Powered by Blogger.
RSS
Showing posts with label ပြင်သစ်သတင်း. Show all posts
Showing posts with label ပြင်သစ်သတင်း. Show all posts

Spacebus (Thales Alenia Space)

Spacebus satellite bus ကို ပြင်သစ်နိုင်ငံရှိ Thales Alenia Space ကုမ္ပဏီမှ ထုတ်လုပ်ပြီး geostationary(GEO) communication satellite များတွင် အသုံးပြုသည်။ ၁၉၈၅ ခုနှစ်တွင် လွှတ်တင်ခဲ့သော Arabsat-1A မှစတင်၍ သြဂုတ်လ ၄ ရက် ၂၀၁၀ အထိ ဂြိုဟ်တု ၅၉ ခုကို ထုတ်လုပ်ခဲ့သည်။ ယင်း satellite bus ၏ မူကွဲများအနေဖြင့် Spacebus 100 ၊ Spacebus 300 ၊ Spacebus 2000 ၊ Spacebus 3000 ၊ Spacebus 4000 နှင့် Ekspress-4000 တို့ကို ထုတ်လုပ်ခဲ့သည်။ ယင်း၏ သက်တမ်းမှာ ၁၅ နှစ်ဖြစ်သည်။ Spacebus 4000 သည် ITAR-free satellite အမျိုးအစားဖြစ်သည်။

အဆိုပါ Spacebus 4000 ကို အသုံးပြုထားသော Eutelsat W3C (ITAR-free) ဂြိုဟ်တုကို Eutelsat ကုမ္ပဏီမှ Thales Alenia Space ကုမ္ပဏီသို့ မှာယူခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် Long March 3B လွှတ်တင်ရေး ဒုံးပျံဖြင့် လွှတ်တင်မည် ဖြစ်သည်။

Source:
http://sites.google.com/site/9spacestudy/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Ariane 5 လွှတ်တင်ရေးဒုံးပျံမှ Intelsat New Dawn ဂြိုဟ်တုနှင့် Yahsat Y1A ဂြိုဟ်တုနှစ်လုံးကို အောင်မြင်စွာ ပူးတွဲလွှတ်တင်နိုင်ခဲ့

မတ်လ ၃၀ ရက်နေ့တွင် မပစ်လွှတ်မီချို့ယွင်းမှုဖြစ်ပေါ်ခဲ့သောကြောင့် ရွေှ့ပြောင်းခဲ့ရသော Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ ဒုတိယမြောက်ပြန်လည်လွှတ်တင်မှုကို ပြင်သစ်နိုင်ငံ၏ Kourou ဒုံပျံပစ်လွှတ်စခန်းမှ ဧပရယ် ၂၂ ရက်နေ့တွင် အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။ Intelsat New Dawn ဂြိုဟ်တုနှင့် Yahsat Y1A ဂြိုဟ်တုနှစ်လုံးကို တည်ငြိမ်ပတ်လမ်းသို့ တပြိုင်တည်းလွှတ်တင်ခဲ့ခြင်း ( dual-launch ) သည် Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ ၅၇ ကြိမ်မြောက်ပစ်လွှတ်ခြင်းနှင့် ၄၃ ကြိမ်မြောက်အောင်မြင်ခြင်းဖြစ်သည်။ ယင်းပစ်လွှတ်မှုတွင် Ariane 5 လွှတ်တင်ရေးဒုံးပျံသည် ဂြိုဟ်တုနှစ်လုံး၏ စုစုပေါင်းအလေးချိန်ပမာဏ ၈၉၆၅ ကီလိုဂရမ် ကိုသယ်ဆောင်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

Astrium နှင့် Thales company တို့မှ တည်ဆောက်ပေးသော အလေးချိန်ပမာဏ ၅၉၃၅ ကီလိုဂရမ် ရှိသည့် Yahsat Y1A ဂြိုဟ်တုသည် အရှေ့အလယ်ပိုင်းဒေသများ၊ အာဖရိက၊ ဥရောပနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ broadband internet ၊ business data နှင့် high-definition television ( HDTV ) ၀န်ဆောင်မှုများပေးနိုင်ဖြစ်သည်။ United Arab Emirates ၏ Al Yah Satellite Communication ompany မှ ပိုင်ဆိုင်သော Yahsat Y1A ဂြိုဟ်တုသည် တည်ငြိမ်ပတ်လမ်းအတွင်း အရှေ့ ၅၂.၅ ဒီဂရီ တွင်တည်ရှိ၍ ၁၅ နှစ်သက်တမ်းရှိမည်ဖြစ်ကြောင်း သိရှိရသည်။

