Powered by Blogger.
RSS
Showing posts with label မြန်မာသတင်း. Show all posts
Showing posts with label မြန်မာသတင်း. Show all posts

မြန်မာပြည်မှ ဂြိုလ်တုတစ်စင်းလွှတ်တင်နိုင်ရန် Sing Tel ကူညီမည်




မြန်မာ့မိုဘိုင်း ဆက်သွယ်ရေးနှင့် ပတ်သတ်၍ လုပ်ခွင့်ရမည် ဆိုပါက မြန်မာပြည်မှ ဂြိုလ်တုတစ်စင်း လွှတ်တင်နိုင်ရန် Sing Tel မှ အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ
ပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲတွင် Sing Tel မှ Group Consumer CEO ဖြစ်သူ Mr Mark Chong က ပြောကြားသည်။


Sing Tel အနေဖြင့် ST-1, ST-2 ဂြိုဟ်တုနှစ်စင်းကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး တင်ဒါ အောင်မြင်ပါက မြန်မာပြည်တွင်လည်း ဂြိုဟ်တုတစ်စင်း လွှတ်တင်နိုင်ရန် ကူညီမည်ဟု ဆက်လက် ပြောကြားသည်။

“ရွေးချယ်ခံရတဲ့အခါ Sing Tel ရဲ့ဝန်ဆောင်မှုအဖြင့် Sim Card တန်ဖိုးတွေကော ဖုန်းတန်ဖိုးတွေပါ အားလုံးလက်လှမ်းမှီတဲ့အခြေအနေရောက်လာမယ်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ အများကြီး စဉ်းစားပါတယ်။ နည်းပညာသင်တန်းတွေ ပို့ချပေးမှာဖြစ်တဲ့အတွက် နည်းပညာတွေလည်း ရရှိမှာဖြစ်ပါတယ်။

ဒါကတော့ မြန်မာနိုင်ငံအတွက် အကျိုးခံစားခွင့်တွေပါ”ဟုMr Mark Chong က ပြောကြားသည်။ Sing Tel သည် ခေတ်အမှီဆုံးဂြိုလ်တု ဆက်သွယ်ရေး စနစ်များ၊ ရေအောက် ဆက်သွယ်ရေးကေဘယ် စံနစ်များ၊ နိုင်ငံတကာ ဆက်သွယ်ရေး ကွန်ယက်ဆိုင်ရာ အခြေခံအဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းများတွင်လည်း ပါဝင်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။



(myanma age)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ်ယာဉ် ၁၀ စီးတွင် GPS စနစ် တပ်ဆင်


မီးလောင်ရာ နေရာကို သွားရောက် ငြှိမ်းသတ်တဲ့ မီးသတ်ယာဉ် ရောက်ရှိတဲ့ နေရာကို သိရှိနိုင်ဖို့ အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာရှိတဲ့ မီးသတ်ယာဉ် ၁၀ စီးမှာ GPS စနစ်ကို တပ်ဆင်ထား ပြီးဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ GPS စနစ် ဆိုတာဟာ ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြ စနစ်ဖြစ်ပြီး အဆိုပါ GPS စနစ်ကို မီးသတ်ယာဉ် တွေပေါ်မှာ တပ်ဆင် ထားခြင်းကြောင့် သွားရောက် ငြှိမ်းသတ်မယ့် မီးသတ် ယာဉ်တွေရဲ့ တည်နေရာကို မီးသတ် ရုံးချုပ်မှ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီလို သိရှိနိုင်ဖို့ အတွက် ရုံးချုပ်ရှိ Command and Control Centre မှ မီးသတ် ယာဉ်ပေါ်ရှိ GPS စနစ်တွေနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျောက်တံတား၊ သန်လျင်၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်၊ စမ်းချောင်း စတဲ့ မြို့နယ်ရှိ မီးသတ်ယာဉ် ၁၀ စီးမှာ တွေပေါ်မှာ GPS စနစ် တပ်ဆင် ထားပြီး ဖြစ်ပါတယ်။

နောက်ပိုင်း မှာတော့ GPS စနစ် တပ်ဆင်မှုကို မီးသတ်ယာဉ် အစီး ၅၀ မှာ ထပ်မံ တပ်ဆင် သွားမှာ ဖြစ်ပါတယ်။ အခုလို GPS တပ်ဆင်မှု ကိုတော့ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ် ယာဉ်များမှာ တပ်ဆင် ထားတာ ဖြစ်ပြီး နောက်ပိုင်းမှာ နေပြည်တော်နဲ့ မန္တလေးမြို့ တို့မှာရှိတဲ့ မီးသတ် စခန်းရှိ မီးသတ်ယာဉ် တွေမှာပါ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်တော့မည် မဟုတ်


နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်တော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါဂြိုဟ်တုကို ၂၀၁၅ ခုနှစ်တွင် လွှတ်တင်နိုင်ရန်အတွက် တရုတ်၊ အီးယူနိုင်ငံများနှင့် ဆွေးနွေးခဲ့ရာ ဂြိုဟ်တု အသုံးစရိတ်အတွက် ကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲရမည်ဟု ဆက်သွယ်ရေးမှ သိရသည်။ “ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်ထင်ရင် လွှတ်တင်မယ်၊ အကျိုးမရှိဘူးထင်ရင် မလွှတ်တင်ဘူးလို့ ပြောထားပါတယ်။ အခုအကျိုးမရှိဘူး ထင်လို့ မလွှတ်တင်တော့တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ယင်းသို့ ကိုယ်ပိုင်ဂြိုဟ်တု မလွှတ်တင်သော်လည်း တခြားနိုင်ငံများမှ တစ်ဆင့် ငှားရမ်းသုံးစွဲသွားမည် ဖြစ်ကြောင်း၊ ယင်းအတွက်ကိုလည်း လွှတ်တော်သို့ တရားဝင် တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဂြိုဟ်တု မလွှတ်တင်တော့တဲ့အတွက် ဂြိုဟ်တုအတွက် သုံးစွဲမယ့် ငွေတွေကို မိုဘိုင်းဖုန်း တိုးချဲ့ရေး စီမံကိန်းမှာ သုံးစွဲသွားမှာပါ” ဟု၎င်းက ထပ်လောင်းပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရခြင်း အကြောင်းမှာ ဝေလံခေါင်ဖျားသည့် ဒေသများနှင့် ပင်လယ်အတွင်းရှိ ကျွန်းများအတွက်သာ ဆက်သွယ်မှု ကောင်းမွန်စေရန်နှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ တိုးတက်ရေးအတွက် လွှတ်တင်ရခြင်းသာဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် ဖိုင်ဘာဆက်သွယ်မှု စနစ်သာ အဓိက သုံးစွဲမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

လက်ရှိတွင် ဖိုင်ဘာဆက်ကြောင်းဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဆက်လက်၍ ဖိုင်ဘာကွန်ရက်အား လာမည့် ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း၊ ဖိုင်ဘာကွန်ရက်များ တည်ဆောက်ရာတွင် အချိန်နှင့် ငွေကြေး များစွာ ကုန်ကျကြောင်း ယင်းဌာနမှ သိရသည်။ ဖိုင်ဘာဆက်သွယ်မှုများနှင့် ပတ်သက်၍ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ မြင့်မားရေးအတွက် “ဖိုင်ဘာဆက်သွယ်မှုကိုပဲ အဓိကထား ဆောင်ရွက်သွားတော့မှာပါ။ ဒါတွေလုပ်ဆောင်ဖို့ လက်ရှိ ပြည်တွင်းကုမ္ပဏီတွေနဲ့ မနိုင်နိုင်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်တော့ အမြန်ဆုံး ပြီးသွားမှာပါ” ဟု ပြောသည်။

ယင်းသို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအား လက်ခံနိုင်ရန်အတွက် ဥပဒေ လိုအပ်ကြောင်း၊ လက်ရှိကာလတွင် ဆက်သွယ်ရေး လုပ်ငန်းအား ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်ဆက်သွယ်ထားသည့် ပြည်ပနိုင်ငံများ ရှိကြောင်း၊ ဥပဒေ မပေါ်ပေါက်၍သာ ခွင့်ပြုမပေးနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ


ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

"လောလောဆယ် ဆွေးနွေး နေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ထင်ရင် လွှတ်တင် မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံး သွားမှာပါ"ဟု မြန်မာ့ဆက်သွယ် ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။"မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ"ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှု များအတွက် ဖိုင်ဘာကွန်ရက်ကို သာ အဓိ ကထား ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင် ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း လာ မည့် နှစ်အတွင်း နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက်လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။လက်ရှိ တိုးချဲ့ဆောင်ရွက်နေ သည့် ဖိုင်ဘာဆက်ကြောင်းမှာ မန္တလေး-မုံရွာဆက်ကြောင်း၊ မုံရွာ- ရွှေဘိုဆက်ကြောင်းနှင့် ရွှေဘို- မြစ်ကြီးနားဆက်ကြောင်းတို့ဖြစ်ပြီး ၄င်းဆက်ေ ကြာင်းများပြီးစီးပါက လားရှိုး-မန္တလေးဆက်ကြောင်းကို ဆက်လက်ချိတ်ဆက်သွားမည်ဖြစ် ကြောင်း၊ ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်းအချိန်နှင့်ငွေ ကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Mobile GPS System


