Powered by Blogger.
RSS
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

အာကာသဖုန်စုပ်စက် ဆွစ်ဇာလန်ပညာရှင်များ ဖန်တီးနေ

ဖုန်စုပ်စက်၏ သဘောတရားကိုအခြေခံပြီး အာကာသတွင်းရှိ ဂြိုဟ်တုပျက်အစိတ်အပိုင်းများ၊ ဒုံးပျံအစိတ်အပိုင်းများကို ရှင်းလင်းပစ်မည့် အာကာသဖုန်စုပ်စက်ဂြိုဟ်တုများကို တီထွင်နေကြောင်း ဆွစ်ဇာလန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဆွစ်ဇာလန် ထိပ်တန်းတက္ကသိုလ် Ecole Polytechnique Federale de Lausanne(EPFL)ရှိ ဆွစ်အာကာသစင်တာမှ ပညာရှင်များက အာကာသဖုန်စုပ်စက်အတွက် ဖြစ်နိုင်ခြေပုံစံနှစ်မျိုးကို စဉ်းစားနေခြင်းဖြစ်သည်။
အချင်း ၁၀ စင်တီမီတာ ထက်ကြီးသော အမှုန်အမွှား ၁၆၀၀၀ ကျော်နှင့် ယင်းထက်သေးသော အမှုန်အမွှား သန်းပေါင်းများစွာမှာ ကမ္ဘာကိုပတ်နေကြောင်း အာကာသစင်တာမှ ပါမောက္ခနှင့် အာကာသယာဉ်မှူးဖြစ်သူ ကလော်ဒီနီကိုလီယာ က သုံးသပ်သည်။

''မတူညီတဲ့ ဂြိုဟ်တုအမျိုးမျိုးကို ပတ်လမ်းထဲက ရှင်းပစ်ပေးနိုင်မဲ့ အသင့်သုံးလို့ရတဲ့စနစ်မျိုး ထုတ်လုပ်ပေးနိုင်ဖို့ ကျွန်တော်တို့က ၀န်ဆောင်မှုပေးမှာပါ။ အာကာသအေဂျင်စီတွေက (အာကာသအမှိုက်) ပြဿနာကို အဖြေရှာဖို့ ကြိုးပမ်းနေကြပါပြီ။ သူတို့ပို့လွှတ်မှုကဖြစ်တဲ့ အမှိုက်တွေသူတို့ ရှင်းရမှာပါ။အဲဒီနယ်ပယ်မှာ ကျွန်တော်တို့က စွန့်ဦးတီထွင်သွားမှာပါ'' ဟု အာကာသစင်တာမှ ဒါရိုက်တာဗော်လ်ကာ ဂတ်စ်ကဆိုသည်။

Ref: AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၀၀၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး နေမုန်တိုင်း ကမ္ဘာမြေသို့ ဝင်ရောက်ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှုမရှိနိုင်ဟု ပညာရှင်များ သုံးသပ်

၂၀၀၅ခုနှစ်နောက်ပိုင်းနေ၏အကြီးဆုံးရောင်စဉ်ဖြာမုန်တိုင်းသည် ကမ္ဘာမြေသို့ ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ဝင်ရောက်ခဲ့သော် မုန်တိုင်းကြောင့် ဝန်ရိုးစွန်းဒေသများရှိ ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်အချို့တွင် အနှောင့်အယှက်ဖြစ်နိုင်သော်လည်း ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှု မရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

နေ၏ ဗဟိုချက်အနီး လက်ယာဘက်စွန်းမှ နေမီးတန်းဖြာထွက်ခဲ့ခြင်းနှင့်အတူ စတင်ခဲ့ပြီး တစ်နာရီလျှင် မိုင် လေသန်းနှုန်းဖြင့် ဖြာထွက်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်၏ သက်ရောက်မှုမှာ ဇန်နဝါရီလ ၂၅ရက်နေ့အထိရှိနိုင်ပြီး အဆင့်ငါးဆင့် ခွဲခြားမှုတွင် အဆင့်သုံးဖြစ်သောအားကောင်းသော်လည်း မပြင်းထန်သည့်အဆင့်တွင်ရှိကြောင်းသိရသည်။

အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် မိုးလေဝသဌာန၊ အာကာသရာသီဥတုခန့်မှန်းရေးစင်တာ၏ ခန့်မှန်းချက်အရ ကမ္ဘာကို ပတ်နေသော် ဂြိုဟ်တုများတွင် တပ်ထားသော ကွန်ပျူတာများကို သက်ရောက်မှုရှိနိုင်ကြောင်းလည်း သိရသည်။ သို့ရာတွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများကို ထိခိုက်နိုင်ခြေလည်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ပေါ်ထွက်လာမည့် ရောင်စဉ်တန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် ဥရောပနှင့် အာရှိဒေသအချို့မှ မြင်တွေ့ရနိုင်ကြောင်း သိရသည်။

“ဒီဖြစ်စဉ်ကြောင့် ကြီးကြီးမားမားသက်ရောက်မှုရှိမယ် မထင်ပါဘူး။ ကားမောင်းရင်း ဂျီပီအက်စ်ကြည့်တာလောက်ကိုတော့ အနှောင့်အယှက်မဖြစ်ပါဘူး။ ဂျီပီအက်စ်ကို စင်တီမီတာနဲ့ အတိကျသုံးရတဲ့သူတွေအတွက်ပဲ နည်းနည်းလေးအခက်အခဲရှိမှာပါ” ဟု အာကာသရာသီဥတုခန့်မှန်းရေးစင်တာမှ ဒေါက်ဘီဆက်ကာက ပြောကြားခဲ့သည်။

Ref : Bi Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဇန်န၀ါရီလ ၁၆၊ ၁၈ ရက်နေ့များတွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ ကမ္ဘာကိုဗဟိုပြု၍ ဆွဲငင်မှုများ ဖြစ်ပေါ်မည်

ဇန်န၀ါရီလ ၁၆ ရက်နေ့နှင့် ၁၈ ရက်နေ့များတွင် ကြာသပတေးဂြိုဟ်နှင့် စနေဂြိုဟ်တို့ ကမ္ဘာအားဗဟိုပြုကာ တစ်ဖက်တစ်ချက်စီမှ ဆွဲငင်မှုများဖြစ်ပေါ်မည်ဟု သိရသည်။

ကမ္ဘာအား ဗဟိုထားကာ တစ် ဖက်တစ်ချက်စီမှ ဂြိုဟ်အချင်းချင်း ဆွဲငင်မှုများသည် ကမ္ဘာ၌ အင်အားကြီးငလျင်များ ဖြစ်ပေါ်နိုင်ပြီး ဇန်န၀ါရီလ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီ၊ ၅၁ မိနစ်၌ စနေဂြိုဟ်သည် ကမ္ဘာ့ဘေးဘက် ဂြိုဟ်ပတ် လမ်းကြောင်းကိုရောက်ကာ ကမ္ဘာနှင့် တစ်တန်းတည်း ကျရောက်သည့်အချိန်တွင် စနေဂြိုဟ်နှင့် လတို့လည်း ပူးယှဉ်မည်ဖြစ်သည်။

ကမ္ဘာတစ်ဖက် ခြမ်းရှိ ကြာသပတေးဂြိုဟ်ကလည်း ကမ္ဘာ့အားဆွဲငင်နေမည်ဖြစ်၍ လနှင့်စနေဂြိုဟ်ကလည်း ကမ္ဘာကို ဆွဲငင်မည်ဖြစ်သည်။ ယင်းဖြစ်စဉ်သည် အနောက်လောင်ဂျီတွဒ် ၁၅၂ဒီဂရီ၅၀ မိနစ်နှင့် တောင်လတ္တီတွဒ် ၀၈ ဒီဂရီ၊ ၄၉မိနစ်အတွင်း တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ ကယ်ရီဗာရီကျွန်းအနီး၌ ဖြစ်ပေါ်မည်ဟု သိရသည်။ ယင်းဖြစ်စဉ်နှင့် အလားတူ ဒုတိယဖြစ်စဉ်သည် ဇန်န၀ါရီလ ၁၈ ရက် နေ့၊ မြန်မာစံတော်ချိန် နံနက်၁၁ နာရီ၊ ၈မိနစ်၌ ဖြစ်ပေါ်မည်ဖြစ်သည်။

သဘာဝဘေးအန္တရာယ် အကျိုးသက်ရောက်မှုအနေဖြင့်လည်း ဖြစ်စဉ်ဖြစ်ပေါ်မည့်ကာလအတွင်း ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တောင်အမေရိကတိုက်နိုင်ငံအချို့နှင့် သြစတြေးလျနိုင်ငံတို့တွင် ငလျင်ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံကိုမူ အကျိုးသက်ရောက်မှု မရှိနိုင်ကြောင်း သိရှိရပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂ဝ၁၂ ခုနှစ်အတွင်း ဂလက်ဆီ၏ ဗဟိုကို ကမ္ဘာ ဖြတ်မည်ဆိုသည့် ကိစ္စ


အချိန်အားဖြင့် ၁၂နှစ်တာမျှ ခြားနားခဲ့သော်လည်း ၂ဝဝဝ ပြည့် နှစ်နှင့် ၂ဝ၁၂ ခုနှစ်တို့တွင် တူညီသော အချက်တစ်ခု ရှိနေသည်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီ တစ်နှစ်ခန့် ကတည်းက ယင်းနှစ်ရောက်လျှင် ကမ္ဘာပေါ်တွင် ဘာဖြစ်မည် ညာဖြစ်မည်နှင့် အုတ်အော်သောင်းနင်း ဖြစ်ခဲ့ကြသကဲ့သို့ ၂ဝ၁၂ခုနှစ် မရောက်မီကပင် အင်တာနက် အပါအဝင် မီဒီယာများကို သုံး၍ လူတချို့က ထုတ်လွှင့်လိုက်သော ကမ္ဘာပျက် ကိန်းများစွာ ပေါ်ထွက်ခဲ့သည်။

