ပထမဆုံး ခြေချခွင့်ရတဲ့ မဟာလူသားတွေအဖြစ် ကမ္ဘာကို ဂုဏ်ယူစွာ ကြေငြာခွင့် ရခဲ့ပါတော့တယ်။ ကမ္ဘာ့လူသားတွေဟာ နည်းပညာ နယ်ပယ်သစ်အတွက် အခမ်းနားဆုံး အောင်မြင်မှုကြီးအဖြစ် Apollo 11ကို ဂုဏ်ပြခဲ့ကြပါတယ်။ ခုတော့ ဒါတွေဟာ နှစ်ပေါင်း(၄၀)တောင် ကြာခဲ့ပါပြီ။ နောက်ပြီးတော့ Apollo 11ဟာ နိုင်ငံရေးအရ ဩဇာကြီးမားလာဖို့ NASA အမျိုးသား အာကာသ သိပ္ပံအေဂျင်စီက အကြံကြီးကြီးနဲ့ လှည့်ပတ်ထားတဲ့ အလိမ်အညာ ဇာတ်လမ်းကြီးလားလို့ ယူဆစရာ ဖြစ်လာရပါပြီ။

“လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာ လိမ်ထားတာ သတ်သတ်မှန်း ကျွန်တော်သိတယ်”လို့ ရုပ်ရှင်လုပ်ငန်းရှင် ဘတ်ဆီဘရယ်လ်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။ သူဟာ အဲဒီသမိုင်းဝင် သိပ္ပံအောင်မြင်မှုကြီးကို သံသယ၀င်နေတဲ့ ပညာရှင်တွေထဲက တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ အဲဒီခေတ်က အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီရဲ့ ဆိုဗီယက်အပေါ် အသာရရေး မူဝါဒကြောင့် NASAက မဖြစ်မနေ လုပ်ကြံလိုက်ရတဲ့ ဇာတ်လမ်းကြီးပါလို့ ဆီဘရယ်လ်က ဆိုပါတယ်။ သူဟာ (၁၉၆၉)ကနေ (၁၉၇၂)ခုနှစ်ထိ အမေရိကန်တွေ လပေါ်(၆)ခါ ဆင်းခဲ့သမျှ အတုတွေချည်းပဲလို့ ပြောသွားခဲ့ပါတယ်။ ဒီနေ့ခေတ် နည်းပညာ ထွန်းကားလာချိန်မှာ လပေါ်လူတွေဆင်းနိုင်တာ ဖြစ်လာနိုင်ပေမယ့် (၁၉၇၂)ခုနှစ်ထိတော့ လုံးဝမဖြစ်နိုင်ဘူးလို့လည်း ဆီဘရယ်လ်က စွပ်စွဲထားပါတယ်။

ဆီဘရယ်လ်ဟာ သံသယ မရှိသင့်တာကို ရှိနေတယ်လို့တော့ ယူဆလို့ မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီပြဿနာကို မယုံမကြည် ဖြစ်နေတဲ့လူတွေက သူတစ်ယောက်ထဲ မဟုတ်လို့ပါပဲ။ (၁၉၉၉)ခုနှစ်က ကောက်ခံခဲ့တဲ့ စစ်တမ်းမှာဆို အမေရိကန်လူထု (၆)ရာခိုင်နှုန်းလောက်ဟာ လပေါ်ကို လူတွေရောက်ခဲ့တယ်ဆိုတာကို ချင့်ချိန်စဉ်းစားပြီးတဲ့နောက် အကြီးအကျယ် သံသယ ရှိနေကြပါသတဲ့။ ဗြိတိန်မှာလည်း အင်ဂျင်နီယာနဲ့ နည်းပညာ မဂ္ဂဇင်းက ကောက်ခံတဲ့ သဘောထား စစ်တမ်းအရ ဗြိတိန်နိုင်ငံသား လေးပုံ၊ တစ်ပုံက ဒီအောင်မြင်မှုဟာ လုပ်ကြံဇာတ်ကြီးလို့ ထင်နေတဲ့အကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ NASAဟာ ဒီပြဿနာကို အကြိမ်ကြိမ်ရှင်းဖို့ ကြိုးစားခဲ့ပေမယ့် ခုထိတော့ အောင်အောင်မြင်မြင် မရှိသေးပါဘူး။ နောက်ပြီးတော့ အင်တာနက်မှာလည်း လပေါ်ကို လူတွေဆင်းခဲ့တာ တကယ်ဟုတ်မဟုတ် ပြဿနာကလည်း အကြီးအကျယ် ခေတ်စားလာပါတယ်။ Apollo 11ရဲ့ နှစ်(၄၀)ပြည့်တဲ့နေ့ မတိုင်ခင် တစ်ပါတ်လောက် အလိုကတည်းက Googleမှာ “Apollo moon landing hoax”ဆိုတဲ့ အကြောင်းအရာကို ရှာကြဖွေကြတာ အကြိမ်ပေါင်း (၁.၅)ဘီလျံတောင် ရှိပါသတဲ့။

“ကျွန်တော်တို့ဟာ အလိမ်အညာ စကားတွေထဲမှာ သာယာနေခဲ့တာပါ”လို့ ၀ါရှင်တန်မှာရှိတဲ့ အမျိုးသား လေကြောင်းနဲ့ အာကာသဆိုင်ရာ ပြတိုက်က အကြီးတန်း အရာရှိ ရော်ဂျာလူးနီးယက်စ်က ပြောပါတယ်။ “ဒီကိစ္စကြီးကို လူအတော်များများက လွယ်လွယ်နဲ့ လက်ခံလိုက်ပေမယ့် ကျွန်တော်တို့အတွက်ကတော့ တွေးစရာတွေ အများကြီးပါ။ လပေါ်ကို အမ်းစထရောင်းတို့ တကယ်မရောက်ခဲ့ဘူးဆိုတဲ့ အယူအဆအတွက် အချက်အလက်တွေ တော်တော်များများ ရှိနေပါတယ်”လို့လည်း လူးနီးယက်စ်က ပြောသွားခဲ့ပါတယ်။ လပေါ်ကို လူတွေရောက်မရောက် သံသယ စရှိခဲ့တာ ခုမှမဟုတ်ပါဘူး။ (၁၉၇၂)ခုနှစ်ကတည်းက Rocketdyneရဲ့ နည်းပညာဆိုင်ရာ စာရေးဆရာ ဘီလ်ကေဆင်းက Apollo 11အတွက် NASAက ဆောက်ထားခဲ့တဲ့ ဒုံးပျံစနစ်ကို လေ့လာပြီးတဲ့နောက် သူ့ရဲ့(၁၉၇၄)ခုနှစ်ထုတ် စာအုပ်မှာ “ကျွန်တော်တို့ ဘယ်တုန်းကမှ လပေါ်ကို မရောက်ခဲ့ပါဘူး။ အမေရိကန် အစိုးရဟာ လူတွေကို လိမ်ညာဖို့ ဒေါ်လာဘီလျံနဲ့ချီပြီး သုံးခဲ့တာပါ”လို့ ထည့်ရေးခဲ့တာ အထင်အရှားပါပဲ။

ကေဆင်းဟာ NASAအနေနဲ့ နက္ခတ်ဗေဒ ပညာရှင်တွေကို Apollo 11က လပေါ်အရောက် ပို့ပေးခဲ့တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ အမြဲယုံကြည်ခဲ့သူပါ။ သူ့အဆိုအရ အမ်းစထရောင်း၊ အဲလ်ဒရင်နဲ့ ပိုင်းလော့တစ်ယောက်ဖြစ်တဲ့ မိုက်ကယ်ကောလင်းစ်တို့ကို အမေရိကန် ကုန်တင်လေယာဉ်တစ်စင်းက သယ်သွားခဲ့တာပါတဲ့။ သူတို့ပါလာတဲ့ အာကာသယာဉ်ကို ပစိဖိတ် သမုဒ္ဒရာထဲမှာ ပြန်ချပေးထားပြီး အာကာသထဲက အောင်အောင်မြင်မြင် ပြန်ဆင်းလာနိုင်ပြီလို့ အမေရိကန် အစိုးရက ၀ါဒဖြန့်ခဲ့တယ်လို့ ကေဆင်းက ဆိုပါတယ်။ NASAဟာ အထူးပြင်ဆင်ထားတဲ့ Area 51ဆိုတဲ့ နေရာမှာ သူတို့ရဲ့ လပေါ်လူဆင်းရေး စီမံကိန်းကြီးကို ဦးနှောက်အစားခံပြီး အစအဆုံး ပြင်ဆင်ခဲ့တယ်လို့ ကေဆင်းရဲ့ စာအုပ်ထဲမှာ ပါခဲ့ပါတယ်။ အဲဒီနေရာဟာ နီဗားဒါး သဲကန္တာရထဲမှာ ရှိနေပြီး NASAရဲ့ လူသိမခံချင်ဆုံး လျှို့ဝှက်ချက်တွေကို အကောင်အထည်ဖော်တဲ့ နေရာလို့ နာမည်ထွက်နေပါတယ်။ Area 51မှာ လုပ်နေတဲ့ တချို့ကိစ္စတွေဆို သမ္မတတွေတောင် မသိရဘူးလို့လည်း သတင်းကြီးနေပါသေးတယ်။

ကေဆင်းက အဲဒီသဲကန္တာရထဲမှာပဲ အထူးပြုလုပ်ထားတဲ့ Settingအခန်းကြီးထဲ အာကာသယာဉ်ကို ဆင်းခိုင်းပြီး ဓာတ်ပုံတွေရိုက်ကြ၊ အမေရိကန်အလံကြီး လွှင့်ပြီးတော့ ကမ္ဘာကို ဖြန့်ပြခဲ့တာပါလို့ ဆိုပါတယ်။ သူဟာ “ကျွန်တော်တို့ လပေါ်ကို လိမ်ညာပြီး ဆင်းခဲ့ပါသလား”ဆိုတဲ့ ခေါင်းစဉ်နဲ့ (၂၀၀၁)ခုနှစ်က Fox TVမှာတောင် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ပြခဲ့ပါသေးတယ်။ လပေါ်ကို Apollo 11ဆင်းခဲ့တယ်ဆိုတာ သိပ္ပံစံနှုန်းတွေနဲ့ တိုင်းတာရင် ကွဲလွဲတာတွေ အများကြီးပဲလို့ ဆိုပါတယ်။ ဥပမာ အမေရိကန် အလံဟာ လေမရှိတဲ့ လပေါ်မှာ ဘာကြောင့်မို့ အရှိန်ပြင်းပြင်းနဲ့ လေထဲလွင့်နေတာလဲဆိုပြီး ဓာတ်ပုံကို ထောက်ပြမေးခွန်းထုတ်ခဲ့တဲ့အခါ NASAအဖွဲ့ခမျာ အကြီးအကျယ် အငိုက်မိခဲ့ရှာပါတယ်။ သူ့ရဲ့(၁)နာရီကြာ မှတ်တမ်းဟာ ရှုထောင့်အမျိုးမျိုးကနေ လပေါ်ကို လူတွေဆင်းခဲ့တာ မဟုတ်နိုင်ကြောင်း အမျိုးမျိုး သက်သေပြခဲ့ပါတယ်။ အဲဒီမှတ်တမ်းကို Fox TVက ပြပြီးတဲ့နောက် NASAဟာ အသည်းအသန် သတင်းစာ ရှင်းလင်းပွဲတွေ လုပ်ပြီးတော့ လပေါ်ကို လူတွေဆင်းခဲ့တာ အမှန်ပါလို့ ဖုံးခဲ့ဖိခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီကတည်းက လူတွေကြားမှာ သံသယ အစိုင်အခဲက ပေါက်ဖွားလာတော့တာပါပဲ။

နောက်ထပ် မှတ်တမ်းတွေကလည်း NASAအတွက် အကြပ်ရိုက်စရာ ဖြစ်ပြီးရင်း ဖြစ်နေတော့တာပါပဲ။ ဗန်အလန်ဆိုတဲ့ ပညာရှင်ကလည်း ဂြိုဟ်ဆင်းယာဉ်က လပေါ်ကနေ ပျံတက်လာတဲ့အခါ ကမ္ဘာ့လေထုထဲမှာလို စွမ်းအင် မလုံလောက်နိုင်တဲ့အကြောင်း အချက်အလက် အပြည့်အစုံနဲ့ ရှင်းပြတော့ NASAက မသိချင်ယောင် ဆောင်ခဲ့ရပြန်ပါတယ်။ နောက်ပြီးတော့ လပေါ်ဆင်းခဲ့တယ်ဆိုတဲ့ ဓာတ်ပုံတွေဟာ လရဲ့မျက်နှာပြင် မဟုတ်နိုင်ဘူးလို့လည်း ဗန်အလန်က ဆိုပါတယ်။ ဓာတ်ပုံကို အမ်းစထရောင်းတို့ လပေါ်ကို ရောက်တဲ့အချိန် ရိုက်ထားတာလို့ ဆိုပေမယ့် အဲဒီအချိန်မှာ နေကရတဲ့ အလင်းရောင်ကြောင့် ဖြစ်လာရတဲ့အရိပ်ဟာ တိတိကျကျ တွက်ချက်ကြည့်ရင် ဦးတည်ရာ တလွဲစီ ဖြစ်နေပါတယ်။ ဒါဟာ ကင်မရာ လှည့်စားမှုတွေနဲ့ ကမ္ဘာ့သဲမြေကို လမျက်နှာပြင်လို ဖန်တီးထားတယ်ဆိုတာ ထင်ရှားနေတယ်လို့ အလန်က ပြောခဲ့ပါတယ်။