မိုဘိုင်းဖုန်းတွေမှာ ပါဝင်တဲ့ GPS System တွေနဲ့ပတ်သက်ပြီး ဒီတစ်ပတ်မှာ
အနည်းငယ် ပြောပြသွားချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ပက
ဖုန်းအသုံးပြုသူတွေ ကြားထဲမှာ GPS System နဲ့ပတ်သက်ပြီး အခက်အခဲတွေနဲ့
နားလည်မှု လွဲမှားခြင်းရှိနေတာ တွေ့ရလို့ပါ။ ပြည်တွင်းကို
ဝင်ရောက်လာခဲ့တဲ့ မိုဘိုင်းဖုန်းအများစုမှာ GPS စနစ်တွေ ပါဝင်ပေမယ့်
တော်တော်များများက အသုံးပြုလို့မရတာမျိုးတွေ ရှိတယ်လို့ ဆိုကြတဲ့အပြင်
နားလည် ကျွမ်းကျင်သူတွေလောက်ပဲ အသုံးပြုကြပြီး တချို့အသုံးပြုချင်သူတွေ
အနေနဲ့လည်း နားလည်မှု လွဲနေကြတာကို တွေ့ရပါတယ်။ မိုဘိုင်းဖုန်းတွေမှာ
ပါဝင်တဲ့ GPS စနစ်ကို အသုံးပြုမယ်ဆိုရင်တော့ GPS ဆော့ဖ်ဝဲ လိုအပ်ပါတယ်။
အများစုအားဖြင့်တော့ Android OS စနစ်သုံး ဖုန်းအသုံးပြုသူ
တော်တော်များများမှာ အခက်အခဲဖြစ်နေတာကို တွေ့ရပါတယ်။ ဖုန်းမှာ နဂိုကတည်းက
ပါဝင်တဲ့ GPS စနစ်ဟာ GPS စနစ်ကို အသုံးပြုနိုင်ဖို့အတွက် Hardware
စနစ်ပိုင်းနဲ့ Function စနစ်ပိုင်းအနေနဲ့ပဲ ပါဝင်တာဖြစ်ပါတယ်။
ဒါကဖုန်းရဲ့ Setting ထဲမှာပါဝင်တဲ့ GPS စနစ်ပါ။ ဒါတွေကတော့ GPS Satellite
တွေကို အသုံးပြုနိုင်ဖို့အတွက် ထည့်သွင်းပါဝင်တဲ့ စနစ်တွေပဲ ဖြစ်ပါတယ်။



ဖုန်းထဲမှာ ပါဝင်တဲ့ GPS Satellite ဆိုတဲ့နေရာမှာ ON လုပ်လိုက်ရုံလေးနဲ့
အသုံးပြုလို့ မရနိုင်သေးပါဘူး။ ဒါကိုတော့ သိထားသင့်ပါတယ်။ GPS စနစ်ကို
အသုံးပြုချင်တယ် ဆိုရင်တော့ GPS စနစ်ကို အသုံးပြုနိုင်တဲ့ Garmin
လိုမျိုး GPS ဆော့ဖ်ဝဲတွေ လိုအပ်ပါတယ်။ ဒါက ဥပမာအနေနဲ့ ပြောတာပါ။
ဒီလိုမျိုး အသုံးပြုနိုင်တဲ့ တခြား GPS ဆော့ဖ်ဝဲတွေ အများကြီး
ရှိပါသေးတယ်။ ဒီလိုမျိုး ဆော့ဖ်ဝဲကို ထည့်သွင်း အသုံးပြုမှပဲ ရမှာပါ။
ဖုန်းထဲမှာ ပါဝင်တဲ့ GPS စနစ်ကို ဖွင့်လိုက်ပြီး ထည့်သွင်းထားတဲ့ GPS
ဆော့ဖ်ဝဲထဲမှာ အသုံးပြုရတာမျိုးပါ။ ဒါ့အပြင် နောက်ထပ် လိုအပ်တာတွေ
ရှိနေပါသေးတယ်။ အဲဒါတွေကတော့ GPS စနစ်နဲ့ တွဲဖက်အသုံးပြုနိုင်မယ့်
မြေပုံစနစ်တွေ လိုအပ်ပါသေးတယ်။ ကိုယ်အသုံးပြုမယ့် နေရာဒေသတွေရဲ့
မြေပုံတွေ လိုအပ်ပါသေးတယ်။ ဒါတွေကတော့ အွန်လိုင်းကနေ ကိုယ်တိုင် Download
ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ နောက်ပိုင်းမှာ ဝင်ရောက်လာခဲ့တဲ့ တချို့
နည်းပညာမြင့် ဖုန်းတွေမှာဆိုရင်တော့ တချို့ဖုန်းတွေက GPS စနစ်အတွက်
ဆော့ဖ်ဝဲစနစ်တွေကိုပါ တစ်ခါတည်း ထည့်သွင်း ပေးထားတာမျိုးတွေလည်း
ရှိပါတယ်။ အဲဒီလို ဖုန်းမျိုးတွေမှာ ဆိုရင်တော့ ဘာမှထပ်မံ ထည့်သွင်းစရာ
မလိုအပ်ပဲနဲ့ ကိုယ်အသုံးပြုမယ့် မြေပုံကို ထည့်သွင်းပြီး တိုက်ရိုက်
အသုံးပြုနိုင်ပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

GPS စနစ်အား CDMA 450MHz စနစ်တွင် ပထမဆုံးအနေဖြင့် အသုံးပြုနိုင်တော့မည်


CDMA 450MHz စနစ်တွင် GPS လမ်းညွှန်စနစ်အား အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ CDMA 450 ဖုန်းများတွင် GPS စနစ် အသုံးပြုနိုင်ခြင်းမှာ ပြည်တွင်းတွင် ပထမဆုံးဖြစ်ပြီး အဆိုပါ GPS စနစ်အား Android Os စနစ်ပေါ်တွင် ထည့်သွင်းအသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ Android OS စနစ် အသုံးပြု ဖုန်းအမျိုးအစား တစ်ခုဖြစ်သည့် GMG A 9000 ဖုန်းမှာ ပြည်တွင်းသို့ ဝင်ရောက်ခဲ့သော CDMA 450 MHz ဖုန်းများထဲတွင် ပထမဆုံး Android OS စနစ်သုံး CDMA 450 ဖုန်း အမျိုးအစားတစ်ခုဖြစ်ပြီး ယင်းဖုန်းတွင် GPS စနစ်အား ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် ပြည်တွင်းရှိ CDMA 450 ဖုန်းများထဲတွင် GPS လမ်းညွှန်စနစ်အား ပထမဆုံး ထည့်သွင်းအသုံးပြုနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါဖုန်းမှာ ပြည်တွင်း ဈေးကွက်သို့ မကြာသေးမီ အချိန်ခန့်ကမှ ဝင်ရောက်လာခဲ့သော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး Android OS စနစ်ကို အသုံးပြုပေးထားသောကြောင့် CDMA 450 MHz စနစ်အသုံးပြုသူများအတွက် နည်းပညာမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်သည့်အပြင် CDMA 800 MHz စနစ်ကိုပါ အသုံးပြုနိုင်မည်ဖြစ်ခြင်းကြောင့် CDMA 450 စနစ်ပေါ်တွင် Roaming စနစ် အသုံးပြုလျှက်ရှိသော CDMA 800 MHz ဖုန်းများအတွက်လည်း ကွန်ရက် ပြောင်းလဲ အသုံးပြုရာတွင် ဟန်းဆက်ပြောင်းလဲရခြင်း အခက်အခဲများ မရှိနိုင်တော့ပဲ ဖုန်းတစ်လုံးတည်းဖြင့်ပင် အလွယ်တကူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မောင်းသူမဲ့လေယာဉ် မြန်မာနိုင်ငံတွင် စမ်းသပ်ပျံသန်းနေ


မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ တည်ဆောက်ပြီး စမ်းသပ်ပျံသန်းနေပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တင်ပြပြောကြားလိုက်သည်။ “လေကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများအနေဖြင့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ တည်ဆောက်ပြီး လေယာဉ်များအား အလိုအလျောက် ပျံသန်းမှုစနစ်ဖြင့် ထိန်းကြောင်း၊ ပျံသန်းနိုင်ရန် လိုအပ်သော ထိန်းချုပ်မှုစနစ်များ သုတေသန ပြုလျက်ရှိကြောင်း ၄င်းကပြောသည်။ ၄င်းအပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများအား ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ လူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် သဘာဝပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိ ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်ခြင်းများအပြင် နိုင်ငံ၏ အကျိုးပြုသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခေတ်မီဓါတ်ခွဲစမ်းသပ်မည့် အမျိုးသားဓါတ်ခွဲခန်းအား ဖွဲ့စည်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အစ္စရေးဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် တွေ့ဆုံဆွေးနွေးနေ


အစ္စရေးနိုင်ငံမှ ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီကြီး တစ်ခုဖြစ်သော GILAT Satcom ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ဆက်သွယ်ရေး ဂြိုဟ်တုစနစ်နှင့် အခြားသော ဆက်သွယ်ရေးလုပ်ငန်းမျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်ရန် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုလွှတ်တင်မှု အစီအစဉ်ကို လက်ရှိ ကာလအထိ စီစဉ်နေရဆဲ ဖြစ်နေကာ ၎င်းတို့ ကုမ္ပဏီအနေဖြင့် လုပ်ကွက်ရယူလိုနေသည်ဟု ဆိုသည်။ “ကျွန်တော်တို့က ဂြိုဟ်တုစနစ်တွေရဲ့ ဆက်သွယ်ရေးကွန်ရက် ကိစ္စမျိုးစုံကို လုပ်ဆောင်ပေးဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားပါတယ်၊ တခြားသောဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်၊ မြန်မာနိုင်ငံက UMFCCI ကိုလည်း ရောက်ခဲ့ပါတယ်”ဟု GILAT မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Mr.Itzik Baron ကပြောကြားသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အစ္စရေးသံရုံး၏ အကူအညီဖြင့် ယင်းကဲ့သို့ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဒီအချိန်မှာ အစ္စရေးရဲ့ GILAT က မလွတ်တမ်းဝင်လာရင်တော့ ပိုပြီးအဆင်ပြေသွားမှာပါ၊ သူတို့က မြန်မာမှာလုပ်ငန်းတွေလုပ်ချင်တယ်၊ ဘာလုပ်ရမယ်မှန်း မသိသေးဘူး” ဟု GILAT ၏ စီးပွားရေး စီမံခန့်ခွဲမှု မန်နေဂျာဖြစ်သူ ဒေါက်တာဇော်မင်းက ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေဖြင့် မြန်မာ့စီးပွားရေးဈေးကွက်အတွင်း မြန်ဆန်စွာဝင်ရောက်နိုင်ရေးအတွက် စီစဉ်နေမှုများရှိနေပြီး ၎င်းတို့၏ www.gilat.net တွင်လည်း မြန်မာဘက်မှ ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိုဘိုင်းဖုန်း ၄ သန်း စီမံကိန်းအတွက် တည်ဆောက်မည့် တာဝါများအချို့တွင် ဆိုလာစနစ်တပ်ဆင်မည်


မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်းတွင် ပထမနှစ်လျာထားချက် ၄ သန်းအတွက်တည်ဆောက်မည့် တာဝါတိုင် အချို့၌ ဆိုလာစနစ်တပ်ဆင်မည် ဖြစ်ကြောင်း အဆိုပါစနစ်ကို တပ်ဆင်မည့် Solar Hut မှ Technical Consulant ဦးခင်မောင်က ပြောသည်။ ၎င်းဆောင်ရွက်ချက်အတွက် ကုမ္ပဏီအချို့က ကမ်းလှမ်း ထားကြောင်း သိရသည်။ မိုဘိုင်းဖုန်းချထားပေးရေး ပထမနှစ် စီမံကိန်းအတွက် တာဝါတိုင်ပေါင်း ၁၄၅၀ ဝန်းကျင်ကို တည်ဆောက်မည် ဖြစ်သည်။

“လတ်တလောမှာ ကုမ္ပဏီတစ်ခုနဲ့ ဆွေးနွေးနေပါတယ်။ GSM တာဝါတိုင် ၄၀ မှာ အဲဒီကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဆိုလာစနစ်တွေ တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီအနေနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ခွင့်ပြုချက်နဲ့ ရရှိထားတဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေကို တည်ဆောက်ပြီး ဆိုလာစနစ် တပ်ဆင် သွားမှာပါ” ဟု ၎င်းက ပြောသည်။

စီမံကိန်းအတွက် တည်ဆောက်သည့် တာဝါတိုင်အားလုံးတွင် ဆိုလာစနစ်ပါဝင်မည် မဟုတ်သော်လည်း သုံးပုံတစ်ပုံ နီးပါးဝန်းကျင်တွင် ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ “တာဝါတိုင်အများစုကတော့ Solar စနစ်တပ်ဆင်မှာ မဟုတ်ဘူး။ မြို့နဲ့နီးတဲ့နေရာတွေမှာ ဆိုရင် လျှပ်စစ်မီးအလွယ်တကူ ရောက်ရှိနေလို့ နယ်ဒေသတွေ၊ မြို့နဲ့ ဝေးတဲ့နေရာတွေမှာ တပ်မှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အခြားကုမ္ပဏီအချို့နှင့်လည်း ဆက်သွယ်ရေး တာဝါတိုင်အချို့တွင် ဆိုလာစနစ်တပ်ဆင်ရန် ဆွေးနွေးလျက်ရှိပြီး လက်ရှိမြို့နယ် ၁၀ ခု အတွက် Proposal ရေးခိုင်းထားခြင်း ရှိကြောင်း သိရသည်။ ဆက်သွယ်ရေးတာဝါတိုင်များတွင် ဆိုလာစနစ်တပ်ဆင်ခြင်းအားဖြင့် ရေရှည်တွင် ကုန်ကျစရိတ်သက်သာခြင်း၊ ထိန်းသိမ်းစောင့်ရှောက်မှု သက်သာခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Ref : Internet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Polerstar GPS



မြန်မာနိုင်ငံရှိ ကားများတွင် စာတန်းထိုးစနစ်နှင့် အသံပေးအချက်ပြ စနစ်ပါဝင်သော GPS ကို မကြာမီ ဖြန့်ချိပေးတော့မည် ဖြစ်ကြောင်း မြေပုံနှင့်ပတ်သက်သော မြို့ပြလမ်းညွှန် မြေပုံအနေဖြင့် ပြည်တွင်းမှ ပထမဦးဆုံး Software ရေးဆွဲထုတ်လုပ်ခြင်း ဖြစ်ကြောင်း Techonomotion Studios မှ အမှုဆောင် အရာရှိချုပ်ဦး ထွန်းမြင့်နောင်က ပြောကြားသည်။

မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့်အဆိုပါ Polerstar စနစ် GPS သည် တစ်နိုင်ငံလုံးကို သွားနိုင်သည့် လမ်းညွှန်မြေပုံပါသည့် GPS ဖြစ်ပြီး ပေ (၃၀) အကွာအဝေး အတွင်းတိကျသော လမ်းညွှန်မှုကို ပေးနိုင်ကြောင်း၊ မြေပုံစောင်းသွားခြင်း၊ ကားလမ်းဘေး ရောက်သွားခြင်းများ မဖြစ်စေရန် စီစဉ်ထားသလို မိမိသွားလိုသော လမ်းကိုသိရုံဖြင့် သွားလိုသော လမ်းကိုတွက်ချက်ကာ အတိအကျ ဖော်ပြပေးပြီး၊ အနီးဆုံးနှင့် အတိုဆုံး၊ လမ်းကိုမောင်းနှင်ပေးရန် အချက်ပေးသည်။

ကားမောင်းနေစဉ်အတွင်း အန္တရာယ်ရှိနိုင်သော အမြန်နှုန်းကို ရောက်ရှိလာပါက အသံဖြင့် အချက်ပေးသည်။ ထို့အပြင် ကားသွားရာ တစ်လျှောက်အနီးစပ်ဆုံး ရှိသည့်ဆေးရုံ၊ စားသောက်ဆိုင်၊ ဓာတ်ဆီဆိုင်များကိုလည်း ဖော်ပြပေးသလို ကော်ဖီနှင့် စားသောက်ဆိုင်များ ကိုလည်း ထည့်သွင်းထားသည်၊ သွားခဲ့ဖူးသော နေရာများကိုလည်း မှတ်တမ်းထားလိုပါက Save လုပ်ထားနိုင်ပြီး လမ်းနာမည် အက္ခရာများကို ရိုက်ထည့်လိုက်ပါက လျင်မြန်စွာ ဖော်ပြပေးကြောင်း ဦးထွန်းမြင့်နောင်က ပြောသည်။

Polarstar စနစ်သုံး GPS သည် ရွေးချယ်ထားသော လမ်းကြောင်းကို မသွားဘဲ ဆက်လက်သွားချင်ပါက GO ဟု အမိန့်ပေးလိုက်လျှင် သွားနေသည့် လမ်းကြောင်းအတိုင်း ဆက်လက်တွက်ချက်ကာ လမ်းညွှန်ပေးသည်။ Screen ကို ကြည့်စရာမလိုဘဲ အသံဖြင့် အချက်ပေးခြင်း ဖြစ်သောကြောင့် ကားမောင်းသူကို အာရုံရှုပ်ထွေးမှု မရှိစေဘဲ ပုံမှန်မောင်းနေနိုင်သည်။ အဆိုပါ GPS တွင် Touch Screen ဖြင့် အသုံးပြုရပြီး Game များကို ထည့်သွင်းထားသလို Blue Tooth ဖြင့် တွဲဖက် Audio စနစ်သုံးနိုင်ကြောင်း၊ ထို့အပြင် MP4 တစ်လုံးကဲ့သို့ FM လိုင်းများနားထောင်နိုင်ခြင်း၊ ဖုန်းဖြင့် ချိတ်ဆက် စကားပြောနိုင်ခြင်း၊ ဗီဒီယိုဓာတ်ပုံနှင့် e-book များပါ ဖတ်ရှုနိုင်သလို ကားနှောက်ကြည့် ကင်မရာနှင့် တွဲဆက်ထားပါက ကားနောက်ဆုတ် နေစဉ်အတွင်းနောက်မှာရှိသည့်အရာ အရာဝတ္ထု၏ တစ်ပေအကွာအထိ အချက်ပြပေးသည့်အပြင် ဖုန်းခေါ်ဆိုခြင်းကို အသုံးပြုနိုင်သော Polarstar Microphone ဖြင့်လည်း စကားပြောဆိုနိုင်ကြောင်း သိရသည်။ Polarstar GPS နှင့်ပတ်သက်ပြီး အမှုဆောင် အရာရှိချုပ် ဦးထွန်းမြင့်နောင် က “ဒီဆော့ဖ်ဝဲကို ရေးဆွဲဖို့ တစ်နှစ်ခွဲလောက် အချိန်ယူ ရေးဆွဲခဲ့ရပါတယ်။

၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ Digital Map ကို ရေးဆွဲနိုင်ဖို့ အတွက်ကြိုးစား ခဲ့ပါတယ်။ ကုမ္ပဏီတွေကနေ လုပ်ပိုင်ခွင့်တွေဝယ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး မြေပုံရဖို့အတွက် လိုချင်တဲ့အချက် အလက်တွေရဖို့တော်တော် အခက်အခဲရှိခဲ့တယ်။ နောက်ဆုံးကိုယ်တိုင် ဆာဗေးဆင်းပြီး မြေပုံကိုရေးခဲ့ရတယ်။ လမ်းတွေမှတ်ရတယ်။ ကွန်ပျူတာ အကူအညီကိုယူခဲ့ရတယ်။ ကောင်းကင်မြေပုံကို တစ်ပတ်စီယူခဲ့ပြီး ပြောင်းလဲမှုတွေကို ယူခဲ့ရာကနေ ပြောင်းတာဆိုလို့ လမ်းတွေပဲဖြစ်နေတာကို တွေ့ခဲ့ရတယ်။ ဒီဆော့ဖ်ဝဲမှာသုံးထားတဲ့ GPS MP4 နဲ့ အခြားသုံးရထားတာတွေဟာ ပုံမှန်အားဖြင့် တပ်ဆင်မယ် ဆိုရင် ကျပ်ခုနှစ်သိန်းသုံးသောင်း လောက်ကုန်ပြီးကား Deskbook တစ်ခုလုံးပြည့်သွားနိုင်ပါတယ်။

