Powered by Blogger.
RSS
Showing posts with label ရုရှားသတင်း. Show all posts
Showing posts with label ရုရှားသတင်း. Show all posts

အာကာသယာဉ်၏ အစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ဟု ရုရှားစစ်ဘက်မှ ပြောခြင်း

အာကာသယာဉ်၏ အစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ဟု ရုရှားစစ်ဘက်မှ ပြောခြင်း

၂၀၁၁ ခုနှစ် ကာဇတ်စတန်ရှိ ဘိုက်ကိုနူး (Baikonur) စခန်းတွင် ဝန်ထမ်းတစ်ဦး အာကာသယာဉ် Phobos-Grunt အတွင်းတွင် အလုပ်လုပ်နေစဉ်။



ရုရှားတို့၏ မအောင်မမြင် ဖြစ်ခဲ့သော အင်္ဂါဂြိုလ်လေ့လာရေး အာကာသယာဉ်မှ အစိတ်အပိုင်းများသည် တနင်္ဂနွေနေ့ (၁၅.၁.၂၀၁၂) တွင် ချီလီနိုင်ငံ ကမ်းခြေမှ အလှမ်းဝေးသော ပိစိဖိတ် သမုဒ္ဒရာထဲသို့ ကျသွားပြီဖြစ်ကြောင်း စစ်ဘက်မှ အရာရှိတစ်ယောက်အား ကိုးကား၍ ရုရှား သတင်းဌာနများက အစီရင်ခံကြသည်။

အာကာသ အတွင်းပိုင်းသို့ မရောက်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုရှိခဲ့သဖြင့် မျက်နှာပျက်စရာ ဖြစ်နေရာမှ လွတ်မြောက်စေရန် ရုရှားတို့က အင်္ဂါဂြိုဟ်၏ လ (Phobos) ပေါ်မှ မြေသား နမူနာ ယူရန် အာကာသယာဉ်အား လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ အာကာသယာဉ် Phobos-Grunt မှအစိတ်အပိုင်းများသည် ကမ်းခြေအလွန်ရှိ ဝယ်လင်တန် (Wellington) ကျွန်း၏ အနောက်ဘက် ကီလိုမီတာ ၁၂၅၀ (၇၇၅ မိုင်) အကွာ သမုဒ္ဒရာထဲသို့ ကျသွားသည်ဟု လေပြင်နှင့်အာကာသ ကာကွယ်ရေး တပ်များ (Aerospace Defense Forces) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အယ်လက်ဆီ ဇိုလိုတူကင် (Colonel Alexei Zolotukhin) ကပြောသည်ဟု အစိုးရပိုင်သတင်းဌာနများဖြစ်ကြသော RIA နှင့် အီတာတာ့စ် (Itar-Tass) သတင်းဌာနတို့က အစီရင်ခံသည်။

အာကာသယာဉ်သည် နိုဝင်ဘာလအတွင်း လွှတ်တင်ချိန်မှ စ၍ ကမ္ဘာပတ်လမ်းမှ အပြင်သို့ မထွက်နိုင်ခဲ့ပါ။ ၁၉၈၁ ခုနှစ်တွင် မိမိ၏ နျူကလီးယား စွမ်းအင်သုံး ထောက်လှမ်းရေး ဂြိုလ်တု ကော့စမော့စ် ၉၅၄ (Kosmos 954) မှ အပိုင်းအစများ ကနေဒါနိုင်ငံတွင်းသို့ ကျရောက်ခဲ့ရာ ရေဒီယိုသတ္တိကြွ အပိုင်းအစများအားရှင်းရသော ကုန်ကျစရိတ် ဒေါ်လာ ၃ သန်း ဆိုဗီယက် ယူနီယမ် (Soviet Union) သည် ကနေဒါအား ပေးရသည်။

ရုရှား အာကာသယာဉ်မှ အပိုင်းအစများသည် ချီလီနိုင်ငံ အနောက်ဘက် ပိစိဖိတ် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်။

Ref: Internet
Russian military says spacecraft debris falls in ocean (news.yahoo.com/countdown-crash-russias-failed-mars-probe-144746176)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုရှား မားစ်ဂြိုလ်လေ့လာစူးစမ်းရေး အာကာသယာဉ် ခိျု့ယွင်းမှုနှင့် ရင်ဆိုင်နေရ



ရုရှား - ရုရှားနိုင်ငံ၏ ဂြိုလ်အချင်းချင်းလေ့လာစူးစမ်းရန် စေလွှတ်သော လူမပါသည့် အာကာသယာဉ်မှာ လွှတ်တင်ထားပြီးနောက် မားစ်ဂြိုလ်ရှိရာ လမ်းကြောင်း ရောက်ရှိရန် မအောင်မမြင်ဖြစ်ခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ Phobos-Grunt အာကာသယာဉ်မှာ ကာဇက်စတန်ရှိ အာကာသလွှတ်တင်ရေးစခန်းမှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။ ထိုသို့ လွှတ်တင်ပြီးနောက် ၁၁မိနစ်ခန့်အကြာတွင် သယ်ဆောင်ပေးသော ဒုံးပြန်မှခွဲထွက်၍ မားစ်ဂြိုလ်ရှိရာ လမ်းကြောင်းပေါ်သို့ ထွက်ခွာရန် အင်ဂျင်နိုးခဲ့သော်လည်း မအောင်မမြင်ဖြစ်ခဲ့ရသည် ဟုဆိုသည်။

ရုရှားပြည်ထောင်စု အာကာသ အေဂျင်စီအကြီးအကဲ ဗလာဒီမာပိုပေါ့ကင်၏ အဆိုအရ အာကာသယာဉ်၏ အင်ဂျင်နှစ်လုံးစလုံး အလုပ်မလုပ်ကြောင်း၊ အာကာသယာဉ်၏ ပတ်ဝန်းကျင်နှင့် အသားကျအောင် ပြုလုပ်သည့်စနစ်တွင် ခိျု့ယွင်းချက်မှု ရှိနေဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။




Phobos-Grunt အာကာသယာဉ်သည် မားစ်ဂြိုလ်မှ မြေကြီးနမူနာကို ကမ္ဘာမြေသို့ ယူဆောင်လာရန် စေလွှတ်သည့် ယာဉ်လည်းဖြစ်သည်။ ကမ္ဘာမြေ၏ ဂြိုလ်ပတ်လမ်းအတွင်းရှိနေသော Phobos အာကာသယဉ်အား ယခုအခါ ကျွမ်းကျင် သူတို့က မားစ်ဂြိုလ်သို့သွားရာ လမ်းကြောင်းပေါ် ရောက်ရှိစေရန် ကြိုးပမ်းရတော့မည် ဖြစ်သည်။ Phobos-Grunt ယာဉ်၏ ဂြိုလ်အချင်းချင်း လေ့လာရေးအစီအစဉ်သည် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကုန်ကျသော အစီအစဉ်ဖြစ်ပြီး ယခုကဲ့သလို့ မအောင်မမြင်ဖြစ်မှုက ရုရှားအာကာသ အေဂျင်စီအတွက် အရှက်ရစရာ ဖြစ်စေမည့် ကြီးမားသော ထိုးနှက်မှုလည်း ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်သွားခရီးစဉ်အတွက် ရက်ပေါင်း ၅၂၀ ကြာ အလုံပိတ်စမ်းသပ်ခံမှုပြီးဆုံး

w76_08

အင်္ဂါဂြိုဟ်သို့ လူစေလွှတ်ရေးအတွက် စမ်းသပ်မှုအဖြစ် ကမ္ဘာမြေပေါ်တွင်ပင် လူခြောက်ဦးအား ရက်ပေါင်း ၅၂၀ ကြာ အလုံပိတ်စမ်းသပ်မှုမှာ နိုဝင်ဘာလ ၄ ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။ မော်စကိုရှိ အလုံပိတ်အခန်းကြီးတွင် ပြုလုပ်ခဲ့သော စမ်းသပ်မှုပြီးစီးခဲ့ပြီးနောက် ပြန်ထွက်လာကြသော အဖွဲ့ဝင်အားလုံးမှာ ကျန်းမာရေးအရ ထိခိုက်မှုလုံးဝမရှိခဲ့ဟု ဆိုသည်။

သုတေသနပညာရှင်တစ်ဦးက အခမ်းတံခါးကိုဖွင့်ပေးခဲ့ပြီးနောက် နိုင်ငံစုံမှ အဖွဲ့ဝင်ခြောက်ဦးသည် အပြာရောင်ဝတ်စုံများဖြင့် ထွက်လာခဲ့ကြပြီး မိသားစုဝင်များ၊သိပ္ပံပညာရှင်များက ဂုဏ်ပြုခဲ့ကြသည်။ ရုရှား မှ သုံးဦး၊တရုတ်၊ပြင်သစ်၊အီတလီ မှ တစ်ဦးစီပါဝင်သော အဖွဲ့သည် နောက်ထပ်ဆေးစစ်မှုများကိုမူ ထပ်မံ ပြုလုပ်ရဦးမည်ဖြစ်သည်။

စမ်းသပ်မှုတွင် အလုံပိတ်အခန်းအတွင်း လပေါင်းများစွာ နေထိုင်မှုအပါအ၀င် အင်္ဂါဂြိုဟ်ပေါ်လမ်းလျှောက်မှု ဂြိုဟ်ပုံတူမျက်နှာပြင်ပေါ်တွင် ပြုလုပ်မှု၊ကမ္ဘာမြေနှင့်ဆက်သွယ်မှုပြတ်တောက်သွားချိန်တွင် မည်သို့ကိုင်တွယ်မည် ဆိုခြင်းကို စမ်းသပ်မှုများ ပါဝင်ခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

တရုတ် အာကာသစခန်းလွှတ်တင်ရန် တစ်ဆင့်တက်

(အေအက်ဖ်ပီ)
ကိုကို ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၃၈ ( ၇ - ၁၃ ၊ ၁၀ ၊ ၂၀၁၁)