ဒီပြဿနာကို လူတွေဆီစပြီး သယ်လာခဲ့တဲ့ ကေဆင်းကတော့ (၂၀၀၅)ခုနှစ်မှာ အနိစ္စ ရောက်သွားခဲ့ရှာပါပြီ။ ဒါပေမယ့် သူ့တာဝန်ကို တင်နက်ဆီမှာ အခြေစိုက်တဲ့ ရုပ်ရှင်လုပ်ငန်းရှင် ဆီဘရယ်လ်က ဆက်ယူလာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ခုချိန်ထိ လပေါ်ကို လူတွေရောက်ခဲ့တာ အလကား ဇာတ်လမ်းကြီးလို့ ခေါင်းမာမာ ယူဆထားတုန်းပါ။ နောက်ပြီးတော့ ဆီဘရယ်လ်ဟာ (၂၀၀၁)က ပြသွားခဲ့တဲ့ ကေဆင်းရဲ့ မှတ်တမ်းရုပ်ရှင်အတွက် အကူအညီတွေ ပေးခဲ့တဲ့သူပါ။ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် လပေါ်ကို လူတွေမရောက်ခဲ့တဲ့အကြောင်း သူသက်သေပြနိုင်တယ်လို့ ကေဆင်းက မိတ်ဆွေတွေကို အမြဲပြောပါတယ်။ ဒီကိစ္စကို ခုချိန်ထိ NASAက ငြင်းနေပေမယ့် တကယ်သာ ဖြစ်နေတယ်လို့ ခိုင်ခိုင်မာမာ ဖြစ်သွားရင်တော့ NASAအဖွဲ့နဲ့အတူ NASAရဲ့ ၀န်ထမ်း ထောင်ပေါင်းများစွာဟာ အရှက်တကွဲ ဖြစ်ရမှာ ကျိန်းသေပါပဲ။ ဘာပဲဖြစ်ဖြစ် ဆယ်စုနှစ် (၄)စုကို ဖြတ်သန်းပြီးတာတောင် အမ်းစထရောင်းရဲ့ခြေရာ လပေါ်မှာ တကယ်ထင်ခဲ့သလားဆိုတာ လျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်နေတုန်းပါ။ ဆီဘရယ်လ်ကတော့ ဒီကိစ္စကို အဲဒီတုန်းက Apolloနဲ့အတူ လိုက်သွားခဲ့တဲ့ ပညာရှင်တွေရယ်၊ NASAက ထိပ်တန်းလက်တဆုပ်စာ အရာရှိတချို့ရယ်ကလွဲပြီး အမေရိကန် သမ္မတတောင် သိခဲ့ပုံမရဘူးလို့ သုံးသပ်ထားပါတယ်။ “ကျွန်တော်ဟာ နာမည်ကြီးချင်လို့ ဒီပြဿနာကို ဖော်ကောင်လုပ်နေတာ မဟုတ်ပါဘူး။ အမေရိကန် ပြည်သူတွေ အပါအ၀င် ကမ္ဘာသူ ကမ္ဘာသားတိုင်းဟာ အလိမ်ခံနေရတယ်ဆိုတာ သိစေချင်တဲ့ ဆန္ဒက အဓိကကျပါတယ်”လို့ CNNနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် Apolloရဲ့ Missionတွေ မပျံသန်းတော့တာ နှစ်ပေါင်း (၃၇)နှစ် ရှိခဲ့ပြီဖြစ်သလို ခုခေတ် အမေရိကန်လူငယ် သန်းပေါင်းများစွာဟာ ဒီကိစ္စကို စိတ်မ၀င်စားကြတော့ပါဘူးလို့လည်း ဆီဘရယ်လ်က ဆိုပါတယ်။ သူဟာ Apolloရဲ့ ယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ အဲလ်ဒရင်ကို (၂၀၀၂)ခုနှစ်က ကိုယ်တိုင်သွားမေးခဲ့တာပါ။ အဲဒီအချိန်က အသက်(၇၂)နှစ် ရှိနေပြီဖြစ်တဲ့ အဲလ်ဒရင်ဟာ ဆီဘရယ်လ် မေးမြန်းတာတွေကို သွယ်သွယ်ဝိုက်ဝိုက်လောက်ပဲ ၀န်ခံတာမျိုး လုပ်သွားခဲ့ပါတယ်။

ကော်လိုရာဒို တက္ကသိုလ်က နက္ခတ်ဆိုင်ရာ ရူပဗေဒ ပညာရှင် စတူးဝတ်ရော်ဘင်စ်ကတော့ NASAဘက်က ကာကွယ်ပြီး Apolloဟာ လပေါ်ကို တကယ်ရောက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ နောက်ပြီးတော့ လပေါ်သွားတဲ့ ခရီးဟာ လိမ်ညာတာပါလို့ စွပ်စွဲနေတာကလည်း အန္တရာယ် ကြီးလွန်းတယ်လို့ သူက သတိပေးသွားပါတယ်။ “လူတွေက ကျွန်တော်တို့ လပေါ်ကို တကယ်မရောက်ခဲ့ဘူးလို့ ယုံကြည်သွားရင် ဘာတွေဖြစ်လာနိုင်မလဲ စဉ်းစားကြည့်ပါ။ အမေရိကန်ရဲ့ အောင်မြင်မှုကိုရော လူ့သမိုင်းမှာ အကြီးမားဆုံး စွမ်းဆောင်ခဲ့တာပါ မြောင်းထဲရောက်သွားမယ်။ လူသားမျိုးနွယ်တွေရဲ့ ဂုဏ်ယူစရာ ကြိုးစားအားထုတ်မှုတွေ အားလုံးကို သံသယနဲ့ ကြည့်ကြတော့မယ်။ ဒါမျိုးထိတော့ မဖြစ်သင့်ပါဘူး”လို့ ရော်ဘင်စ်က ဆိုပါတယ်။ “လပေါ်ကို လူတွေရောက်ခဲ့တာ မမှန်ဘူး ထင်တာဟာ လူတွေ ဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြဖို့ သတ္တိမရှိဘဲ ငြင်းလိုက်တာနဲ့ တူတူပါပဲ”လို့လည်း ရော်ဘင်စ်က ပွင့်ပွင့်လင်းလင်း သူ့အမြင်ကို ပြောသွားပါတယ်။

ဒီလိုနဲ့ ယုံသူတွေ၊ မယုံသူတွေကြား ညပ်နေတဲ့ NASAရဲ့ လပေါ်သွားရောက်ခြင်း စီမံကိန်း အောင်မြင်မှုဟာ နှစ်(၄၀)တောင် ပြည့်ခဲ့ပါပြီ။ ခုဆိုရင် မယုံကြည်တဲ့သူတွေက အရမ်းအားကောင်းတဲ့ မှန်ဘီလူးတွေနဲ့ Apollo 11ရဲ့ Eagleလဆင်းယာဉ် ဆင်းခဲ့တယ်ဆိုတဲ့နေရာကို လှမ်းပြီး ထောက်လှမ်းနေပါတယ်။ သူတို့အဆိုအရ အဲဒီနေရာမှာ အမေရိကန်အလံကို ရှာမတွေ့ခဲ့ရင် NASAဟာ လိမ်ခဲ့တယ်ဆိုတာ ကျိန်းသေပေါက် ပြောနိုင်တော့မယ်လို့ သိရပါတယ်။ Discoveryမဂ္ဂဇင်းကတော့ “ယုံလွယ်သူတွေအတွက် အထောက်အထားတွေကို ဦးစားပေးထားတဲ့ ကမ္ဘာကြီးမှာ အဆင်ပြေမှာမဟုတ်ဘူး”လို့ ဒီကိစ္စအတွက် မှတ်ချက်ပေးထားပါတယ်။ လပေါ်ကို အမ်းစထရောင်းတို့ တကယ်ပဲ ရောက်ခဲ့၊ မရောက်ခဲ့ဆိုတာကတော့ အချက်အလက်တွေအပြင် ကိုယ်ပိုင်စဉ်းစားဥာဏ်နဲ့ ချင့်ချိန်ပြီး ယုံသင့်မယုံသင့် ဆုံးဖြတ်ဖို့ကတော့ လူုတစ်ယောက်နဲ့တစ်ယောက် တူဖို့ရာ ခဲယဉ်းမှာပဲ ဖြစ်ပါတယ်။

Source: CNN, TheStar

မြန်မာနိုင်ငံမှ သုတစွယ်စုံမဂ္ဂဇင်းပါ ရေးသားဖော်ပြချက်

လွန်ခဲ့သော (၁၀)နှစ်ခန့်က သုတစွယ်စုံ မဂ္ဂဇင်း(ခုနှစ်နှင့် အတွဲအမှတ် အတိအကျ မမှတ်မိတော့ပါ)တွင် “အံ့ဖွယ်မွန်းဂိတ်၏ လိမ်ညာမှုကြီး”အမည်ဖြင့် အဆိုပါ အကြောင်းအရာကို ဝေေ၀ဆာဆာ ဖော်ပြခဲ့ပါသည်။ အချက်အလက် အသေးစိတ်ကို မမှတ်မိတော့သော်လည်း ယခုတိုင် စွဲမြဲနေသော အကြောင်းအရာ အချို့နှင့် လပေါ်လူရောက်ခြင်းအား မယုံကြည်သူ ပညာရှင်များ အဆိုပြုခဲ့သော အချက်အလက် အချို့တို့အား Planetမှ ယခုကဲ့သို့ စုစည်းတင်ပြလိုက်ရပါသည်။

- လေမရှိသော လပေါ်တွင် အမေရိကန်အလံသည် အရှိန်အဟုန်နှင့် လွင့်ပျံနေသည်။

- ရေမရှိသော လ၏ နောက်ခံကောင်းကင်တွင် ရေခိုးရေငွေ့ဖြင့် တည်ဆောက်ထားသည့် မိုးတိမ်များ ပါရှိနေသည်ကို ဓာတ်ပုံအထောက်အထားများတွင် တွေ့နိုင်သည်။

- လ၏ဆွဲအားသည် ကမ္ဘာ့ဆွဲအား၏ (၄)ပုံ၊ (၁)ပုံသာ ရှိမည်ဆိုလျင် Eagle အာကာသယာဉ် ဆင်းသက်ချိန်က ယာဉ်၏အောက်ဘက် သဲထုတွင် ဆွဲအားနည်းခြင်းကြောင့် ချိုင့်ခွက်ကြီးတစ်ခု ပေါ်လာရမည် ဖြစ်သော်လည်းမှတ်တမ်းတွင် ထိုအချက်ကို လုံးဝမတွေ့ရပါ။

- လပေါ်မှ ဓာတ်ပုံဟုဆိုကာ ပြသခဲ့သော မှတ်တမ်းပုံများရှိ တောင်အချို့သည် နီဗားဒါး သဲကန္တာရအတွင်းမှ တောင်တန်းများနှင့် ဆင်တူနေသည်။

- အမ်းစထရောင်းတို့ လပေါ်ဆင်းသက်ချိန်ကို တိုင်းတာကြည့်ပါက ကောင်းကင်တွင် ကြယ်များကို ထင်ထင်ရှားရှား တွေ့နိုင်မည်ဖြစ်သော်လည်း ဓာတ်ပုံထဲတွင် ကြယ်တစ်ပွင့်မျှ ရှိမနေပါ။

- Apollo 11အနေနှင့် ဆွဲအားနည်းသော လပေါ်မှ ပြန်တက်မည်ဆိုလျင် သယ်ဆောင်သွားသည်ထက် စွမ်းအင်ပမာဏ များများစားစား လိုအပ်ပေလိမ့်မည်။

- လပေါ်သို့ အမ်းစထရောင်းတို့ ရောက်သွားသည့်အချိန်နှင့် လပေါ်သို့ နေရောင်ကျရောက်ချိန် တွက်ချက်ကြည့်ပါက အရိပ်များ၏ တည်နေရာ လွဲမှားနေသည်။

- ဆွဲအားနည်းသော လမျက်နှာပြင်မှ ပျံတက်လာချိန်တွင် သဲများကို အရှိန်အဟုန်ပြင်းစွာ လွင့်ထွက်သွားစေသင့်သော်လည်း လက်တွေ့တွင် ဖြစ်မလာပါ။

- NASAသည် Apollo 11နှင့် ပတ်သတ်ပြီး အတိကျ အသေးစိတ် နည်းပညာ အချက်အလက်များကို ပြည်သူများထံ ချပြရန် ထိမ်ချန်ထားသည်။

- နက္ခတ်ပညာရှင်များ ရိုက်ယူလာသည်ဆိုသော ဓာတ်ပုံများအတွက် ဖလင်များသည်လပေါ်ရှိ ဖြာထွက်စွမ်းအင်များကြောင့် သဘာဝအလျောက် အရည်ပျော်သွားရမည်ဖြစ်သော်လည်း ကမ္ဘာပေါ်သို့ အကောင်းပကတိ ပြန်ပါလာခဲ့သည်။

http://myanmargay.socialgo.comမှ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အရေးပါဆုံး ဂြိုဟ်တုစနစ်များနှင့် ကျွန်ုပ်တို့၏ကမ္ဘာကြီး



၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် အမေရိကန် သမတ္တ ဘုရှ် က အိမ်ဖြူတော်တွင် GPS နှင့်ပက်သက်သော သဘောတူညီမှု တစ်ခု ကို အတည်ပြုခဲ့သည်။ ယခုလက်ရှိ တစ်ကမ္ဘာလုံး အသုံးပြုနေသော ကမ္ဘာ့နေရာပြစနစ် GPS (Global Position System) အား အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တစ်ခုတည်းသာ အသုံးပြုနိုင်သော channel ကို ချန်လှပ်ပြီး ကျန် တစ်ကမ္ဘာလုံး အသုံးပြုနေသည့် channel ကို ၎င်းတို့ အနေဖြင့် လုံးခြုံရေးအတွက် သံသယ ရှိသည်ဟု ယူဆချိန်တွင် အချိန်မရွေး ပိတ်ပစ်မည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထိုသဘောတူညီမှုကြောင့် တစ်ကမ္ဘာလုံး ထိတ်လန့်ခဲ့ကြရသည်။ အထူးသဖြင့် နိုင်ငံအသီးသီးရှိ ကာကွယ်ရေးလုပ်ငန်းများ၊ စူးစမ်းလေ့လာရေးလုပ်ငန်းများ၊ သမိုင်းပြုစုသည့်လုပ်ငန်းများ၊ ခရီးသွားလာမှု လုပ်ငန်းများနှင့် အခြားအခြားသော GPS ကို မရှိမဖြစ် အသုံးပြုနေရသော လုပ်ငန်းများအတွက် တာဝန်ရှိသူများက ပိုမိုစိုးရိမ်ခဲ့ကြသည်။ အဓိကအားဖြင့် နိုင်ငံတိုင်းအတွက် အရေးကြီးသည့် ကာကွယ်ရေးလုပ်ငန်းများ နှောင့်နှေးသွားခြင်း၊ နေရာရှာဖွေမှု အခက်အခဲများ ကြုံတွေ့ကာ ကြန့်ကြာစေခြင်းနှင့် မလိုအပ်ပဲ အချိန်၊ ခွန်အား၊ ငွေနှင့် လူအရင်းအမြစ်များ ကုန်ဆုံးခြင်းများ ဖြစ်လာပေမည်။


ဂြိုဟ်တုစနစ်များနှင့် ကျွန်ုပ်တို့ကမ္ဘာ


ဤအခြေအနေကို ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများကလည်း ကြိုတင်မျှော်တွေးပြီးသား ဖြစ်သည်။ မူလကတည်းက အာကာသစနစ်များတွင် ထိပ်ဆုံးရောက်နေသော ရုရှားဖက်ဒရေးရှင်း နိုင်ငံသည် GPS နှင့် အပြိုင် Glonass (Global Navigation satellite system) ကို တည်ထောင်ခဲ့ပြီးဖြစ်သည်။ ဥရောပသမဂ္ဂ ကလည်း သမဂ္ဂဝင်နိုင်ငံများ စုပေါင်း၍ Galileo ၊ အိန္ဒိယနိုင်ငံက IRNNS ၊ တရုတ်ပြည်သူ့သမတ္တနိုင်ငံမှ Beidou နှင့် ဂျပန်နိုင်ငံ မှ QZSS စသည့် နိုင်ငံများအလိုက် ဂြိုဟ်တုစနစ်တို့ကို စီမံကိန်းများ ချမှတ်၍ အကောင်အထည် ဖေါ်ခဲ့ကြသည်။ သို့သော် လောလောဆယ်မှာ NAVSTAR မှ GPS နှင့် GLONASS နှစ်ခု သာ အသုံးပြုနိုင်သေးကာ ကျန် စနစ်များမှာ အသုံးပြုနိုင်ရန် အချိန်အတော်ကြာအောင် စောင့်ရပေဦးမည်။