ယင်းကမ္ဘာပျက်ကိန်းများကို အခြေခံ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ရုပ်ရှင် ဗီဒီယိုများအပြင် အင်္ဂလိပ် ဘာသာဖြင့် စာအုပ် ၁၇ဝခန့် ထုတ်ဝေခဲ့သည်ဟု သိရသည်။ မြန်မာနိုင် ငံတွင်လည်း ၂ဝ၁၂ကမ္ဘာပျက် ကိန်းကောလာဟလနှင့် ပတ်သက်သော ဆောင်းပါးအများအပြားနှင့် စာအုပ်အချို့ ထွက်ပေါ်ခဲ့သည်။ အဆိုပါ လုပ်ကြံပြောဆိုမှုများသည် အခြေအမြစ် ကင်းမဲ့သဖြင့် အခြားသော ကောလာဟလများ နည်းတူ အချိန်ကြာသည်နှင့်အမျှ မှေးမှိန်လာနေသော်လည်း ယင်း ကိစ္စရပ်သည် အလွယ်နှင့် မပျောက်ပျက် သေးဟု သိရသည်။ ယင်းမှာ ၂ဝ၁၂ ခုနှစ်အတွင်းတွင် ကမ္ဘာအပါ အဝင် နေအဖွဲ့အစည်းတစ်ခုလုံးသည် ဂလက်ဆီ၏ ဗဟိုကို ဖြတ် မည်ဆိုသည့်ကိစ္စ ဖြစ်သည်။ အဆိုပါ ပြောဆိုချက် ယုတ္တိတန် မတန်ကို စိစစ်ရာ၌ နေအဖွဲ့ အစည်း၊ ဂလက်ဆီစသည့် ဝေါဟာ ရများကို ဦးစွာဆွေးနွေးရန် လိုအပ်သည်။ နေနှင့် ကမ္ဘာအပါအဝင် ဂြိုဟ်ရှစ်လုံး၊ ဂြိုဟ်ငယ်ဂြိုဟ်သိမ် ဥက္ကာခဲနှင့် လများစသည်တို့ ပါဝင် သော အစုအဝေးကို နေအဖွဲ့အ စည်း (Solar System) ဟုခေါ်သည်။ နေသည် ကြယ်တစ်လုံး ဖြစ်ပြီး ကမ္ဘာ ပါဝင်သော နေအဖွဲ့ အစည်းနှင့်အလားတူ အခြား နေ သို့မဟုတ် ကြယ်အဖွဲ့အစည်းပေါင်း များစွာတို့သည် အုပ်စုများဖွဲ့၍ တည်ရှိရာ အုပ်စုတစ်စုစီကို ကြယ်စု သို့မဟုတ် ဂလက်ဆီ (Galaxy) ဟု ခေါ်သည်။ ကမ္ဘာပါဝင်သော နေအဖွဲ့အစည်းရှိသည့် ကြယ်စုကို မစ်လ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy)ဟု အမည်ပေးထားသည်။ မရေမတွက်နိုင်သော ဂလက်ဆီပေါင်း များစွာတို့သည် စကြဝဠာ (Universe) ထဲ၌ အစဉ် ရွေ့လျား သွားလာနေကြသည်။

လသည် ကမ္ဘာကို လှည့်ပတ် နေပြီး လနှင့်ကမ္ဘာ စုံတွဲသည် အခြားဂြိုဟ်များနှင့်အတူ နေကို အတူတကွ လှည့်ပတ်နေသည်။ တစ်ဖန် ကမ္ဘာပါဝင်သော နေအဖွဲ့ အစည်း နှင့် မစ်လ်ကီးဝေးဂလက်ဆီ တွင်ပါဝင်သော အခြားကြယ်များ ဂြိုဟ်များသည် ဂလက်ဆီ၏ ဗဟို ချက်ကို လှည့်ပတ်နေကြသည်။ ကြယ်စုပေါင်း ကုဋေကုဋာ ပါဝင်သည့် မစ်လ်ကီးဝေးဂလက်ဆီ ကို အပေါ်မှ စီး၍ကြည့်လျှင် အဝန်း အဝိုင်းကြီးတစ်ခု ပုံသဏ္ဌာန်ရှိပြီး ဘေးမှ ကြည့်လျှင်မူ အလယ်တွင် အနည်းငယ်ဖောင်းကာ ဘေးနှုတ် ခမ်း တစ်လျှောက်တွင် ပါးလျားနေသဖြင့် မုန့်ဆီကြော်နှင့် တူသည်ဟု ဆိုနိုင် သည်။ မစ်လ်ကီးဝေးဂလက်ဆီ၏ ဗဟိုတွင် ပြင်းထန်သော ဓာတ်ရောင်ခြည်များ ထွက်ပေါ်နေ သည့် အပြင် တွင်းနက်ကြီးများ (Black Holes) ဟု ခေါ်သော အလွန်သိပ် သည်းသည့် ဒြပ်ထုအစု အဝေးကြီး များရှိသည်။ တွင်းနက်များ၏ ဒြပ်ထုသည် လေးလံလွန်း သဖြင့် ယင်း အနီးသို့ရောက်သော အရာဝတ္ထု အားလုံးသည် ဧရာမ သံလိုက်ကြီး ဖြင့် အဆွဲခံရသည့် သံတိုသံစများ ပမာ တွင်းနက်ကြီးများ၏ စုပ်ယူဝါး မျိုခြင်းကို ခံရ သည်။

ထို့ကြောင့် ကမ္ဘာသည် ဂလက်ဆီဗဟိုကို ဖြတ်ဖို့မဆိုထား နှင့် အနီးကပ်မိလျှင်ပင် တွင်းနက် ကြီးများ၏ စုပ်ယူဖျက်ဆီးခြင်းကို ခံရဖို့ရှိသည်။ ကမ္ဘာသည် ယခုအခါ ဂလက်ဆီဗဟိုမှအလင်းနှစ် ၂၅ဝဝဝ အကွာတွင်ရှိနေသည်။ နက္ခတ္တ ဗေဒဆိုင်ရာ အကွာအဝေး တိုင်းတာ ရေးယူနစ်ဖြစ်သည့် အလင်းနှစ်သည် အလင်းရောင် တစ်နှစ် အတွင်း ပေါက်ရောက်သည့် ခရီးတာကို ဖော်ပြသည်။ အလင်းနှစ် တစ်နှစ် လျှင် မိုင်ပေါင်း ၅၈၆၅၆၉၆ဝဝဝဝဝဝ ရှိရာ ကမ္ဘာပါဝင်သော နေအဖွဲ့ အစည်းနှင့် ဂလက်ဆီဗဟို တို့ကြား ခရီးတာမှာ ချရေးရန်ပင်မလွယ်လှ အောင် ကွာလှမ်းလှသည်။ ထို့အပြင် ကမ္ဘာပါသော နေ အဖွဲ့အစည်းသည် မစ်လ်ကီးဝေး ဂလက်ဆီအတွင်း သွားလာနေရာ၌ ဂလက်ဆီဗဟိုသို့ ဦးတည်နေခြင်း မဟုတ်ပေ။ ဗီဂါအမည်ရှိ ကြယ် တစ်လုံးရှိရာသို့ ဦးတည်နေသည်။ ထို့ကြောင့် ၂ဝ၁၂ ခုနှစ်တွင် ဂလက်ဆီဗဟိုကို ကမ္ဘာဖြတ်မည်ဆို ခြင်းသည် ယုတ္တိကင်းမဲ့လှသော ပြောဆိုချက်သာဖြစ်သည်။
အချို့က ကမ္ဘာသည် ဂလက် ဆီပြင်ညီကို ၂ဝ၁၂ ခုနှစ်တွင် ဖြတ်ရန်ရှိ၍ ယင်းသို့ ဖြတ်သည့် အခါ ဂလက်ဆီအတွင်းအခြားဂြိုဟ်၊ ဥက္ကာခဲစသည်တို့နှင့် တိုက်မိပျက်စီး နိုင်သည်ဟု ဆိုကြပြန်သည်။ မုန့်ဆီ ကြော်ပုံ မစ်လ်ကီးဝေးဂလက်ဆီကို စိတ်ကူးဖြင့် အပေါ်အောက်ထက်ခြမ်း ခွဲကြည့်လျှင် ပေါ်လာမည့် ပြင်ညီ ကို ဂလက်ဆီပြင်ညီ (Galactic Plane) ဟု ခေါ်သည်။ ဂလက်ဆီ ပြင်ညီတွင် ကြယ်များ ဂြိုဟ်များ သည် အခြားအပိုင်းများတွင်ထက် အရေအတွက် ပိုမိုများပြားစွာ ရှိနေ နိုင်သဖြင့် ကမ္ဘာပါ သော နေအဖွဲ့ အစည်းသည် ဂလက်ဆီပြင်ညီကို ဖြတ်သည့်အခါ အခြားအရာများနှင့် ပို၍ တိုက်မိနိုင်သည့် အလားအလာ ကို တွက်ချက်၍ အထက်ပါအတိုင်း ပြောကြ ခြင်း ဖြစ်သည်။

ကမ္ဘာသည် ဂလက်ဆီဗဟို ချက်ကို လှည့်ပတ်နေရင်းဂလက်ဆီ ပြင်ညီ၏ အပေါ်ပိုင်းသို့ တက်သွား လိုက်၊ ပြင်ညီကို ဖြတ်၍ အောက်ဘက်ဆင်းလိုက်၊ တစ်ဖန်ပြင်ညီ ကို ဖြတ်၍ အပေါ်ပြန်ရောက်လိုက် စသဖြင့် သွားလာနေသည်။ ထိုသို့ သွားနေရာ၌ ပြင်ညီကို ပျမ်းမျှ နှစ်ပေါင်း သန်း ၃ဝ ခန့်ကြာလျှင် တစ်ကြိမ်ဖြတ်သည်။ နက္ခတ္တ ပညာရှင်များ၏ လေ့လာ တွက်ချက်မှုများအရ ကမ္ဘာနှင့် နေအဖွဲ့အစည်းသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်သန်းခန့်က ပြင်ညီကို ဖြတ်ခဲ့ပြီး ယခုအခါ ပြင်ညီ အပေါ် ပိုင်းသို့ ဦးတည်၍ တက်လာနေကာ နောက်ထပ်နှစ်ပေါင်း ၁၄သန်း ကြာမျှ ပြင်ညီ၏ အပေါ်ပိုင်းသို့ ဆက်၍ တက်နေဦးမည်သာ ဖြစ် ကြောင်း သိရသည်။ ထို့ကြောင့် ဂလက်ဆီ ပြင်ညီသည် ၂ဝ၁၂ ခုနှစ် အတွင်း ကမ္ဘာဖြတ်မည်ဆိုခြင်းမှာလည်း လုံးဝအဓိပ္ပာယ်ကင်းမဲ့သော ပြောဆိုချက်သာလျှင် ဖြစ်ကြောင်း သိနိုင်ကြသည်။ ကမ္ဘာသည် ၂ဝ၁၂ ခုနှစ်တွင်လည်း ၂ဝဝဝ ပြည့်နှစ်က ကဲ့သို့ပင် မည်သည့်အန္တရာယ်ကိုမျှ ကြုံရန်မရှိဘဲ ပုံမှန်အတိုင်း ကုန်ဆုံးသွားမည်သာ ဖြစ်သည်။