တရုတ် အာကာသစခန်း ကောင်းကင်ဘုံနန်းတော် မိုဂျူး လွှတ်တင်စဉ်။
ဓာတ်ပုံ - အေအက်ဖ်ပီ

ပေကျင်း- တရုတ်အမျိုးသားနေ့ နှစ်ပတ်လည်မတိုင်မီတွင် တရုတ်နိုင်ငံ သည် အာကာသစခန်းတစ်ခု တည်ဆောက်နိုင်ရန် ပြင်ဆင်သည့် အနေဖြင့် စမ်းသပ် မိုဂျူးတစ်ခုကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် လွှတ်တင်လိုက်သည်။

တရုတ်ဘာသာဖြင့် 'တီယန်ဂေါင် ၁' (Tiangong-1) သို့မဟုတ် ကောင်းကင်ဘုံဟု အမည် ပေးထားသော မိုဂျူးကို တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂိုဘီ သဲကန္တာရအတွင်းမှ ဂင်းနစ်စံတော်ချိန် ၁၃၁၅ တွင် Long March 2 F ဒုံးပျံဖြင့် လွှတ်တင်ခဲ့သည်။

၂၀၂၀ ပြည့်လောက်တွင် အာကာသ စခန်းတည်ဆောက်နိုင်ရန်အတွက် အစ ပျိုးသည့်အနေဖြင့် ဤ လူမပါသော အလေးချိန် ရှစ်တန်ခွဲရှိသည့် မိုဂျူး ပေါ်တွင် အာကာသတွင်း စမ်းသပ်မှု များကို လုပ်ဆောင်မည်ဟု ဆိုသည်။

ဒုံးပျံလွှတ်တင်ရေးစခန်းတွင် ၀န်ကြီးချုပ် ၀မ်ကျားပေါင်က ဒုံးပျံလွှတ်တင်မှု ကို ကိုယ်တိုင်လာရောက်ကြည့်ရှုပြီး သမ္မတ ဟူကျင်ထောင်ကမူ ပေကျင်း မြို့တော်ရှိ အာကာသ ပျံသန်းမှုထိန်း ချုပ်ရေးစခန်းမှာ ကြည့်ရှုနေခဲ့သည်။

ဒုံးပျံစတင်လွှတ်တင်ပြီး ၁၀ မိနစ် အကြာ ကမ္ဘာမြေမှ ၁၂၅ မိုင် အရောက် တွင် Tiangong-1 မိုဂျူးသည် ၎င်းကို လွှတ်တင်ပေးသော ဒုံးပျံမှ အောင်မြင်စွာ ခွဲခွာသွားပြီး ၎င်း၏ ဆိုလာပြား (နေ စွမ်းအင်ဖန်ပြား) နှစ်ခုကို ဖွင့်လိုက်သည်။

အာကာသတွင် သက်တမ်းနှစ်နှစ် ကြာရှည်ခံမည့် Tiangong-1 မိုဂျူး သည် ယခုနှစ်ကုန်ပိုင်းတွင် လူမပါသော Shenzhou VIII အာကာသယဉ်နှင့် တရုတ်တို့၏ အာကာသတွင်း ပထမ ဆုံးချိတ်ဆက်မှုကို ပြုလုပ်မည်ဟု သိရှိရသည်။

ဤစမ်းသပ်မှု အောင်မြင်လျှင် အနည်းဆုံး လူတစ်ဦးပါဝင်မည့် Shenzhou IX နှင့် X အာကာသယာဉ် နှစ်ခုနှင့် ချိတ်ဆက် မည်ဖြစ်သည်။

အာကာသတွင် ယာဉ်ချင်းချိတ်ဆက် ရသော အလုပ်မှာ အလွန်ခက်ခဲသည်။ တစ်နာရီလျှင် ကီလိုမီတာ ၂၈,၀၀၀ နှုန်းဖြင့် တစ်ခုတည်းသော ပတ်လမ်းမှ ကမ္ဘာကို ပတ်နေသော အရာနှစ်ခု တစ်ခုနှင့်တစ်ခု ထိခိုက်ပျက်စီးမှုကို ရှောင်ရှားနိုင်အောင် တဖြည်းဖြည်း လုပ်ရသောကြောင့် ဖြစ်သည်။

ref : mmtime

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုရှားတို့၏ Glonass ဂြိုလ်တု လမ်းညွှန်စံနစ်အကြောင်း



ရုရှားနိုင်ငံဟာ နိုင်ငံရဲ့ ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြစနစ်ရဲ့ ဂြိုဟ်တု အုပ်စုဖြစ်တဲ့ ဂလိုးနက်စ်ဂြိုဟ် တုတွေ အာကာသတွင်း နေရာချထားခြင်းကို အပြီးသတ် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ရုရှား အာကာသ အေဂျင်စီ ရို့စ်ကိုစ်မို့စ် အကြီးအကဲ ဗလာဒီမာ ပိုပေါ့ကင်က ပြောကြား ခဲ့ပါတယ်။ အဆိုပါ ဂလိုးနက်စ် လမ်းညွှန် တည်နေရာပြ စနစ်ဟာ အမေရိကန် ပြည်ထောင်စုရဲ့ GPS စနစ်နဲ့ တူညီပြီး စစ်ဘက်ရော အရပ်ဖက်ကပါ အသုံးပြုနိုင်အောင် ဒီဇိုင်း ထုတ်ထားပါတယ်။


Glonass စံနစ်သုံး လမ်းညွှန်ကရိယာတစ်ခုပုံ

အဆိုပါ ရုရှား လမ်းညွှန် တည်နေရာပြ စနစ်မှာ တစ်ကမ္ဘာလုံးကို လွှမ်းခြုံပြီး လုပ်ငန်း လုပ်ဆောင်နိုင်ဖို့အတွက် လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ ဂြိုဟ်တု (၂၄)ခုနဲ့ သီးသန့် ဂြိုဟ်တု (၂)ခုမှ (၃)ခုအထိ လိုအပ်ပါတယ်။


လေကြောင်းချီစစ်သည်တော်တစ်ဦးတွင် တပ်ဆင်ထားသော glonass equipment တစ်ခု

ရုရှား နိုင်ငံဟာ အခု အောက်တိုဘာလ အစောပိုင်းမှာ ဂလိုးနက်စ် အမ် ဂြိုဟ်တုကို အာကာသ အတွင်း အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ တဲ့အတွက် ပတ်လမ်းအတွင်း ဂြိုဟ်တုတွေ ချထားခြင်း ပြီးဆုံးပြီ ဖြစ်ကြောင်း ဂလိုးနက်စ် လမ်းညွှန် တည်နေရာပြ ဂြိုဟ်တုတွေဟာ အချိန် အနည်းငယ် အတွင်းမှာ အသုံးပြုနိုင် တော့မှာ ဖြစ်ကြောင်း ရို့စ်ကို့စ်မို့စ် အကြီးအကဲ ပိုပေါ့ကင်က ပြောကြား ခဲ့ပါတယ်။

အခုလက်ရှိ အချိန်မှာ ကမ္ဘာ့ ပတ်လမ်းအတွင်း ဂလိုးနက်စ် ဂြိုဟ်တု (၂၈) လုံးရှိနေပြီး (၂၃)လုံးဟာ လုပ်ငန်း လုပ်ဆောင်လျက် ရှိပါတယ်။ (၂)လုံး ကိုတော့ လုပ်ငန်း လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး ကျန် (၃)လုံးကတော့ ပြုပြင် ထိန်းသိမ်းရေး လုပ်ဆောင်လျက် ရှိပါတယ်။ ပိုပေါ့ကင်ရဲ့ အဆိုအရ ရုရှားနိုင်ငံဟာ လာမယ့် နှစ်အနည်းငယ် အတွင်းမှာ မိုးလေ၀သနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ဂြိုဟ်တုတွေကို လွှတ်တင်သွားဖို့ စီစဉ် နေတယ်လို့လည်း သိရပါတယ်။

ref: Voice Of Myanmar

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသစခန်းမှယာဉ်မှူးသုံးဦး ကမ္ဘာမြေသို့ပြန်လည်ဆင်းသက်လာ


ရုရှားနိုင်ငံက အပြည်ပြည်ဆိုင် ရာအာကာသစခန်းသို့ လူလိုက်ပါ ဆိုယုဇ်ဒုံးယာဉ်လွှတ်တင်မည့်ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်ချိန်တွင် ယာဉ် မှူးခြောက်ဦးအနက် သုံးဦးမှာ စခန်း တွင် ကျန်ရှိနေသည့် ဆိုယုဇ်ယာဉ် ဖြင့် ကမ္ဘာမြေပေါ်သို့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လာခဲ့ကြောင်း သိရသည်။

ဆိုယုဇ်ယာဉ်သည် ဆိုဗီယက် နိုင်ငံဟောင်း ကာဇက်စတန်တွင် ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး ရုရှားအာ ကာသယာဉ်မှူးနှစ်ဦးနှင့်အမေရိကန် အာကာသယာဉ်မှူးတို့လိုက်ပါလာခဲ့ သည်ဟုသိရသည်။

စခန်းတွင် အမေရိကန်၊ ရုရှား နှင့် ဂျပန်မှတစ်ဦးစီကျန်ရှိနေပြီး ၎င်းတို့ပြန်လာရေးအတွက်မှာမူ ရုရှားက ထပ်မံလွှတ်တင်မည့် ဆိုယုဇ်ဒုံးယာဉ် များကိုသာ စောင့်ဆိုင်းရမည်ဖြစ် သည်။ အမေရိကန်က အာကာသ လွန်းပြန် ယာဉ်များကို အနားပေး လိုက်ပြီး ယာဉ်သစ်မထုတ်နိုင်မီတွင် ဆိုယုဇ်ယာဉ်များကိုသာ လိုက်ပါခွင့် အခကြေးငွေပေးပြီး အသုံးပြုရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ကုန် တင်ရန်နှင့်လူပို့ဆောင်ရန် သုံးနိုင် သော ဆိုယုဇ်ဒုံးယာဉ်များမှာ စက် ချွတ်ယွင်းမှုများကြောင့်ဆိုကာ အာ ကာသစခန်းသို့ထွက်ခွာရန် ရက် အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသောကြောင့် အခက် ကြုံနေရသည်။