ကမ္ဘာကြီးနှင့် ဂြိုဟ်တုများ


GLONASS စနှစ်မှာလည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ ကန့်သက်ချက် များသောကြောင့် GPS ကိုသာ အားကိုးအားထား ပြုနေကြရသည်။ ယနေ့ကမ္ဘာတွင် ဂြိုဟ်တုစနစ်ပေါင်းများစွာ ရှိသည့်အနက် GPS ဂြိုဟ်တုစနစ်တစ်ခုတည်းသာ ဤသို့ပြဿနာ ကြုံရခြင်းဖြစ်သည်။ အခြားသော မိုးလေဝသဂြိုဟ်တု (weather satellite)၊ ဆက်သွယ်ရေးဂြိုဟ်တု (telstar communication satellite)၊ အာကာသ စူးစမ်းရှာဖွေရေးဂြိုဟ်တု (discovery satellite) စသည့် ဂြိုဟ်တု စနစ်များနှင့် ကမ္ဘာ့နေရာပြစနစ် (GPS) တွင် သုံးသော ဂြိုဟ်တုများက မည်သို့ကွာခြားသောကြောင့်နည်း? GPS စနစ်တစ်ခုတည်းကို NASA (National Aeronautics and Space Administration) မှ မကိုင်ပဲ Pentagon နှင့် အမေရိကန်သမတ္တက အဘယ်ကြောင့် ချုပ်ကိုင်ရသနည်း? GPS စနစ်က မည်မျှ အရေးပါသောကြောင့်နည်း? ယခုနှစ်ပိုင်းတွင်း အဘယ်ကြောင့် ရေပန်းစားလာရသနည်း? မည်သည့်ခုနှစ်ကတည်းက ပေါ်ပေါက်လာခဲ့သနည်း? ယဉ်တိုင်း၊ နောက်ဆုံးပေါ် အီလက်ထရောနစ် ပစ္စည်းတိုင်းတွင် အဘယ်ကြောင့်နေရာယူလာရသနည်း? အခြားနိုင်ငံများမှ GPS ကိုပြိုင်ဆိုင်မည့် ဂြိုဟ်တုစနစ်များမှာ အဘယ်နည်း? စသည့် မေးခွန်းပေါင်းများစွာ ရှိလာပေသည်။

မှန်သည်။ GPS စနစ်သည် ယနေ့ တိုးတက်လာသော ကမ္ဘာတွက် အရေးအပါဆုံး ဂြိုဟ်တုစနစ်ဖြစ်သည်။ နေရာတိုင်း အခန်းတိုင်းတွင် အသုံးဝင်သည်။ ကောင်းပြီ GPS ဂြိုဟ်တုစနစ်များအကြောင်း လေ့လာကြပါစို့။

ဂြိုဟ်တုများ


NAVSTAR GPS

NAVSTAR ၏ တံဆိပ်

NAVSTAR GPS ဆိုသည်မှာ NAVigation Satellites providing Time And Range & Global Positioning System (ဂြိုဟ်တုများ ပဲ့ထိန်းမောင်းနှင်သွားလာရန် အတွက် အချိန်နှင့် အကွာအဝေး စီစဉ်ချမှတ်ပေးခြင်းစနှစ် နှင့် ကမ္ဘာ့နေရာပြစနစ်) ဖြစ်သည်။ Positioning service နှစ်ခုရှိပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တစ်ခုတည်းသာ အသုံးပြုနိုင်သော Precise Positioning Service/PPS နှင့် တစ်ကမ္ဘာလုံး အသုံးပြုနိုင်သည့် Standard Positioning Service/SPS ဟူ၍ဖြစ်သည်။ Precise Positioning Service မှာ တိကျသေချာမှု ၉၅% ရှိပြီး ပြင်ပရှိတည်နေရာအမှန်နှင့် GPS မှ ဖော်ပြသော တည်နေရာ၏ အမြင့်ဆုံးကွာဟမှုမှာ ရေပြင်ညီ (horizontal) ၁၆ မီတာနှင့် ဒေါင်လိုက် (vertical) ၂၃ မီတာ ဖြစ်သည်။ Standard Positioning Service မှာ ရေပြင်ညီ (horizontal) ၁၀၀ မီတာနှင့် (vertical) ၁၅၆ မီတာ ဖြစ်သည်။


GPS ဂြိုဟ်တု


GPS ဂြိုဟ်တု ၂၄ လုံးနှင့် ပတ်လမ်း ၆ ခု

NAVSTAR GPS စနစ် ပေါ်ပေါက်လာပုံမှာ - ၁၉၆၀ အစောပိုင်းတွင် ပင်တဂွန် Pentagon စစ်ဌာနချုပ် (အမေရိကန် ကာကွန်ရေးဝန်ကြီး ဌာနချုပ်) မှ အစီစဉ်ရေးဆွဲခဲ့သော အမေရိကန် ရေတပ် (US Navy) ၏ US Navy's TIMATION Program နှင့် အမေရိကန် လေတပ် (US Air Force) ၏ 621B Project တို့နှစ်ခု မှ စတင်ခဲ့သည်။

၁၉၇၃ ခုနှစ်တွင် GPS စနစ်ဟု ပြောင်းလဲခဲ့ပြီး အမေရိကန် တပ်မတော်တစ်ခုသာ အသုံးပြုနိုင်သည့် Channel ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။ ပထမဆုံးဂြိုဟ်တုကို ၁၉၇၄ ခုနှစ် ဂျူလိုင် (၁၄)ရက်နေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ဂြိုဟ်တု အရေအတွက်ကိုလည်း စတင် တည်ထောင်ချိန်က ၄ လုံး သာ သုံးခဲ့ရာမှ တဖြည်းဖြည်း အရေအတွက် တိုးမြှင့်နိုင်ခဲ့သည်။ ထို့နောက် နေတိုးအဖွဲ့ (NATO) ခေါ် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ဝင်နိုင်ငံများ (North Atlantic Treaty Organization)နှင့် အခြား မဟာမိတ်နိုင်ငံအချို့ကို အသုံးပြုခွင့်ပေးခဲ့သည်။ ၁၉၉၀ နှစ်လည်ပိုင်းတွင် တွင် ဂြိုဟ်တု ၂၄ လုံး စလုံး လွှတ်တင်ပြီးစီးပြီး နောက်ဆုံး ရလဒ်ကို ၁၉၉၅ အေပရယ် (၂၇)ရက်နေ့ တွင် တစ်ကမ္ဘာလုံး စတင်အသုံးပြုနိုင်ခဲ့သည်။ ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလတွင် အရန်နှင့် ကွပ်ကဲမှုအတွက် ဂြိုဟ်တု (၆)လုံးအပါအဝင် စုစုပေါင်း ဂြိုဟ်တု အလုံး(၃၀) လွှတ်တင်ပြီးဖြစ်သည်။

အလုပ်လုပ်ဆောင်ပုံမှာ - NAVSTAR GPS စနစ်တွင် ဂြိုဟ်တု (၂၄)လုံး အသုံးပြုပြီး ပက်လမ်း (၆) ခု သက်မှတ်ကာ ပက်လမ်းတစ်ခုတွင် ဂြိုဟ်တု (၄) လုံး ကို အကွာအဝေးညီစွာဖြင့် ကမ္ဘာကို လှည့်ပက်စေသည်။ အီကွေတာ မှ ၅၅ ဒီဂရီ တိမ်းစောင်းလှည့်ပက်စေကာ ကမ္ဘာကို တစ်ပက်ပြည့်ရန် ၁၁ နာရီ ၅၈ မိနစ် ကြာမြင့်သည်။ ဂြိဟ်တု တစ်လုံးစီ၏ ကမ္ဘာမှ အကွာအဝေးမှာ ၂၀၂၀၀ ကီလိုမီတာ (၁၀၉၀၀ မိုင်) ဖြစ်သည်။ ပက်လမ်း၏ အချင်းဝတ်မှာ ၂၆၆၀၀ ကီလိုမီတာ (၁၆၅၀ မိုင်) ဖြစ်ည်။ (ကမ္ဘာ၏ အချင်းဝတ် = ၆၃၇၈.၁ ကီလိုမီတာ၊ ၃၉၆၁.၃ မိုင် ) တည်နေရာရှာဖွေမှုအတွက် ဒဗလူဂျီအက်စ် ၈၄ စနစ် (WGS 84 system) ကို အသုံးပြုသည်။ မြေပြင်ရှိ အဓိက ထိန်းချုပ်ရေးစခန်း (Master Control Station) ကို ကော်လိုရာဒို (Colorado Springs) တွင် ထားရှိပြီး စခန်းငယ်များကို ကော်လိုရာဒို (Colorado Springs)၊ ဟာဝိုင်အီကျွန်း (Hawii)၊ အတ္တလန်တိတ် သမုဒ္ဒရာတွင်းတွင် Ascension၊ အိန္ဒိယ သမုဒ္ဒရာတွင်းတွင် Dieo Garcia နှင့် ပစိဖိတ် သမုဒ္ဒရာတွင်းတွင် Kwajalein ဟူ၍ ထားရှိသည်။ ဂြိုဟ်တုများထံသို့ ပြန်လည် ထိန်းချုပ်မှု ပြုလုပ်ရန်အတွက် မြေပြင် အန်တင်နာများကိုလည်း Ascension၊ Dieo Garcia နှင့် Kwajalein တို့တွင် တည်ဆောက်ထားသည်။


မြေပြင်စခန်းတည်ရှိရာ နေရာများ


ဂြိုဟ်တု ၃ လုံး၏ အကွာအဝေး ၃ ခုမှ တည်နေရာ ရှာဖွေပုံ


တည်နေရာရှာဖွေမှု - တည်နေရာကို ရှာဖွေသက်မှတ် ပုံမှာ ပထမဆုံး ကမ္ဘာပေါ်ရှိ GPS receiver တစ်ခုဆီ သို့ Signal ရရှိသော ဂြိုဟ်တုများမှ အကွာအဝေးများကို တိုင်းတာသက်မှတ်မည်။ ထို့နောက် ရရှိသော အကွာအဝေး ကီလိုမီတာအတိုင်း အချင်းဝတ်ယူကာ စက်ဝိုင်းများကို ဝိုင်းစေပါမည်။ အကယ်၍ ဂြိုဟ်တု ၅ လုံးမှ Signal ရရှိနိုင်လျှင် စက်ဝိုင်းငါးခု ပေါ်ပေါက်လာမည်ဖြစ်ပြီး ၎င်းစက်ဝိုင်း(၅)ခု၏ ဆုံမှတ်သည် သိချင်သော receiver ၏ ယခု ရှိနေသော တည်နေရာပင်ဖြစ်သည်။ နေရာရှာဖွေမှုကို အသေးစိတ် ထပ်မံသိရှိလိုပါက http://www.meepyatite.info/2009/01/global-positioning-system.html တွင် ဖတ်ရှုနိုင်ပါသည်။ GPS စနစ်တွင် ကမ္ဘာပေါ်ရှိ အမှတ် (၁)မှတ်လျှင် ဂြိုဟ်တု အနည်းဆုံး (၅)လုံးမှ အများဆုံး (၁၀)လုံးထိ Signal ကောင်းကောင်းရရှိနိုင်ရန် စီစဉ်ထားသည်။ (ကျနော် မြန်မာနိုင်ငံတွင် အသုံးပြုစဉ်က အနည်းဆုံး ၇ လုံးနှင့် အများဆုံး ၁၂ လုံးထိ ရခဲ့သည်။)


GPS ဂြိုဟ်တု လမ်းကြောင်းများ


GPS ဂြိုဟ်တုအား သယ်ဆောင်သော ဒုံးပျံယဉ်


ဒုံးပျံယဉ်၏ အတွင်းပိုင်း


GPS signal သံသရာ


GPS ဂြိုဟ်တုများသည် L1 နှင့် L2 ဟူသော် signal နှစ်ခု ကို သယ်ဆောင်ထုတ်လွှတ်ပြီး ၎င်း signal ကို A\C binary code နှင့် P code တို့ဖြင့် data message အဖြစ် GPS receiver မှ ပြောင်းလဲရသည်။ NAVSTAR စနစ်တွင် incoming signals ဖမ်းယူမှုအတွက် Code division multiple access (CDMA) စနစ်ကို အသုံးပြုသည်။








GLONASS ( ГЛОНАСС )


GLONASS အမှတ်တံဆိပ်

GLONASS (Global'naya Navigatsionnaya Sputnikovaya Sistema) ဆိုသည်မှာ GLObal NAvigation Satellite System ဖြစ်သည်။ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ အစိုးရ တပ်မတော်အတွက် အသုံးပြုရန် တည်ဆောက်ထားသော စနစ်ဖြစ်သည်။ GPS စနစ်ကဲ့သို့ပင် တည်နေရာရှာဖွေ သောစနစ်ဖြစ်သည်။ သို့သော် တစ်ကမ္ဘာလုံး အသုံးမပြုနိုင်အောင် ကန့်သက်ထားသည်။

GLONASS စနစ်ကို ၁၉၇၆ ခု နှစ်တွင် စတင်စမ်းသပ်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အောင်မြင်ပြီးစီးခဲ့သည်။ သို့သော် ထိုနှစ်များအတွင်း ရုရှားနိုင်ငံ၏စီးပွားရေး အကြီးအကျယ် ကျဆင်းနေသောကြောင့် စမ်းသပ်မှုကို ရပ်တန့်ခဲ့ရသည်။ ကာလကြာရှည်စွာ ပစ်ထားသောကြောင့် ဂြိုဟ်တုစနစ်များ ယိုယွင်းပျက်စီးခဲ့ရပြီး ၂၀၀၁ ခုနှစ်တွင် အာကာသ၌ ဂြိုဟ်တု (၈) လုံးသာ ကျန်တော့သည်။ ထိုနှစ်မှာပင် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်း၍ GLONASS ကို ပြန်လည် အသက်သွင်းခဲ့သည်။


GLONASS စနစ်


GLONASS ဂြိုဟ်တု

ဤစနစ်တွင် ဂြိုဟ်တု ၂၁ လုံးကို အသုံးပြုထားပြီး ပက်လမ်း ၃ ခုသာ ထားရှိကာ ပက်လမ်းတစ်ခုလျှင် ဂြိုဟ်တု (၇)လုံးစီ လှည့်ပက်စေပါသည်။ GLONASS ဂြိုဟ်တု တစ်လုံးစီသည် ကမ္ဘာမှ ၁၉၁၀၀ ကီလိုမီတာ (၁၁၈၆၈ မိုင်) ကွာဝေးသည်။ ဂြိုဟ်တု တစ်လုံးလျှင် ကမ္ဘာကို တစ်ပက်ပြည့်ရန် ၁၁ နာရီ ၁၅ မိနစ်ကြာမြင့်သည်။ ပက်လမ်းများကို အီကွေတာ မှ ၆၅ ဒီဂရီ တိမ်းစောင်းလျှက် ထားရှိသည်။ ဂြိုဟ်တု တစ်လုံးစီ၏ အလေးချိန်မှာ ၁၃၀၀ ကီလိုဂရမ် ခန့်လေးပြီး အရွယ်အစားမှာ အချင်းဝတ် ၁.၁၇၅ မီတာရှိသည်။ GLONASS ဂြိုဟ်တုများသည် signal နှစ်မျိုးကို သယ်ဆောင်ပြီး တစ်မျိုးမှာ Standard Precision (SP) signal ဖြစ်ပြီး နောက်တစ်မျိုးမှာ High Precision (HP) signal ဖြစ်သည်။ ကမ္ဘာမြေမှ ဖမ်းယူမှုအတွက် NAVSTAR ကဲ့သို့ CDMA လိုင်းကို အသုံးမပြုပဲ Frequency Division Multiple Access (FDMA) နည်းပညာကို အသုံးပြုသည်။


ပတ်လမ်း ၃ ခုနှင့် GLONASS ဂြိုဟ်တုများ


GLONASS ဂြိုဟ်တုအား သယ်ဆောင်သည့် ဒုံးပျံယဉ်


GLONASS ဂြိုဟ်တုအား သယ်ဆောင်သည့် ဒုံးပျံယဉ်


တည်နေရာရှာဖွေပုံမှာ NAVSTAR GPS စနစ်နှင့် အတူတူဖြစ်ပြီး ရှာဖွေမှု စနစ်တွင် Earth Parameter System 1990 (PZ-90) စနစ်ကို အသုံးပြုသည်။