Popular

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နမီးဘီးယားသို့ အာကာသမှကျလာသော အလုံးကြီးမှာ လူမဲ့အာကာသဒုံးယာဉ်၏ တွန်းကန်လောင်စာဘူးသာဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီ

b39_08

နမီးဘီးယားနိုင်ငံသို့ အာကာသတွင်းမှ အလုံးကြီးတစ်လုံးကျလာခဲ့ပြီး ဂြိုဟ်သားတို့နှင့် ဆက်စပ်နိုင်သည်ဆိုသော ကောလာဟလများ ပျံ့နှံ့ခဲ့သော်လည်း ယင်းအလုံးကြီးမှာ လူမဲ့အာကာသဒုံးယာဉ်မှ တွန်းကန် အင်ဂျင်၏ ဟိုက်ဒရာဇိုင်းလောင်စာ ဘူးသာဖြစ်ကြောင်း ယခုအခါဖော် ထုတ်နိုင်ခဲ့ပြီဟု သိရသည်။

၁၃ ပေါင်လေးပြီး ၁၄ လက်မရှိသော ဘောလုံးအသွင်အလုံးကြီးမှာနိုဝင်ဘာလလယ်ကတည်းက နမီးဘီးယားမြေပေါ် ကျဆင်းခဲ့ခြင်းဖြစ်သော်လည်း အာဏာပိုင်များက အန္တရာယ်ရှိမည်ကို စိုးရိမ်သောကြောင့် လျို့ဝှက်စစ်ဆေးနေခဲ့ပြီး နားမလည်သောအခါတွင်မှ အမေရိကန် အမျိုးသားအာကာသအေဂျင်စီကို လေ့လာပေးရန် အကူအညီတောင်းခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ပညာရှင်များက သုံးသပ်ခဲ့ကြပြီးနောက် ယင်းအလုံးကြီးသည် ဂြိုဟ်တုများ လွှတ်တင်ရာတွင်သုံးသည့် လူမဲ့အာကာသဒုံးယာဉ်မှ ၃၉ လီတာဝင် လောင်စာဘူးသာဖြစ်ကြောင်း သုံးသပ်ခဲ့ကြခြင်းဖြစ်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍နာဆာမှ တရားဝင်ထုတ်ပြန်မှု မပြုလုပ်သေး ပေ။

Ref: Daily Mail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်သားများ ရှိနေနိုင်ဆုံး ကမ္ဘာများ စာရင်းထွက်ပေါ်

တစ်ခြား ကမ္ဘာမှ သက်ရှိများဟု ခေါ်ဆို သည့် ဂြိုဟ်သားများ အသက်ရှင် နေထိုင်နိုင် သည့် ဂြိုဟ်ကမ္ဘာ များ ရှိနေနိုင်သည့် ဂြိုဟ်ကမ္ဘာများ စာရင်းကို သိပ္ပံပညာရှင်များမှ ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ ယင်းသို့သော ဂြိုဟ်များ စာရင်းတွင် စနေဂြိုဟ်၏ အရံလ ဖြစ်သော Titan နှင့် ထူးဆန်းသည့် ဂြိုဟ်တစ်လုံး ဖြစ်သည့် ကမ္ဘာနှင့် အလင်းနှစ် ၂၀.၅ နှစ်ကွာဝေးသည့် Libra တာရာ ကြယ်စု တွင်ရှိသော Gliese 581g တို့လည်း ပါဝင်ကြောင်း သိရသည်။

နိုင်ငံ တကာမှ သိပ္ပံပညာရှင်များ ပါဝင်သည့် အဆိုပါ အဖွဲ့မှာ ယခုလို သတ်မှတ်ရန်အတွက် သတ်မှတ်ချက် နည်းလမ်း ၂ မျိုးဖြင့် ဆန်းစစ် ပြခဲ့ခြင်းလည်း ဖြစ်သည်။ ယင်းသတ်မှတ်ချက် နှစ်မျိုးမှာ ကမ္ဘာနှင့် ပုံစံတူညီသည့် စံနှုန်း Earth Similarity Index (ESI) နှင့် ဂြိုဟ်နှင့် ပုံစံတူသည့် စံနှုန်း Planetary Habitability Index (PHI) တို့ဖြင့် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းသို့သော စံနှုန်း နှစ်ခုလုံးတွင် အင်္ဂါဂြိုဟ်မှာ နှစ်ခုလုံးတွင်ပါင်ပြီး ဂြိုဟ်သားများ ဖြစ်တည်နေနိုင်ချေ များပြားကြောင်းလည်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာကြီးကို ပူနွေးလာစေသည့်ဓာတ်ငွေ့များ ပိုမိုများပြားလာကြောင်း UN ပြောကြား



ကမ္ဘာကြီးပူနွေးစေသည့် ဓာတ်ငွေ့များစွန့်ပစ်မှုသည် ကမ္ဘာ့ကုလသမဂ္ဂ ရာသီဥတုကျွမ်းကျင်ပညာရှင်များ ခန့်မှန်းထားသည့်အခြေအနေထက် ပိုမိုများပြားလာကြောင်း အဆိုပါအဖွဲ့မှပြောကြားခဲ့သည်။ အင်ဒီးစ်၊ အလက်စကာနှင့် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းဒေသရှိ ရာသီဥတုစခန်းများမှ ကောက်ယူရရှိသည့်အချက်အလက်များအရ အိုဇုန်းလွှာကို အဓိကပျက်စီးစေသည့် CFC အစားထိုး ဓာတ်ငွေ့အပါအ၀င် ဖန်လုံအိမ်များမှထွက်ရှိသည့် ဓာတ်ငွေ့များသည် ပိုမိုများပြားလာခဲ့ပြီး ဓာတ်မြေသြဇာများမှစွန့်ပစ်လိုက်သည့် နိုက်ထရပ်အောက်ဆိုက်နှင့် ကာဗွန်ဓာတ်ငွေ့စွန့်ထုတ်မှုများမှာလည်း ပိုမိုများပြားလာခဲ့ ကြောင်းသိရသည်။ World Meteorological Organisation ၏အဆိုအရ လေထုထဲတွင် အပူချိန်လွန်ကဲမှုကိုဖြစ်ပေါ်စေသော ကာဗွန်ဒိုင်အောက်ဆိုက်စွန့်ပစ်မှုသည် ၃၉ ရာခိုင်နှုန်းရှိနေပြီဖြစ်ကာ ပို မိုများပြားလာနေကြောင်း WMO မှ Greenhouse Gas ကြေညာချက်တွင် ဖော်ပြထားသည်။ နိုက်ထရပ်အောက်ဆိုက်ဓာတ်ငွေ့စွန့်ပစ်မှု များပြားလာခြင်းအပေါ်တွင်လည်း ပိုမို၍အလေးထားလာကြပြီး ၁၉၉၀ မှ ၂၀၁၀ ခုနှစ်အတွင်း ရာသီဥတုစနစ်အပေါ် ထိရာက်စေသည့် ပူနွေးလာမှုသည် ၂၉ ရာခိုင်နှုန်းရှိလာကြောင်း ၎င်းဖော်ပြချက်တွင်ဆက်လက်ဖော်ပြပေးထားသည်။ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်အကြား ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့စွန့်ပစ်မှုမှာ ၁၉၉၀ ပြည့်နှစ်များကထက် ပိုမိုများပြားမြင့်တက်လာနေပြီဖြစ်ပြီး ကာဗွန်ဒိုင်အောက်ဆိုက်ပြီးလျှင် ဒုတိယအရေးကြီးဓာတ်ငွေ့ဖြစ်သော မီသိန်းစွန့်ပစ်မှုမှာလည်း ကမ္ဘာတစ်ဝန်းလုံးတွင် ၁၈ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။

ရေးသားသူ - ဟေမာ
Ref: DailyMail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စကြ၀ဠာပြန့်ကားမှုကို လေ့လာတွေ့ရှိခဲ့သူ ပညာရှင်သုံးဦး ရူပဗေဒနိုဗယ်ဆု ဆွတ်ခူး

b27_18

စကြ၀ဠာပြန့်ကားမှုသည် အရှိန်အဟုန်အဖြင့် ဖြစ်ပေါ်နေကြောင်း လေ့လာတွေ့ရှိမှုတွင် ပါဝင်ခဲ့သူပညာရှင်သုံးဦးသည် ယခုနှစ်အတွက် ရူပဗေဒ နိုဗယ်ဆုကို ဆွတ်ခူးသွားခဲ့ကြောင်း သိရသည်။

အမေရိကန်မှ ဆော်လ်ပါးလ်မက်တာ၊ အဒမ်ရိစ်နှင့် သြစတြေးလျမှ ဘရိုင်ယန်ရှမစ်တို့သည် ဆုကို ခွဲဝေရရှိကြမည်ဖြစ်သည်။ အရာဝတ္ထုများပိုမို ဝေးကွာလေလေ ပိုမိုလျင်မြန်စွာရွေ့ လျားလေလေဖြစ်သည့်ဖြစ်စဉ်ကို ဆုံးဖြတ်ပေးသော Type 1a ဆူပါနိုဗာ ဖြစ်စဉ်များကို လေ့လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏လေ့လာမှုများအရ စကြ၀ဠာသည် ပြန့်ကားနေရုံ သက်သက်မဟုတ်ဘဲ ဖြန့်ကျက်မှုသည် မနားမနေအရှိန် မြှင့်ပြန့်ကားနေခြင်းကို တွေ့ရှိခဲ့ရသည်။

ကာလီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေမှ ပါမောက္ခပါးလ်မက်တာက ဆုကြေးဆွီဒင်ခရိုနာ ၁၀ သန်း၏ တစ်ဝက်ကို ရရှိမည်ဖြစ်ပြီး သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ ပါမောက္ခရှမစ်နှင့် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် အာကာ သတယ်လီစကုပ် သိပ္ပံအင်စတီကျုမှ ပါမောက္ခရိစ်တို့က ကျန်တစ်ဝက်ကို ခွဲရမည်ဖြစ်သည်။

ပညာရှင်သုံးဦး၏ တွေ့ရှိမှုများသည် လက်ရှိနားလည်းထားသည့် စကြာဝဠာ မူလဖြစ်စဉ်၏ အခြေခံဖြစ်ခဲ့သော်လည်း ခက်ခဲသောမေးခွန်းများကိုလည်း ပေါ်ပေါက်စေခဲ့သည်။ ပြန့်ကားမှုဆက်လက်ဖြစ်ပေါ်နေ ခြင်းကို ရှင်းပြရန်အတွက် စကြ၀ဠာမူလ အစလေ့လာမှုပညာရှင်များက dark energy ဟုခေါ်သော စွမ်းအင်တစ်မျိုး ရှိသည်ဟု ယူဆထားကြသည်။ Dark Energy ၏သဘောသဘာဝမှာ အံ့ဖွယ်အခြေအနေတစ်ရပ်အဖြစ်သာ တည်ရှိနေသေးသော်လည်း ယင်းစွမ်အင်သည် စကြ၀ဠာလေးပုံသုံးပုံတွင် တည်ရှိနေကြောင်း သီအိုရီများက ဖော်ပြထားသည်။ ပါးလ်မက်တာသည် လေ့လာမှုကို ၁၉၈၈ ခုနှစ်ကတည်းက စတင်ခဲ့ပြီး ရှမစ်နှင့်ရိစ်တို့က ၁၉၉၄ ခုနှစ်တွင်မှ သီးခြားလေ့လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ရည်ရွယ်ချက်မှာ ကြယ်ဖြူပုဟု ထင်ရှားသော ထူထဲသိပ်သည်းမှုမြင့်သည့် ကြယ်အမျိုးအစားတစ်မျိုး၏ တောက်ပသော အဆုံးဖက်ခြမ်းဖြစ်သော ဝေးကွာသည့်နေရာမှ Type 1a ဆူပါနိုဗာ ဖြစ်စဉ်များကို တိုင်းတာရန် ဖြစ်သည်။ မူလကဝေးကွာသော ဆူပါနို ဗာများသည် နှေးကွေးလာပြီး စကြာဝဠာပြန့်ကားမှု ပြန်လည်ကျဆင်းလာမည်ဟု မျှော်လင့်ခဲ့သော်လည်း နှစ်ဖွဲ့စလုံးသည် ဆူပါနိုဗာများမှာစင်စစ်တွင် ဆက်လက်အရှိန်မြှင့်နေပြီး စကြ၀ဠာသည် အစဉ်တိုးချဲ့ပြန့်ကားနေကြောင်း အယူအဆကို မမျှော်လင့်ဘဲ ဖော်ထုတ်နိုင်ခဲ့ကြသည်။ တွေ့ရှိချက်များကို မရှေးမနှောင်းပင် အပြိုင်ထုတ်ပြန်နိုင်ခဲ့သောကြောင့် ပူးတွဲဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Ref;BBC

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသထဲက သံလိုက်အမြှုပ်များ

နေစကြ၀ဠာရဲ့ ပြင်ပဟာ ရှင်းလင်းချောမွေ့နေခြင်း မရှိဘဲ သံလိုက်ရေမြှုပ်ကြီးတွေနဲ့ ပြည့်နှက်နေတယ် ဆိုတာကို အာကာသထဲ ပျံသန်းနေတဲ့ Voyager ဂြိုဟ်တု ၂ လုံးက မကြာသေးခင်က ပေးပို့လိုက်တဲ့ အချက် အလက်တွေအရ သိရှိခဲ့ပါတယ်။ နေကဖြာထွက်နေတဲ့ သံလိုက်ဓာတ်တွေနဲ့ တခြား Galaxy ကြယ်စုတွေကနေ လွင့်စင်ထွက်လာနေတဲ့ သံလိုက်ဓာတ်တွေ ပေါင်းစပ်မိရာက ဒီ သံလိုက် ရေမြှုပ်ကြီးတွေ ဖြစ်ပေါ်လာတာလို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ကမ္ဘာ့ဆွဲအားရှိတဲ့ ကမ္ဘာပေါ်မှာ လူတွေ၊ ပစ္စည်းတွေ၊ ဒြပ်ဝတ္ထုတွေအားလုံး တည်ရှိနေကြတာပါ။ နေဟာလည်း ရုပ်ဝတ္ထုပစ္စည်းတခုဖြစ်တဲ့အတွက် သူ့မှာလည်း ဆွဲအားရှိပါတယ်။ အဲဒီလို နေစကြ၀ဠာအပြင် ဂြိုဟ်တွေ၊ လတွေ ရှိတဲ့နေရာတွေမှာ တခုနဲ့တခု ရုပ်ဝတ္ထုတွေရဲ့ ဆွဲငင်အားတွေကြောင့် သူ့နေရာနဲ့သူ တည်နေကြတယ် လို့ ဆိုပါတယ်။

စကြာဝဠာရဲ့ တချို့နေရာတွေမှာ ဒြပ်ဝတ္ထုတွေရဲ့ ဆွဲအားကြောင့်မဟုတ်ဘဲ သံလိုက်တွေရဲ့ ဆွဲငင်အား၊ သံလိုက်သတ္တိကြောင့် တနေရာနဲ့ တနေရာမှာ ရုပ်ဝတ္ထုတွေ တည်နေလို့ ရနိုင်တယ်၊ တည်လည်းတည်နေ ကြတယ်ဆိုတာကို အခု သိပ္ပံပညာရှင်တွေက ခန့်မှန်း ပြောဆိုလာနေကြပါပြီ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် SES-2 နှင့် Arabsat-5C ဂြိုဟ်တုတို့အား အောင်မြင်စွာလွှတ်တင်နိုင်ခဲ့

Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် SES-2 နှင့် Arabsat-5C ဂြိုဟ်တုတို့အား အောင်မြင်စွာလွှတ်တင်နိုင်ခဲ့
စက်တင်ဘာလ၊ ၂၁ရက်၊၂၀၁၁ ခုနှစ်

၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင် SES-2 ဂြိုဟ်တုနှင့် Arabsat-5C ဂြိုဟ်တုတို့အား ပြင်သစ်ဂီယာနာနိုင်ငံ ကိုရူးဒုံးပျံလွှတ်တင်ရေးစခန်းမှနေ၍ Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် GEO ( တည်ငြိမ်ပတ်လမ်း) သို့ အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်းသိရသည်။ ယင်းလွှတ်တင်မှုသည် Ariane အမျိုးအစား လွှတ်တင်ရေးယာဉ်များ၏ ၂၀၄ ကြိမ်မြောက်ပစ်လွှတ်မှုဖြစ်ပြီး အကြိမ် ၆၀ ပစ်လွှတ်ခဲ့သော Ariane 5 လွှတ်တင်ရေးယာဉ်၏ ၄၆ ကြိမ်မြောက် အောင်မြင်စွာလွှတ်တင်နိုင်ခြင်းလည်း ဖြစ်သည်။ Ariane 5 လွှတ်တင်ရေးယာဉ်သည် ဂြိုဟ်တုနှစ်လုံးအားသယ်ဆောင်၍ သတ်မှတ်နေရာအရောက်တွင် Arabsat-5C ဂြိုဟ်တုအား ဦးစွာခွဲထုတ်ခဲ့ပြီးနောက် ၈ မိနစ်အကြာတွင် SES-2 ဂြိုဟ်တုအား ခွဲထုတ်ပေးခဲ့သည်။

SES-2 ဂြိုဟ်တုအား ကနေဒါနိုင်ငံရှိ ဂြိုဟ်တုဝန်ဆောင်မှုဆောင်ရွက်သည့် SES ကုမ္ပဏီမှပိုင်ဆိုင်ပြီး မြောက်အမေရိကတိုက်အပေါ်ရှိ ဂြိုဟ်တုတည်နေရာ အနောက်လောင်ဂျီတွဒ် ၈၇ ဒီဂရီတွင်ထားရှိမည်ဖြစ်သည်။ Orbital Science မှထုတ်လုပ်သော GEOstar 2.4 bus ကိုအခြေခံထားသော SES-2 ဂြိုဟ်တုတွင် C-band transponder ၂၄လုံး နှင့် Ku-band transponder ၂၄ လုံးပါဝင်ပြီး အလေးချိန်အားဖြင့် ၃၁၅၂ ကီလိုဂရမ်ရှိမည်ဖြစ်သည်။ အမေရိကန်၊ ကနေဒါနှင့် ကာရစ်ဘီယမ်ဒေသများအား ဂြိုဟ်တုဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ထားသည်။ ယင်းဝန်ဆောင်မှုများအပြင် SES-2 ဂြိုဟ်တုတွင် အမေရိကန်လေတပ်၏ ဒုံးပျံအန္တရာယ်ကာကွယ်ရေး၌ အသုံးပြုမည့် Infrared Payload ( CHIRP) ကိုလည်း တင်ဆောင်ထားသည်။