Polarstar ကတော့ ကျပ်တစ်သိန်း ခုနှစ်သောင်းနဲ့ ရောင်းချသွားမှာပါ။ စပြီးရောင်းချမယ့် ရက်ကတော့ မန္တလေး ICT ပွဲကျင်းပမယ့် ဖေဖော်ဝါရီ (၂၅) ရက်နေ့ကစပြီး တစ်နိုင်ငံလုံး မှာရှိတဲ့ မိုဘိုင်းဖုန်းဆိုင်တွေနဲ့ ကားပစ္စည်း အရောင်းဆိုင်တွေမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ရန်ကုန်-မန္တလေး နှစ်မြို့ထဲထည့်ထားတယ်။ နောက်ဆက်ပြီးတော့လည်း အခြားမြို့တွေနဲ့ ဟိုင်းဝေးလမ်းတွေ ဆက်ထည့်လို့ရပါတယ်။ မြို့တစ်မြို့ဆို ကျပ်ရှစ်ထောင် ကိုးထောင်လောက်ကျပြီး ဟိုင်းဝေးလမ်းတွေကတော့ ကျပ်တစ်သောင်းကျပါတယ် အာမခံ တစ်နှစ်ပေးထားတယ်”ဟု it-weekly ဂျာနယ်သို့ပြောသွားခဲ့သည်။

Credit : it.weekly

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ့သမိုင်းနှင့် နက္ခတ္တပညာ လေ့လာစရာ


ကျွန်တော်အနေဖြင့်- နက္ခတ္တ ပညာကို စိတ်ဝင်စား ခြင်း ဖြစ်အောင် ပေးပို့ ခဲ့သော အခြေအနေများ ရှိခဲ့ပါသည်။ ထိုအချက် များစွာတို.အထဲမှ- အချက်တစ်ခုမှာ- မြန်မာ့ သမိုင်းနှင့် နက္ခတ္တ ပညာ တို.ဆက်စပ်နေမှု ပင် ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင်- တနည်းအားဖြင့် ရာဇ၀င်တို့ တွင်- နက္ခတ္တပညာ၏ အခန်းတွင် လွန်စွာ မှ အရေးပါသော နေရာမှ ရပ်တည်ခဲ့ပါသည်။

ယင်းတို.အနက်- စိတ်ဝင်စားစရာ ကောင်းသော အချက်တို့မှာ-
ပေါက္ကံ (ပုဂံ) ဘုရင် အနော်ရထာမင်း- (အမှန်အား ဖြင့် အနော်ရထာ ဆိုသော မြန်မာ အမည်သည် “အနုရုဒ္ဓါ” ကို မြန်မာမှု ပြုထားခြင်း ဖြစ်သည်။) သည် နတ်ရွာ စံခါနီး အချိန်တွင်- နန်းတော် ရှိ ဗေဒင် ပညာရှိ အပေါင်းတို့က ဘုရင်၏ စန်းပြတ်၊ လွန်းပြတ် ဖြစ်နေသည်ကို သတိပြုမိ၍ (စန်း ခေါ် တနင်္လာကိုလည်းကောင်း၊ လဂ်ကို လည်းကောင်း ဂြိုဟ်ဆိုးများ၏ အင်အား သက်ရောက် မှု များ ထင်ရှားနေ၍) ဘုရင် ဖြစ်သူအား- သတိပေးထားချိန် တွင်- နန်းတော် ယာယီတိုင် တူးရာတွင်- သေနေသော ဖားဖိုအား၊ ဖားမ က ပိုးထားသည်ကို တွေ့ရ၍ - အတိတ်နိမိတ် များ မကောင်းဟု စိုးရိမ်နေခဲ့ကြရပါသည်။

ထိုအချိန်တွင်ပင်- ကျွဲတစ်ကောင်- သောင်းကျန်း လွန်းသည်၊ မည်သူမျှ- ဖမ်းဆီး၍ မရဟူသော သတင်းဘုရင့် ထံသို့- ရောက်ရှိလာပါသည်။ အနော်ရထာ မင်းမြတ်သည်- နောင်တော် စုက္ကတေးမင်းကို လှံချင်းယှဉ်၊ စီးချင်းထိုးခဲ့သော လက်ရုံး ရည်၊ နှလုံးရည် နှင့် ပြည့်ဝသည့် ဘုရင်ဖြစ်သည်။

သာမာန်ကိစ္စ ဟု၍ အပေါ့အတန်-သဘောထားကာ အခြား တစ်ယောက် ယောက်ကို စေခိုင်းရမည့် အစား- ဤကိစ္စကို ငါကိုယ်တိုင် လုပ်မှ ဖြစ်မည်ဟု ရာဇ မာန်ဖြင့် ကိုယ်တိုင် ဖမ်းဆီး ခဲ့ရာမှ- ဘုရင့် ဆင်တော် ပင်လျှင် ကျွဲရိုင်း၏ ဒဏ်ကို မခံနိုင်ပဲ- အူအခွေလိုက် ပွင့်ထွက် သဖြင့်- ဆင်, က-ကို ခါချခဲ့သဖြင့် ဘုရင်ကိုယ်တိုင် ဆင်ပေါ်မှ ကျကာ- အနိစ္စ ရောက် နတ်ရွာ စံခဲ့ရပါသည်။

ပထမ မြန်မာနိုင်ငံတော် တည်ထောင်ခဲ့သူ အနော်ရထာ မင်းမြတ် ၏ ကံကြမ္မာကို နတ်ရွာစံ မသေဆုံးခင်ကပင်- သူ၏ ဇာတာက ဖေါ်ပြ နေပါတော့ ၏။

ဘုရင့်နောင် မင်းတရားနှင့် သူ၏ဇာတာ
အင်မတန်- စိတ်ဝင်စား စရာကောင်းသော အခြားဇာတာ နှင့် ဖြစ်ရပ်မှာကား- ဘုရင့်နောင် မင်းတရား၏ ဇာတာ ဖြစ်ပါသည်။ ဘုရင့်နောင်တွင်- ရှင်ဘုရင် ဘွဲ.မပါ- အမည် သုံးမျိုး ရှိပါသည်။ ၄င်းတို.မှာ- သျှင်ရဲထွဋ်၊ ကျော်ထင် နော်ရထာ နှင့် ဘုရင့်နောင် တို့ ဖြစ်ပါသည်။

တောင်ငူဘုရင် မင်းကြီးညို၏ သား ဖြစ်သူ- တပင်ရွှေထီး မင်းသား၏ အထိန်းတော်မှ မွေးလာသော ဘုရင့်နောင်သည်- တပင်ရွှေထီး၏ ညီအကို သဘွယ် လေးစား ချစ်ခင်မှု၊ ယုံကြည် အားကိုးမှုကို ရခဲ့ပါသည်။ ထို့ကြောင့်လည်း နန်းတော်တွင် တံခါးမရှိ၊ ဓါးမရှိ ၀င်နိုင် ထွက်နိုင်သော အနေအထားတွင် နေခဲ့ရာမှ- တပင်ရွှေထီး၏ အမတော် ဖြစ်သူ- ခင်ခင်ကြီး နှင့် ချစ်ကျွမ်းဝင် ခဲ့ပါတော့သည်။

တစ်နေ့တွင်- ချစ်သူတို့ဘာဝ တစ်ဦးနှင့် တစ်ဦး ကျီစားယင်း- ခင်ခင်ကြီး မှ- ၄င်းတို့ မှ သျှင်ရဲထွဋ် တို့ အား ကျေးဇူးပြုထားပုံ တို့ကို သျှင်ရဲထွဋ် မခံချင်အောင် ပြောလိုက်မိသည်။

ဤသည်တွင်- ဘုရင့်နောင် ဖြစ်လာမည့် သျှင်ရဲထွဋ် မှ- သူ့ အနေဖြင့် ဘုန်းရှိ၍ ခင်ခင်ကြီး တို့မှ- ကျေးဇူးပြု ကူညီရခြင်း ဖြစ်ကြောင်းပြောရာ- ခင်ခင်ကြီး မှ- မှူးမျိုး မတ်မျိုး အဆင့်သာ ရှိသော သျှင်ရဲထွဋ် တို့နှင့် ဘုရင့်သမီးတော် - မည်သူက ဘုန်းရှိပါမည် နည်းဟု ချေပ ခဲ့ပါသည်။

ထိုအခါ- သျှင်ရဲထွဋ် မှ- ခင်ခင်ကြီးအား- ခမည်းတော် ဖြစ်သူ မင်းကြီးညို၏ ဇာတာ၊ တပင်ရွှေထီး၏ ဇာတာနှင့် သျှင်ရဲထွဋ် ဇာတာ (၃) ခုကို ယူ ဆရာတော်အား စစ်ဆေး ကြည့်ခိုင်းရန် မှာလိုက်ပါသည်။
နောက်နေ့တွင် ဆရာတော်မှ စစ်ဆေးပြီးနောက်- “ဤဇာတာသည် မင်းဧကရာဇ် ပင် ဖြစ်ရမည်။ ကောင်းလှသည်။ - ဤဇာတာသည် ဘုန်းတန်ခိုးကြီးသော ဘုရင် ဖြစ်၍၊ ရန်ဟူသမျှ အောင်မြင် လိမ့်မည် မှန်သော်လည်း၊ အသက်မရှည်။ လက်နက် ဓားလှံ ထိပါးတတ်သည်။ - ဤဇာတာကား အထက် ဇာတာ နှစ်စောင် တို.ထက် မြင့်မြတ် ကောင်းမွန် လှသည် ဖြစ်၍ ဇာတာရှင်သည် အပြည်ပြည် ထောင်သော မင်းတို့ကို အစိုးရသော မင်းဧကရာဇ် ကြီး ဖြစ်၍၊ သားစဉ် မြေးဆက် မင်းချည်း နှင်နှင် ဖြစ်လိမ့်မည်။ ဤဇာတာ များကို မည်သူအားမျှ မပြလေနှင့်၊ ယခု အခါ ပြလျှင် ပျက်စီးတတ်သည်။” ဟု သတိပေး စကား မိန်.ကြား ခဲ့ပါသည်။