GPS နှင့် GLONASS အတွက် GPS+GLONASS receiver များမှာ
  1. Ashtech’s GG24 receiver is the world’s first fully integrated GPS+GLONASS receiver.
  2. LAIPAC System’s: TF 50 GPS + GLONASS receiver.
  3. GPS/GLONASS Receiver(ARGO-16)
  4. Javad Navigation Systems
  5. Leica
  6. NovAtel
  7. Trimble
  8. Topcon’s GMS-2 တို့ဖြစ်သည်။


Galileo

GALILEO

Galileo System

European Global Satellite Navigation System ဖြစ်ပြီး ဥရောပ နိုင်ငံများတွင် ဂြိုဟ်တုစနစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် NAVSTAR စနစ်ကို မမှီခိုပဲ ကိုယ်ပိုင်တစ်ခု လုပ်နိုင်ရန် ရည်ရွယ်သည်။ အီတလီ အာကာသနှင့် သိပ္ပံပညာရှင် ဂယ်လီလီယို (Galileo Galilei) ကို အစွဲပြု၍ အမည်ပေးခဲ့ခြင်းဖြစ်သည်။ ၁၉၉၉ ခုနှစ် တွင် ဂျာမဏီ၊ ပြင်သစ်၊ အီတလီ နှင့် ယူနိုက်တက်ကင်းဒွန်း နိုင်ငံရှိ အင်ဂျင်နီယာများက စတင်စဉ်းစားခဲ့ကြပြီး ပထမအဆင့် သဘောတူညီမှုကို ၂၀၀၃ ခုနှစ် မေလ ၂၆ တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၂၀၀၃ခုနှစ် စက်တင်ဘာတွင် တရုတ်ပြည်သူ့သမတ္တနိုင်ငံမှ ဂြိုဟ်တုပဲ့ထိန်းစနစ်များ တိုးတက်ရေးအတွက် ဥရောပသမဂ္ဂနှင့် ဆက်သွယ်ခဲ့ရာမှ စတင်စဉ်းစားခဲ့သည်။ ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၃၀ တွင် ဥရောပသမဂ္ဂမှာ ပို့ဆောင်ရေးဝန်ကြီး ၂၇ ဦးတို့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၁၃ တွင် စတင်အသုံးပြုနိုင်ရန် စီမံကိန်းချခဲ့ကြသည်။


Galileo ဂြိုဟ်တု

ဤစနစ်ကို Public-Private-Partnership (PPP) ဟူ၍ သက်မှတ်ထားပြီး စနစ်ကြီး တစ်ခုလုံးအတွက် ကုန်ကျစရိတ်များကို ဂျာမဏီနိုင်ငံမှာ (၂၀.၉%)၊ ပြင်သစ်နိုင်ငံမှ (၁၇%)၊ ဗြိတိန်နိုင်ငံမှ (၁၆%)၊နှင့် အီတလီနိုင်ငံမှ (၁၅.၂%) ကျခံရန် သဘောတူခဲ့ကြသည်။ အဓိက မြေပြင်စခန်းနှစ်ခုကို ဂျာမနီနိုင်ငံ (Germany) မူးနစ်ခ်ျ မြို့ (Munich) နှင့် အီတလီနိုင်ငံ (Italy) ရိုမီ (Rome) မြို့၏အရှေ့ဖက် ၁၃၀ ကီလိုမီတာဝေးသော ဖူစီနို (Fucino)တွင် ထားရှိမည်ဖြစ်သည်။ အသုံးပြုသူများအတွက် နှစ်မျိုးနှစ်စားဖြင့် ဝန်ဆောင်မှုပေးရန် စီစဉ်ထားပြီး အခမဲ့ အခြေခံဝန်ဆောင်မှု (A free, basic service) နှင့် အာမခံအတွက် အရစ်ကျငွေပေးသွင်းရသည့် ဝန်ဆောင်မှု (A premium chargeable service with additional features) ဟူ၍ ဖြစ်သည်။ ၂၀၀၀ပြည့်နှစ်က ဥရောပသမဂ္ဂနိုင်ငံများ သဘောတူညီမှု ရယူခဲ့ကြပြီး ၂၀၀၁ခုနှစ်တွင် မြေပြင်အဆောက်အုံများ၊ ဂြိုဟ်တုနှင့် ဆက်သွယ်ရေးဆိုင်ရာ အဆောက်အုံးများကို တည်ဆောက်ရန် စတင်ခဲ့သည်။


ပတ်လမ်း ၃ ခုနှင့် ဂြိုဟ်တု အလုံး ၃၀

စုစုပေါင်းဂြိုဟ်တုအရေအတွက် ၂၇ လုံး အသုံးပြုမည်ဖြစ်သည်။ ကမ္ဘာကို ပက်လမ်း ၃ ခုဖြင့်ပက်မည်ဖြစ်ပြီး ပက်လမ်းတစ်ခုလျှင် ဂြိုဟ်တု ၁၀ လုံးစီ အကွာအဝေး တူညီစွာ လှည့်ပ်မည်ဖြစ်သည်။ ကမ္ဘာတစ်ပက်ပြည့်ရန် ၁၄ နာရီ ၂၂ မိနစ် ကြာမည်ဖြစ်သည်။ ကမ္ဘာမှာ အကွာအဝေး ၂၃၆၁၆ ကီလိုမီတာ ထိ လွှတ်တင်မည်ဖြစ်ပြီး အီကွေတာမှ ၅၆ ဒီဂရီ တိမ်းစောင်း၍ လှည့်ပက်မည်ဖြစ်သည်။ CDMA ဆက်သွယ်ရေးစနစ်ကို အသုံးပြုမည်။

GPS နှင့် Galileo အတွက် GPS+ Galileo receiver များမှာ

  1. Whistler GPS100 Galileo Global Positioning System (GPS-100, GPS 100)SKU: GPS100
    Brand: Whistler
  2. GSTB_V2 Galileo Experimental Test Receiver (GETR) Available since 2004
  3. Galileo TUR (Test User Receiver) Under Development (GPS + Galileo)

နှိုင်းယှဉ်ချက်



IRNSS

Indian Regional Navigational Satellite System (အိန္ဒိယနိုင်ငံ ဂြိုဟ်တုပဲ့ထိန်းမောင်းနှင်သည့်စနစ်) ဖြစ်သည်။ အန္ဒိယနိုင်ငံ၏ ကိုယ်ပိုင်လုံခြုံရေးအတွက်ရည်ရွယ်ပြီး ဂြိုဟ်တု (၇) လုံး လွှတ်တင်ပြီးဖြစ်သည်။ ၂၀၀၆ ခုနှစ် မေ လ တွင် အိန္ဒိယအစိုးရ၏ ခွင့်ပြုချက် ရရှိခဲ့ပြီး ၂၀၁၂ တွင် အသုံးပြုနိုင်ရန် မျှော်လင့်ထားသည်။ အိန္ဒိယရူပီးပေါင်း ၁၆ ဘီလီယံ အသုံးပြုရန်ရည်ရွယ်ထားသည်။


IRNSS ဂြိုဟ်တု


IRNSS စနစ်နှင့် အိန္ဒိယနိုင်ငံ


Beidou

Beidou ဆိုသည်မှာ တရုတ်ပြည်သူ့သမတ္တနိုင်ငံ ဂြိုဟ်တုများ မောင်းနှင်ပဲ့ထိန်းပေးသော စနစ် (Chiness Regional Satellite Navigation System) ဖြစ်သည်။ စီမံကိန်းအရ ဂြိုဟ်တုပေါင်း (၃၅) လုံး ပါဝင်၍၊ ယခုချိန်ထိ ဂြိုဟ်တု (၃) လုံး လွှတ်တင်ခဲ့ပြီးဖြစ်သည်။ Signal ဖမ်းယူမှုအတွက် CDMA လိုင်းကို အသုံးပြုမည်ဖြစ်သည်။


Beidou ဂြိုဟ်တု


Beidou ဂြိုဟ်တု နှင့် ကမ္ဘာမြေ


Beidou ဂြိုဟ်တု နှင့် တရုတ်နိုင်ငံ


Beidou ဂြိုဟ်တု နှင့် ၎င်း၏ ဒုံးပျံယဉ်



Beidou System


DORIS

Doppler Orbitography and Radio-positioning Integrated by Satellite ဖြစ်သည်။ ပြင်သစ်နိုင်ငံ မှ တည်ထောင်ထားပြီး ဂြိုဟ်ပက် လမ်းကြောင်းများကို လေ့လာစူးစမ်းရန်နှင့် ကမ္ဘာမြေပြင်ကို နေရာတိတိကျကျ ဖော်ပြနိုင်ဖို့ ကြိုးစားရန် စီမံထားသော စနစ်တစ်ခု ဖြစ်သည်။


DORIS System


QZSS

The Quasi-Zenith Satellite System ဖြစ်သည်။ GPS စနစ်မှ အချိန်များကို ဂျပန်စံတော်ချိန် သို့ ပြောင်းလဲနိုင်ရေးအတွက် ဂြိုဟ်တု (၃) လုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော စနစ်ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ပထမဆုံး ဂြိုဟ်တု ကို လွှတ်တင်နိုင်ခဲ့ပြီးဖြစ်သည်။ စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် အားလုံးပြီးဖို့ မျှော်လင့်ထားသည်။ ဂျပန်နိုင်ငံအတွင်း၌သာ အသုံးပြုနိုင်မည်ဖြစ်သည်။



QZSS ဂြိုဟ်တု


QZSS System


QZSS ဂြိုဟ်တု ၃ လုံးနှင့် ပတ်လမ်း

Source: meepyatite

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Space Shuttle

အာကာသလွန်းပျံယာဉ် (Space Shuttle) သည် လူလိုက်ပါသော အာကာသ mission များအတွက် အမေရိကန်နိုင်ငံ အမျိုးသား လေကြောင်းနှင့် အာကာသဆိုင်ရာ အုပ်ချုပ်မှုအဖွဲ့ (National Aeronautics and Space Administration – NASA) မှ ပိုင်ဆိုင်သော ပြန်လည်အသုံးပြုနိုင်သည့် စနစ်ပါရှိသော အာကာသယာဉ် (reusable launch system and orbital spacecraft) ဖြစ်သည်။ အဆိုပါ အာကာသလွန်းပျံယာဉ်ကို အာကာသပို့ဆောင်ရေးစနစ် (Space Transportation System) ဟူ၍လည်းခေါ်ဆိုသည်။ ထိုစနစ်ကို ဒုံးပျံပစ်လွှတ်မှု (rocket launch) ၊ ပတ်လမ်းဆိုင်ရာ အာကာသယာဉ် (orbital spacecraft) နှင့် ပြန်လည်ဝင်ရောက်နိုင်သည့် အာကာသယာဉ် (re-entry spaceplane) စသည်တို့ဖြင့် ဖွဲ့စည်းထားသည်။ ၁၉၈၁ ခုနှစ်တွင် စမ်းသပ်ပစ်လွှတ်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး ၁၉၈၂ ခုနှစ် အစပိုင်းတွင် စတင်ပစ်လွှတ်ခဲ့သည်။ အဆိုပါ အာကာသပို့ဆောင်ရေးစနစ် (STS) ကို ၂၀၁၁ ခုနှစ်၌ပစ်လွှတ်မှု ၁၃၅ ကြိမ် ပြီးမြောက်လျှင် ရပ်ဆိုင်းမည်ဟု အစီအစဉ်ပြုလုပ်ထားသည်။ ဂြိုဟ်တုပေါင်းများစွာနှင့် ဂြိုဟ်သွားအာကာသယာဉ်များစွာ တို့ကို ပို့ဆောင်လွှတ်တင်ပေးနိုင်ခဲ့သည်။ အာကာသသိပ္ပံ သုတေသနစမ်းသပ်မှုများနှင့် နိုင်ငံတကာ အာကာသစခန်းတည်ဆောက်မှုများတွင် ပါဝင်ခဲ့သည်။

NASA ၊ US ကာကွယ်ရေးဌာန ၊ ဥရောပအာကာသအေဂျင်စီ ၊ ဂျပန်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့အတွက် အာကာသပတ်လမ်းအတွင်း လှည့်ပတ်နေသော mission များ ပြုလုပ်ရာတွင် အသုံးပြုခဲ့သည်။ အမေရိကန်နိုင်ငံမှ STS နှင့် လွန်းပျံယာဉ် operation များအတွက် အကုန်အကျခံခဲ့သည်။ ယခင်အနောက် ဂျာမနီမှ Spacelab D1 အတွက် အကုန်အကျခံခဲ့ပြီး လက်ရှိ ဂျာမနီနိုင်ငံမှ Spacelab D2 အတွက် အကုန်အကျခံခဲ့သည်။ အာကာသသိပ္ပံ သုတေသန ဓာတ်ခွဲခန်းဖြစ်သော SL-J အတွက် ဂျပန်နိုင်ငံမှ တစ်စိတ်တစ်ပိုင်း အကုန်အကျခံခဲ့သည်။

အာကာသလွန်းပျံယာဉ်တွင် လိမ္မော်ရင့်ရောင်ရှိသော ပြင်ပလောင်စာဆီကန် (External Tank – ET) ၊ အဖြူရောင်ရှိသော လောင်စာခဲသုံးတွန်းကန် ဒုံးပျံ နှစ်ခု (Solid Rocket Booster – SRB) ၊ အာကာသယာဉ်မှုးများနှင့် payload တို့ပါဝင်သော ပတ်လမ်းအတွင်း ၀င်ရောက်သည့် အာကာသယာဉ် (Orbiter Vehicle – OV) တို့ပါဝင်သည်။ STS စနစ်တွင် ပါရှိသော Single-stage Payload Assist Module နှင့် Two-stage Inertial Upper Stage တို့ဖြင့် အမြင့်ပေ ပိုမိုမြင့်မားသော ပတ်လမ်းများ အတွင်းသို့ payload များကို ပို့ဆောင်နိုင်သည်။ Vehicle Assembly Building ထဲ၌ အာကာသလွန်းပျံယာဉ်ကို တစ်ဆင့်ပြီးတစ်ဆင့် တပ်ဆင်၍ explosive bolt ရှစ်ခု ပါရှိသော ရွေ့လျားနိုင်သည့် ပစ်လွှတ်စင် (mobile launch platform) တွင် တပ်ဆင်သည်။ အဆိုပါ explosive bolt များသည် ပစ်လွှတ်မှု စတင်ချိန်တွင် လောင်စာခဲသုံးတွန်းကန် ဒုံးပျံများ (SRBs) စတင် အလုပ်လုပ်နိုင်ရန် ဖောက်ခွဲမှု (detonate) ကိုပြုလုပ်သည်။