ဆော်ဒီအာရေဗျနိုင်ငံရှိ Arabsat ဂြိုဟ်တုဝန်ဆောင်မှုကုမ္ပဏီက ပိုင်ဆိုင်သော Arabsat-5C ဂြိုဟ်တုအား အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများအား ရုပ်သံထုတ်လွှင့်ခြင်း၊ တယ်လီဖုန်းဆက်သွယ်ခြင်း၊ အင်တာနက် နှင့် VSAT ၀န်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ထားသည်။ Arabsat-5C ဂြိုဟ်တုသည် Astrium မှ ထုတ်လုပ်သော Eurostar E3000 Bus ကိုအသုံးပြုထားပြီး C-band နှင့် Ka-band transponder များတပ်ဆင်ထားကာ အလေးချိန်အားဖြင့် ၄၆၃၀ ကီလိုဂရမ်ရှိသည်။

http://groups.google.com/group/satellitestudygroup?hl=en

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့ ပထမဆုံး အာကာသဆိပ်ကို ၉ဝ ရာခိုင်နှုန်း တည်ဆောက် ပြီးစီး

Virgin ကုမ္ပဏီ၏ အာကာသယာဉ်များ ပျံတက်ရန် ကမ္ဘာ့ ပထမဆုံး ပုဂ္ဂလိက အာကာသဆိပ်ကို ၉ဝ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးပြီ ဖြစ်ကြောင်း စက်တင်ဘာလ ၆ ရက်နေ့ သတင်းများက ဖော်ပြသည်။ Virgin ကုမ္ပဏီ၏ ပထမဦးဆုံး အာကာသ ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ်တွင် စတင်မည် ဟု ဆိုသည်။ သူဌေးကြီး ဆာရစ်ချက် ဘရန်ဆန်၏ Virgin Galactic ကုမ္ပဏီသည် နယူး မက္ကဆီကို ပြည်နယ် လက်စ်ခရူဆေး ဒေသရှိ မြေ အကျယ် ၁၈ဝဝ ဧကတွင် အာကာသဆိပ်ကို တည်ဆောက်နေခြင်း ဖြစ်သည်။

တည်ဆောက်မှုမှာ ၉ဝ ရာခိုင်နှုန်း ပြီးစီး နေပြီ ဖြစ်ရာ အပြည့်အစုံ ပြီးစီးရန် အတွက် လ အနည်းငယ်သာ လိုတော့သည် ဟု ဆိုသည်။ အဆိုပါ ကုမ္ပဏီမှ ပြောရေးဆို ခွင့်ရ အမျိုးသမီးက ကုမ္ပဏီ၏ ပထမဆုံး အာကာသ ခရီးစဉ်ကို ၂ဝ၁၃ ခုနှစ်၏ ပထမ သုံးလပတ် အတွင်း စတင် နိုင်လိမ့်မည် ဟု ဆိုသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂျူပီတာဂြိုလ်ကို လေ့လာရန် ဂျူနို အာကာသယာဉ် လွှတ်တင်



Cape Canaveral က အာကာသယာဉ် လွှတ်တင်မှု

ဒေါ်လာ သန်းတထောင် အကုန်အကျခံပြီး Jupiter ကြာသပတေးဂြိုလ်လေ့လာရေး စီမံကိန်း စတင် ဆောင်ရွက်နေရာမှာ အမေရိကန် ပြည်ထောင်စု Florida ဖလော်ရီဒါ ပြည်နယ်က Cape Canaveral အာကာသစခန်း ကနေ Juno ဂျူနိုအမည်ရှိ နေရောင်ခြည် စွမ်းအင်သုံး လူမပါတဲ့ အာကာသယာဉ်ကို လွှတ်တင်လိုက်ပါပြီ။

အာကာသယာဉ်ရဲ့ ဓါတ်ငွေ့ ယိုစိမ့်နိုင်တဲ့ အနေအထားတွေကို အင်ဂျင်နီယာတွေက စစ်ဆေးနေတာကြောင့် သတ်မှတ်ထားတဲ့ အချိန် ထက် တနာရီ နောက်ကျပြီး လွှတ်တင်ခဲ့ ရပါတယ်။

နေစကြာသဌာ အတွင်း အကြီးဆုံးဖြစ်တဲ့ Jupiter ကြာသာပတေးဂြိုလ်ဆီရောက်ဖို့ ဂျူနို အာကာသယာဉ် ဟာ လမ်းခရီးမှာ ငါးနှစ်အချိန်ကြာမြင့် လိမ့်မယ်လို့ ဆိုပါတယ်။

ဒီဂြိုလ်ကို လေ့လာခြင်းအားဖြင့် ကမ္ဘာ အပါအဝင် တခြား ဂြိုလ်တွေအားလုံး ဘယ်လိုဖွဲ့စည်းနေသလဲ ဆိုတဲ့ နက်နဲတဲ့ အကြောင်းအရာတွေကို နားလည်နိုင်မှာ ဖြစ်တယ်လို့ စီမံကိန်းခေါင်းဆောင် သိပွံပညာရှင် Scott Bolton စကော့ ဘော်လ်တွန်က ပြောပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေပေါ် မှ မီးမုန်တိုင်း

နေမှ မီးလျှံလုံးကြီး ကို မြင်တွေ.ရပုံ

Power supplies, phone signals နဲ. flights တွေ ရပ်တန်.သွားစေနိုင်လောက်တဲ့ မီးလျှံကြီးတခု မနေ.ညက ဖြစ်ပေါ်ခဲ့ပါတယ် ။ နှစ်ပေါင်းများစွာအတွင်း အခုဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှု.သည် အရမ်းအံသြ စိတ်ဝင်စားစရာကောင်းတဲ့ နေမုန်တိုင်းက နေပေါ်ထွက်လာတာပါ ။ Nasa သတင်းအရ ကြည့်ရှု.နေသူတွေကို အရမ်းရင်သပ်ရှု.မော ဖြစ်စေခဲ့တယ်လို.ဆိုပါတယ် ။ သို.သော်လည်း အန္တရာယ်ဖြစ်စေနိုင်တဲ့ အကျိုးသက်ရောက်မှု.တွေအတွက် မနေ.က ည ရ နာရီ က စပြီး power grids နဲ. satellities များပျက်စီးစေနိုင်ကြောင်း သတိပေးကြေငြာခြင်းများ ၊ လေကြောင်းလိုင်းများ လမ်းကြောင်းလွှဲခြင်းများ ကို ပြုလုပ်ခဲ့ကြရပါတယ် ။

Nasa ကင်မရာများက နေကနေ မီးအလုံးကြီး ပေါက်ကွဲတဲ့ဖြစ်စဉ်ကို ရိုက်ကူးနိုင်ခဲ့ပါတယ် ။ Solar wind ပြင်းထန်မှု. ၊ minor radiation storm တို. စုပေါင်းဖြစ်ပေါ်နေတဲ့ ဒီ မီးလျှံအစုအဝေးကြီးဟာ တနင်္လာနေ.မနက် ၆နာရီ ၄၀ မှာ အမြင့်မားဆုံးကို ရောက်ရှိခဲ့တာပါ။ အမေရိကန် National Weather Service မှ Bill Murtagh ကဒီလိုပြောခဲ့ပါတယ် ဒီတခုက တော်တော့ကို ထူးဆန်းအံသြဖို.ကောင်းပါတယ် ။ ကျနော်တို. ကနဦးပိုင်း မီးလျှံလေးကို မြင်ခဲ့ပါတယ် အဲ့ဒီတုန်းက ဒီလောက်မကြီးပါဘူး နောက်တော့ အဲ့နောက်က ပေါက်ကွဲမှု.က ပါလာပါတယ် ။ ကျနော်တို. energy particle radiation စီးဝင်မှု.နဲ. မျက်နှာပြင်မှ ကြီးမားတဲ့မီးလျှံ ထုတ်လွှတ်မှု.တွေကို ရရှိခဲ့ပါတယ် ။ နေကနေပေါက်ကွဲထွက်လာတဲ့ အရာအားလုံးကို သင်တို.မြင်တွေ.နိုင်ပါတယ် ။ ဒါဟာ တော်တော် ရင်သပ်ရှု.မောစရာပါပဲ ။

Power grids တွေရပ်တန်.သွားစေခြင်းများ နဲ.အာရှတိုက် သို. အသွားအပြန် လေယာဉ်ခရီးစဉ်များ လမ်းကြောင်းပြောင်းလဲခြင်းများ ရှိကောင်းရှိခဲ့ပါလိမ့်မယ်လို. ပြောခဲ့ပါတယ် ။ အဲ့ဒီ့အပြင် satellites စီမံကွပ်ကဲနေသူများ အနေနဲ. ဒီအချက်ကို အထူး အာရုံစိုက်ကြရမယ်...geomagnetic storms က satellites တွေကို နည်းမျိုးစုံ နဲ. ဝင်ရောက်နှောင့်ယှက် နိုင်ပါတယ်လို. ထပ်မံပြောကြားခဲ့ပါတယ် ။ Nasa ကလည်း ဒီဖြစ်စဉ်ရဲ့ အကျိုးသက်ရောက်မှု.မှာ အတန်အသင့်ေ သးငယ်လိမ့်မယ် ဒါပေမယ့် ကမ္ဘာနဲ. နေ ကြားမှာရှိတဲ့ magnetic fields တွေ ကို ထိခိုက်ခြင်း ၊ ထူးခြားပြောင်းလဲခြင်းများရှိ မရှိကို စစ်ဆေးနေပါတယ်လို. ဆိုပါတယ် ။ The space agency က အဲ့ဒီ မီးလျှံကြီးဟာ နေ မျက်နှာပြင် တဝက်နီးပါး လွှမ်းခြုံထားတဲ့ အမှုန်လေးများရဲ့ တိမ်တိုက်ကြီး တခုကို ဖြစ်စေခဲ့တယ်လို. ပြောကြားထားပြန်ပါသေးတယ် ။

Simpleviews
Source : metro.co.uk

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဇွန်လ ၁၆ ရက်နေ့ လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်မည်၊ အခြေခံလူတန်းစားများ စားဝတ်နေရေး ပြေလည်မည့် နိမိတ်ဟု နက္ခတ်သိပ္ပံအဖွဲ့ ပြောကြား