ဆိုယုဇ်ယာဉ်များသည် ဒုံးပျံနှင့် အတူ ထိပ်ဖူးအဖြစ် ကမ္ဘာမြေမှထွက် ခွာသွားပြီး ပြန်လည်ဆင်းသက်သော အခါတွင်လည်း ယင်းထိပ်ဖူးပိုင်း ဖြင့် ပြန်ဆင်းသက်ရခြင်းဖြစ်ပြီး အမေရိကန် လွန်းပြန်ယာဉ်များကဲ့သို့ စတိုင်ကျစွာ လေယာဉ်ဆင်းသလို ဆင်းသက်နိုင်ခြင်း မရှိပေ။ ဘူးလုံး ကြီးအသွင်ရှိသော ဆိုယုဇ်ယာဉ် သည် လေထီးဖြင့်ကျလာပြီး နေရာ အတိအကျထိန်းချုပ်ရန် ခက်ခဲသည်။ သို့ရာတွင် ကုန်ကျစရိတ် သက်သာ သောကြောင့် ယနေ့အချိန်အထိ သုံး နေခြင်းဖြစ်ပြီး နိုင်ငံတကာ အာကာ သစခန်းနှင့် ဆက်သွယ်ရန် တစ်ခု တည်းသော ယာဉ်ဖြစ်နေသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မှ နောက်ထပ် ဆိုယုဇ်ဒုံးယာဉ်ကို လွှတ်တင်မည်ဟု ရုရှားကကြေညာ ထားပြီးစခန်းတွင် ကျန်ရစ်သူသုံးဦး မှာ ၂၂ ရက်တွင် ကမ္ဘာပေါ် ပြန်ဆင်း ရန် မျော်လင့်ထားသည်။ လွှတ်တင် မှုကိုထပ်ရွှေ့မည်ဆိုပါက စခန်းတွင် ကျန်သူများ ရိက္ခာပြတ်လပ်မှုကြုံရ နိုင်ပြီး အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်များလုပ်ပေးရမည့် အခြေ အနေ ရောက်သွားနိုင်သည်။

Ref: Reuters,AFP

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုရှား လူမဲ့အာကာသကုန်တင်ယာဉ် ပျက်ကျခဲ့ပြီးနောက် လူလိုက်ပါ အာကာသခရီးစဉ်များကို ရွှေ့ဆိုင်းထားဖွယ်ရှိ

w64801

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ စေလွှတ်ခဲ့သော ရုရှားလူမဲ့ အာကာသကုန်တင်ယာဉ် ပျက်ကျခဲ့ပြီးနောက် အာကာသစခန်းသို့ လူစေလွှတ်မည့် ခရီးစဉ်များကိုပါ ရုရှားက ရွှေ့ဆိုင်းထားဖွယ်ရှိကြောင်း သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် အာကာသကုန်တင်ယာဉ် ဆိုက်ဘေးရီးယားဒေသ အပေါ် ပျက်ကျခဲ့ပြီးနောက် လူလိုက်ပါ အာကာသဒုံးယာဉ် စေလွှတ်မည့် ခရီးစဉ်များကိုပါ ပြန်လည် သုံးသပ်ရမည့် အခြေအနေ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် အာကာသစခန်းမှ ရုရှားအာကာသယာဉ်မှူး နှစ်ဦး၊ အမေရိကန်အာကာသယာဉ်မှူး တစ်ဦး တို့ကို ကမ္ဘာမြေပေါ် ပြန်ခေါ်မည့် ဆိုယုဇ်ဒုံးယာဉ်ကို စေလွှတ်ရေးပါ နှောင့်နှေးဖွယ်ရှိနေသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ လူလိုက်ပါ ဒုံးယာဉ် လွှတ်တင်ရေးကိုပါ ဆက်လက် ရွှေ့ဆိုင်းရမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

လက်ရှိ ပျက်ကျသွားသော ရုရှားအာကာသကုန်တင်ဒုံးယာဉ် Soyuz-U မှာ တတိယအဆင့် မော်တာတွင် လူလိုက်ပါ ဒုံးယာဉ် Soyuz-FG နှင့် တတိယဆင့် မော်တာတွင် တူညီမှု ရှိသောကြောင့် ရုရှားက ဒုံးယာဉ်အားလုံးကို ပျံသန်းမှု ရပ်ဆိုင်းပြီး ပြန်လည် စစ်ဆေးနေပြီး လမ်းကြောင်းပြ ဂြိုဟ်တုတစ်စင်းကို ဆိုယုဇ်ဒုံးယာဉ်ဖြင့် လွှတ်တင်မည့် အစီအစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်သည်။

လက်ရှိအချိန်တွင် အမေရိကန်ကလည်း အာကာသလွန်းပြန်ယာဉ် အားလုံးကို အနားပေးလိုက်ပြီ ဖြစ်ရာ အာကာသစခန်းသို့ သွားရောက်ရန် အတွက် ဆိုယုဇ် ဒုံးယာဉ်များကိုသာ တစ်ကမ္ဘာလုံးက သုံးစွဲနေရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုရှား အာကာသဟိုတယ်

အာကာသထဲ ခရီးထွက်ရန် စိတ်ကူးယဉ်နေသူများအတွက် ရုရှားနိုင်ငံက မိတ်ဆက်ပြသလိုက်သည့် အနာဂတ် အာကာသဟိုတယ် ပုံစံဒီဇိုင်းသစ်။

space hotel


space hotel


ရုရှားနိုင်ငံသည် အာကာသ စူးစမ်းလေ့လာရေး ပြိုင်ပွဲတွင် အမေရိကန်အား အရေးနိမ့်ခဲ့သော်လည်း ယခုအခါတွင်မူ ပိုမိုကောင်းမွန်သော စိတ်ကူးဆန်းတစ်ခုဖြင့် အသာစီးယူရန် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

space hotel


space hotel


မော်စကိုတွင် ယခုသီတင်းပတ်အတွင်း မိတ်ဆက်ပြသခဲ့သည့် အာကာသ ဟိုတယ်ဒီဇိုင်းကို လူအများ စိတ်ဝင်စားကြပြီး ယင်းဟိုတယ်တွင် (၅)ရက်ကြာ နေထိုင်မှုအတွက် ပေါင်စတာလင် တစ်သိန်းနှင့် ထိုဟိုတယ်သို့ သွားရောက်ရန်အတွက် ပေါင်စတာလင် နှစ်သိန်းခွဲမျှ ခန့်မှန်းကုန်ကျမှု ရှိနိုင်မည်ဖြစ်သည်။

space hotel


space hotel


လက်ရှိအချိန်တွင် အာကာသထဲ ရောက်ဖူးသူ (၅၀၀)မျှသာ ရှိသေးသော်လည်း အနာဂတ်တွင် လူချမ်းသာများအနေနှင့် ၎င်းတို့၏ စိတ်ကူးယဉ် အိပ်မက်ကို CSSဟု အမည်ပေးထားသည့် အဆိုပါ ဟိုတယ်ဖြင့် အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။


space hotel


ရုရှား ဆိုယုဇ် အာကာသယာဉ်က ပို့ဆောင်ရေး တာဝန်ယူထားသော ဟိုတယ်သည် ကမ္ဘာ့မြေပြင်အထက် (၂၁၇)မိုင်တွင် တည်ရှိပြီး (၂၀၁၆)ခုနှစ်တွင် စတင်ဖွင့်လှစ်နိုင်ဖွယ် ရှိနေကြောင်း သိရှိရသည်။


Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုလေး ၁၇ ဘာသာဖြင့် ကမ္ဘာကို နှုတ်ဆက်နေပြီ

မော်စကို- ရုရှား အာကာသယာဉ်မှူး နှစ်ဦးသည် ကြာသပတေးနေ့က ခြောက်နာရီကြာ အာကာသအတွင်း လမ်းလျှောက် ပြီးနောက် ပထမဦးဆုံး အာကာသယာဉ်မှူးဖြစ်သူ ယူရီဂါဂါရင် ကို ဂုဏ်ပြုသည့် ဂြိုဟ်တုငယ်လေး တစ်လုံးကို လွှတ်တင်ရာ အစပထမ တွင် မ အောင်မမြင်ဖြစ်ခဲ့သည်။

ရုရှားအာကာသ အေဂျင်စီမှ ကြေညာ ချက်ထုတ်ပြန်ရာတွင် နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိနေသော ရုရှားယာဉ်မှူး နှစ်ဦး သည် အာကာသ အတွင်း ၆ နာရီ ၂၂ မိနစ်အကြာမှ ဂြိုဟ်တုငယ်လေးကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အာကာသထဲတွင် ပတ်နေ ပြီဟုလည်း ဖော်ပြထားသည်။ နိုင်ငံတကာ အာကာသစခန်းကို ၁၉၉၈ ခုနှစ်ကတည်းက တည်ဆောက် ခဲ့ပြီးနောက် ရုရှားအာကာသ ယာဉ်မှူး တို့၏ အာကာသတွင်း လမ်းထွက် လျှောက် မှုသည် ၃၅ ကြိမ် ရှိပြီဖြစ်သည်။

၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ဂါဂါရင် အာကာသထဲ ပထမဦးဆုံး ခရီးသွားခဲ့သည့် နှစ် ၅၀ မြောက် နှစ်ပတ်လည်နှစ်ကို ဂုဏ်ပြု သည့်အနေ ဖြင့် ကျောင်းသားကလေးများပြုလုပ်ခဲ့ သည့် စီဒါခေါ် ဤဂြိုဟ်တုငယ်လေးကို လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အာကာသ ယာဉ်မှူးနှစ်ဦးသည် အာကာသထဲထွက်ပြီး တစ်နာရီခန့်ကြာ သည့်တိုင်အောင် ၆၆ ပေါင် အလေးချိန်ရှိ ဂြိုဟ်တုလေးကို မလွှတ်တင် နိုင်ခဲ့ပေ။ ထိုဂြိုဟ်တုလေးကို ရုရှားအင်ဂျင်နီယာ များက ဒီဇိုင်းထုတ်ပြီး ကျောင်းသားက လေးများက တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ ယခုအခါ ဘာသာပေါင်း ၁၇ ဘာသာဖြင့် နှုတ်ခွန်းဆက်သည့်အသံ လွှင့်ချက်များကို ထုတ်လွှင့်ပေးနေသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆိုယုဇ်ဒုံးယာဉ် တစ်ခေတ်ဆန်းပြီဟု ရုရှား ကြေညာ


w64303အမေရိကန် အာကာသ လွန်းပြန်ယာဉ်၏ နောက်ဆုံးခရီးစဉ် အဆုံးသတ်သွားပြီးနောက် ရုရှားတစ်နိုင်ငံတည်းသာ နိုင်ငံတကာ အာကာသစခန်းသို့ လူစေလွှတ်နိုင်သည့်ယာဉ် ပိုင်ဆိုင်ထားတော့သောကြောင့် ဆိုယုဇ် (Union) ဒုံးယာဉ် တစ်ခေတ်ဆန်းပြီဟု ဇူလိုင်လ ၂၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန်၏ လွန်းပြန်ယာဉ်များကဲ့သို့ မြေပြင်ပေါ်သို့ စတိုင်ကျကျ ဆင်းသက်နိုင်ခြင်း မရှိသည့် ရုရှား၏ ဒုံးယာဉ်စနစ်သည် အာကာသတွင်း ပထမဆုံး လူရောက်ရှိသည့် ခေတ်ကာလနှင့်များစွာ ကွာခြားမှု မရှိပေ။ ၁၉၆၁ ခုနှစ်က ကမ္ဘာပတ်လမ်း အတွင်း ယူရီဂါဂါရင်ကို ဆိုဗီယက်ပြည်ထောင်စုက ပို့လွှတ်နိုင်ပြီး နောက်ပိုင်း အနှစ် ၅၀ အတွင်း အပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့သည်။

သက်သောင့်သက်သာ မရှိသော်လည်း ကုန်ကျစရိတ် သက်သာခြင်းက အဓိကအချက် ဖြစ်ခဲ့သော်လည်း ယင်းကြောင့် မဟုတ်ကြောင်း၊ ယုံကြည်စိတ်ချရနိုင်စွမ်း ရှိခြင်းကြောင့်သာ ဖြစ်ကြောင်း ရုရှားက ထုတ်ပြန်ထားသည်။

ယနေ့မှစပြီး လူသား အာကာသတွင်း စေလွှတ်မှုတွင် ဆိုယုဇ်၏ခေတ်၊ ယုံကြည်စိတ်ချရမှု၏ခေတ် စတင်ပြီဟု ရုရှား အာကာသအေဂျင်စီ(ရော့စ်ကော့စ်မော့စ်)က ကြေညာခဲ့သည်။ ရုရှားက သူ၏ ဒုံးယာဉ်များ ခေတ်မမီတော့ ဆိုသည်မှာ မဟုတ်မှန် ကြောင်း ငြင်းဆိုထားပြီး နောက်ဆုံးထုတ် TMA-M မိုဒယ် ဆိုယုဇ်ဒုံးယာဉ်ကို ယခုနှစ်မှ စတင်ပြီး သုံးစွဲနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ နာဆာ၏ လွန်းပြန်ယာဉ်များသည် နှစ်ကြိမ် ပျက်ကျခဲ့ဖူးသလို ဆိုယုဇ် ဒုံးယာဉ်များမှာလည်း နှစ်ကြိမ် ပျက်ကျခဲ့ဖူးသည်။ သို့ရာတွင် ဆိုယုဇ် ဒုံးယာဉ်များ ပျက်ကျမှုမှာ ဆိုဗီယက်ပြည်ထောင်စုခေတ်ကသာ ဖြစ်ပြီး ၁၉၆၇ နှင့် ၁၉၇၁ တို့က ဖြစ်သောကြောင့် နောက်ပိုင်းကာလတွင် ပျက်မကျခြင်းကို ရုရှားက အမွှမ်းတင် ပြောခဲ့ခြင်း ဖြစ်သည်။

၁၉၆၇ ပျက်ကျမှုတွင် တစ်ဦး၊ ၁၉၇၁ ခုနှစ် ပျက်ကျမှုတွင် သုံးဦးသာ သေဆုံးခဲ့ဖူးသည်။


Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Energia - ရုရှားအာကာသ အေဂျင်စီ

OAO Rocket and Space Corporation Energia

ယခင် S.P. Korolev ထိုမှ တစ်ဆင့် S.P. Korolev Rocket and Space Public Corporation Energia ယခုလက်ရှိ OAO Rocket and Space Corporation Energia သည် ရုရှားနိုင်ငံ၏ ဗျူဟာ မြောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူလိုက်ပါသော အာကာသယာဉ်များ တည်ဆောက်ခြင်း တွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခု ဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် အထူးသဖြင့် မြောက်များစွာ သော နေရာများတွင် အသုံးချနိုင်သော အာကာသနည်းပညာအသစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ပတ်လမ်းအတွင်း ၀င်ရောက်ခြင်းအတွက် လိုအပ်သော ဒုံးပျံစနစ်များ ဖွံ့ဖြိုး လာစေရန် အဓိကထား လုပ်ဆောင်နေသည်။

လက်ရှိအချိန်တွင် ဒုံးပျံနှင့် အာကာသ ၀န်ဆောင်မှုများအတွက် နိုင်ငံတကာဈေးကွက် ရရှိ လာစေရန် ပြုလုပ်နေသည်။ ယင်းအဖွဲ့အစည်းသည် အာကာသစက်မှု လုပ်ငန်းများနှင့် ထိတွေ့ဖူးခြင်း မရှိသည့် ကုန်ပစ္စည်းထုတ်လုပ်သူများကို အာကာသနည်းပညာများနှင့် မိတ်ဆက်ပေးရာတွင်လည်း ရှေ့ဆုံးမှ ဦးဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ယင်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

· - Primary Design Bureau
· - Baikonur branch
· - ZAO Experimental Machine Building Plant, RSC Energia
· - ZAO Valzhskoye DB
· - ZAO PO Kosmos, RSC Energia

· - Developed Social Infrastructure

ယင်းအဖွဲ့အစည်း၏ ၃၈ ရာခိုင်နှုန်းကို ရုရှားအစိုးရမှ ပိုင်ဆိုင်သည်။

အဖွဲ့အစည်းမှတ်တမ်း

၁၉၉၄ ခုနှစ်တွင် လက်ရှိအမည်ကို ရရှိသည်။ ထိုမတိုင်ခင်က ယင်းအဖွဲ့အစည်းအား Special Design Bureau – 1 (OKB – 1), Central Design Bureau of Experimental Machine Building (TsKBEM), Scientific-Production Association (NPO) Energia ဟု ခေါ်သည်။

၂၀ ရာစု၏ ၁၉၄၀ ခုနှစ်နှင့် ၁၉၅၀ အစောပိုင်းနှစ်များတွင် အဖွဲ့အစည်းသည် ပဲ့ထိန်းစနစ် ပါဝင်သည့် ဒုံးပျံရှေ့ပြေး ပုံစံများကို တီထွင်ခဲ့သည်။ ယင်းဒုံးပျံများတွင် ဗျူဟာမြောက် ရွေ့လျား ပစ်စင်များမှ ပစ်လွှတ်နိုင်သော ဒုံးပျံများ၊ ရေငုပ်သင်္ဘောမှ ပစ်လွှတ်နိုင်သော ဒုံးပျံများနှင့် ဗျူဟာ မြောက် တိုက်ချင်းပစ် သာမိုနျူကလီးယားလက်နက်များ အထိ ပါဝင်ခဲ့သည်။

အဖွဲ့အစည်းသည် ဗျူဟာမြောက်ဒုံးပျံ ၁၄ မျိုးကို ပြုလုပ်ခဲ့၍ ယင်းတို့ထဲမှ ၁၁ မျိုးကို အပြည့် အ၀ အသုံးချနိုင်ခဲ့သည်။ ထိုဒုံးပျံ ၁၁ ခုထဲ၌ high-temperature နှင့် lowtemperature liquid propellant အစိတ်အပိုင်းများပါဝင်သော liquid rocket နှင့် solid rocket တို့၏ ရှေ့ပြေးပုံစံများ ပါဝင်ခဲ့သည်။ ပထမဆုံး အာကာသသို့ လွှတ်တင်သော ဒုံးပျံဖြစ်သည့် R-7 သည် ယနေ့အချိန်ထိ တိုင်အောင် ကမ္ဘာ့ စိတ်အချရဆုံး ဒုံးပျံအဖြစ် ဆက်လက်တည်ရှိနေသည်။ ထိုစီမံကိန်းသည် နောက်ပိုင်းတွင် နိုင်ငံဒုံးပျံလက်နက် တပ်ဆင်ရေးကို အထောက်အပံ့ပေးခဲ့သည်။