ပြင်ပလောင်စာဆီကန်၊ တွန်းကန်ရေးဒုံးပျံများနှင့် ချိတ်ဆက်ပြီးသော လွန်းပျံယာဉ်သည် ရွေ့လျားပစ်လွှတ်စင်မှနေ၍ သမားရိုးကျဒုံးပျံများကဲ့သို့ပင် ထောင်လိုက်တည့်မတ်စွာ ပစ်လွှတ်သည်။ ၄င်း၏ ပစ်လွှတ်မှုကို Solid rocket Booster နှစ်ခုမှနေ၍ ပင့်တင်မှုအား (lift force) ပေးသည်။ ထို့ပြင် လွန်းပျံယာဉ်တွင် တပ်ဆင်ထားသော အဓိကအင်ဂျင်သုံးခုမှလည်း ပင့်တင်မှုအား ထုတ်လုပ်ပေးသည်။ အဆိုပါ အင်ဂျင်သုံးခုသည် ပြင်ပလောင်စာဆီကန်တွင် ထည့်သွင်းထားသော ဟိုက်ဒရိုဂျင် အရည်နှင့် အောက်စီဂျင် အရည်တို့ဖြင့် မောင်းနှင်ခြင်းဖြစ်သည်။ လွန်းပျံယာဉ်ပစ်လွှတ်မှုဖြစ်စဉ်တွင် အဆင့်နှစ်ဆင့် ပါရှိသည်။ ပထမအဆင့်အနေဖြင့် လောင်စာခဲသုံးတွန်းကန် ဒုံးပျံနှစ်ခုသည် ပစ်လွှတ်မှု စတင်ချိန်တွင် အပိုကန်အား (additional thrust) ကို ထုတ်လုပ်ပေးသည်။ ပစ်လွှတ်မှုစတင်ပြီး နှစ်မိနစ်ကြာချိန်တွင် explosive bolt များကို အသုံးပြု၍ တွန်းကန်ဒုံးပျံနှစ်ခုကို ဖြုတ်ချလိုက်သည်။ အဆိုပါ တွန်းကန်ဒုံးပျံနှစ်ခုသည် အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ လေထီးဖြင့်ကျရောက်သည်။ ပင်လယ်ထဲရှိ ထိုဒုံးပျံနှစ်ခုကို NASA recovery သင်္ဘောဖြင့် သယ်ဆောင်ပြီး မွမ်းမံခြင်းပြုလုပ်ကာ ပြန်လည်အသုံးပြုမည် ဖြစ်သည်။ လွန်းပျံယာဉ်နှင့် ပြင်ပလောင်စာဆီကန်တို့သည် အဓိကအင်ဂျင်သုံးခု၏ ပါဝါကိုအသုံးပြုကာ ရေပြင်ညီပျံသန်းမှုလမ်းကြောင်း (horizontal flight path) အတိုင်း ဆက်လက်တက်ရောက်သွားမည် ဖြစ်သည်။ ပျံသန်းမှုအရှိန်သည် ပတ်လမ်းနိမ့် ပတ်လမ်း (low earth orbit) ထဲသို့ ၀င်ရောက်နိုင်သည့် အရှိန်ဖြစ်သည့် တစ်နာရီလျှင် ၁၇၅၀၀ မိုင် (တစ်စက္ကန့်လျှင် ၇.၈ ကီလိုမီတာ) သို့ရောက်ရှိလာလျှင် အဓိကအင်ဂျင်များကို ပိတ်ချလိုက်မည် ဖြစ်သည်။ ထို့နောက် ပြင်ပလောင်စာဆီကန်ကို လေထုထဲသို့ စွန့်ပစ်လိုက်မည်ဖြစ်ပြီး အဆိုပါ လောင်စာဆီကန်သည် လေထုထဲတွင် လောင်ကျွမ်းပျက်စီးသွားမည် ဖြစ်သည်။ ထိုသို့ ပြင်ပလောင်စာဆီကန်ကို စွန့်ပစ်ပြီးနောက် ပတ်လမ်းအတွင်းဝင်ရောက်ခြင်းအား ထိန်းကြောင်းမောင်းနှင်မည့် စနစ်ပါရှိသော အင်ဂျင်များ (orbital maneuvering system – OMS) ကိုအသုံးပြုပြီး လွန်းပျံယာဉ်၏ ပတ်လမ်းကို ထိန်းညှိပေးမည် ဖြစ်သည်။

လွန်းပျံယာဉ်သည် အာကာသယာဉ်မှုးများ ၊ ဂြိုဟ်တုများနှင့် အာကာသစခန်း အစိတ်အပိုင်းများ စသည်တို့ကို ကမ္ဘာ့လေထု အပေါ်ဆုံးအလွှာဖြစ်သော Thermosphere အတွင်း၌ ရှိသည့် ပတ်လမ်းနိမ့် ပတ်လမ်းသို့ ပို့လွှတ်ပေးသည်။ ယေဘုယျအနေဖြင့် လွန်းပျံယာဉ်တွင် အဖွဲ့ဝင် ၅ ဦးမှ ၇ ဦး အထိပါဝင်သည်။ အဆိုပါ အဖွဲ့မှ အဖွဲ့ဝင် နှစ်ဦးသည် Commander နှင့် Pilot ဖြစ်သည်။ ၄င်းတို့ နှစ်ဦးသည် အနည်းဆုံး စမ်းသပ်ပျံသန်းမှု (test flight) လေးခုကို ပြုလုပ်ပြီးထားသူများ ဖြစ်ရမည်။ လွန်းပျံယာဉ်သည် payload capacity ကို ၂၂၇၀၀ ကီလိုဂရမ် (ပေါင် ၅၀၀၀၀) အထိ သယ်ဆောင်နိုင်ပြီး ပစ်လွှတ်မှု အစီအစဉ် (launch configuration) ပေါ်မူတည်၍ ထို့ထက်ပိုပြီး သယ်ဆောင်နိုင်သည်။ လွန်းပျံယာဉ်၏ အပေါ်ပိုင်းတွင် အလျားလိုက်ပါရှိသော ကြီးမားသည့် ကုန်ပစ္စည်းများထားရှိရန် နေရာသည် လက်ရှိ အာကာသယာဉ်များနှင့် မတူသော လွန်းပျံယာဉ်၏ အားသာချက်တစ်ခု ဖြစ်သည်။ အဆိုပါ နေရာသည် Hubble အာကာသ တယ်လီစကုပ် ကဲ့သို့သော ကြီးမားသည့် ဂြိုဟ်တုများကို သယ်ယူပို့ဆောင်ပေးနိုင်ပြီး ချို့ယွင်းနေသော ဂြိုဟ်တုများကို ဖမ်းယူ၍ ကမ္ဘာမြေပေါ် ပြန်လည်ပို့ဆောင်ပေးနိုင်သည်။

လွန်းပျံယာဉ်၏ mission များပြီးဆုံးသောအခါ orbit maneuvering system (OMS) တွန်းကန်အင်ဂျင်များကို အသုံးပြု၍ ပတ်လမ်းကို တဖြည်းဖြည်းနိမ့်ဆင်းကာ ကမ္ဘာ့လေထုအလွှာ အောက်ပိုင်းသို့ ပြန်လည် ၀င်ရောက်လာသည်။ အဆိုပါ ပြန်လည်ဝင်ရောက်ခြင်းဖြစ်စဉ်အတွင်း လွန်းပျံယာဉ်သည် လေထုအလွှာ အမျိုးမျိုးကို ဖြတ်သန်းခြင်းဖြင့် ၄င်း၏ hypersonic အရှိန်ကို aerobraking ပုံစံဖြင့် လျှော့ချသည်။ လေထုလွှာအောက်သို့ ရောက်ရှိ၍ မြေပြင်သို့ ဆင်းသက်သော အဆင့်များတွင် လွန်းပျံယာဉ်သညိ glider ကဲ့သို့ပင် လေဟုန်စီး၍ ဆင်းသက်သည်။ သို့သော် reaction control system (RCS) တွန်းကန်အင်ဂျင်များနှင့် fly-by wire စနစ်များက လွန်းပျံယာဉ်ပြန်လည်ဆင်းသက်ချိန်တွင် တိကျသော ပျံသန်းမှုပုံစံရရှိစေရန် ပြုလုပ်ပေးသည်။ ထို့ကြောင့် ပြန်လည်ဆင်းသက်ရာ၌ spaceplane ကဲ့သို့ပင် ရှည်လျားသော လေယာဉ်ပြေးလမ်း လိုအပ်သည်။ လွန်းပျံယာဉ်၏ aerodynamic ပုံစံသည် လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်ရာ၌ ဖြစ်ပေါ်လာသော အရှိန်နှင့် ဖိအားများကွဲပြားမှု ၊ hypersonic အရှိန်ဖြင့် ပျံသန်းနိုင်မှု ၊ လေထုအတွင်း အသံထက်လျော့သော အမြန်နှုန်း (subsonic) ဖြင့် ပျံသန်းနိုင်မှု အစရှိသည့် အချက်များကို အခြေခံ၍ တည်ဆောက်ထားသည်။

လွန်းပျံယာဉ်၏ အစောပိုင်းနှစ်များ

အာကာသလွန်းပျံယာဉ်အား ပုံစံထုတ်လုပ်ခြင်းနှင့် တည်ဆောက်ခြင်းလုပ်ငန်းစဉ်တို့ကို ၁၉၇၀ ခုနှစ် အစောပိုင်းနှစ်များတွင် စတင်ခဲ့သော်လည်း Apollo program မပြုလုပ်မီ ၁၉၆၀ ခုနှစ်များကပင် စိတ်ကူးစိတ်သန်းရရှိခဲ့သည်။ အာကာသမှနေ၍ လေယာဉ်တစ်စင်ကဲ့သို့ မြေပြင်ပေါ်ကို ပြန်လည်ဆင်းသက်လာနိုင်သော အာကာသယာဉ်တစ်စီး တည်ဆောက်ရန် စိတ်ကူးအား National Advisory Committee for Aeronautics မှ ၁၉၅၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် aeronautic သုတေသနစမ်းသပ်မှု တစ်ခုဖြစ်သော X-15 လေယာဉ်ကို စတင်စမ်းသပ်စဉ်က ရရှိခဲ့သည်။

၁၉၅၈ ခုနှစ်တွင် X-15 လေယာဉ်၏ သဘောတရားကို အခြေခံ၍ X-series spaceplane များကို ဆက်လက် တည်ဆောက်ခဲ့သည်။ အာကာသယာဉ်မှုး အမ်းစထရောင်းသည် X-15 နှင့် X-20 လေယာဉ်များကို မောင်းနှင်ပျံသန်းရန် ရွေးချယ်ခံခဲ့ရသည်။ သို့သော X-20 လေယာဉ်သည် တည်ဆောက်သည့် အဆင့်သို့ မရောက်ရှိခဲ့ပေ။ နှစ်များစွာကြာပြီးနောက် ၁၉၆၆ ဇန်န၀ါရီလတွင် NASA မှ X-20 လေယာဉ်ပုံစံနှင့်တူသော HL-10 ဟုခေါ်သော လေယာဉ်တစ်မျိုးကို တည်ဆောက်ခဲ့သည်။ HL ၏အဓိပ္ပာယ်မှာ horizontal landing ဖြစ်သည်။

၁၉၆၀ ခုနှစ်များတွင် US လေတပ်သည် မျိုးဆက်သစ် အာကာသ သယ်ယူပို့ဆောင်ရေး စနစ်များကို သုတေသနပြုလုပ်ခြင်းအား အစဉ်တစိုက် လျှို့ဝှက်စွာ ပြုလုပ်ခဲ့သည်။ ထိုသို့ လျှို့ဝှက်စွာ ပြုလုပ်ခြင်းများတွင် ဈေနှုန်းသက်သာ၍ တစ်စိတ်တစ်ပိုင်းပြန်လည် အသုံးပြုနိုင်သော ပုံစံ (semi-reusable design) များလည်း ပါဝင်သည်။ US လေတပ်သည် ဈေးနှုန်းကြီးမားသော တစ်ခါသုံး ဒုံးပျံများ အသုံးပြုသည့် program များကို Class I ဟု သတ်မှတ်ပြီး တစ်စိတ်တစ်ပိုင်းပြန်လည် အသုံးပြုနိုင်သော ပုံစံများ အသုံးပြုသည့် program များကို Class II ဟုသတ်မှတ်၍ အပြည့်အ၀ပြန်လည်အသုံးချနိုင်သောပုံစံများ အသုံးပြုသည့် program များကို Class III ဟု ခွဲခြားသတ်မှတ်ခဲ့ကြသည်။ ၁၉၆၇ ခုနှစ်တွင် NASA ရုံးချုပ်၌ ကျင်းပခဲ့သော စာတမ်းဖတ်ပွဲတစ်ခုတွင် လူလိုက်ပါသော အာကာသယာဉ်ခရီးစဉ်များကို ပြုလုပ်ရန် ၄င်း ဋ္ဌာန၏ အုပ်ချုပ်ရေးမှုးဖြစ်သူ George Muller မှ ဒီဇိုင်းပုံစံများကို ရွေးချယ်လေ့လာမှု ပြုခဲ့သည်။ ထိုစာတမ်းဖတ်ပွဲသို့ လူပေါင်း ရှစ်ဆယ်ကျော်တက်ရောက်၍ များပြားသော ဒီဇိုင်းများကို ပြသခဲ့သည်။ ထိုဒီဇိုင်းများတွင် X-20 (Dyno-soar) ကဲ့သို့သော လေတပ်၏ အစောပိုင်း ဒီဇိုင်းများလည်း ပါဝင်သည်။

၁၉၆၈ ခုနှစ်တွင် NASA သည် Integrated Launch and Re-entry Vehicle (ILRV) ကို စတင်ပြုလုပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် အာကာသလွန်းပျံယာဉ် အဓိကအင်ဂျင် (Space Shuttle Main Engine) အတွက် ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။ Houston နှင့် Huntsville မြို့များရှိ NASA ၏ ရုံးများမှနေ၍ ILRV အားလေ့လာမှုများကို ပတ်လမ်းအတွင်းသို့ payload အား လွှတ်တင်ပြီး လေထုထဲသို့ ပြန်လည်ဝင်ရောက်ကာ ကမ္ဘာမြေပေါ်သို့ ပြန်လည်ဆင်းသက်သော အာကာသယာဉ်တစ်ခု ပြုလုပ်ရန် စီမံချက် (Request For Proposal – RFP) ကိုထုတ်ပြန်ကြေငြာခဲ့သည်။ ထိုစီမံချက်ကို ပြန်ကြားချက်အနေဖြင့် ကြီးမားသော တွန်းကန်ဒုံးပျံနှင့် သေးငယ်သော အာကာသယာဉ်တို့ ပါဝင်သည့် two-stage design တစ်ခုဖြစ်သော DC – 3 လွန်းပျံယာဉ်ကို တီထွင်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် သမ္မတ ရစ်ချက်နစ်ဆင်မှ အာကာသလွန်းပျံယာဉ်စီမံကိန်းကို တိုးတက်အောင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၇၃ ခုနှစ် သြဂုတ်လတွင် X-24B Spaceplane သည် ကမ္ဘာ့လေထုထဲသို့ ပြန်လည်ဝင်ရောက်၍ horizontal landing ကိုပြုလုပ်ခဲ့သည်။

လွန်းပျံယာဉ်များ

အာကာသလွန်းပျံယာဉ်ကို သက်တမ်းအားဖြင့် operation ပြုလုပ်သောအချိန် ၁၀ နှစ် (သို့မဟုတ်) လွှတ်တင်မှု အကြိမ် ၁၀၀ အထိ ဒီဇိုင်းပြုလုပ်ထားသည်။ နောက်ပိုင်းတွင် ထို့ထက်ပို၍ ကြာရှည်ခဲ့သည်။ လွန်းပျံယာဉ်ကို ဒီဇိုင်းပြုလုပ်ရာတွင် တာဝန်ရှိသော Maxime Faget သည် Mercury ၊ Gemini နှင့် Apollo အာကာသယာဉ်များ ဒီဇိုင်းဆွဲရာတွင် ပါဝင်ခဲ့သည်။ လွန်းပျံယာဉ်၏ အရွယ်အစားနှင့် ပုံသဏ္ဍာန်သည် ကြီးမားသော စီးပွားရေးဆိုင်ရာ ဂြိုဟ်တုများနှင့် စစ်ဖက်ဆိုင်ရာ လျှို့ဝှက်ဂြိုဟ်တုများကို ထည့်သွင်းနိုင်သည်။ ထို့ပြင် polar orbit များသို့ ပစ်လွှတ်မည့် အမေရိကန်လေတပ်၏ လျှို့ဝှက် mission များအတွက် လိုအပ်သော အကွာအဝေးကို အကျဉ်းချုံ၍ ပစ်လွှတ်နိုင်မည်ဖြစ်သည်။ တွန်းကန်ဒုံးပျံများနှင့် ပြန်လည်အသုံးမပြုနိုင်သော လောင်စာဆီကန်တို့အား ရွေးချယ်ခြင်းမှာ အရွယ်အစားကြီးမားသော ဂြိုဟ်တုများ ဖြန့်ကျက်ချထားနိုင်ရန် အတွက် ဟူသော ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ဆန္ဒကြောင့် ဖြစ်သည်။ ထို့ပြင် အာကာသခရီးစဉ်များတွင် ကုန်ကျစရိတ်သက်သာစေရန်အတွက် ပြန်လည်အသုံးပြုနိုင်သော အစိတ်အပိုင်းများ ပါဝင်သည့် အာကာသပို့ဆောင်ရေး စနစ်များကို ပြုလုပ်ရန် ဟူသော သမ္မတ နစ်ဆင်၏ ဆုံးဖြတ်ချက်ကြောင့်လည်း ဖြစ်သည်။