Intelsat New Dawn ဂြိုဟ်တုသည် Orbital Science Corporation မှ တည်ဆောက်ခဲ့ပြီး ဖရိကနိုင်ငံများအတွက် wireless backhaul ၊ broadband နှင့် media ၀န်ဆောင်မှုများပေးနိုင်ရန် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ၁၅နှစ် သက်တမ်းရှိသော ယင်းဂြိုဟ်တုသည် အလေးချိန်ပမာဏ ၃၀၀၀ ကီလိုဂရမ်ရှိ၍ 28 C-band နှင့် 24 Ku-band 36MHz transponder များကိုသယ်ဆောင်ကာ တည်ငြိမ်ပတ်လမ်းအတွင်း အရှေ့ ၃၂.၈ ဒီဂရီတွင် တည်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

၂၀၁၁ ခုနှစ်အတွင်း တတိယမြောက်လွှတ်တင်မည့် Ariane 5 ဒုံးပျံအား Spaceport ၌ စတင် တပ်ဆင်

၂၀၁၁ခုနှစ်အတွင်း တတိယမြောက်လွှတ်တင်မည့် Ariane 5 ဒုံးပျံအား ပြင်သစ် ဂိုင်ယာနာ နိုင်ငံရှိ Spaceport ၌ ကနဦးတပ်ဆင်မှု ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါတပ်ဆင်မှုကို Spaceport ရှိဒုံးပျံတပ်ဆင်ခြင်းအဆောက်အဦး (Launcher Integration Building) ၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ Upper Stage (ESC)နှင့် Vehicle equipment bay တို့အား unit တစ်ခုတည်းအဖြစ် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တပ်ဆင်ထားသော Ariane 5 လွှတ်တင်ရေးဒုံးပျံအား Spaceport ၌ပင်တည်ရှိသော နောက်ဆုံးတပ်ဆင်ခြင်း အဆောက်အဦး (Final Assembly Building) သို့ပို့ဆောင်မည်ဖြစ်ပြီး ယင်းအဆောက်အဦးတွင် Mission ၏ Payload များဖြစ်သော ST-2 ဂြိုဟ်တုနှင့် GSAT-8 ဂြိုဟ်တု နှစ်ခုတို့အား ဆက်လက်တပ်ဆင်ပေးမည် ဖြစ်သည်။

အဆိုပါ Final Assembly Building တွင် မတ်လ ၃၀ ရက်နေ့၌ Yahsat Y1A နှင့် Intelsat New Dawn ဂြိုဟ်တုတို့အား သယ်ဆောင်ပို့လွှတ်မည့် အခြား Ariane 5 လွှတ်တင်ရေးဒုံးပျံတစ်ခု လည်း တပ်ဆင်လျက်ရှိသည်။

နိုင်ငံတကာ payload များအား ပစ်လွှတ်မှုများပြားလာသည့် Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ လွှတ်တင်မှုများကို အဆင်ပြေချောမွေ့စေရန် အတွက် Spaceport ၌ mission နှစ်ခုအား operation ပြိုင်တူလုပ်ဆောင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။

ST-1 ဂြိုဟ်တုနှင့် GSAT-8 ဂြိုဟ်တုတို့အား မေ ၃၀ ရက်၌ လွှတ်တင်ရန် စီစဉ်ထားပြီး Arianespace လွှတ်တင်ရေးကုမ္ပဏီ၏ ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်မည့် လွှတ်တင်မှု (၆) ခုထဲမှ တစ်ခုအပါအ၀င် ဖြစ်သည်။

ST-2 ဂြိုဟ်တုသည် Singapore Telecommunications Ltd (SingTel) နှင့် Chunghwa Telecom Company Ltd တို့ အကျိုးတူပူးပေါင်းတည်ထောင်ထားသော ST-2 Satellite Ventures Pte Ltd အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ GSAT-8 ဂြိုဟ်တုသည် အိန္ဒိယ အာကာသ သုတေသနအဖွဲ့(Indian Space Research Organization) က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...