ပထမဆုံးဂြိုဟ်တု (Sputnik – 1957) နှင့် ယင်းအား ပတ်လမ်းထဲသို့ ပို့ဆောင်ပေးခဲ့သည့် ပထမဦးဆုံး ဒုံးပျံ R-7 ၊ အာကာသထဲသို့ ပထမဦးဆုံးရောက်ရှိသည့် ယူရီဂါဂါရင် (၁၉၆၁) ၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် လသို့ ပစ်လွှတ်သော ပိုင်အိုးနီးယား အာကာသယာဉ် (၁၉၅၉-၁၉၆၉) ၊ လပေါ်သို့ ဆင်းသက်နိုင်ခဲ့သော ပိုင်အိုးနီးယား လဆင်းယာဉ် (၁၉၆၀) စသည့် စီမံကိန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းစီမံကိန်းများကို National rocket-space system ၏ ဒီဇိုင်နာအကြီးအကဲဖြစ်သော S.P. Korolev ၏ ထူးချွန်ပြောင်မြောက်သော အကြံဥာဏ်များ၊ အစွမ်းအစများနှင့် ဖန်တီးကာ ပြီးမြောက်စေခဲ့ခြင်း ဖြစ်သည်။ S.P. Korolev သည် ပါရမီရှင် အင်ဂျင်နီယာနှင့် မန်နေဂျာဖြစ်ပြီး လက်တွေ့ကျသော အာကာသ လေ့လာရေးဆိုင်ရာ ပညာရပ်ကို စတင်ခဲ့သူ ဖြစ်သည်။

အဖွဲ့အစည်းသည် အောက်ပါဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။

- အာကာသသို့ ပထမဦးဆုံး ရောက်ရှိခဲ့သည့် ယူရီဂါဂါရင် ပါဝင်သော Vostok (၁၉၆၀-၁၉၆၃) ၊ အခြားလူလိုက်ပါသည့် အာကာသယာဉ်များဖြစ်သည့် Voskhod (၁၉၆၄-၁၉၆၈) ၊ Soyuz (၁၉၆၆-၁၉၈၁) ၊
- Soyuz T (၁၉၇၉-၁၉၈၆) ၊ Soyuz TM (၁၉၈၆-၂၀၀၂) ၊
- အာကာသကုန်ပစ္စည်းသယ်ယာဉ် Progress (၁၉၇၈-၁၉၈၉) ၊ Progress M (၁၉၈၉ မှ လက်ရှိ) ၊
- ပတ်လမ်းပေါ်၌ ရှိသည့် Salyut စခန်း (၁၉၇၁) ၊ Salyut-4 (၁၉၇၄-၁၉၇၇) ၊ Salyut-6 (၁၉၇၇-၁၉၈၂) ၊ Salyut-7 (၁၉၈၂-၁၉၉၁) နှင့် module အများအပြားပါဝင်သည့် Mir အာကာသစခန်း (၁၉၈၆-၂၀၀၁) ၊
- အာကာသနှင့် ကမ္ဘာမြေကို သုတေသနပြုလုပ်သည့် ပတ်လမ်းပေါ်မှ စောင့်ကြည့် လေ့လာ
သော Gamma အာကာသယာဉ် (၁၉၉၀-၁၉၉၂) ၊
- ကမ္ဘာ့မျက်နှာပြင်၏ ပုံရိပ်အပြည့်အစုံကို ရယူပေးခဲ့သော အာကာသယာဉ် Zenit (၁၉၆၂) ၊
- ဆက်သွယ်ရေးဂြိုဟ်တုများ၏ ရှေ့ဆောင်ဖြစ်ခဲ့သည့် Molina-1 (၁၉၆၅) ၊
- ကမ္ဘာ့အကြီးဆုံး လွှတ်တင်ရေးယာဉ်ဖြစ်သည့် Energia (၁၉၈၇) နှင့် ပြန်လည် အသုံးပြုနိုင် သော အာကာသယာဉ် Buran (၁၉၈၆) ၊
- ထို့ပြင် အခြားစီမံကိန်းများသည် ဒုံးပျံနှင့် အာကာသနည်းပညာစနစ်များကို ပိုမိုကောင်းမွန် အသုံးဝင်လာစေရန် ထောက်ပံ့ပေးခဲ့သည်။ ယင်းတို့မှာ လပေါ်သို့ လူသားများ သွားရောက် နိုင်ရန်အတွက် L1 နှင့် L3 စီမံကိန်များ ၊ Superheavy Launch Vehicle H1 ၊ multipurpose orbital complex နှင့် အင်္ဂါဂြိုဟ်ပေါ်၌ လူနေထိုင်ရန် စီမံကိန်များ ဖြစ်သည်။ အဖွဲ့အစည်း သည် နိုင်ငံတကာအာကာသ ပရိုဂရမ်များဖြစ်သည့် Soyuz-Apollo နှင့် Intekosmos စသည်တို့တွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသအတွင်း လူသား စတင်ရောက်ရှိမှု နှစ် ၅၀ ပြည့်


w62817

၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ဗော့စတော့-၁ အာကာသယာဉ်ဖြင့် ဆိုဗီယက် အာကာသယာဉ်မှူး ယူရီဂါဂါရင် ကမ္ဘာပတ်လမ်းကြောင်းအတွင်း ရောက်ရှိမှုမှ စတင်ခဲ့သော အာကာသတွင်း လူသားရောက်ရှိမှုမှာ ယခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် နှစ် ၅၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

စစ်အေးခေတ် ပြိုင်ဘက်များ ဖြစ်သော အမေရိကန် ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု တို့၏ ယှဉ်ပြိုင်မှုများအနက်မှ တစ်ခုဖြစ်ခဲ့သော အာကာသပြိုင်ပွဲတွင် ဆိုဗီယက်က စတင် ဦးဆောင်နိုင်မှုအဖြစ် အာကာသတွင်း လူစေလွှတ်နိုင်ခဲ့သည်။ ဂါဂါရင်၏ ခရီးစဉ်သည် အမျိုးသားရေး ယှဉ်ပြိုင်မှုထက် လူသားမျိုးနွယ် တစ်ခုလုံး၏ ခြေလှမ်းသစ် တစ်ရပ်အဖြစ် နောက်ပိုင်းတွင် မှတ်ယူခံခဲ့ရသည်။ ၁၀၈ မိနစ်ကြာ ခရီးစဉ်ကို အဆုံးသတ် နိုင်ခဲ့ပြီးနောက် ဂါဂါရင် ပြောကြားခဲ့သော ''ကျွန်တော်ကမ္ဘာ ကို မြင်ရတယ်။ အရမ်းလှတာပဲ'' ဆိုသောစကားမှာ ကမ္ဘာကျော်ခဲ့သည်။

''စစ်အေးခေတ်ရဲ့ မမျှော်လင့်ဘဲ ရတဲ့အကျိုးရလဒ် တစ်ခုကတော့ ဘယ်ဟာရဲ့ အလယ်မှာမှ မရှိတဲ့ သိမ်မွေ့နူးညံ့တဲ့ ကမ္ဘာအကြောင်းကို နားလည်ခွင့် ရခဲ့ခြင်းပါပဲ။ အဲဒီကာလတုန်းက ဂါဂါရင်ဟာ ကမ္ဘာတစ်ခုလုံးနဲ့ဆိုင်တဲ့ သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ သူ့ခြေရာနင်းခဲ့ကြတဲ့ အာကာသယာဉ်မှူးတွေ ကိုယ်တိုင်လည်း သင်ယူတွေ့ရှိခဲ့တာက အလွန်ပါးလွှာတဲ့ လေထု ဖုံးလွှမ်းထားတဲ့ နိုင်ငံရေး နယ်ခြားမျဉ်းတွေ မရှိတဲ့ တစ်ခုတည်းသော ကမ္ဘာဆိုတာပါပဲ''ဟု ၀ါရှင်တန်ရှိ စမစ်ဆိုနီယမ် အမျိုးသားလေကြောင်းနှင့် အာကာသပြတိုက် အပြည်ပြည်ဆိုင်ရာ အာကာသ အစီအစဉ်ဆိုင်ရာ ပြတိုက်မှူး ကက်သလင်းလီးဝစ်က သုံးသပ်သည်။

ပြိုင်ဘက် ဆိုဗီယက်၏ ခြေတစ်လှမ်းဦးခြင်း ခံခဲ့ရသော အမေရိကန်သည် ၁၉၆၁ မေလ ၅ ရက်နေ့တွင် ပထမဆုံး အာကာသယာဉ်မှူး အလန်ရှက်ပတ်ကို ပတ်လမ်းတစ်ပိုင်း ပျံသန်းမှုအတွက် စတင် စေလွှတ်နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင်မှ အာကာသယာဉ်မှူး ဂျွန်ဂလင်းက ကမ္ဘာပတ်လမ်းကို တစ်ပတ်ပြည့်အောင် ပတ်နိုင်သည့် ပထမဆုံး အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့သည်။

၁၉၆၉ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့တွင်မူ နီးလ်အမ်းစထရောင်း သည် လပေါ် ပထမဆုံး ခြေချနိုင်ခဲ့ပြီး အာကာသပြိုင်ပွဲတွင် အမေရိကန် ပြန်လည် ဦးဆောင်နိုင်ခဲ့သည်။ ဂါဂါရင်၏ ခရီးစဉ်ကဲ့သို့ပင် အမ်းစထရောင်း ၏ အပိုလို-၁၁ ခရီးစဉ်သည် အမျိုး သား အောင်ပွဲအဖြစ်ထက် ပိုလွန်ခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ကမ္ဘာကြီး၏ သေးငယ်မှုနှင့် စကြ၀ဠာအတွင်း၌ အမျိုးသားရေး ယှဉ်ပြိုင်မှုများ၏ အရေးမပါမှုကို နားလည်လာကြခြင်းနှင့်အတူ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင်ခဲ့သည်။ ခြောက်နှစ်အကြာတွင် အပိုလို အာကာသယာဉ်သည် ဆိုဗီယက်တို့၏ ဆိုယုဇ် ဒုံးယာဉ်နှင့် အတူ ကိုးရက်အကြာ ပူးပေါင်း ချိတ်ဆက်ခဲ့ကြသည်။ အာကာသတွင်း လူလိုက်ပါ ပျံသန်းမှုများတွင် ပထမဆုံး ပူးပေါင်းဆောင်ရွက်မှု ဖြစ်ခဲ့သည်။ယင်းနောက်ပိုင်းတွင် တရုတ်မှလွဲပြီး ကျန်နိုင်ငံများသည် အာကာသတွင်းသို့ လူသား စေလွှတ်ရေးကို ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ လုပ်ဆောင်ခဲ့ကြသည်။