ပျံသန်းနိုင်သော အာကာသလွန်းပျံယာဉ် (၆)စီးကို ဆောက်လုပ်ခဲ့သည်။ ပထမဦးဆုံး အနေဖြင့် တည်ဆောက်ခဲ့သော Enterprise (OV – 101) လွန်းပျံယာဉ်ကို အာကာသအတွင်းသို့ လွှတ်တင်ခြင် မပြုခဲ့ဘဲ လေဟုန်စီးခြင်း (gliding) နှင့် မြေပြင်ပေါ်သို့ ဆင်းသက်ခြင်း (landing) တို့ကိုသာ စမ်းသပ်ခဲ့သည်။ တည်ဆောက်ခဲ့ပြီးသော လွန်းပျံယာဉ်များမှာ Challenger (OV – 099) ၊ Columbia (OV – 102) ၊ Discovery (OV – 103) ၊ Atlantis (OV – 104) နှင့် Endeavour (OV – 105) တို့ ဖြစ်သည်။ Enterprise လွန်းပျံယာဉ်ကို approach and landing test (ALT) program များတွင် အသုံးပြုပြီးနောက် အာကာသအတွင်း ပျံသန်းနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း Challenger လွန်းပျံယာဉ်အား structural test article (STA) – 099 ကို အဆင့်မြှင့်တင်ပေးခြင်းက ပို၍တွက်ခြေကိုက်ကြောင်း တွေ့ရှိခဲ့သည်။ Challenger လွန်းပျံယာဉ်သည် ၁၉၈၆ ခုနှစ်တွင် လွှတ်တင်ပြီး ၇၃ စက္ကန့်အကြာတွင် ပေါက်ကွဲပျက်စီးခဲ့သည်။ Challenger ၏ အစားထိုးအနေဖြင့် Endeavour အာကာသလွန်းပျံယာဉ်ကို အရန်စက်ပစ္စည်း အစိတ်အပိုင်းများဖြင့် တည်ဆောက်ခဲ့သည်။ Columbia လွန်းပျံယာဉ်သည် ၂၀၀၃ ခုနှစ်တွင် လေထုအတွင်း ပြန်လည်ဝင်ရောက်စဉ် ပေါက်ကွဲ ပျက်စီးခဲ့သည်။ (Challenger နှင့် Columbia လွန်းပျံယာဉ်များ ပျက်စီးခဲ့ပုံကို နောက်ပိုင်းတွင် ဆက်လက် တင်ပြပါမည်။) Endeavour လွန်းပျံယာဉ်တည်ဆောက်စရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ကုန်ကျခဲ့သည်။ အာကာသလွန်းပျံယာဉ် ခရီးစဉ်တစ်ခု လွှတ်တင်ခြင်းအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၄၅၀ သန်းဖြစ်သည်။

၂၀၀၈ ခုနှစ်အစောပိုင်းတွင် ပါမောက္ခ Roger A. Pielke, Jr. က အာကာသလွန်းပျံယာဉ် program သည် စုစုပေါင်း ဒေါ်လာ ၁၇၀ ဘီလီယံ ကုန်ကျနေပြီဟု ခန့်မှန်းခဲ့သည်။ ထို့ကြောင့် လွန်းပျံယာဉ် တစ်ခါပျံသန်းလျှင် ဒေါ်လာ ၁.၅ ဘီလီယံခန့် ပျမ်းမျှကုန်ကျနေသည်။

Space Transportation System

အမှန်စင်စစ် အာကာသလွန်းပျံယာဉ်ဟု ခေါ်ဆိုခြင်းသည် အဓိပ္ပာယ် မဆီလျော်ပေ။ ၄င်း၏ အမည်မှန်မှာ အာကာသ သယ်ယူပို့ဆောင်ရေးစနစ် ဟူ၍ ဖြစ်သည်။ ထိုစနစ်တွင် ပတ်လမ်းအတွင်း လှည့်ပတ်သည့် ယာဉ် (orbiter) ၊ ပြင်ပလောင်စာဆီကန် (external tank) နှင့် လောင်စာခဲသုံး တွန်းကန်ဒုံးပျံ နှစ်ခု (solid rocket booster) တို့ ပါဝင်သည်။ အဆိုပါ ပစ္စည်းများ အားလုံး စုပေါင်းတပ်ဆင်ထားခြင်းကို “stack” ဟု ခေါ်ဆိုသည်။ ၄င်း ပစ္စည်းများကို Apollo Saturn V ဒုံးပျံတပ်ဆင်ရန် တည်ဆောက်ခဲ့သော vehicle assembly building ထဲတွင် တပ်ဆင်သည်။ ၄င်းပစ္စည်းများထဲမှ ပထမဦးဆုံးအနေဖြင့် ပတ်လမ်းအတွင်း လှည့်ပတ်သည့်ယာဉ် (orbital vehicle) အကြောင်းကို ဆက်လက် တင်ပြမည် ဖြစ်သည်။

Orbital Vehicle (ပတ်လမ်းအတွင်း လှည့်ပတ်သည့်ယာဉ်)

ပတ်လမ်းအတွင်း လှည့်ပတ်သည့်ယာဉ်သည် သမားရိုးကျ လေယာဉ်ပျံတစ်စင်းနှင့် ဆင်တူသည်။ ၄င်းသည် တြိဂံပုံစံတောင်ပံများ (delta wings) ကို အသုံးပြုထားပြီး အတွင်းဖက် တောင်ပံဦးစွန်းသည် ၈၁ ဒီဂရီရှိ၍ အပြင်ဖက်တောင်ပံဦးစွန်းသည် ၄၅ ဒီဂရီ ရှိသည်။ ၄င်း၏ ထောင်လိုက် ထိန်းမတ်ပေးသော တောင်ပံ (vertical stabilizer) ၏ ဦးစွန်းသည် ၅၀ ဒီဂရီ ရှိသည်။ Elevon လေးခုကို တောင်ပံ၏ အဖျားစွန်းပိုင်းတွင် တပ်ဆင်ထားသည်။ လေထုထဲသို့ ပြန်လည်ဝင်ရောက်ပြီး မြေပြင်သို့ဆင်းသက်ခြင်းတွင် ပြုလုပ်ရန် အသုံးပြုသော rudder/speed brake ကို stabilizer ၏ အမြီးစွန်းပိုင်းတွင် တပ်ဆင်ထားသည်။

ယာဉ်၏ကြီးမားသော ကုန်ပစ္စည်းထားရာ အခန်းသည် အလျား ပေ ၆၀ (၁၈ မီတာ) ၊ အနံ ၁၅ ပေ (၄.၆ မီတာ) ရှိ၍ ယာဉ်ပျံကိုယ်ထည်၏ နေရာ အများအပြားကို ရယူထားသည်။ ယာဉ်ပျံကိုယ်ထည် အပေါ်ပိုင်းရှိ ကုန်ပစ္စည်းထားရာ အခန်းကို အချိုးညီသော တံခါးနှစ်ချပ်ဖြင့် ဖုံးအုပ်ထားသည်။ ထို တံခါးနှစ်ချပ်သည် အခန်း၏ တစ်ဖက်တစ်ချက်တွင် ပတ္တာကဲ့သို့ ချိတ်ဆွဲထားသည်။ Payload များကို ယာဉ်၏ ကုန်ပစ္စည်းထားရာ အခန်းထဲသို့ အလျားလိုက်ထည့်သွင်းသည်။ ပစ်လွှတ်စင်ပေါ်တွင် ယာဉ်ကို ထောင်လိုက် ထားရှိ၍ အာကာသထဲသို့ ရောက်ရှိပြီး ဆွဲငင်အားမဲ့ အခြေအနေရောက်လျှင် payload ကို ယာဉ်ပေါ်တွင် ပါရှိသည့် အာကာသယာဉ်မှုးမှ ထိန်းချုပ်သော စက်ရုပ်လက်တံ (robotic remote manipulator arm) ဖြင့် ထောင်လိုက် လွှတ်ထုတ်သည်။ ထို့ပြင် အာကာသယာဉ်မှုး၏ အကူအညီဖြင့် လွှတ်တင်ခြင်း (Extra-Vehicular Activity – EVA) (သို့မဟုတ်) payload ၏ ကိုယ်ပိုင် ပါဝါဖြင့် လွှတ်ထုတ်ခြင်းတို့ကို ပြုလုပ်သည်။ (ဂြိုဟ်တုများအတွက်မူ ဒုံးပျံ၏ နောက်ဆုံးအဆင့် (upper stage) ဖြင့် တွဲဖက်လွှတ်ထုတ်ခြင်းကို ပြုလုပ်သည်။)

လွန်းပျံယာဉ်၏ အဓိကအင်ဂျင် (Space Shuttle main engine) သုံးခုကို ယာဉ်၏ ပဲ့ပိုင်းတွင် သုံးပွင့်ဆိုင်အနေအထားဖြင့် တပ်ဆင်ထားသည်။ အဆိုပါ အင်ဂျင်သုံးခု၏ nozzle များသည် အထက်နှင့် အောက်သို့ ၁၀.၅ ဒီဂရီနှင့် ဘေးဖက်သို့ ၈.၅ ဒီဂရီလှည့်နိုင်သည်။ ထိုသို့လှည့်နိုင်ရန် ပြုလုပ်ထားခြင်းမှာ လွန်းပျံယာဉ်မြေပြင်မှ မြင့်တက်စဉ်အတွင်း ၄င်း၏ တွန်းကန်အားလမ်းကြောင်းကို ထိန်းညှိ၍ ပြောင်းလဲပေးနိုင်ရန် ဖြစ်သည်။ လွန်းပျံယာဉ်ကို အလူမီနီယံသတ္တုလောဟာ (aluminum alloy) ဖြင့် အဓိကတည်ဆောက်ထားပြီး အင်ဂျင်ကိုမူ တိုက်တေနီယမ်သတ္တုလောဟာ (titanium alloy) ဖြင့် အဓိကဆောက်လုပ်ထားသည်။

လွန်းပျံယာဉ်သည် လွှတ်တင်သော mission ကိုလိုက်၍ အပိုထပ်ထည့်ထားသော ပစ္စည်းများ (add-ons) ဖြင့် ပေါင်းစပ်ကာ အသုံးပြုနိုင်သည်။ ၄င်း ပစ္စည်းများမှာ ပတ်လမ်းအတွင်းရှိ ဓာတ်ခွဲခန်းများ (orbital laboratories – Spacelab, Spacehub) ၊ ပိုမိုဝေးလံသော ပတ်လမ်းများသို့ payload ကို ပို့ဆောင်ပေးနိုင်သော ဒုံးယာဉ်များ (Inertial Upper Stage, Payload Assist module) ၊ Extended Duration Orbiter ၊ Multi-Purpose Logistics Modules နှင့် Canadarm (RMS) တို့ဖြစ်သည်။

External Tank (ပြင်ပလောင်စာဆီကန်)

အာကာသလွန်းပျံယာဉ် ပြင်ပလောင်စာဆီကန်၏ အဓိက လုပ်ငန်းစဉ်မှာ လွန်းပျံယာဉ် အင်ဂျင်များကို အောက်စီဂျင်နှင့် ဟိုက်ဒရိုဂျင်လောင်စာတို့ ပေးပို့ခြင်း ဖြစ်သည်။ ထို့ပြင် ၄င်းသည် ပတ်လမ်းအတွင်း လှည့်ပတ်သည့် ယာဉ်နှင့် လောင်စာခဲသုံးတွန်းကန် ဒုံးပျံ နှစ်ခုတို့ ချိတ်ဆက်ရာ အဓိကကျောရိုး မဏ္ဍိုင် အဖြစ်လည်း အသုံးပြုသည်။ ပြင်ပလောင်စာဆီကန်သည် လွန်းပျံယာဉ်စနစ်အတွင်း တစ်ခုတည်းသော ပြန်လည်အသုံးမပြုသည့် အစိတ်အပိုင်းဖြစ်သည်။ ပြင်ပလောင်စာဆီကန်ကို အစဉ်အမြဲစွန့်ပစ်နေသော်လည်း ၄င်းကို ပတ်လမ်းအတွင်းသို့ ယူဆောင်၍ အာကာသစခန်းနှင့် တွဲဖက်ခြင်းဖြင့် ပြန်လည်အသုံးပြုနိုင်သည်။

Solid Rocket Booster(SRB)(လောင်စာခဲသုံး တွန်းကန်ဒုံးပျံများ)

လောင်စာခဲသုံးတွန်းကန်ဒုံးပျံတစ်ခုစီသည် ပစ်လွှတ်နေစဉ်အတွင်း တွန်းကန်အား 12.5 million newtons (2.8 million lbf) ထုတ်လုပ်သည်။ အဆိုပါ ပမာဏသည် ပစ်လွှတ်စဉ်အတွင်း လိုအပ်သည့် တွန်းကန်အား (thrust) ၏ ၈၃ ရာခိုင်နှုန်းရှိသည်။ SRB များကို ပစ်လွှတ်ပြီး နှစ်မိနစ်အကြာ အမြင့်ပေ ၁၅၀၀၀၀ (၄၆ ကီလိုမီတာ) သို့ ရောက်ရှိလျှင် ဖြုတ်ခွာခြင်းလုပ်ငန်းစဉ် (jettison operation) ကို ပြုလုပ်သည်။ ထို့နောက် SRB များသည် လေထီးဖြင့် အတ္တလန္တိတ် သမုဒ္ဒရာထဲသို့ ကျရောက်သွားမည် ဖြစ်သည်။ SRB များ၏ ကိုယ်ထည်ကို သံမဏိ (steel) ဖြင့် ပြုလုပ်ထားပြီး အထူအားဖြင့် လက်မ၀က် (13mm) ရှိသည်။ SRB များကိုအကြိမ်များစွာ ပြန်လည်အသုံးပြုနိုင်သည်။ STS – 1 မှစတင်၍ လွန်းပျံယာဉ် mission ပေါင်း ၄၈ ခုမှ စုဆောင်းထားသော SRB ကိုယ်ထည်များကို ၂၀၀၉ ခုနှစ်တွင် Ares I အာကာသလွှတ်တင်ရေးဒုံးပျံ၏ အင်ဂျင် စမ်းသပ်မှုတွင် အသုံးပြုခဲ့သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသစခန်းများ