သာမန်မျက်စိနှင့် မြင်နိုင်ပြီး အချိန် သုံးနာရီခန့် ကြာမြင့်မည့် လအပြည့်ကြတ်ခြင်းကို ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာပြည်သူများ မြင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့က ထုတ်ပြန် ကြေညာခဲ့သည်။ ယခုဖြစ်စဉ်သည် လာမည့် ဇွန်လ ၁၅ ရက်နေ့ည ဇွန်လ ၁၆ ရက်အကူး 00:56 am နာရီတွင် စတင် ဖြစ်ပေါ်မည် ဖြစ်ပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် 04:32 am အချိန်ထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

အရပ်အခေါ် လငပုပ်ဖမ်းခြင်း ဟုခေါ်သော လကြတ်ခြင်း (Lunar Eclipse) ဖြစ်စဉ်များ၌ ယခု ဖြစ်စဉ်သည် လအပြည့်ကြတ်ခြင်း (Total Lunar Eclipse) ဖြစ်ပြီး မြန်မာနိုင်ငံ၏ အနောက်ဘက် ကောင်းကင်တွင် ဇွန်လ ၁၆ ရက်နေ့ 00:56 am အချိန်လောက်မှ စတင်၍ မြင်နိုင်မည် ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့ CEO ဦးဇေယျာကိုက ပြည်တွင်းသတင်းထောက်များသို့ ပြောပြခဲ့ကြောင်း သိရသည်။



ဤကဲ့သို့ လအပြည့်ကြတ်ခြင်း ဖြစ်ပေါ်ရန် နှစ်အတန်ငယ် ကြာတတ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ၁၉၈၆ ခုနှစ် ဧပြီ ၂၄ နှင့် အောက်တိုဘာ ၁၈ ရက် တို့၌ ကြုံတွေ့ခဲ့ဖူးလေသည်။ ယခုလကြတ်ခြင်းတွင် နက္ခတ်ဗေဒင် သဘောအရ ရာဟုဂြိုဟ်မင်းသည် လက်၌ ကျော့ကွင်းကို ကိုင်ဆောင်ထားသည့် အတွက် လကြတ်ခြင်း သက်ရောက်မြင်တွေ့နိုင်သည့် မြန်မာ၊ အိန္ဒိယ၊ အီရန်၊ အီဂျစ် စသော နိုင်ငံများတွင် အခြေခံလူတန်းစားများ၏ စားဝတ်နေရေး တိုးတက် ပြေလည်စေသော နိမိတ်ဟု ကောက်ယူရမည် ဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁၆ ရက်နေ့ ပြီးလျှင် မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်အတွင်း၌ပင် ဒုတိယမြောက် လကြတ်ခြင်းကို ကြုံတွေ့ဦးမည် ဖြစ်ပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ ဖြစ်မည် ဖြစ်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့၏ တွက်ချက်မှုများ အရ သိရှိရသည်။

Source: MMDaily

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လနှင့် ဂြိုဟ်သုံးလုံး ရန်ကုန်မြို့ပေါ် ဖြတ်သန်းခြင်းကြောင့် ရေနံ သဘာဝဓာတ်ငွေ့ တွင်းသစ် တူးဖော်ရရှိနိုင်

၂၀၁၁ ခုနှစ်၊ မေလ ၃၀ ရက်တွင် တနင်္လာဂြိုဟ်၊ အင်္ဂါဂြိုဟ်၊ သောကြာဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်များ ရန်ကုန်မြို့ပေါ်က ဖြတ်သန်းသွားမည် ဖြစ်ခြင်းကြောင့် ရေနံ သဘာဝဓာတ်ငွေ့နှင့် ပတ်သတ်၍ တွင်းသစ် တူးဖော် ရရှိနိုင်ကြောင်း နက္ခတ်သိပ္ပံ အဖွဲ့မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ၁၈-၅-၂၀၁၁ ရက်တွင် ပြောသည်။ ထို့ပြင် လာမည့် မေလ ၂၉၊ ၃၀ နှင့် ၃၁ ရက်များတွင် လနှင့် အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ ကြာသပတေးဂြိုဟ်၊ သောကြာဂြိုဟ်များ နီးကပ်စွာ ရပ်တည်မည့် ကြုံတောင့်ကြုံခဲ အခွင့်အရေး တစ်ခုကို ကြည့်ရှုနိုင်ရန် ကမ္ဘာ့နက္ခတ် ပညာရှင်များက သတင်းထုတ်ပြန် ပေးထားကြောင်း သိရသည်။ ကောင်းကင်မှ ဂြိုဟ်များကို လွယ်လွယ်ကူကူ လေ့လာနိုင်ရန် ရည်ရွယ်၍ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသည့် နက္ခတ်တာရာ ထိပ်သီး အစည်းအဝေးတွင် နက္ခတ်ပညာရှင်များက သတင်း ထုတ်ပြန်ခဲ့သည်။

“ကျွန်တော်တို့ နက္ခတ်သိပ္ပံ အဖွဲ့က မေ ၁ ရက်ကစပြီး သတင်းထုတ်ပြန် ပေးခဲ့တာ။ အခုဖြစ်စဉ်မှာ မြန်မာနိုင်ငံအတွက် ထူးခြားတာ လနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ သောကြာဂြိုဟ် သုံးလုံးက ရန်ကုန်မြို့ပေါ်ကနေ ဖြတ်သန်းဖို့ ရှိတယ်။ မေ ၃၀ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၄၅ မိနစ်မှာ တနင်္လာဂြိုဟ်က ရန်ကုန်မြို့ပေါ်ကို ဖြတ်သန်းမယ်။ နံနက် ၁၀ နာရီ ၂၀ မိနစ်မှာ အင်္ဂါဂြိုဟ်၊ နံနက် ၁၀ နာရီ ၃၅ မိနစ်မှာ သောကြာဂြိုဟ်နဲ့ နံနက် ၁၁ နာရီိမှာ ဗုဒ္ဓဟူးဂြိုဟ် ဖြတ်သန်းဖို့ ရှိတယ်။ ဒီဖြစ်စဉ်က နှစ်အများကြီးကြာမှ ဖြစ်တတ်တယ်။ လနဲ့ ဂြိုဟ်သုံးလုံး ရန်ကုန်မြို့ပေါ်က ဖြတ်သန်းသွားတဲ့အတွက် မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း အောက်ဘက်ပိုင်းမှာ ရေနံ သဘာဝ ဓာတ်ငွေ့နဲ့ ပတ်သတ်ပြီး တွင်းအသစ် တူးဖော်ရရှိတာ၊ တူးဖော်ထားတဲ့ တွင်းတွေမှာ အထွက်နှုန်း ပိုမို ကောင်းမွန်လာတာ တွေ့ကြုံရမယ်” ဟု ၎င်းက ပြောသည်။

နက္ခတ်ပညာအရ တနင်္လာဂြိုဟ် လနှင့် အင်္ဂါ၊ ကြာသပတေး၊ ဗုဒ္ဓဟူး၊ သောကြာဂြိုဟ်များ ပူးသည့်အခါ ဂြိုဟ်များ၏ အင်အား ပိုပြီး တိုးတက်ဖြစ်ထွန်း ကောင်းမွန်သည် ဆိုသော ဥပဒေ ချမှတ် ပြဋ္ဌာန်းထားကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်ကို နက္ခတ်အခေါ်အားဖြင့် သမာဂမ ဖြစ်စဉ်ဟု ခေါ်ကြောင်း သိရသည်။ မေလ ၂၉ ရက်တွင် လနှင့် ကြာသပတေးဂြိုဟ် ပူးခြင်း ဖြစ်စဉ်သည် မြန်မာစံတော်ချိန် ည ၉ နာရီ ၀၂ မိနစ်တွင် ဖြစ်ပေါ်ပြီး မေ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၂ နာရီ ၃၄ မိနစ်တွင် လနှင့် အင်္ဂါဂြိုဟ်ပူးခြင်း၊ မေ ၃၁ ရက် မြန်မာစံတော်ချိန် နံနက် ၉ နာရီ ၃၃ မိနစ်တွင် လနှင့် သောကြာဂြိုဟ် ပူးခြင်း၊ မေ ၃၁ ရက် မြန်မာစံတော်ချိန် ည ၉ နာရီ ၄၄ မိနစ်တွင် လနှင့် ဗုဒ္ဓဟူးဂြိုဟ် ပူးခြင်း ဖြစ်ပေါ်မည်ဟု သိရသည်။

“လနဲ့ ဂြိုဟ်ပူးတဲ့ အနေအထားကြောင့် ဂြိုဟ်တွေပူးတဲ့ ကာလ မေ ၂၉ ရက်ကနေ ဇွန် ၃ ရက်အတွင်း ကမ္ဘာမှာ ငလျင် ဖြစ်ပေါ်နိုင်တယ်။ ဖြစ်စဉ်ဖြစ်နေတဲ့ အချိန်က အင်္ဂါဂြိုဟ်အနေနဲ့ ကမ္ဘာနဲ့ အဝေးဆုံး ရောက်နေတဲ့အတွက် ကြီးကြီးမားမား မဖြစ်ပေါ်နိုင်ဘူးလို့ သုံးသပ်တယ်။ ဒီဂြိုဟ်ပူး ဖြစ်စဉ်တွေမှာ အားအကောင်းဆုံး လနဲ့ အင်္ဂါဂြိုဟ် ပူးတဲ့ဖြစ်စဉ်က ယိုင်ထောင့် ၃ ဒသမ ၃၈ ဒီဂရီမှာ ဖြစ်တဲ့အတွက် ငလျင် ဖြစ်ပေါ်ပေမယ့် ပြင်းပြင်းထန်ထန် မဖြစ်ပေါ်နိုင်ဘူး။ သတိပြုထားရမယ့် နိုင်ငံတွေက အမေရိကန်၊ မက္ကဆီကို။ အနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ ဖြစ်ပေါ်နိုင်ပေမယ့် မြန်မာနိုင်ငံမှာ အကျိုးသက်ရောက်မှု မရှိနိုင်ဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