''၁၉၆၁ ခုနှစ်ကနေ ၁၉၆၉ ခုနှစ် အထိတော့ အာကာသဆိုတာ ပြိုင်ပွဲ တစ်ခုပါပဲ။ ပြိုင်ပွဲဖြစ်တဲ့ အကျိုးရလဒ်က မြန်မြန်နဲ့ ရှေ့ရောက်အောင် လုပ်ကြခြင်းပါပဲ။ ဒါပေမဲ့ ၀မ်းနည်းစရာ ကိစ္စက ပြိုင်ပွဲဆိုရင် အနိုင်အရှုံး ပေါ်တာနဲ့ ရပ်သွားခြင်းပါပဲ''ဟု ဥရောပ အာကာသ အေဂျင်စီ ညွှန်ကြားရေးမှူးချုပ် ယန်း-ယာ့ခ်ဒေါ်ဒိန်းက သုံးသပ်သည်။ အမေရိကန် အာကာသလွန်း ပြန်ယာဉ်များ အနားပေးလိုက်ခြင်းနှင့် အတူ ယာဉ်အသစ် မတည်ဆောက်နိုင်သေးမီ ရုရှားကို မှီခိုရမည် ဖြစ်သလို ရုရှားကိုယ်တိုင်ကလည်း အာကာသ စူးစမ်းလေ့လာရေး နယ်ပယ်တွင် အသစ်တီထွင် ဖန်တီးနိုင်မှု အားနည်းနေခဲ့သည်မှာ ကြာပြီဖြစ်သည်။


Source: Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရုရှားနိုင်ငံ၏ မျိုးဆက်သစ်လွှတ်တင်ရေး ဒုံးပျံ Angara အား ၂၀၁၄ ခုနှစ် မတိုင်မီ စမ်းသပ်ပစ်လွှတ်မည်

ရုရှားနိုင်ငံ၏ မျိုးဆက်သစ် လွှတ်တင်ရေးဒုံးပျံဖြစ်သော Angara ဒုံးပျံ၏ စမ်းသပ်ပစ်လွှတ်မှုကို ၂၀၁၃ ခုနှစ်ထက် နောက်မကျဘဲ ပြုလုပ်မည်ဟု ရုရှား အာကာသအဖွဲ့မှ မတ်လ ၂၅ ရက်နေ့တွှင် သတင်းထုတ်ပြန် ခဲ့သည်။

ရုရှားနိုင်ငံမြောက်ဘက်၌ တည်ရှိသော Plesetsk ဒုံးပျံလွှတ်တင်ရေးစခန်းတွင် Angara ဒုံးပျံလွှတ်တင်ရန် အတွက် လိုအပ်သော အဆောက်အဦးများ တည်ဆောက်မှုအခြေအနေမှာ ပြီးစီးလုရှိပြီဟု ရုရှားအာကာသ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။

Angara လွှတ်တင်ရေးဒုံးပျံသည် ပတ်လမ်းနိမ့် ပတ်လမ်း (Low Earth Orbit – LEO) အတွင်းသို့ ၂၀၀၀ ကီလိုဂရမ်မှ ၄၀၅၀၀ ကီလိုဂရမ်အထိ ပို့လွှတ်နိုင်ပြီး လက်ရှိအသုံးပြုနေသော ရုရှားနိုင်ငံလွှတ်တင်ရေးဒုံးပျံများ၏ ပင်မ လွှတ်တင်ရေးဒုံးပျံ အဖြစ်သို့ ရောက်ရှိစေရန် ပြုလုပ် သွားမည်ဟု ပြောကြားခဲ့သည်။

လွှတ်တင်ရေးဒုံးပျံအား Universal Rocket Module (URM) အပေါ် အခြေခံ၍ ဆောက်လုပ် ထားပြီး ပုံသဏ္ဍာန် အမျိုးမျိုးတပ်ဆင်နိုင်သည့် ပြန်လည် အသုံးပြု၍ မရသော လွှတ်တင်ရေးယာဉ် (Evolved Expendable Launch Vehicle – EELV) နှင့် ဆင်တူသော ပုံစံအတိုင်း ပြုလုပ်ထားသည်။

Angara လွှတ်တင်ရေးဒုံးပျံများ တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ရုရှားနိုင်ငံအား ကာဇက်စတန်နိုင်ငံမှ ဘိုင်ကိုနော ဒုံးပျံလွှတ်တင်ရေးစခန်းကို ဌားရမ်းအသုံးပြုရခြင်းမှ လျော့ကျစေရန် ဖြစ်သည်။ ရုရှားနိုင်ငံ၏ မြောက်ပိုင်းတွင် ရှိသော Plesetsk ဒုံးပျံလွှတ်တင်ရေးစခန်းနှင့် နိုင်ငံ အရှေ့ပိုင်းတွင် တည်ရှိသော အသစ်ထပ်မံပြုလုပ်မည့် ဒုံးပျံလွှတ်တင်ရေးစခန်းတို့မှ နေ၍ အလေးချိန်များပြားသော payload များ ပစ်လွှတ်နိုင်ရန်အတွက် အဆိုပါ Angara လွှတ်တင်ရေး ဒုံးပျံများကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Energia - ရုရှားအာကာသ အေဂျင်စီ

OAO Rocket and Space Corporation Energia

ယခင် S.P. Korolev ၊ ထိုမှတစ်ဆင့် S.P. Korolev Rocket and Space Public Corporation Energia ယခုလက်ရှိ OAO Rocket and Space Corporation Energia သည်ရုရှားနိုင်ငံ၏ ဗျူဟာမြောက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး လူလိုက်ပါသော အာကာသယာဉ်များတည်ဆောက်ခြင်းတွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် အထူးသဖြင့်မြောက်များစွာသော နေရာများတွင်အသုံးချနိုင်သော အာကာသနည်းပညာအသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပတ်လမ်းအတွင်း ၀င်ရောက်ခြင်းအတွက် လိုအပ်သောဒုံးပျံစနစ်များ ဖွံ့ဖြိုး လာစေရန် အဓိကထား လုပ်ဆောင်နေသည်။

လက်ရှိအချိန်တွင် ဒုံးပျံနှင့်အာကာသ ၀န်ဆောင်မှုများအတွက် နိုင်ငံတကာဈေးကွက်ရရှိလာစေရန် ပြုလုပ်နေသည်။ ယင်းအဖွဲ့အစည်းသည် အာကာသစက်မှု လုပ်ငန်းများနှင့် ထိတွေ့ဖူးခြင်းမရှိသည့် ကုန်ပစ္စည်းထုတ်လုပ်သူများကို အာကာသနည်းပညာများနှင့် မိတ်ဆက်ပေးရာတွင်လည်း ရှေ့ဆုံးမှဦးဆောင်နေသော အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ယင်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

· - Primary Design Bureau

· - Baikonur branch

· - ZAO Experimental Machine Building Plant, RSC Energia

· - ZAO Valzhskoye DB

· - ZAO PO Kosmos, RSC Energia

· - Developed Social Infrastructure

ယင်းအဖွဲ့အစည်း၏ ၃၈ ရာခိုင်နှုန်းကို ရုရှားအစိုးရမှ ပိုင်ဆိုင်သည်။

အဖွဲ့အစည်းမှတ်တမ်း

၁၉၉၄ ခုနှစ်တွင် လက်ရှိအမည်ကိုရရှိသည်။ ထိုမတိုင်ခင်က ယင်းအဖွဲ့အစည်းအား Special Design Bureau – 1 (OKB – 1), Central Design Bureau of Experimental Machine Building (TsKBEM), Scientific-Production Association (NPO) Energia ဟု ခေါ်သည်။

၂၀ ရာစု၏ ၁၉၄၀ ခုနှစ်နှင့် ၁၉၅၀ အစောပိုင်းနှစ်များတွင် အဖွဲ့အစည်းသည် ပဲ့ထိန်းစနစ်ပါဝင်သည့် ဒုံးပျံရှေ့ပြေးပုံစံများကို တီထွင်ခဲ့သည်။ ယင်းဒုံးပျံများတွင် ဗျူဟာမြောက် ရွေ့လျားပစ်စင်များမှ ပစ်လွှတ်နိုင်သော ဒုံးပျံများ၊ ရေငုပ်သင်္ဘောမှပစ်လွှတ်နိုင်သော ဒုံးပျံများနှင့် ဗျူဟာမြောက်တိုက်ချင်းပစ် သာမိုနျူကလီးယားလက်နက်များ အထိ ပါဝင်ခဲ့သည်။