ကမ္ဘာပေါ်ရှိ ဒုံးပျံလွှတ်တင်ရေးစခန်းများ၏ စုစုပေါင်းအရေအတွက်မှာ ၅၀ ကျော်ခန့်ရှိသည်။ ဒုံးပျံလွှတ်တင်ရေးစခန်းများသည် အာကာသအတွင်းသို့ ဂြိုဟ်တုများလွှတ်တင်ရန်အတွက် တည်ဆောက်ထားခြင်းဖြစ်သည်။ ၁၉၅၇ ခုနှစ်မှစတင်၍ ဂြိုဟ်တုပေါင်း ၅၀၀၀ ကျော်ကိုကမ္ဘာတစ်ဝန်းရှိ ဒုံးပျံလွှတ်တင်ရေးစခန်းများမှ လွှတ်တင်ခဲ့ကြသည်။ ကမ္ဘာပေါ်၌ ပစ်လွှတ်မှုအများဆုံးပြုလုပ်ခဲ့သော နာမည်ကျော်ကြားသည့် ဒုံးပျံလွှတ်တင်ရေးစခန်းများမှာ Cape Canaveral ၊ Vandenberg ၊ Baikonur ၊ Plesetsk ၊ Kourou ၊ Tanegashima ၊ Jiuquan ၊ Xichang နှင့် Sriharikota တို့ဖြစ်သည်။

Baikonur ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၄၅.၆ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၆၃.၄ ဒီဂရီ )

၁၉၅၇ ခုနှစ် အောက်တိုဘာလ ၄ ရက် နေ့တွင် ဆိုဗီယက်ပြည်ထောင်စု၏ ပထမဦးဆုံးဂြိုဟ်တု Sputnik 1 ကို Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းမှ R 7 ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့သည်။ Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းသည် ရုရှားနိုင်ငံ၏ အရေးပါဆုံးသော စခန်းတစ်ခုဖြစ်ပြီး ၁၉၅၅ ခုနှစ်တွင်တည်ဆောက်ခဲ့၍ Baiknour မြို့၏ အနောက်တောင်ဖက် မိုင်၂၃၀ အကွာတွင် တည်ရှိသည်။ Baiknour ဒုံးပျံလွှတ်တင်ရေးစခန်းသည် ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သော ကာဇက်စတန်နိုင်ငံအတွင်း၌ တည်ရှိနေ၍ ယခုကာလတိုင် အသုံးပြုနေဆဲ လွှတ်တင်ရေးစခန်းတစ်ခုဖြစ်သည်။ အကြီးစားပစ်လွှတ်စင် ၉ ခုနှင့် ဒုံးပျံပစ်လွှတ်စင်ပေါင်း ၁၅ ခုကျော်ပါဝင်သည်။ ရုရှားနိုင်ငံ၏ လူလိုက်ပါသော အာကာသစီမံကိန်းများ၊ လသို့ပစ်လွှတ်သည့် စီမံကိန်းများနှင့် အခြားဂြိုဟ်များသို့ ပစ်လွှတ်သည့် အာကာသယာဉ်များကို အဆိုပါ လွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ အာကာသအတွင်းသို့ ပထမဦးဆုံးရောက်ရှိခဲ့သည် လူသားဖြစ်သော ယူရီဂါဂါရင် လိုက်ပါမောင်းနှင်သည့် ဗော့စတော့ အာကာသယာဉ်ကို အဆိုပါလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့သည်။

Cape Canaveral ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၂၈.၅ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၈၁ ဒီဂရီ )

အမေရိကန်ပြည်ထောင်စု၏ ထိပ်တန်းဒုံးပျံ လွှတ်တင်ရေးစခန်းတစ်ခုဖြစ်ပြီး အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါပြည်နယ်၌ တည်ရှိသည်။ စခန်းတွင် ကနေဒီအာကာသစင်တာနှင့် ဒုံးပျံလွှတ်တင်မှုများ လွန်းပျံယာဉ်များ ၊ ဂြိုဟ်တုများ၏ သွားလာမှုကို ထိန်းချုပ်သော mission control center တို့ပါရှိသည်။ ဧကလေးသောင်းကျော် ကျယ်ဝန်းပြီး အမေရိကန်နိုင်ငံ၏ ပထမဦးဆုံးဂြိုဟ်တုဖြစ်သည့် Explorer 1 ဂြိုဟ်တုနှင့် လပေါ်သို့လူသားများ ရောက်ရှိခဲ့သော ခရီးစဉ်ဖြစ်သည့် Apollo 11 အာကာသယာဉ်တို့ကို လွှတ်တင်ခဲ့သော စခန်းဖြစ်သည်။ ဒုံးပျံပစ်လွှတ်စင်ကြီး ( ၆ ) ခုအပါအ၀င် စုစုပေါင်း ဒုံးပျံပစ်လွှတ်စင် လေးဆယ်ကျော် တည်ရှိသည်။ ထိုစခန်းသည် အာကာသထိန်းချုပ်ရေးစခန်း ( ၃ )ခု ၏ ကွန်ယက်အောက်တွင် တည်ရှိပြီး အရှေ့ဘက်၌ ပင်လယ်ရှိခြင်းသည် အကောင်းဆုံးအားသာချက်ဖြစ်သည်။ သို့သော် အဆိုပါစခန်းမှနေ၍ ၀င်ရိုးစွန်းပတ်လမ်းသို့ ပစ်လွှတ်နိုင်ခြင်းမရှိပေ။

Vandanberg ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၄.၄ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၁၂၀.၃၅ ဒီဂရီ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ လွမ်ပတ်မြို့၏ မြောက်ဘက် ၁၂ မိုင်အကွာနှင့် လော့အိန်ဂျယ်လိစ် မြို့၏ အနောက်မြောက်ဘက် ၁၅၀ မိုင်အကွာ၌ တည်ရှိသည်။ အဆိုပါ ဒုံးပျံလွှတ်တင်ရေးစခန်းတွင် ပစ်လွှတ်စင်ပေါင်း ၅၀ ကျော် တည်ရှိပြီး စစ်ဖက်ဆိုင်ရာဂြိုဟ်တုများနှင့် ထောက်လှမ်းရေးဂြိုဟ်တုများကိုသာ သီးသန့်ပစ်လွှတ်နေသော လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။ ထို့ပြင် ၀င်ရိုးစွန်းပတ်လမ်းတွင် လှည့်ပတ်သည့် ဂြိုဟ်တုများကိုလည်း အဆိုပါပစ်လွှတ်ရေးစခန်းမှ လွှတ်တင်နေခြင်းဖြစ်သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အမေရိကန်အစိုးရ၏ တိုက်ချင်းပစ်ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်နေသော နေရာတစ်ခုလည်းဖြစ်သည်။

Kourou ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၅.၂ ဒီဂရီ ၊ အနောက်လောင်ဂျီတွဒ် ၅၂.၈ ဒီဂရီ )

၁၉၆၇ ခုနှစ်တွင် ဥရောပ အာကာသအေဂျင်စီမှ တောင်အမေရိကတိုက် ၊ ပြင်သစ်ဂီယာနာ နိုင်ငံ၌ ဒုံးပျံလွှတ်တင်ရေးစခန်းတစ်ခုကို တည်ဆောက်ခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အီကွေတာနှင့် နီးကပ်စွာတည်ရှိပြီး မည်သည့်ပတ်လမ်းကိုမဆို အလွယ်တကူ ပစ်လွှတ်နိုင်သောကြောင့် လက်ရှိပစ်လွှတ်ရေးစခန်းများအနက် အကောင်းဆုံးဟု ခေါ်ဆိုနိုင်သည်။ ၁၉၇၉ ခုနှစ် ၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဥရောပ အာကာသအေဂျင်စီ၏ ပထမဦးဆုံးဂြိုဟ်တု CAT ကို Ariane လွှတ်တင်ရေးဒုံးပျံဖြင့် ပစ်လွှတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ပစ်လွှတ်နိုင်ခြင်းကြောင့် ဥရောပအာကာသအေဂျင်စီကို အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော သတ္တမမြောက်အဖွဲ့အစည်းတစ်ခု ဖြစ်လာစေခဲ့သည်။

တရုတ်နိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းများ

၁၉၇၀ ခုနှစ် ဧပြီလ ၂၄ ရက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပထမဦးဆုံးဂြိုဟ်တုဖြစ်သော Mao -1 ဂြိုဟ်တုကို Long March 1 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်ခဲ့ပြီး ပဉ္စမမြောက်ဂြိုဟ်တုလွှတ်တင်နိုင်သော နိုင်ငံဖြစ်လာခဲ့သည်။

Jiuquan ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၄၀.၆ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၉၉.၉ ဒီဂရီ)

Jiuquan ဒုံးပျံလွှတ်တင်ရေးစခန်းသည် တရုတ်-မွန်ဂိုလီးယားနယ်စပ် ၊ ဂိုဘီ သဲကန္တာရအတွင်းရှိ ကျိုးကွမ်းမြို့၌ တည်ဆောက်ထားပြီး ဘေဂျင်းမြို့တော်မှ မိုင်တစ်ထောင်ခန့်ကွာဝေးသည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် တရုတ်နိုင်ငံ၏ ပထမဦးဆုံးဒုံးပျံပစ်လွှတ်ရေးစခန်း တစ်ခုဖြစ်ပြီး မီတာ ၅၀ မြင့်သော ပစ်လွှတ်စင်များကို တည်ဆောက်ထားသည်။ Long March ဒုံးပျံများဖြင့် လေထုတိုင်းတာရေး ဂြိုဟ်တုများနှင့် မိုးလေ၀သဂြိုဟ်တုများကို ပစ်လွှတ်နေသောစခန်းတစ်ခု ဖြစ်သည်။ ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အာကာသယာဉ်မှုး ယန်လီဝေ လိုက်ပါသော Shenzhou 5 အာကာသယာဉ်ကို Long March-2F ဒုံးပျံဖြင့် အဆိုပါပစ်လွှတ်ရေးစခန်းမှ လွှတ်တင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသည် အာကာသအတွင်းသို့ လူသား ပို့ဆောင်ပေးနိုင်သော တတိယမြောက်နိုင်ငံအဖြစ် ရောက်ရှိလာခဲ့သည်။

Xichang ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၂၈.၂၅ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၁၀၂ ဒီဂရီ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပစ်လွှတ်ရေးစခန်း ( ၃ ) ခုအနက် အကြီးဆုံးစခန်းတစ်ခု ဖြစ်သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အခြားစခန်းနှစ်ခုထက် ပိုမိုကောင်းမွန်သည့် တည်နေရာတွင် တည်ရှိနေသောကြောင့် ပတ်လမ်းအတွင်းသို့ ဂြိုဟ်တုကိုချောမောစွာ ပစ်လွှတ်နိုင်သည်။ ၇၆ မီတာမြင့်သော ပစ်လွှတ်စင်နှစ်ခု ပါဝင်၍ လက်ရှိတရုတ်နိုင်ငံ၏ Long March ဒုံးပျံများကို ပစ်လွှတ်နေသော နေရာတစ်ခုဖြစ်ပြီး ၁၉၈၄ ခုနှစ်၌ ပထမဦးဆုံးသော ဒုံးပျံကိုပစ်လွှတ်နိုင်ခဲ့သည်။ လူဦးရေထူထပ်သော နေရာများကို ဖြတ်သန်းပစ်လွှတ်ရခြင်းသည် အဆိုပါစခန်း၏ အကြီးမားဆုံး အားနည်းချက်ဖြစ်ပြီး ၁၉၉၆ ခုနှစ်၌ ပျက်ကျခဲ့သော Long March-3 ဒုံးပျံကြောင့် ၆ ယောက်သေဆုံးပြီး ၅၇ ယောက်ဒဏ်ရာ ရရှိခဲ့သည်။ ၁၉၉၅ ခုနှစ်တွင်လည်း Long March-2E ဒုံးပျံပေါက်ကွဲခဲ့သည့်အတွက် ၆ ယောက်သေဆုံး၍ ၂၃ ယောက်ဒဏ်ရာ ရရှိခဲ့သည်။

Taiyuan ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၇.၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၁၂.၆ ဒီဂရီ)

Taiyuan ဒုံးပျံလွှတ်တင်ရေးစခန်းသည် ၀ူဇီပြည်နယ်၌ တည်ရှိပြီး ထောက်လှမ်းရေးဂြိုဟ်တုနှင့် စောင့်ကြည့်လေ့လာရေးဂြိုဟ်တု များကဲ့သို့သော ၀င်ရိုးစွန်းပတ်လမ်းဂြိုဟ်တုများ ပစ်လွှတ်ရာတွင် အသုံးပြုသည့် လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။ ၁၉၉၀ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏ Iridium Constellation ဂြိုဟ်တုများကို ပစ်လွှတ်ခဲ့သော လွှတ်တင်ရေးစခန်းတစ်ခု ဖြစ်သည်။

Sriharikota Island ဒုံးပျံလွှတ်တင်ရေးစခန်း ( မြောက်လတ္တီတွဒ် ၁၃.၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၈၀.၄ ဒီဂရီ)

၁၉၈၀ ခုနှစ် ဇူလိုင်လ ၁၈ရက်နေ့တွင် အိန္ဒိယနိုင်ငံ၏ ပထမဦးဆုံးဂြိုဟ်တုကို Sriharikota ကျွန်းပေါ်ရှိ ဒုံးပျံလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ပြီး အာကာသထဲသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော အဌမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် အိန္ဒိယနိုင်ငံအရှေ့ပိုင်းကမ်းခြေရှိ မဒရပ်မြို့၏ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာ Sriharikota ကျွန်းပေါ်၌ တည်ရှိသည်။ ဒုံးပျံလွှတ်တင်ရေးစခန်းသည် ဧက ၁၄၅၀၀ ကျယ်ဝန်းပြီး သစ်တောများ ထူထပ်သောနေရာ ဖြစ်သည်။ မီတာ ၄၀ မြင့်သော ပစ်လွှတ်စင်တစ်ခုပါရှိပြီး တန် ၆၀၀ လေးသော ပစ်လွှတ်စင်တစ်ခုလည်း ပါရှိသည်။

ဂျပန်နိုင်ငံ၏ ဒုံးပျံလွှတ်တင်ရေးစခန်းများ

ကာဂိုရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၁.၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၃၁.၁ ဒီဂရီ)

၁၉၇၀ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိုဆုမိ ဟုအမည်ရသော ဂြိုဟ်တုကို Lumbda ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံည် အာကာသထဲသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော စတုတ္ထမြောက်နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ အဆိုပါ ပစ်လွှတ်ရေးစခန်းသည် ဂျပန်နိုင်ငံ ကျူရှုကျွန်းပေါ်တွင် တည်ရှိပြီး မူလက မိုးလေ၀သဂြိုဟ်တုများကို ပစ်လွှတ်ရန်ရည်ရွယ်ခဲ့ပြီး ယခုအချိန်တွင် အာကာသယာဉ်များကိုပါ ပစ်လွှတ်နိုင်ပြီ ဖြစ်သည်။ ဂျပန်နိုင်ငံ၏ ပထမဆုံးဂြိုဟ်တုခြောက်ခုကို ကာဂိုရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်းမှ ပစ်လွှတ်ခဲ့ပြီး ယခုအချိန်ထိဂြိုဟ်တုပေါင်း နှစ်ဒါဇင်ကျော်ကို ပစ်လွှတ်နိုင်ခဲ့ပြီး ဖြစ်သည်။

တန်ဂါရှီးမား ဒုံးပျံလွှတ်တင်ရေးစခန်း (မြောက်လတ္တီတွဒ် ၃၀.၄ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၁၃၁ ဒီဂရီ)