Source: Pyi Myanmar

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်သားတွေ ထွက်လာခဲ့ကြ

ကာလီဖိုးနီးယား တက္ကသိုလ်မှ အာကာသ သိပ္ပံပညာရှင်များက ကမ္ဘာနှင့်တူသော ဂြိုဟ် ၈၆ လုံးတွင် သက်ရှိ ဂြိုဟ်သားများ ရှိ-မရှိ စုံစမ်း ထောက်လှမ်းရန် ရေဒီယို တယ်လီစကုပ်ဖြင့် ရှာဖွေကြမည်။ မေလ ၈ ရက် စနေနေ့မှစတင်ပြီး ကမ္ဘာ့အကြီးဆုံး Robert C.Byrd Green Bank Telescope ရေဒီယို တယ်လီစကုပ်ဖြင့် ဂြိုဟ်သား ရှိနိုင်မည့် ကြယ်များကို ၈ လုံးလျှင် တနာရီ နှုန်းဖြင့် ရှာဖွေကြမည်ဆိုသည်။

အလွန့်အလွန် ကြီးမား ကျယ်ပြန့်လှသည့် စက်ဝိုင်းပြားကြီးဖြင့် ဂြိုဟ်တိုင်းကို ၂၄ နာရီပတ်လုံး ကြည့်ရှုနေမည်။ နာဆာ၏ Kepler space telescope အာကာသ တယ်လီစကုပ်ဖြင့် မှတ်တမ်း တင်ထားသည့် ဂြိုဟ် ၁၂၃၅ လုံးထဲမှ ရွေးချယ်ထားခြင်းဖြစ်သည်။

“ဂြိုဟ်တိုင်းမှာတော့ သက်ရှိတွေ နေထိုင်ဖို့ဆိုတာ မသေချာပါဘူး။ ဒါပေမဲ့ အီးတီ (ဂြိုဟ်သား) တွေကိုတော့ ရှာကြည့်သင့်တဲ့ နေရာတွေပါ။” ဘွဲ့လွန်ကျောင်းသား အန်ဒရူးဆီမွန်းကဆို၏။ Green Bank တယ်လီစကုပ်ဖြင့ပ် Keplar က လေ့လာထားသည့် သက်ရှိနေထိုင်မည်ဟု ယူဆထားသည့် ကြယ်များကို ငါးမိနစ်တာမျှ ကြည့်ရှုသွားမည်ဖြစ်ပြီး ယင်းကြယ် မျက်နှာပြင်တွင် ရေမှာ အရည်ပုံစံဖြင့် ရှိနေနိုင်သည့်အတွက် ရွေးချယ်ထားခြင်းဖြစ်သည်။

“အပူချိန် အဆင်ပြေတဲ့ ဂြိုဟ်တွေကို ရွေးချယ်ထားတာပါ။ သုညဒီဂရီ နဲ့ ၁၀၀ ဒီဂရီ စင်တီဂရိတ် အတွင်းပေါ့။ ဒီအတွင်းမှာသာ သက်ရှိတွေ နေနိုင်တယ်လေ။” ရူပဗေဒ ပညာရှင် ဒန်ဝါသီမာက ဆိုသည်။ ကြယ်များကို ဖတ်ရှု လေ့လာပြီးသည့်အခါဝယ် ကပ်ပလာဧရိယာ တစ်ခုလုံးကိုလည်း လေ့လာ သွားဦးမည်ဖြစ်ည်။ စုစုပေါင်း တစ်နှစ်မျှ အချိန်ကြာမည်ဆို ၀ါသီမာက ပြောပြခဲ့သည်။

“ကပ်ပလာ ဒေတာတွေအရ ခန့်မှန်းကြည့်မယ်ဆိုရင် ဂယ်လက်ဆီထဲမှာ ဂြိုလ် သန်းထောင်ပေါင်း ၅၀ လောက် ရှိနိုင်တာလေ” သူကဆို၏။

“ဒီ မြေကမ္ဘာနဲ့ ဆင်ဆင်တူတဲ့ ပထမဆုံး ဂြိုဟ်တွေကို လေ့လာနိုင်တာ အင်မတန်မှ စိတ်လှုပ်ရှားစရာ ကောင်းလှတယ်။” ရူပဗေဒပညာရှင် ထပ်လောင်း ပြောပြခဲ့သည်။

Source:
မောက္ခ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုတည်ရှိနေသော အာကာသပတ်ဝန်းကျင်၏ ဆိုးရွားပြင်းထန်ခြင်းများ

ဂြိုဟ်တုတည်ရှိနေတဲ့အာကာသပတ်ဝန်းကျင် (space environment)သည်ဆိုးဝါးပြင်းထန်သော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်-အာကာသအမှိုက်များအာကာသထဲမှာ ခန့်မှန်းရခက်ခဲစွာ မျောချင်ရာသို့အရှိန်အဟုန်ပြင်းစွာမျောပါနေသည့်လူသားတွေပြုလုပ်ထားတဲ့ အာကာသအမှိုက်သရိုက်များ (space debris) ဖြစ်ပါသည်။ ယင်းအာကာသ၀တ္ထုများနှင့် ဂြိုဟ်တုနဲ့တိုက်မိတဲ့အခါ သို့မဟုတ် ဂြိုဟ်တုပေါ်ကအရေးကြီးသည့်အစိတ်အပိုင်းတစ်ခုခုကို ထိမှန်သွားတဲ့အခါတွင် ဂြိုဟ်တုတစ်ခုလုံးပျက်စီးမှုကြီးများ အထိ ဖြစ်ပေါ်စေနိုင်သည်။ ဂြိုဟ်တုတစ်ခု၏ အစိတ်အပိုင်းအသေးအမွှားကလေးများမှ ထိန်းချုပ်စနစ်မရှိတော့သည့် ပတ်လမ်းထဲတွင်လွှင့်မျောနေကြသော ဂြိုဟ်တုအဟောင်းများ လည်းပါဝင်သည်။ ၂၀၀၉ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အမေရိကန် ဆက်သွယ်ရေးဂြိုဟ်တု (Irridium) နှင့်ရုရှားဆက်သွယ်ရေး ဂြိုဟ်တုအပျက် (Kosmos) တို့ တိုက်မိကြသည့်ဖြစ်ရပ်ကဲ့သို့တိုက်မိသည့်
ဂြိုဟ်တုနှစ်ခုစလုံးပေါက်ကွဲပျက်စီးသွားတာမျိုးအထိလည်းဖြစ်ခဲ့ဖူးပါသည်။

ဂြိုဟ်တုတစ်လုံးအသစ်တင်လိုက်တိုင်း ယင်းဂြိုဟ်တုကို
ပစ်လွှတ်ပေးသည့်ဒုံးပျံ (launch vehicle) မှလည်းကောင်း၊ ဂြိုဟ်တုနှင့်ဒုံးပျံခွဲထုတ်ခြင်းအတွက် ထည့်သွင်းထားရသည့်စက်ပစ္စည်းများမှလည်းကောင်း၊
ကိရိယာအစိတ်အပိုင်းများကို အာကာသအတွင်းတွင်ချန်ထားခဲ့သည့်အတွက် ဖြစ်ပါသည်။ထိုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် အာကာသထဲတွင် ၁၉၆၀ ခန့်မှစပြီး တစ်ကမ္ဘာလုံးပစ်လွှတ်ခဲ့ကြသည့်ဂြိုဟ်တုများအပြင် ယင်းဂြိုဟ်တုများကိုလွှတ်တင်ခဲ့သည့်အကြိမ်တိုင်း အာကာသထဲတွင် ချန်ထားခဲ့သည့်စွန့်ပစ် ပစ္စည်းများဟာအရေအတွက်အားဖြင့် သန်းဂဏန်းအထိရှိနေသောကြောင့်အာကာသတွင်းရှိ မည်သည့်ဂြိုဟ်တုကိုမဆို လာရောက်ထိမှန်နိုင်ခြေရှိနေသည်။ထို့အပြင်အာကာသအတွင်းသို့လွှတ်တင်ရန် ရည်ရွယ်ချက်နှင့်ပြုလုပ်ခဲ့ကြသည့်အတွက် ယင်းအမှိုက်သရိုက်များသည် ဂြိုဟ်တုနဲ့ယှဉ်လျင် အလွန်မာကျောသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အလွန်မာကျောပြီးအလွန်လျင်မြန်သော အမြန်နှုန်း (8 km/s) ဖြင့် ရွေ့လျားနေသောယင်း ပစ္စည်းအစအနများ သည် ဂြိုဟ်တုကိုထိမှန်တဲ့အခါမှာ ထိမှန်ခြင်းခံရသည့် အစိတ်အပိုင်းပေါ်ကိုလိုက်၍ ပျက်စီးမှုကြီးမားပါသည်။ အရေးအကြီးဆုံး အစိတ်အပိုင်းကိုထိမှန်ခဲ့မည်ဆိုပါက ဂြိုဟ်တုတစ်ခုလုံး သုံးမရတဲ့အထိ ဖြစ်သွားနိုင်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသတွင်း မျက်ရည်ကျရင် ဘယ်လိုဖြစ်မလဲ

အာကာသတွင်း ဆွဲငင်အားမဲ့ အခြေအနေသည် ကမ္ဘာသားတို့အတွက် ကိုးရိုးကားရား ဖြစ်စေသော ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ယင်းအခြေအနေတွင် မျက်ရည်ကျမိလျှင် အဘယ်သို့ ဖြစ်မည် ဆိုသည့် အဖိုးတန် သင်ခန်းစာကို အမေရိကန် အာကာသယာဉ်မှူး ဒရူးဖျူစတယ်လ်က မေလ ၂၅ ရက်နေ့က လက်တွေ့ခံစားပြီး ထုတ်ဖော်ပေးလိုက်ပြီ ဖြစ်သည်။

''အာကာသထဲမှာတော့ မျက်ရည်ဆိုတာ အောက်ကိုပြုတ်ကျတာမျိုး မဟုတ်ဘူး။ မျက်လုံးအတွင်းမှာပဲ စုပြီးဝိုင်းနေတာမျိုးပါ''ဟု မျက်ရည်ကျခဲ့သည့် ဖျူစတယ်နှင့်အတူ အာကာသတွင်း လမ်းလျှောက်မှုကို ဦးဆောင်သူ အယ်လီဆန်ဘိုလင်ဂါ က ဆိုသည်။