အဖွဲ့အစည်းသည် ဗျူဟာမြောက်ဒုံးပျံ ၁၄ မျိုးကိုပြုလုပ်ခဲ့၍ ယင်းတို့ထဲမှ ၁၁ မျိုးကို အပြည့်အ၀အသုံးချနိုင်ခဲ့သည်။ ထိုဒုံးပျံ ၁၁ ခုထဲ၌ high-temperature နှင့် lowtemperature liquid propellant အစိတ်အပိုင်းများပါဝင်သော liquid rocket နှင့် solid rocket တို့၏ ရှေ့ပြေးပုံစံများပါဝင်ခဲ့သည်။ ပထမဆုံးအာကာသသို့ လွှတ်တင်သော ဒုံးပျံဖြစ်သည့် R-7 သည် ယနေ့အချိန်ထိတိုင်အောင် ကမ္ဘာ့စိတ်အချရဆုံး ဒုံးပျံအဖြစ်ဆက်လက်တည်ရှိနေသည်။ ထိုစီမံကိန်းသည် နောက်ပိုင်းတွင် နိုင်ငံဒုံးပျံလက်နက် တပ်ဆင်ရေးကို အထောက်အပံ့ပေးခဲ့သည်။

ပထမဆုံးဂြိုဟ်တု (Sputnik – 1957) နှင့် ယင်းအား ပတ်လမ်းထဲသို့ပို့ဆောင်ပေးခဲ့သည့် ပထမဦးဆုံးဒုံးပျံ R-7 ၊ အာကာသထဲသို့ ပထမဦးဆုံးရောက်ရှိသည့် ယူရီဂါဂါရင် (၁၉၆၁) ၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် လသို့ပစ်လွှတ်သော ပိုင်အိုးနီးယား အာကာသယာဉ် (၁၉၅၉-၁၉၆၉) ၊ လပေါ်သို့ဆင်းသက်နိုင်ခဲ့သော ပိုင်အိုးနီးယား လဆင်းယာဉ် (၁၉၆၀) စသည့် စီမံကိန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ယင်းစီမံကိန်းများကို National rocket-space system ၏ ဒီဇိုင်နာအကြီးအကဲဖြစ်သော S.P. Korolev ၏ ထူးချွန်ပြောင်မြောက်သော အကြံဥာဏ်များ၊ အစွမ်းအစများနှင့်ဖန်တီးကာ ပြီးမြောက်စေခဲ့ခြင်း ဖြစ်သည်။ S.P. Korolev သည် ပါရမီရှင် အင်ဂျင်နီယာနှင့် မန်နေဂျာဖြစ်ပြီး လက်တွေ့ကျသော အာကာသလေ့လာရေးဆိုင်ရာ ပညာရပ်ကိုစတင်ခဲ့သူ ဖြစ်သည်။

အဖွဲ့အစည်းသည် အောက်ပါဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို ပြုလုပ်ခဲ့သည်။

အာကာသသို့ ပထမဦးဆုံး ရောက်ရှိခဲ့သည့် ယူရီဂါဂါရင် ပါဝင်သော Vostok (၁၉၆၀-၁၉၆၃) ၊ အခြားလူလိုက်ပါသည့် အာကာသယာဉ်များဖြစ်သည့် Voskhod (၁၉၆၄-၁၉၆၈) ၊ Soyuz (၁၉၆၆-၁၉၈၁) ၊
Soyuz T (၁၉၇၉-၁၉၈၆) ၊ Soyuz TM (၁၉၈၆-၂၀၀၂) ၊
အာကာသကုန်ပစ္စည်းသယ်ယာဉ် Progress (၁၉၇၈-၁၉၈၉) ၊ Progress M (၁၉၈၉ မှ လက်ရှိ) ၊
ပတ်လမ်းပေါ်၌ ရှိသည့် Salyut စခန်း (၁၉၇၁) ၊ Salyut-4 (၁၉၇၄-၁၉၇၇) ၊ Salyut-6 (၁၉၇၇-၁၉၈၂) ၊ Salyut-7 (၁၉၈၂-၁၉၉၁) နှင့် module အများအပြားပါဝင်သည့် Mir အာကာသစခန်း (၁၉၈၆-၂၀၀၁) ၊
အာကာသနှင့် ကမ္ဘာမြေကို သုတေသနပြုလုပ်သည့် ပတ်လမ်းပေါ်မှ စောင့်ကြည့် လေ့လာ သော Gamma အာကာသယာဉ် (၁၉၉၀-၁၉၉၂) ၊
ကမ္ဘာ့မျက်နှာပြင်၏ ပုံရိပ်အပြည့်အစုံကို ရယူပေးခဲ့သော အာကာသယာဉ် Zenit (၁၉၆၂) ၊
ဆက်သွယ်ရေးဂြိုဟ်တုများ၏ ရှေ့ဆောင်ဖြစ်ခဲ့သည့် Molina-1 (၁၉၆၅) ၊
ကမ္ဘာ့အကြီးဆုံး လွှတ်တင်ရေးယာဉ်ဖြစ်သည့် Energia (၁၉၈၇) နှင့် ပြန်လည် အသုံးပြုနိုင် သော အာကာသယာဉ် Buran (၁၉၈၆) ၊
ထို့ပြင် အခြားစီမံကိန်းများသည် ဒုံးပျံနှင့် အာကာသနည်းပညာစနစ်များကို ပိုမိုကောင်းမွန် အသုံးဝင်လာစေရန် ထောက်ပံ့ပေးခဲ့သည်။ ယင်းတို့မှာ လပေါ်သို့ လူသားများ သွားရောက် နိုင်ရန်အတွက် L1 နှင့် L3 စီမံကိန်များ ၊ Superheavy Launch Vehicle H1 ၊ multipurpose orbital complex နှင့် အင်္ဂါဂြိုဟ်ပေါ်၌ လူနေထိုင်ရန် စီမံကိန်များ ဖြစ်သည်။ အဖွဲ့အစည်း သည် နိုင်ငံတကာအာကာသ ပရိုဂရမ်များဖြစ်သည့် Soyuz-Apollo နှင့် Intekosmos စသည်တို့တွင် အဓိကနေရာမှ ပါဝင်ခဲ့သည်။


အဓိက လုပ်ဆောင်ချက်များ

လူလိုက်ပါသော အာကာသစနစ်များ

နိုင်ငံတကာ အာကာသစခန်း (ISS) ၏ ရုရှားနိုင်ငံအပိုင်းကို ၁၉၉၃ ခုနှစ်၌ စတင်တပ်ဆင်၍ ၁၉၉၈ ခုနှစ်၌ စတင် အလုပ်လုပ်သည်။ ယင်းစီမံကိန်းသည် ရုရှားနိုင်ငံနှင့် နိုင်ငံတကာ လုပ်ဖော် ကိုင်ဖက်များ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းတို့သည် ကုန်ပစ္စည်းလက်ခံရယူခြင်းအပိုင်း (Functional Cargo Block – FCB) ဖြစ်သည့် Zarya ကိုတီထွင်မှုနှင့် အသုံးချခြင်း ၊ Module Zvezda (၂၀၀၀ ခုနှစ်) ကိုတီထွင်မှု ၊ဆိုက်ကပ်သည့် Module အပိုင်းဖြစ်သော Pirs (၂၀၀၁ ခုနှစ်) ကို တီထွင်မှု စသည်တို့ကို ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ အာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် Progress M ၊ Progress M1 နှင့် Soyuz TM အာကာသယာဉ်များကို ထုတ်လုပ်ခြင်းနှင့် mission အာမခံမှု (၂၀၀၀ ခုနှစ်) တို့ကို လည်း ပြုလုပ်ခဲ့သည်။ လူလိုက်ပါသော အာကာသယာဉ်ဖြစ်သည့် Soyuz TMA ကို ၂၀၀၂ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် တီထွင် ဖန်တီးပြုလုပ်ခဲ့သည်။

Soyuz အမျိုးအစားနှင့် Progress အမျိုးအစား အာကာသယာဉ်များဖြင့် နိုင်ငံတကာ အာကာသစခန်း (ISS) တွင် အာကာသသုတေသနနှင့် စမ်းသပ်မှု Program များကို တပ်ဆင်လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်းကို တည်ဆောက်ခြင်း ၊ Multipurpose ဓာတ်ခွဲခန်းနှင့် robotic ဖြစ်ထွန်းမှုအတွက် အရွယ်အစားသေးငယ်သည့် ပါဝါနှင့် သုတေသန module တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

Cybernetics ၊ nanotechnologies နှင့် microelectronics အစရှိသော ခေတ်သစ်နည်းပညာ ရပ်များ အပေါ်အခြေခံ၍ နည်းပညာသစ် အာကာသယာဉ်များ ပေါ်ပေါက်လာစေရန် တီထွင်ဖန်တီး ခြင်းများကို ပြုလုပ်နေသည်။

နိုင်ငံတကာအာကာသစခန်းတွင် အသုံးပြုသည့် ဥရောပ အာကာသကုန်ပစ္စည်းသယ်ယာဉ် ဖြစ်သည့် (ATV – Automated Transfer Vehicle) ကို ပို့လွှတ်ခြင်းနှင့် ယင်း၏ refueling system ၊ docking system ၊ docking unit နှင့် control system တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက် ရှိသည်။

လူလိုက်ပါခြင်းမရှိသော အာကာသစနစ်များ

၁၉၉၁ ခုနှစ်မှစ၍ Universal Space Bus ဖြစ်သည့် Viktoria အပေါ်အခြေခံ၍ ဆက်သွယ်ရေးဂြိုဟ်တုများကို တီထွင်ခြင်း ၊ ထုတ်လုပ်ခြင်းနှင့် လုပ်ငန်းတာဝန် ထမ်းဆောင်စေခြင်းများကို ပြုလုပ်နေသည်။

အထက်ပါ space bus ကို အသုံးပြု၍နိုင်ငံနှင့် စီးပွားရေးဆိုင်ရာတွဲဖက် လုပ်ကိုင်သူများ ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းပေးနိုင်သော ဂြိုဟ်တုများကို တီထွင်ဖန်တီး ထုတ်လုပ်ခြင်း (ဥပမာ။ ။ Earth Remote Sensing ဂြိုဟ်တုများ) တို့ကို ပြုလုပ်နေသည်။