ထိုအခါ ဇာတာကို လာပြသော- အစေအပါး ဖြစ်သူမှ-“နောက်ဆုံး ဇာတာကို ထုံးနှင့် တို့ မှတ် ပေးတော်မူပါ ဘုရား” ဟု တင်လျှောက်သဖြင့် ဆရာတော်မှ- ထုံးဖြင့် မှတ်ပေး လိုက်သည်။ ထိုဇာတာသည်ကား- ဘုရင့်နောင် မင်းတရားကြီး ဖြစ်လာမည့် သျှင်ရဲထွဋ်၏ ဇာတာပင် ဖြစ်သည်။

ထို့နောက်တွင် တော့- ခင်ခင်ကြီး အနေဖြင့်- သျှင်ရဲထွဋ် ဖြင့် လူငယ်တို့ ဘာဝ အချစ်နယ် ကျွံလွန်ခဲ့မိသည်။ သမီးတော် အနေဖြင့်- အခြေအနေ မူမမှန်ကြောင်းကို ဘခင် ဖြစ်သူ မင်းကြီးညိုမှ မသင်္ကာ ဖြစ်ပြီး- မိခင် ဖြစ်သူ မိဖုရားကြီး (မိုးဗြဲ စော်ဘွားသမီး ခင်နွယ်) ကို မေးစစ်ရာမှ သိရှိပြီးနောက်- “သမီးတော် အား မိုက်မဲ စော်ကားသူ ငရဲထွဋ် အား ဖမ်းဆီး၍ သတ်စေရန်” အမိန့်တော် ချခဲ့သည်။
သို့သော်လည်း- ဆရာတော်များနှင့် ဥပုသ် ဆောက်တည် ခိုက်ဖြစ်၍- ဆရာတော်များက အမျက်ချုပ် သည်းခံရန် မှာကြားသဖြင့်- ခပ်မဆိတ် နေခဲ့၏။

ထိုအချိန်တွင် ကြက်တိုက် ပျော်မြူးနေသော- သျှင်ရဲထွဋ် မြင်တွေ.သော အိပ်ဖန်စောင့် တို့သည်- “သေပန်းပွင့်” နေသူဟု ပြောကာ- အခြေအနေကို ရှင်းပြ၍ ထွက်ပြေးရန် ပြောသော်လည်း- သျှင်ရဲထွဋ် အနေဖြင့် မျက်နှာ မပြောင်းသလို- ပြေးရန်စိတ်ကူးမရှိ။
မသေခင် ပျော်ပျော် နေမည်ဟု သဘောထားပြီး- ကြက်တိုက်မြဲ တိုက်နေခဲ့သည်။

အချိန်ကုန်မှ အိမ်ပြန်ပြီး- နောက်နေ့ စောစောတွင် ဘုရင်မျက်နှာသစ် တော်အကျကို စောင့်ဆိုင်း၍ ဘုရင်အား ခစားလေတော့သည်။
ဤနေရာတွင်- ဘုရင်အား သျှင်ရဲထွဋ် တင်လျှောက်ပုံမှာလည်း- စိတ်ဝင်စားစရာ ကောင်းပါသည်။

“ဘုန်းတော်ကြီးသော အရှင်မြတ် ဖြစ်ပါ၍-ရာဇ၀တ် ဘေးမှ ပုန်းရှောင် သော်လည်း လွတ်ကင်းနိုင်မည် မဟုတ်သဖြင့်၊ အရှင်မင်းမြတ်၏ မိန့်တော်သံကို နာခံရန် ရှေ.တော်သို. ၀င်လာခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ဇာတာကို ကြည့်၍ ဆုံးဖြတ်တော် မူစေလိုပါသည်”

ဟု လျှောက်တင် ၍ ဇာတာကို ဆက်သ လိုက်သည်။

ဘုရင် မင်းကြီးညိုသည်- ဗေဒင် လွန်စွာ တတ်ကျွမ်းသူ ဖြစ်ရာ- ဇာတာကို ကြည့်လိုက်သည် နှင့်- ဟု နှလုံးဖြူသော အလား “ငရဲထွဋ် နင့်ဇာတာ ကောင်းလှသည်။ ကောင်းမွန်စွာ သိမ်းဆည်းထား လေ” ဟု မိန့်ဆိုလျှက် ဇာတာကို လှမ်းပေးလိုက်သည် သည်ဟု ဆိုထားပါသည်။

ဤမျှ ထူးခြားသော ဇာတာပိုင်ရှင်- သျှင်ရဲထွဋ် သည်-

“ဤဇာတာသည် ဘုန်းသမ္ဘာကြီးလှသော ဘုရင် ဧကရာဇ် ဇာတာ မျိုး ဖြစ်ချေသည်။ ငါ၏ သားတော် တပင်ရွှေထီးသည် ငရဲထွဋ်ကို ညီအစ်ကို အရင်းမက ချစ်ကြည် လေးမြတ် ပေသည်။ ငရဲထွဋ်အား ရာဇ၀တ် အပြစ်ဒဏ် ပေးလိုက်လျှင် ငါ၏ သားတော်မှာ စိတ်ဒုက္ခ ကြီးစွာ ရောက်ပေတော့မည်။ ထိုမှ တစ်ပါး- ငါ၏ သားတော် ထီးနန်း အုပ်ချုပ် မင်းလုပ်သော အခါ၌ ငရဲထွဋ် ကဲ့သို.သော ဖွားဖက် လူယုံတော် ရှိမှ ဖြစ်ချေမည်။ ငါ့သားတော် တွင် လည်း အခြား ညီတော် နောင်တော် သီးခြားမရှိ၊ တပင် ရွှေထီး ဆိုသည့် အတိုင်း တစ်ပါး ထီးထီး ရှိချေတော့မည်။ ငါ၏ သားတော် ၏ အားကိုးရာ ဖြစ်စေတော့။ သင်း၏ ဇာတာသည်လည်း လွန်စွာ ကောင်းသည် ဖြစ်၍ အားကိုးလောက်သော အာဇာနည် တစ်ယေက် ဖြစ်ချိမ့်မည်။ သမီးတော်မှာ- တပင် ရွှေထီးထက်ပင် အသက်ကြီးပေသည်။ ငရဲထွဋ် နှင့်မှ သက်တူရွယ်မျှ ဖြစ်သည်။ ငရဲထွဋ်လည်း ဧကရာဇ် တစ်ဆူ ဖြစ်မည့်သူပင်၊ ငါ၏ သမီးတော် သားတော်များ ဒုက္ခမရောက်စေသင့်- ၄င်းတို. အလိုရှိသည့် အတိုင်း ပြည့်စုံစေတော့ အံ့ ”


- သာမာန် အဆင့်တွင်- မင်း၏ သေဒဏ်ကို ချမှတ်ခြင်း ခံရသော်လည်း- ကြောက်လန့် တကြား ထွက်ပြေးခဲ့သူ မဟုတ်။
-တိုက်ပွဲ တစ်ပွဲတစ်ပွဲတွင်- ပေါင်ကို ထုတ်ချင်းပေါက် အောင် ထိုးစိုက်နေသော လှံကို မနှုတ်ပဲ- ဖြတ်ရုံသာ ဖြတ်၍- တိုက်ပွဲကို ဆက်လက် ဆင်နွှဲခဲ့သည်။
-တပင်ရွှေထီး- နားသ မင်္ဂလာအတွက် -ရန်သူ. နယ်မြေ ဖြစ်သော ပဲခူး-ရွှေမော်ဓော ဘုရားကို သွားရန်- သူရဲကောင်းရွေးရာတွင် လက်သည်းခွံ အကြား-တို.သံစိုက်ကာ တူနှင့် ရိုက်သွင်း၍ သွေးမတွန့် ကြောင်း ကိုယ်တိုင် အစစ်ခံ၍- သူရဲကောင်းတို.ကိုလည်း ထိုနည်း အတိုင်း ရွေးကာ- အစီအရင်ကို အောင်မြင်အောင် ခေါင်းဆောင် ဆောင်ရွက်ခဲ့သည်။
- မိမိထက် အဆမတန် များသော ရန်သူတို့ကို တိုက်ခိုက်ရန် အတွက်- နောက်ကြောင်း ပြန်လှည့် လိုသော စိတ်များ ပျောက်စေရန် ဖောင်ဖျက် တိုက်ပွဲ ၀င်ပြီး အောင်လံထူခဲ့သည်။
- ငယ်ရွယ်၍- ရူးမိုက်မှုတို.ကြောင့် သေရည် အရက်၏ ကျေးကျွန်ဖြစ်ပြီး- တိုင်းပြည် ကိစ္စကို အာရုံမစိုက်သော- ဘုရင်ဖြစ်သူ တပင်ရွှေထီးကို နန်းချပြီး ဘုရင်လုပ်ရန်- မှူးကြီး မတ်ရာတို့က ကြိမ်ဖန်များစွာ တိုက်တွန်းသော်လည်း- မိမိ၏ အောင်မြင်မှု အတွက်- သစ္စာမဖေါက်ခဲ့။
-မင်းမျိုးမဟုတ်သော အနွယ်မှ- မင်းဖြစ်လာခဲ့သည်။
- တောင်ငူ မြို.ကို အုပ်ချုပ်သော မင်း အဖြစ်မှ- ထိုင်းနိုင်ငံ (ဆူကိုထိုင်း- (မြန်မာ အခေါ် သောက္ကတဲ) - ဇင်းမယ်၊ အယုဒ္ဓယ တို့သာမက၊ ကမ္ဘောဒီးယား၊ လာအို တို့အပါ အ၀င် မဲခေါင်မြစ်၏ အနောက်ဘက် တစ်ခြမ်းလုံးကို အုပ်ချုပ်နိုင်ခဲ့သော ဧကရာဇ် မင်း အဖြစ်ကို ရောက်ခဲ့သည်။
- တိုင်းပြည်ကို တည်ထောင်ရန် အတွက် စစ်တိုက်ရသော်လည်း- ရန်သူတို.အပေါ်တွင် မရက်စက်သည့် အပြင်- သိမ်းပိုက်ရာ နိုင်ငံမှ ဘုရင်တို့၏ သားသမီးများကို မွေးစားကာ ပညာ သင်ပေးခဲ့သဖြင့်- ထိုင်းနိုင်ငံမှ ၄င်းအား “ဖုကျနာ ဆစ်ဗ် (အရပ် - ဆယ်မျက်နှာ နှင့် ပြည့်စုံသောသူ)” ဟု ခေတ်အဆက်ဆက် ရိုသေ လေးစားခဲ့ရသည်။