၂၅ ရက်နေ့က အမေရိကန် အာကာသယာဉ်မှူးနှစ်ဦး နိုင်ငံတကာ အာကာသစခန်းပြင်ပ ထွက်ပြီး အာကာသလမ်းလျှောက်မှု ပြုကာ စခန်းကို ပြင်ဆင်မှုများ ပြုလုပ်စဉ် ယင်းဖြစ်စဉ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဖျူစတယ်၏ ဦးထုပ်တွင်းတွင် ဦးထုပ်ကို သန့်စင်စဉ်က ကျန်ခဲ့သော သန့်စင်ဆေးရည် အနည်းငယ် မပြောင်ဘဲ ကျန်ခဲ့သည်။

''သန့်စင်ဆေးရည်ကို သေသေချာချာ ပြန်မသုတ်ရင် အဲဒါတွေက မျက်လုံးထဲ ၀င်တတ်တယ်ဆိုတာ အရင်ကလည်း ခဏခဏ ဖြစ်ခဲ့ပါတယ်။ ဒါက ပန်းကန်ဆေးဆပ်ပြာလိုပဲလေ။ ဆပ်ပြာ မျက်လုံးထဲဝင်သွားရင် ဘယ်လိုခံစားရမလဲ၊ အဲဒီလို မျိုးပဲပေါ့''ဟု ဘိုလင်ဂါ က ဆိုသည်။ဖျူစတယ်သည် အာကာသ၀တ်စုံတွင် ပါဝင်သော ဖိအားပြောင်းချိန်တွင် နှာခေါင်းကို ပိတ်ရသည့် ဗယ်လ်ဆာဗာဆိုသော ရေမြှုပ်ကိရိယာဖြင့် မျက်လုံးကို သုတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Endeavour အာကာသလွန်းပျံယာဉ် နောက်ဆုံးခရီးစဉ်

နောက်ဆုံးခရီးစဉ်အဖြစ် အာကာသအတွင်းသို့ ထွက်ခွာပျံသန်းသွားသည့် Endeavour အာကာသလွန်းပျံယာဉ်အား တွေ့ရစဉ်။ ယခုခရီးစဉ်အပြီးတွင် Endeavour အာကာသလွန်းပျံယာဉ်ကို ပျံသန်းမှု အနားပေးမည်ဖြစ်ပြီး ပြတိုက်တွင် ထိန်းသိမ်းပြသသွားမည် ဖြစ်သည်။ (မေ ၁၆)

ပြီးခဲ့သည့် နှစ်ပါတ်အကြာက ပြဿနာအချို့ကြောင့် ပျံသန်းရေးဆိုင်းငံ့ခဲ့ရသော နာဆာအဖွဲ့၏ Endeavour လွန်းပျံယဉ်သည် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် မေလ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်း၏ နောက်ဆုံးအာကာသခရီးစဉ်ကို စတင်ထွက်ခွာနိုင်ပြီ ဖြစ်သည်။ Endeavour လွန်းပျံယာဉ်နှင့်အတူ အာကာသယဉ်မှူးခြောက်ဦး လိုက်ပါသွားကြောင်း သိရသည်။ ယခုပျံသန်းသည့် အာကာသခရီးစဉ်အပြီးတွင် Endeavour အာကာသလွန်းပျံယာဉ်ကို လော့စ်အိန်ဂျလိ ပြတိုက်တွင် သိမ်းဆည်း ပြသထားမည် ဖြစ်သည်။

၁၆ ရက်ကြာမြင့်မည့် ခရီးစဉ်အတွင်း နိုင်ငံတကာအာကာသစခန်းတွင် ဒေါ်လာ ၂ ဘီလျံကုန်ကျမည့် စမ်းသပ်ချက်များကို ပြုလုပ်သွားမည် ဖြစ်သည်။ Endeavour သည် နာဆာမှ လွှတ်တင်သော လွန်းပျံယဉ်များအနက် အသေးစားမျှသာဖြစ်ပြီး Challenger အာကာသလွန်းပျံယာဉ်အစား ဆောက်လုပ်ထားခြင်း ဖြစ်သည်။ Challenger အာကာသလွန်းပျံယာဉ်မှာ ၁၉၈၆ ခုနှစ်က လွှတ်တင်ရာတွင် မတော်တဆ ပျက်ကျခဲ့သည်။ တနင်္လာနေ့တွင် လွှတ်တင်သည့် Endeavour ၏ နောက်ဆုံး အာကာသခရီးစဉ်ကို ကနေဒီ အာကာသစခန်းမှ အဖွဲ့များသာမက လာရောက်ကြည့်ရှုသူ ၄၅၀၀၀ ထက်မနည်း စောင့်ကြည့်ခဲ့ကြသည်။ Endeavour အာကာသလွန်းပျံယာဉ်နှင့်အတူ လိုက်ပါမည့် အာကာသယာဉ်မှူများအား ပြီးခဲ့သည့် သောကြာနေ့ ညနေပိုင်းက အမေရိကန်သမ္မတ အိုဘားမားနှင့် မိသားစုက လာရောက်တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour

endeavour


Credit: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသအမှိုက်သရိုက်က ဂြိုလ်တုများအတွက် ခြိမ်းခြောက်မှုဖြစ်လာ

“နောက်ထပ် (၂)နှစ်၊ (၃)နှစ်အတွင်း အာကာသ အမှိုက်တွေကြောင့် ဂြိုဟ်တုတွေ ထိခိုက်မိတာမျိုး ပိုပြီးအဖြစ်များလာနိုင်တယ်”
အာကာသအမှိုက်သရိုက်က ဂြိုလ်တုများအတွက် ခြိမ်းခြောက်မှုဖြစ်လာ

အနာဂတ်ကာလတွင် ကမ္ဘာပတ် လမ်းကြောင်းအတွင်း လွှင့်တင်မည့် ဂြိုဟ်တုများအတွက် အာကာသ အမှိုက်သရိုက်များက အလွန်ကြီးမားသော ခြိမ်းခြောက်မှုများ ဖြစ်လာစေနိုင်ကြောင်း ပညာရှင်များက ပြောကြားလိုက်သည်။ သုတေသီများက လာမည့်နှစ် အနည်းငယ်အတွင်း ကမ္ဘာပတ် လမ်းကြောင်းထဲတွင် အာကာသ အမှိုက်များ ထူပြောစွာ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။


ကမ္ဘာပတ် လမ်းကြောင်းထဲသို့ ဂြိုဟ်တုများ လွှတ်တင်နိုင်ခဲ့သည်မှာ နှစ်ပေါင်း(၅၀)ကျော် ကြာမြင့်လာသည်နှင့်အတူ စွန့်ပစ်ပစ္စည်းများ မြောပါနေသည့် အာကာသ အမှိုက်များလည်း ထုနှင့်ထည်နှင့် တိုးပွားလာခဲ့သည်။ “နောက်ထပ် (၂)နှစ်၊ (၃)နှစ်အတွင်း အာကာသ အမှိုက်တွေကြောင့် ဂြိုဟ်တုတွေ ထိခိုက်မိတာမျိုး ပိုပြီးအဖြစ်များလာနိုင်တယ်”ဟု အမေရိကန် အမျိုးသား အကာသ အေဂျင်စီ (NASA)မှ ကမ္ဘာပတ်လမ်းအတွင်းရှိ အမှိုက်များ စောင့်ကြည့်ရေးရုံး တာဝန်ခံ ဂျင်းစ်စတန်စ်ဘယ်ရီက space.comသို့ ပြောကြားခဲ့သည်။


ဟူစတန်တွင် အခြေစိုက်သော ဂျွန်ဆန်အာကာသစင်တာသည် ကမ္ဘာပတ်လမ်းအတွင်း ပိုမိုတိုးပွားလာသည့် အာကာသ အမှိုက်များ၏ အခြေအနေကို တောက်လျှောက်စောင့်ကြည့် လေ့လာလျက်ရှိသည်။ ဧပြီလ (၅)ရက်နေ့က အာကာသ အမှိုက်တစ်ခုသည် နိုင်ငံတကာ အာကာသစခန်း (ISS)ကို ၀င်တိုက်မိလု အခြေအနေမျိုး ဖြစ်ခဲ့ရာ ISSတွင် တာဝန်ထမ်းဆောင်နေသော နက္ခတ်ဗေဒ ပညာရှင် (၃)ဦးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ယင်းအမှိုက်စသည် (၂၀၀၇)ခုနှစ်က တရုတ်နိုင်ငံမှ လွှတ်တင်လိုက်သော တန်ပြန်ဂြိုဟ်တု ထောက်လှမ်းရေး စမ်းသပ်စနစ် တစ်ခုမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်ကလည်း ISSအပြင် ကမ္ဘာပတ်လမ်းအတွင်းရှိ ဂြိုဟ်တုများသည် အာကာသ အမှိုက်များ၏ ထိခိုက်လာနိုင်သော အနေအထားမျိုးနှင့် ကြုံတွေ့ခဲ့ရဖူးသည်။ ယင်းတို့သည် ကမ္ဘာပတ်လမ်းအတွင်း တစ်နာရီ မိုင်(၁၇၅၀၀)နှုန်းထိ မြန်နှုန်းမြင့်မားစွာ သွားလာနေတတ်ကြောင်း သိရသည်။ ပညာရှင်များက ကမ္ဘာပတ် လမ်းကြောင်းအတွင်း ဘေ့စ်ဘော ဘောလုံးထက် ပိုကြီးသည့် အမှိုက်စ (၂၀၀၀၀)ကျော်၊ ကျောက်ဒိုးတစ်ခုစာထက် ပိုကြီးသည့် အမှိုက်စပေါင်း (၅၀၀၀၀၀)ကျော်ထိ ရှိနေကြောင်း သတိပေး ပြောဆိုထားသည်။ ပညာရှင်များသည် ဂြိုဟ်တုများကို အန္တရာယ် ပေးနိုင်လောက်ဖွယ်ရှိသော အမှိုက်အစအန (၂၂၀၀၀)ကျော်ကို ခြေရာခံ ထောက်လှမ်းနေသော်လည်း ယင်းတို့ကို အချိန်ပြည့် စောင့်ကြည့်နိုင်ခြင်း မရှိဟုလည်း သတင်းများက ဖော်ပြသွားသည်။

Source: Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...