ဂျပန်အာကာသဖွံ့ဖြိုးရေးအေဂျင်စီ၏ ရုံးစိုက်ရာနေရာဖြစ်ပြီး တိုကျိုမြို့မှ မိုင်ပေါင်း ၆၅၀ ကွာဝေးသော တန်ဂါရှီးမားကျွန်းပေါ်၌ တည်ရှိသည်။ ထိုစခန်းမှ အဓိကအားဖြင့် လောင်စာခဲသုံးနှင့် လောင်စာရည်သုံး ဒုံးပျံများကို စမ်းသပ်ပစ်လွှတ်လျက်ရှိသည်။

အခြားဒုံးပျံလွှတ်တင်ရေးစခန်းများ

အထက်ပါ ဒုံးပျံလွှတ်တင်ရေးစခန်းများအပြင် ကမ္ဘာတစ်ဝန်း၌ အခြားပစ်လွှတ်ရေးစခန်းများလည်း တည်ရှိသည်။ ယင်းတို့အတွင်းမှ အချို့သည် နိုင်ငံပိုင်စခန်းများဖြစ်ပြီး အချို့သည် NASA နှင့် ဥရောပအာကာသ အေဂျင်စီ၏ စခန်းများဖြစ်သည်။ NASA ၏ Tran-Atlantic landing အတွက် စပိန်၊ ဆီနီဂေါနှင့် မော်ရိုကိုနိုင်ငံတို့တွင် စခန်း( ၃ )ခုတည်ဆောက်ထားသည်။ ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အစ္စရေးနိုင်ငံသည် အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော န၀မမြောက်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း အီရတ်နိုင်ငံသည် အာကာသအတွင်းသို့ ဂြိုဟ်တုပစ်လွှတ်နိုင်သော ဆယ်နိုင်ငံမြောက်နိုင်ငံဖြစ်လာသည်။ အီတလီနိုင်ငံ ၊ ဆမ်မာရီ ကျွန်းအနီး၌ရှိသော ပစ်လွှတ်ရေးစခန်းသည် ရေပြင်ပေါ်၌ တည်ဆောက်ထားသော ပစ်လွှတ်ရေးစခန်းတစ်ခု ဖြစ်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Solar Storm

ဂြိုဟ်တုတည်ရှိနေသော အာကာသပတ်ဝန်းကျင်၏ ဆိုးရွားပြင်းထန်ခြင်းများ

ဂြိုဟ်တုတည်ရှိနေသည့် အာကာသပတ်ဝန်းကျင် (space environment)သည် ဆိုးဝါးပြင်းထန်သော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့် အာကာသအမှိုက်များ အာကာသထဲမှာ ခန့်မှန်းရခက်ခဲစွာ မျောချင်ရာသို့အရှိန်အဟုန်ပြင်းစွာမျောပါနေသည့် လူသားတွေပြုလုပ်ထားသည့် အာကာသ အမှိုက်သရိုက်များ (space debris) ဖြစ်ပါသည်။ ယင်းအာကာသ၀တ္ထုများနှင့် ဂြိုဟ်တုနဲ့တိုက်မိတဲ့အခါ သို့မဟုတ် ဂြိုဟ်တုပေါ်က အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုခုကို ထိမှန်သွားတဲ့အခါတွင် ဂြိုဟ်တုတစ်ခုလုံး ပျက်စီးမှုကြီးများအထိ ဖြစ်ပေါ်စေနိုင်သည်။ ဂြိုဟ်တုတစ်ခု၏ အစိတ်အပိုင်း အသေးအမွှားကလေးများမှ ထိန်းချုပ်စနစ်မရှိတော့သည့် ပတ်လမ်းထဲတွင် လွှင့်မျောနေကြသော ဂြိုဟ်တုအဟောင်းများလည်း ပါဝင်သည်။ ၂၀၀၉ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အမေရိကန် ဆက်သွယ်ရေးဂြိုဟ်တု (Irridium) နှင့် ရုရှားဆက်သွယ်ရေး ဂြိုဟ်တုအပျက် (Kosmos) တို့ တိုက်မိကြသည့် ဖြစ်ရပ်ကဲ့သို့ တိုက်မိသည့် ဂြိုဟ်တုနှစ်ခုစလုံးပေါက်ကွဲပျက်စီးသွားတာမျိုးအထိလည်း ဖြစ်ခဲ့ဖူးပါသည်။

ဂြိုဟ်တုတစ်လုံးအသစ်တင်လိုက်တိုင်း ယင်းဂြိုဟ်တုကို ပစ်လွှတ်ပေးသည့်ဒုံးပျံ (launch vehicle) မှလည်းကောင်း၊ ဂြိုဟ်တုနှင့် ဒုံးပျံခွဲထုတ်ခြင်းအတွက် ထည့်သွင်းထားရသည့်စက်ပစ္စည်းများမှလည်းကောင်း၊ ကိရိယာအစိတ်အပိုင်းများကို အာကာသအတွင်းတွင်ချန်ထားခဲ့သည့်အတွက် ဖြစ်ပါသည်။ ထိုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် အာကာသထဲတွင် ၁၉၆၀ ခန့်မှစပြီး တစ်ကမ္ဘာလုံး ပစ်လွှတ်ခဲ့ကြသည့်ဂြိုဟ်တုများအပြင် ယင်းဂြိုဟ်တုများကို လွှတ်တင်ခဲ့သည့်အကြိမ်တိုင်း အာကာသထဲတွင်ချန်ထားခဲ့သည့် စွန့်ပစ်ပစ္စည်းများသည် အရေအတွက်အားဖြင့် သန်းဂဏန်းအထိရှိနေသောကြောင့် အာကာသတွင်းရှိ မည်သည့်ဂြိုဟ်တုကိုမဆို လာရောက်ထိမှန်နိုင်ခြေရှိနေသည်။ ထို့အပြင် အာကာသ အတွင်းသို့လွှတ်တင်ရန် ရည်ရွယ်ချက်နှင့်ပြုလုပ်ခဲ့ကြသည့်အတွက် ယင်းအမှိုက်သရိုက်များသည် ဂြိုဟ်တုနဲ့ယှဉ်လျင် အလွန်မာကျောသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အလွန်မာကျောပြီးအလွန်လျင်မြန်သော အမြန်နှုန်း (8 km/s) ဖြင့်ရွေ့လျားနေသော ယင်းပစ္စည်းအစအနများသည် ဂြိုဟ်တုကို ထိမှန်သည့်အခါတွင် ထိမှန်ခြင်းခံရသည့် အစိတ်အပိုင်းပေါ်ကိုလိုက်၍ ပျက်စီးမှုကြီးမားပါသည်။ အရေးအကြီးဆုံး အစိတ်အပိုင်းကိုထိမှန်ခဲ့မည်ဆိုပါက ဂြိုဟ်တု တစ်ခုလုံး သုံးမရတဲ့အထိ ဖြစ်သွားနိုင်ပါသည်။


နေမုန်တိုင်း နှင့် ၄င်း၏ ဖြစ်ပေါ်လာပုံ

နေမုန်တိုင်းဆိုသည်မှာ နေကိုလွှမ်းခြုံထားသောဓာတ်ငွေ့လွှာအတွင်းတွင် ဖြစ်ပေါ်တတ်သောပြင်းထန်သည့် ပေါက်ကွဲမှုတစ်မျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ နေမုန်တိုင်းများဖြစ်ပေါ်လာသည်မှာ နေ၏ပါဝင်ပစ္စည်းများကြောင့်ဖြစ်ပါသည်။ ဟိုက်ဒြိုဂျင်နှင့် ဟီလီယမ်ဓာတ်ငွေ့များဖြင့် အဓိကဖွဲ့စည်းထားသည့်နေသည် ယင်းဓာတ်ငွေ့နှစ်မျိုး လောင်ကျွမ်းခြင်းကြောင့်ဖြစ်ပေါ်လာသော ဘေးထွက်ပစ္စည်းအနေဖြင့် အပူစွမ်းအင်၊ အလင်းရောင်၊ ဓာတ်ဆောင်မှုန် (charged particles)၊ ဓာတ်ရောင်ခြည်ဖြာထွက်မှု (X-rays, Gamma rays, etc.) ထုတ်လွှတ်ပေးသည်။

ယင်းဘေးထွက်ပစ္စည်းများအနက်မှ ဒြပ်ထုမရှိသောဘေးထွက်ပစ္စည်းများဖြစ်ကြသည့် အလင်းရောင် ၊ဓာတ်ရောင်ခြည်၊ အပူစွမ်းအင်တို့သည် နေမှအချိန်ပြည့် ဖြာထွက်နေပြီး ဓာတ်ဆောင်မှုန်များမှာမူ နေအတွင်းပိုင်းတွင်သာ တည်ရှိပါသည်။ နေမုန်တိုင်းဆိုသည်မှာ ဒြပ်ထုရှိသော ဓာတ်ဆောင်မှုန်များ (charged particles) နေမှအရှိန်အဟုတ်ပြင်းစွာ လွင့်ကန်ထွက်လာခြင်းဖြစ်ပါသည်။ ယင်းသည်နေ၏ အတွင်းပိုင်း၌ရှိသော သံလိုက်စက်ကွင်း ကြောင့်ဖြစ်ပါသည်။

နေအတွင်း၌လှည့်ပတ်ရွေ့လျားနေသော ဓာတ်ဆောင်မှုန်တွေနှင့် အတူသံလိုက်စက်ကွင်းသည်လည်း လိုက်ပြောင်းနေပါသည်။ တစ်ချိန်တည်းမှာပင် နေ၏ corona အလွှာအတွင်းတွင်ရှိနေသည့် ဓာတ်ဆောင်မှုန်တွေဖြစ်ကြသော Proton နှင့် electron တို့သည်လည်း အလွန်မြင့်မားသော အပူချိန်ကြောင့် နေ၏ဆွဲအားမှ လွတ်ထွက်နိုင်သော စွမ်းအင်အရှိန် (escape velocity) ကိုရရှိနေကြသည်။ “သံလိုက်စက်ကွင်းများသည်ဓာတ်ဆောင်မှုန်များအား လမ်းကြောင်းပြောင်းနိုင်ကြသည်” (တွန်းနိုင်ဆွဲနိုင်ကြသည်) (Charged particles can be deflected by magnetic fields) ဆိုသည့်သဘောကြောင့် သံလိုက်စက်ကွင်းများတစ်နေရာရာမှာစုမိလာပြီး ပြင်းအားများ သွားသည့်အခါမျိုးတွင် ဓာတ်ဆောင်မှုန်များကိုနေအတွင်းမှ အပြင်ကိုတွန်းထုတ်နေသကဲ့သို့ ဖြစ်နေပါသည်။ ထိုအချိန်တွင် အဘက်ဘက်သို့ ဓာတ်ဆောင်မှုန်စီးကြောင်း (နေမုန်တိုင်း) ပေါ်ပေါက်တိုက်ခတ်လာခြင်းဖြစ်ပါသည်။ နေ၏အတွင်းပိုင်းတွင် စုမိသွားသော သံလိုက်စက်ကွင်းပြင်းအားအပေါ်ကို လိုက်ပြီးနေမုန်တိုင်းတွေ၏ အရွယ်အစားတွေကွာခြားကြပါသည်။

နေမှစတင်တိုက်ခတ်သည့်အချိန်၌ နေမုန်တိုင်း၏စွမ်းအင်ထုတ်လွှတ်မှုသည် 6*1025 Joules မျှရှိသည်။ အဆိုပါပမာဏသည် နေမှတစ်စက္ကန့်မှာထုတ်လွှတ်နေသည့် စွမ်းအင်စုစုပေါင်းရဲ့ ခြောက်ပုံတစ်ပုံမျှရှိသော ပမာဏဖြစ်သည်။ ထို့ကြောင့်နေမုန်တိုင်းက သယ်ဆောင်လာသောစွမ်းအင်သည် အလွန်မြင့်မားပြင်းထန်သည်။ ကမ္ဘာ့ ပတ်လမ်းသို့နေမုန်တိုင်းရောက်ရှိချိန်၌ တိုက်ခတ်နှုန်းသည် တစ်စက္ကန့်လျှင် 185435 မိုင်မျှရှိပြီး ဓာတ်ဆောင်မှုန် အရေအတွက်သည်လည်း တစ်ကုဗစင်တီမီတာတိုင်းတွင် တစ်မှုန် မှ ဆယ်မှုန် အထိ ပါရှိနေသည်။ နေမုန်တိုင်း တိုက်ခတ်နှုန်း (velocity)၊ ဓာတ်ဆောင်မှုန်သိပ်သည်းဆ (charged particle density) နှင့် တိုက်ခတ်သော အကြိမ်ရေတို့သည် sunspot activity ပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။ နေမုန်တိုင်းက သယ်ဆောင်လာသောစွမ်းအင် စုစုပေါင်းပမာဏသည် နေမုန်တိုင်းတိုက်ခတ်သောအကြိမ်ရေနှင့် ပြောင်းပြန် အချိုးကျသည်။ ဆိုလိုသည်မှာ နေမုန်တိုင်းငယ်များသည် နေမုန်တိုင်းကြီးများထက်ပိုမိုတိုက်ခတ်နိုင်သည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒုံးပျံပစ်လွှတ်ရေးစခန်းများ

ဂြိုဟ်တုအား အာကာသအတွင်းသို့ပို့ဆောင်ပေးရန် ဒုံးပျံများလိုအပ်သလို ထိုဒုံးပျံများကိုပစ်လွှတ်ပေးမည့်နေရာ ( Launch site ) သည်လည်းလိုအပ်လာသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဒုံးပျံပစ်လွှတ်ရေးစခန်းအများဆုံးရှိသော နိုင်ငံဖြစ်၍ တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ၊ ရုရှားနိုင်ငံသည် တတိယ အများဆုံးအဖြစ်တည်ရှိသည်။ ကမ္ဘာနိုင်ငံအသီးသီးရှိ ဒုံးပျံပစ်လွှတ်ရေးစခန်းများကို အောက်တွင်တစ်စုတစ်စည်းတည်း ဖော်ပြထားပါသည်။

Australia

Woomera (Wo)

Brazil

Alcantara (Al)
Barreira do Inferno (BdI)

Canada

Fort Churchill (FC)

China

Hainan (Hai)
Jiquan (Jq)
Tai Yuan (TY)
Xichang (Xi)

France

Biscarosse (Bis)
Hamaguir (Ha)
Kourou (Ko)

India

Sriharikota (Sr)
Thumba (Th)

International

Sea Launch Platform (SL)

Iraq

Al Anbar (AA)

Israel

Palmachim (Pa)

Italy

Salto di Quirra (SdQ)
San Marco Platform (SM)

Japan

Kagoshima (Ka)
Tanegashima (Ta)

Norway

Andoya (An)

North Korea

Musudan Ri (Mu)

South Africa

Overberg (Ov)

Spain

Gando (Ga)

Sweden

ESRANGE (Es)
Kronogard (Kro)

UK

Aberporth (Ab)

USA

Aur Atoll, Bigen Island (AUR)
Cape Canaveral (CC)
Edwards AFB (Ed)
Eglin AFB (Eg)
Fort Wingate (FW)
Green River (GR)
Holloman (Ho)
Johnston Island (JI)
Kauai (Ku)
Kodiak (Kd)
Kwajalein (Kw)
Matagorda (Ma)
Meck Island (Me)
Nevada Test Site (NTS)
Point Mugu (PM)
Poker Flat (PF)
Roi Namur (RN)
San Clemente Island (SC)
Tonopah (To)
Vandenberg (Va)
Wallops Island (WI)
White Sands (WS)

USSR / Russia

Baikonur / Tyuratam (TB)
Kapustin Yar (KY)
Plesetsk (Pl)
Svobodny (Sv)

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...