ဤသည်ကား မြန်မာ့ သမိုင်းတွင်- မြန်မာ့ နက္ခတ္တ ပညာသည်- မည်မျှ တိကျ မှန်ကန်ခဲ့သနည်း ဆိုသည်ကို ဖေါ်ပြနေသော အချက်ပင် ဖြစ်ပါသည်။

ထူးခြားသော သူတို့တွင်- ထူးခြားသော စိတ်ဓါတ် ရှိသည်။ ထူးခြားသော လက်ရုံးရည်၊ နှလုံးရည် ရှိသည်။ ထိုအချက်တို.၏ နောက်ကွယ်တွင်ကား- ထူးခြားသော ဇာတာ ရှိနေပါ တော့သည်။

နျူမာန် (မိုးတား)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမေရိကန်ဒေါ်လာ သန်း၂၀၀ ၀န်းကျင် ကုန်ကျမည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကို ရုရှား၊ တရုတ်၊ ဂျပန်ပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှတ်တင်မည်

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ကုန်ကျမည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကို ရုရှား၊ တရုတ်၊ ဂျပန်ပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှတ်တင်သွားရန် ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ပြည်ထောင်စုဒုတိယ ၀န်ကြီး ဦးတင့်လွင်က ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသည့် မိုဘိုင်း ဆက်သွယ်မှု ကွန်ရက်စနစ် တည်ဆောက်ရေးနှင့်တပ်ဆင်ရေး အခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၁) နှင့် အခြေခံ ပစ္စည်းထိန်းသင်တန်း (၀၁/၁၁-၁၂) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍအား တိုးချဲ့မှုအဖြစ် ငါးနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ကို အများပြည်သူထံ ချထားပေးမည့် အစီအစဉ်နှင့်အတူ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကိုလည်း လွှင့်တင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း ပထမနှစ် စီမံကိန်းအဖြစ် မိုဘိုင်းဖုန်းလိုင်း လေးသန်းကို ယခုဘဏ္ဍာရေးနှစ် အတွင်း သုံးစွဲခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုနှင့်အတူ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ကုန်ကျမည့် နိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကိုလည်း ရုရှား၊ တရုတ်နှင့် ဂျပန်နိုင်ငံပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ်ရေးကဏ္ဍနှင့် ရုပ်သံကဏ္ဍအတွက် ပြည်ပနိုင်ငံမှ ဂြိုဟ်တုစနစ်ကို ငှားရမ်းအသုံးပြုလျက်ရှိပြီး တစ်နှစ်လျှင် ငှားရမ်းခအဖြစ် အမေရိကန်ဒေါ်လာ ၁၅ သန်း ၀န်းကျင်ကို ပေးဆောင် နေရကြောင်း သိရသည်။

“ဆက်သွယ်ရေးအနေနဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ဆောင်ရွက်ဖို့ကိစ္စ တွေ၊ လုပ်ငန်းကြီးတွေ ပြင်ဆင်ထား တာ အများကြီးရှိတယ်။ အခုမိုဘိုင်း သန်း ၃၀ ကိစ္စ၊ နောက်တစ်ခုက မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံး စေ လွှတ်ဖို့ကိစ္စလည်းရှိပါတယ်။ ဂြိုဟ်တုလွှတ်ဖို့အတွက် Human Resources က အလွန်အရေးကြီးပါတယ်။ အခု ရုရှား၊ တရုတ်၊ ဂျပန်စတဲ့နိုင်ငံ တွေက ဂြိုဟ်တုကုမ္ပဏီတွေနဲ့ တောက်လျှောက် ပြောနေပါတယ်။ ကိုယ်ပိုင်ဂြိုဟ်တုမရှိတဲ့အတွက် sky net အပါအ၀င် ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၅ သန်းလောက် ကုန်နေတယ်။ ကိုယ်ပိုင်ဂြိုဟ်တု တစ်လုံးလွှတ်ရင် အမေရိကန်ဒေါ်လာ သန်း ၂၀၀လောက် ကုန်မှာဖြစ်တယ်။ ဒါ ကြောင့် ရေရှည် ဒီအတိုင်း ငှားသုံးနေမလား၊ ကိုယ်ပိုင်လွှင့်မလား အဖြေ ပေါ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဦးတင့်လွင်က ဆိုပါသည်။

၎င်းကပင် ဆက်လက်၍ “အမေရိကန်ဒေါ်လာ ၁၅ သန်းဆိုတာ ဒီနေ့ application တွေအရ သူများကို ပေးနေရတဲ့ ပိုက်ဆံတွေပါ။ ရွှေသံလွင်က နောက်ထပ်တိုးချဲ့ထုတ်လွှင့်မယ့် ချန်နယ်လ်တွေအပြင် MPT ၊ ရတနာပုံ၊ မြ၀တီ၊ မြန်မာ့အသံ စတဲ့ အဖွဲ့အစည်းတွေရဲ့ plan တွေပါ ပေါင်းလိုက်ရင် တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း ၂၀ ကနေ၊ ၃၀ အထိ ကုန်ကျနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ နိုင်ငံပိုင်ဂြိုဟ်တု လွှင့်တင်နိုင်မည်ဆိုပါက ဆက်သွယ်ရေးကဏ္ဍနှင့် ရုပ်သံကဏ္ဍတိုးချဲ့ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောပြခဲ့သည်။

Source: Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြယ်,ဂြိုဟ်နက္ခတ်,တာရာ နှင့် မြန်မာတို့အမြင်




မြန်မာနက္ခတ်ဗေဒင်(Myanmar Astrology) နှင့် အခြားသောနက္ခတ်ဗေဒင်ကျမ်းများကို မလေ့လာမီ နက္ခတ္တဗေဒ(Astronomy)နှင့်ပတ်သက်သော ကြယ်,ဂြိုဟ်,နက္ခတ်,တာရာဟူသောဝေါဟာရများ၏ သဘောသဘာဝများကို အနီးစပ်ဆုံး မှန်ကန်စွာ လေ့လာဖို့လို၏။ကျွန်ုပ်အား အလွယ်ကူဆုံး နှင့်မြန် ဆန်စွာကောက်ယူနိုင်သော လဂ်ကောက်နည်းရှိလျှင် ရေးပေးပါဦး ဟု ကော့မက်ပေးထားပါသဖြင့် နန္ဒာသိန်းဇံ၏ နက္ခတ်ဗေဒင်ပညာနှင့် မြန်မာတို့၏အတွေးအမြင်အစဉ်အလာမှ ကောက်နုတ်ဖော်ပြ ထားသော ဤစာစုကို လေ့လာကြည့်စေလိုပါသည်။မြန်မာမှုနယ်ပယ်တွင် ကြယ်,ဂြိုဟ်,နက္ခတ်, တာရာဟူသောဝေါဟာရများကို မကြခဏဆိုသလို ယှဉ်တွဲသုံးစွဲလေ့ရှိသောကြောင့် အတူတူပင်ဖြစ် သည်ဟု အချို့ ကထင်မှတ်ကြသကဲ့သို့ အချို့ ကလည်းသီးခြားဖြစ်သည်ဟု ထင်မှတ်မှားတတ်ကြ၏။

ကြယ်။ ။ ပထမဦးစွာ“ ကြယ်”(Star)အကြောင်းပြောရလျှင် သိပ္ပံအမြင်အားဖြင့် ကြယ်ဆိုသည်မှာ နေများဖြစ်
၍ အလင်းရောအပူပါလွှတ်ပေးသည်ဆိုသည်ကိုအားလုံးသိကြပြီးဖြစ်၏။အချို့ ကြယ်များသည် ကျွန်ုပ် တို့၏ နေမင်းကြီးထက် အဆပေါင်းများစွာ ကြီးမားကြပြီး အလင်းရောင်သည်လည်း အဆပေါင်း တစ်သန်းခန့် ပိုမိုတောက်ပကြသည်။ ၎င်းကြယ်များသည် ကျွန်ုပ်တို့၏ ကမ္ဘာနှင့် နေအကြားရှိ အကွာ အဝေးထက် အဆပေါင်းများစွာ ပိုဝေးသောကြောင့် သေးသေးငယ်ငယ်မျှသာ မြင်ကြရခြင်းဖြစ်၏။ ကြယ်တို့၏တောက်ပခြင်းအဆင့်ကိုလိုက်၍ အတန်းအစားခွဲထားရာ ကမ္ဘာမြေမှကြည့်သော် အတောက်ပဆုံးဟု ထင်ရသော“ဓူဝံကြယ်”မှာ ဒုတိယတန်းစားထဲ၌သာပါဝင်၏။ကျွန်ုပ်တို့အသိအမှတ် ပြုထားသော “နေမင်းကြီး”မှာ ကမ္ဘာနှင့်အနီးကပ်ဆုံး ကြယ်ကြီးတစ်လုံးမျှသာဖြစ်ပြီး ကြယ်များအနက် အလတ်တန်းစားမျှသာဖြစ်၏။အကြီးဆုံးကြယ်မှာ နေ၏အချင်းထက် အဆပေါင်း ၃၀၀၀-ရှိပြီး အသေး ငယ်ဆုံးကြယ်များမှာ နေ၏အချင်းအောက် ၄၀၀-ပုံ ၁-ပုံသာရှိကြ၏။

ဥပမာ.....“ဟင်္သာတာရာ”၏ စားလုပ်နားရှိ အက်ပ်စီလွန်အော်ရီဂေး(Epsilon Aurigae)ကြယ်ကြီးမှာ နေ၏အချင်းထက် အဆပေါင်း(၂၇၀၀)-မျှပိုမိုရှည်လျားကြီးမားသည်ဟုဆိုသည်။ မြန်မာနက္ခတ်ဗေဒင်(Myanmar Astrology)တွင်မူ “နေ”နှင့် “လ”ကို အခြားသော နက္ခတ်,တာရာ များကဲ့သို့ကြယ်မျိုးစုတွင်ထည့်သွင်း လက်ခံခြင်းမရှိဘဲ “နေ ကို” “တနင်္ဂနွေဂြိုဟ်”၊ “လ”ကို “တနင်္လာ ဂြိုဟ်”အဖြစ်သတ်မှတ်လေ့ရှိ၏။

ဂြိုဟ်။ ။“ ဂြိုဟ်”တွေအကြောင်းပြောကြစို့။အနောက်တိုင်း နက္ခတ္တဗေဒ၌ “ ဂြိုဟ်”(Planet)ဆိုသည်မှာ နေကိုဗဟိုပြု၍ လှည့်ပတ်နေသော ကောင်းကင်တန်ဆာများဟုယူဆ၏။ကြယ်နှင့်ကွာခြားချက်မှာ ဂြိုဟ်သည် ကိုယ်ပိုင်အလင်းရောင်မရှိ၊နေမှရသော တစ်ဆင့်ခံ အလင်းရောင်သာရှိ၏။နေကိုအကွာ အဝေးအသီးသီးမှ “ဘဲဥပုံပတ်လမ်း”(Elliptical path)အတိုင်း လှည့်ပတ်နေကြရာ ကမ္ဘာအပါအဝင် ဂြိုဟ်ပေါင်း(၉)လုံးရှိ၏။နေနှင့်အနီးဆုံးမှစ၍ဖော်ပြရလျှင် ဗုဒ္ဓဟူးဂြိုဟ်(Mercury)၊သောကြာဂြိုဟ် (Venus)၊ကမ္ဘာဂြိုဟ်(Earth)၊အင်္ဂါဂြိုဟ်(Mars)၊ကြာသပတေးဂြိုဟ်(Jupiter)၊စနေဂြိုဟ်(Saturn)၊ ရေးနပ်စ်ဂြိုဟ်(Uranus)၊နက်ပကျွန်းဂြိုဟ်(Neptune)နှင့် ပလူတိုဂြိုဟ်(Pluto)တို့ဖြစ်ကြပြီး ၎င်းတို့ အားလုံး အနောက်မှအရှေ့ သို့(လက်ဝဲရစ်ပုံစံ)လည်ကြ၏။သိပ္ပံအမြင်အရ ကျွန်ုပ်တို့ လက်ရှိနေထိုင် လျှက်ရှိသော စကြာဝဠာကို “နေ”တည်းဟူသော ကြယ်တစ်လုံး၊ဂြိုဟ်(၉)လုံး၊လ(၅၀)လုံးကျော်တို့ ဖြင့်ဖွဲစည်းထားသည်။မြန်မာမှုတွင် “ ဂြိုဟ်”ဟူသည်မှာ“အိမ်”(သို့)“ဗိမာန်”ဟုအဓိပ္ပာယ်ရပြီး သက် ဆိုင်ရာဂြိုဟ်အသီးသီး၌ ၎င်းတို့နှင့်သက်ဆိုင်သော ဂြိုဟ်မင်းများလည်း အသီးသီးရှိကြောင်း ယုံကြည် ကြ၏။“နေ”ကို “တနင်္ဂနွေဂြိုဟ်မင်း”၊“လ”ကို“တနင်္လာဂြိုဟ်မင်း”ဟူ၍သတ်မှတ်ကြပြီး အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ကြာသပတေးဂြိုဟ်၊သောကြာဂြိုဟ်၊စနေဂြိုဟ်တို့အပြင် ရာဟုဂြိုဟ်နှင့် ကိတ်ဂြိုဟ်ဟူ၍ လည်းရှိသည်။စင်စစ် ရာဟုနှင့်ကိတ်သည် ဂြိုဟ်အစစ်များမဟုတ်ကြပါ။နေကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာ့အရိပ်ထွက်ရာဆုံချက်ကို ရာဟုဂြိုဟ်နှင့် နေနှင့်ကမ္ဘာအကြားရှိဆုံချက်ကို ကိတ်ဂြိုဟ် ဟုသတ် မှတ်ပြီးယင်းဆုံချက်အမှတ် ၂-ခုသည်မျဉ်းဖြောင့်အနေအထားရှိကာ ၁၂-ရာသီစက်ဝန်း တစ်ပတ် (၃၆၀ံ)ပြည့်ရန် ၁၈-နှစ်ကြာ၏။နေ,လကြတ်ရာတွင် အဓိက စိုးမိုးပါ၍ ၁၈-နှစ် နေ,လကြတ်ကိန်း ဖြစ်ပေါ်စေ၏။

မြန်မာ့နက္ခတ္တဗေဒတွင် “လ”သည် ကမ္ဘာနှင့်သက်ဆိုင်သော “လ”တစ်လုံးတည်းသာလျှင်ဖြစ်၏။ စင်စစ် သိပ္ပံအမြင်အရ ကမ္ဘာတွင် လ(၁)လုံးရှိကာ ဗုဒ္ဓဟူးဂြိုဟ် နှင့် သောကြာဂြိုဟ်တို့တွင် လ(၁) လုံးမျှမရှိကြ။အင်္ဂါဂြိုဟ်တွင် လ(၂)လုံး၊ယူရေးနပ်စ်ဂြိုဟ်တွင် လ(၁၅)လုံး၊ကြာသပတေးဂြိုဟ်တွင် လ(၆)လုံး၊စနေဂြိုဟ်တွင် လ(၂၀)လုံး၊ပလူတိုဂြိုဟ်တွင် လ(၁)လုံး၊နက်ပကျွန်းဂြိုဟ်တွင် လ(၈)လုံး ရှိကြောင်း တွေ့ရှိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာနိုင်ငံ၏ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်နိုင်ရေး လုပ်ငန်းများ အတန်သင့် ခရီးရောက်လျှက်ရှိ


ကာကွယ်ရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနတို့ ပူးပေါင်းဦးဆောင်ကာ မြန်မာနိုင်ငံ၏ ကိုယ်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရန် ဆောင်ရွက်မှုများ စတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ လက်ရှိ၌ အဖွဲ့ဝင် ၅ ဦးပါသော ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ဗဟိုကော်မတီနှင့် အဖွဲ့ဝင် ၇ ဦးပါရှိသော လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အဆိုပါအဖွဲ့၏ ပထမဆုံး ခြေလှမ်းအဖြစ် ထိုင်းနိုင်ငံမှ Thaicom ကုမ္ပဏီနှင့် ဂြိုဟ်တုလွှတ်တင်ရေး နည်းပညာဆိုင်ရာ နားလည်မှု စာချွန်လွှာကို နေပြည်တော်၌ လက်မှတ်ရေးထိုး အောင်မြင်ခဲ့ပြီးကြောင်း သိရသည်။

မြန်မာပြည်တွင်း၌ လက်ရှိ MRTV, MRTV-3, MRTV-4, MWD, MITV စသည့် အစိုးရပိုင် ရုပ်သံလိုင်း ၅ ခုနှင့် အခပေး ရုပ်သံလိုင်း Sky Net တို့ ရှိကြပြီး အဆိုပါ ရုပ်သံလိုင်းများ အတွက် ဆက်သွယ်ရေးဂြိုဟ်တု ငှားရမ်း အသုံးပြု နေရသဖြင့် နှစ်စဉ် နိုင်ငံခြားဝင်ငွေ ယိုဖိတ်မှု ရှိနေသောကြောင့် ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ကြားသိရသည်။




MRTV-4 ၏ နာမည်ကျော် စကားနပန်း အစီအစဉ်


မြန်မာနှင့်အတူ အိမ်နီးချင်း အာဆီယံနိုင်ငံ တစ်ခုဖြစ်သော ကမ္ဘောဒီးယား သည်လည်း အဆိုပါ ကုမ္ပဏီဖြင့်ပင် ချိတ်ဆက်ပြီး ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရန် ကြိုးပမ်းနေကြောင်း၊ လွန်ခဲ့သော ရက်ပိုင်းက စင်ကာပူနိုင်ငံသည် ပြည်တွင်းဖြစ် ဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း အင်တာနက် သတင်းများ အရ သိရသည်။

Source: mmdailynews

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ့ဂြိုဟ်တု လွှတ်တင်ရေး ကော်မတီများ ဖွဲ့စည်းပြီး



နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ကဏ္ဍအား စွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် အတွက် နိုင်ငံတော်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင် ရေး ဗဟို ကော်မတီနှင့် လုပ်ငန်း ကော်မတီအား ဖွဲ့စည်းပြီး ဖြစ်ကြောင်း ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့စွဲပါ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အမိန့်ကြော်ငြာစာ အမှတ် ၁၁/ ၂ဝ၁၁ တွင် ဖော်ပြ ပါရှိသည်။ အဆိုပါ ဗဟို ကော်မတီတွင် အဖွဲ့ဝင် ၅ ဦး ပါရှိကာ နာယက အဖြစ် အတွင်းရေးမှူး (၁)၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ အဖြစ် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဝန်ကြီး တို့မှ ဆောင်ရွက်မည် ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် ကာကွယ်ရေး ဝန်ကြီး ဌာန တို့မှ တာဝန်ရှိသူများ ပါဝင်သည်။

ယင်းကော်မတီ အနေ ဖြင့် နိုင်ငံတော်ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ဆိုင်ရာ မူဝါဒများ ချမှတ် ပေးခြင်း၊ ဂြိုဟ်တု လွှတ်တင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာများ၊ စာချုပ် စာတမ်းများ အတည်ပြု နိုင်ရေး လမ်းညွှန် ဆောင်ရွက် ခြင်းနှင့် အာကာသ ဆိုင်ရာ နည်းပညာများ ရရှိ ပြန့်ပွား နိုင်ရေး လမ်းညွှန် ဆောင်ရွက် ခြင်းများကို လုပ်ဆောင်မည် ဖြစ်သည်။

လုပ်ငန်း ကော်မတီတွင် အဖွဲ့ဝင် ၇ ဦး ပါဝင်ပြီး ဥက္ကဋ္ဌ အဖြစ် ဆက်သွယ်ရေး ညွှန်ကြားရေးမှူး၊ ဆက်သွယ်ရေး ညွှန်ကြားရေး မှူးရုံး၊ ကာကွယ်ရေး ဝန်ကြီး ဌာန အတွင်းရေးမှူး အဖြစ် ဦးဆောင် ညွှန်ကြား ရေးမှူး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်း ဝန်ကြီး ဌာန တို့မှ တာဝန် ယူကာ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အမှတ်(၂) လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာန၊ ပြန်ကြားရေး ဝန်ကြီး ဌာနနှင့် ကာကွယ်ရေး ဝန်ကြီး ဌာန များမှ တာဝန် ရှိသူများ ပါဝင်သည်။ အဆိုပါ ကော်မတီ၏ လုပ်ငန်း တာဝန် များမှာ နိုင်ငံတော် ပိုင် ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက် နိုင်ရန် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ်များ အလိုက် ဆောင်ရွက်မှု များကို ဗဟို ကော်မတီသို့ တင်ပြ၍ လမ်းညွှန်မှု ခံယူခြင်း၊ ပြည်တွင်း ပြည်ပ ပညာရှင်များ ပေါင်းစည်း၍ ဂြိုဟ်တုနှင့် အာကာသ နည်းပညာ ဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ခြင်း၊ ဂြိုဟ်တု တည်ဆောက်ခြင်း၊ လွှတ်တင်ခြင်း၊ ထိန်းချုပ်ခြင်း၊ သုံးစွဲခြင်းနှင့် အခြား လိုအပ်သည့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များ စီမံ ဆောင်ရွက်ခြင်း၊ International Telecom munication Union (ITU) အပါအဝင် ပြည်ပ အဖွဲ့အစည်း များနှင့် ဆက်သွယ်ရေးနှင့် အာကာသ ဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ဆောင်ရွက်ခြင်း၊ သဘော တူညီမှု ကိစ္စရပ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် အာကာသ ဆိုင်ရာ နည်းပညာများ ရရှိ ပြန့်ပွား နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက် ခြင်းများ ဖြစ်ကြောင်း သိရ သည်။

Source: Popular News Journal

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

GPS စက်ငယ်များဖြင့် ပြည်တွင်းကားလမ်းကြောင်းရှာဖွေမှုပြုနိုင်

http://www.planet.com.mm/news/newsimg/March09/632009_GPS_b.jpg

ကုမ္ပဏီများမှ အသုံးပြုလျက်ရှိသည့်ကားများ၊ အရောင်းကားများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများတွင်ရှိသောကားများသည် နေ့စဉ်နှင့်အမျှပြေးဆွဲမောင်းနှင်လျက်ရှိရာ၌ တနေ့တာသွားခဲ့သည့်ခရီးစဉ်များအား မှတ်တမ်းတင်နိုင်သည့် Fleet Management System အား ပိုမိုတွင်ကျယ်စွာအသုံးပြုလာနိုင်ကြောင်းသိရသည်။

“အရောင်းကားတွေ၊ သက်ဆိုင်ရာကုမ္ပဏီကားတွေဟာ တစ်နေ့တစ်နေ့ ဘယ်ကိုသွားခဲ့လဲ။ ဘယ်နှစ်မိုင်သွားခဲ့လဲ။ ဘယ်အချိန်က ဘယ်လမ်းပေါ်ရောက်ခဲ့လဲ။ ဘယ်အချိန်ကဘယ်ဆိုင်ကိုဝင်ခဲ့လဲဆိုတာတွေကို စနစ်တကျမှတ်တမ်းတင် ပို့အတွက် Fleet Management System ကိုအသုံးပြုလို့ရပါတယ်။ ဒီစနစ်ကိုအသုံးပြုတဲ့အတွက် ကားတွေဟာဘယ်နေရာမှာ၊ ဘယ်နေ့က ဘယ်ကိုသွားခဲ့တယ်ဆိုတဲ့ မှတ်တမ်းမှတ်ရာတွေရှိခဲ့လို့ရှိရင် သူတို့အတွက် ကုန်ကျတဲ့ဓါတ်ဆီဖိုးတွေ၊ သူတို့ခိုင်းလိုက်တဲ့အလုပ်တွေ၊ သူတို့သွားခဲ့တဲ့တန်ဖိုးတွေကို ကျွန်တော်တို့စနစ်တကျမှတ်တမ်းတင်ပြီး အကျိုးအမြတ်ကိုတွက်ယူလို့ရပါတယ်” ဟု Concordia မှ တာဝန်ရှိသူကိုညီညီမင်းမှပြောကြားခဲ့သည်။

“ဥပမာ-ရန်ကုန်မြို့ရွှေဂုံတိုင်မှာ ကားတစ်စီးဟာဖြတ်သွားခဲ့တယ်ဆိုပါဆို့။ ဖြတ်သွားတဲ့ကားဟာ ရုံးကိုပြန်ရောက်လာတဲ့အချိန် download ပြန်လုပ်ယူတဲ့အခါမှာ ကားဟာ ရွှေဂုံတိုင်မီးပွိုင့်ကို ဘယ်နေ့ဘယ်အချိန် ဘယ်နှစ်နာရီမှာ ဖြတ်သွားခဲ့တယ်ဆိုတာကို မှတ်တမ်းတင်လို့ရပါတယ်။ ဒီမှတ်တမ်းဟာလည်း အင်မတန်အရေးကြီးတဲ့ မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်စထွက်သွားတဲ့နေရာနဲ့ ပြန်ဝင်ရောက်တဲ့နေရာတွေကို မှတ်တမ်းတင်ပေးထားတဲ့အတွက် နောက်ပိုင်းမှာ အင်မတန်တွင်ကျယ်လာမယ့် ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်” ဟု ၎င်းထပ်မံပြောကြားခဲ့သည်။

အဆိုပါဆော့ဖ်ဝဲကို အသုံးပြုရန်အတွက် အသေးစား GPS တစ်လုံးအား ကားတွင်ပါဝင်သော စီးကရက် Lighter ထွက်လာသော Power ကြိုးနှင့် ချိတ်ဆက်အသုံးပြုရမည်ဖြစ်သည့်အတွက် ပါဝါစားသက်သာကြောင်းသိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုလ်တုဓါတ်ပုံ အသုံးချစနစ်သင်တန်းဖွင့်မည်

ဂြိုလ်တုဓါတ်ပုံ အသုံးချစနစ်သင်တန်းဖွင့်မည်
သတင်းအချက်အလက်နှင့်ဆက် သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်မြန်မာနိုင်ငံကွန်ပျူတာပညာ ရှင်အသင်း (MCPA) နှင့် Myanmar Credent Technology တို့ ၏ပူးပေါင်းစီစဉ်မှုဖြင့်သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ သင်ကြားပေးမည့်ဂြိုဟ်တုဓာတ်ပုံ၊ ကောင်းကင်ဓာတ်ပုံအသုံးချခြင်းဘာ သာရပ် (Remote Sensing Course) သင်တန်းအားဒုတိယအ ကြိမ်အနေဖြင့်ရန်ကုန်မြို့၊ လှိုင်မြို့ နယ်၊ Myanmar Info-Tech ရှိ e-learning Center တွင်အပတ် စဉ်အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များတွင် ညနေ၅နာရီမှ၆း ၃၀အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖော်ပြပါသင်တန်းကိုဇူလိုင်လ (၁)ရက်နေ့မှစက်တင်ဘာလ(၈)ရက် နေ့အထိသင်တန်းသား(၂၀)ဦးသာ လက်ခံ၍သင်ကြားပို့ချပေးမည် ဖြစ်ပြီးသင်တန်းကြေးမှာငါးသောင်း ကျပ်(စာရွက်စာတမ်းကြေးပါ) ဖြစ် ၍အစိုးရ၀န်ထမ်းများကျောင်းသား များ၊ MCPA အသင်းဝင်များ၊ MES အသင်းဝင်များအား 20% Discount ပေးမည်ဖြစ်ကြောင်းသိ ရှိရသည်။ အသေးစိတ်သိလိုပါက Myanmar Info-Tech ရှိမြန်မာ နိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံး ခန်း၊ အဆောင်(၄)၊ အခန်း(၄)ဖုန်း နံပါတ်-၆၅၂၂၇၆ သို့ဆက် သွယ်နိုင်သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...