ဒုံးပျံစနစ်များ

၁၉၆၉ ခုနှစ်တွင် DM ကိုတီထွင်ခြင်းနှင့် ထုတ်လုပ်ခြင်း ၊ Proton နှင့် Zenit-3SL တို့တွင် Space stage အဖြစ် အသုံးပြုခဲ့သော DM-SL အမျိုးအစား upper stage များကို ၁၉၉၈ ခုနှဏ်တွင် တီထွင် ထုတ်လုပ်ခဲ့သည်။ ထို့နောက် ယင်းအမျိုးအစားများကို မြေပြင်လွှတ်တင်ရေး စီမံကိန်းတွင် အသုံးပြုနိုင်ရန် DM-SLB upper stage အမျိုးအစားကဲ့သို့သော ခေတ်သစ်အမျိုးအစားများ ဖြစ်ပေါ် လာစေရန် ထပ်တိုး အဆင့်မြှင့်တင်ခဲ့သည်။

၁၉၉၉ ခုနှစ်တွင် အမေရိကန် ၊ ယူကရိန်း ၊ နော်ဝေးကုမ္ပဏီများနှင့် ပူးပေါင်းကာ ပင်လယ်ပြင်မှ နေ၍ စီးပွားဖြစ် ဂြိုဟ်တုများကို ပတ်လမ်းနိမ့်များထဲသို့ Zenit-3SL ဒုံးပျံကို အသုံးပြု၍ လွှတ်တင်နိုင် ရန် Sea Launch Rocket နှင့် Space Complex တို့ကို တည်ဆောက်ခဲ့သည်။ အခါအားလျော်စွာ ယင်း complex အတွက် ဒုံးပျံအပိုင်းကို ထပ်တိုး အဆင့်မြှင့်ခြင်းများ ပြုလုပ်နေသည်။

ဘိုင်ကိုနော အာကာသဒုံးပျံလွှတ်တင်ရေးစခန်းအပေါ် မှီခိုမှုနည်းပါးရန်အတွက် မြေပြင်အခြေစိုက် ဒုံးပျံလွှတ်တင် ရေးစခန်းများနှင့် ပင်လယ်အခြေစိုက် ဒုံးပျံလွှတ်တင်ရေး နေရာများ ဖွံ့ဖြိုးလာစေရန် ပြုလုပ်လျက်ရှိသည်။

ကွဲပြားခြားနားသော ရည်ရွယ်ချက်အမျိုးမျိုးအတွက် ကမ္ဘာအနီးတွင်ရှိသော ပတ်လမ်းများအတွင်းသို့ အာကာသ ယာဉ်များ လွှတ်တင်နိုင်ရန် ရင်ဆိုင်ရမည့် ပြဿနာများကို ဖြေရှင်းရန် ရုရှားဒုံးပျံများ ၏ power ကို တိုးမြှင့်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ပြုလုပ်နေသည်။

ထပ်မံလုပ်ဆောင်မည့် Program များ

နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်း တည်ဆောက်ခြင်းနှင့် ယင်း၏လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ အာကာသဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ခြင်းနှင့် လူလိုက်ပါသော နည်းပညာအသစ် အာကာသသယ်ယူ ပို့ဆောင်ရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ဆောင်လျက် ရှိသည်။

အခြားဂြိုဟ်များသို့ လူလိုက်ပါသော အာကာသယာဉ်များ ပို့လွှတ်နိုင်ရန် လုပ်ဆောင်လျက် ရှိသည်။ ကြီးမားသော အာကာသ antenna နှင့် reflector များအပေါ်အခြေခံ၍ အာကာသဆက်သွယ်ရေးစနစ် ၊ power စနစ်များ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက် ရှိသည်။

Service များ ထောက်ပံ့ဖန်တီးပေးခြင်း

နိုင်ငံတကာ အာကာသ အေဂျင်စီများ ၊ အဖွဲ့အစည်းများနှု့် သဘောတူစာချုပ်ချုပ်ဆို၍ အာကာသယာဉ်မှုးများကို လေ့ကျင့်ပေးခြင်း ၊ ပျံသန်းပေးခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။

နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်းတွင် တပ်ဆင်ထားသော payload များ ၊ Soyuz နှင့် Progress အာကာသယာဉ်များကို နိုင်ငံတကာအေဂျင်စီများနှင့် အဖွဲ့အစည်းများ အသုံးပြုနိုင်ရန် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။

ရုရှားနိုင်ငံ၏ ဌာနများ ၊ ရုရှားနိုင်ငံမှ စီးပွားဖြစ်အသုံးပြုသူများ ၊ ရုရှား ဖက်ဒရယ် အာကာသ အေဂျင်စီ (Roscosmos) နှင့် သဘောတူထားသော အခြားနိုင်ငံများအတွက် ဒုံးပျံနှင့် အာကာသ နည်းပညာများကို ပုံစံပြုထုတ်လုပ်ခြင်း ၊ စမ်းသပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းတို့ကို ပြုလုပ်ပေးလျက် ရှိသည်။ ယင်းလုပ်ဆောင်ချက်များတွင် ဆက်သွယ်ရေးဂြိုဟ်တုနှင့် စောင့်ကြည့်လေ့လာရေး ဂြိုဟ်တုများ ပြုလုပ်ပေးခြင်း တို့ပါဝင်သည်။

ရုရှားဖက်ဒရယ် အာကာသအေဂျင်စီနှင့် သဘောတူညီထားသော အခြားအဖွဲ့အစည်းများအတွက် အာကာသစနစ် အင်ဂျင်နီယာနည်းပညာများ ထောက်ပံ့ပေးခြင်း ၊ မြေပြင် အခြေစိုက် အဆောက်အဦးများ တည်ဆောက်ပေးခြင်း ၊ အာကာသယာဉ်များ ထုတ်လုပ်လွှတ်တင်ပေးခြင်း ၊ မြင့်မားသော နည်းပညာများအား အသုံးချနိုင်ရန် အကြံဥာဏ်များ ပေးခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။

၁၉၉၁ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်အတွင်း အဖွဲ့အစည်းသည် ပထမဆုံး နိုင်ငံတကာ အာကာသ သုတေသနဌာနဖြစ်သည့် Mir အာကာသစခန်းနှင့် ယင်း၏ စီမံကိန်းများဖြစ်သော Euromir ၊ Mir-shuttle ၊ Mir-NASA စသည်တို့ကို ပြုလုပ်အသုံးချနိုင်ရန်အတွက် ကူညီထောက်ပံ့လုပ်ဆောင်ပေးခဲ့သည်။ ယင်းစီမံကိန်းများမှ နိုင်ငံတကာ အာကာသစခန်း (ISS) နှင့်ပြန်လည်အသုံးပြု၍ရသောသယ်ယူပို့ဆောင်ရေးစနစ်များ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ထို့ပြင် Transnational ကုမ္ပဏီများနှင့် ပူးပေါင်း၍ ကမ္ဘာ့ပထမဆုံး ပင်လယ်ပြင်မှ ဒုံးပျံလွှတ်တင်သည့် စခန်းကို ပြုလုပ်နိုင်ခဲ့သည်။ ဥရောပ အာကာသကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးယာဉ် (ATV – Automated Transfer Vehicle) ၊ မြေပြင်အခြေစိုက်လွှတ်တင်ရေး စီမံကိန်း ၊ နည်းပညာသစ် ဆက်သွယ်ရေးဂြိုဟ်တု ၊ Universal Space Bus ကိုအခြေခံ၍ ထုတ်လုပ်သော remote sensing ဂြိုဟ်တု Belka စသည်တို့ကိုတီထွင် ထုတ်လုပ်ခဲ့သည်။ အာကာသလွှတ်တင်ရေးစခန်း အသစ်များကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည်။

အဖွဲ့အစည်း၏ စီမံကိန်းများကို အမြဲမပြတ် ဦးဆောင်ခဲ့သော ပညာရှင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

S.P. Korolev (၁၉၄၆-၁၉၆၆)
Mishin (၁၉၆၆-၁၉၇၄)
V.P. Glushko (၁၉၇၄-၁၉၈၉)
Yu.P. Semenov (၁၉၈၉-၂၀၀၅)

ယခုလက်ရှိအချိန်တွင် Russian Academy of Sciences မှ corresponding member ဖြစ်သည့် V.A. Lopota က အဖွဲ့အစည်းကို ဆက်လက်ဦးဆောင်နေသည်။

အဖွဲ့အစည်းရရှိသော ဆုတံဆိပ်များ

အဖွဲ့အစည်းသည် Order of Lenin ဆု (၄) ခု ၊ Order of the October Revolution ဆု (၁) ခု နှင့် ရုရှားဖက်ဒရေးရှင်း သမ္မတ၏ ကျေးဇူးတင်သ၀ဏ်လွှာတစ်ခုတို့ ရရှိထားသည်။

ဝန်ထမ်းများ

ယခုလက်ရှိအချိန်တွင် ရုရှားသိပ္ပံ အကယ်ဒမီ၏ အဖွဲ့ဝင် (၃) ဦးနှင့် corresponding အဖွဲ့ဝင် (၂) ဦး ၊ ဒေါက်တာဘွဲ့ရ သိပ္ပံပညာရှင် (၂၉) ဦးနှင့် အခြား သိပ္ပံပညာရှင် (၁၉၇) ဦးတို့ ပူးပေါင်းပါဝင်လုပ်ဆောင်နေသည်။ ပါမောက္ခအဆင့်ရှိသော သိပ္ပံပညာရှင် (၂၀) ဦးက သင်ကြားမှုများကို ထုတ်လုပ်ခြင်းအဆင့်များနှင့် ပေါင်းစပ်၍ သင်ကြားပေး နေသည်။

ဒုံးပျံနည်းပညာများနှင့် အာကာသနည်းပညာများကို ထူးချွန်ပြောင်မြောက်စွာ တီထွင်နိုင်ခဲ့သည့်အတွက် အဖွဲ့အစည်း၏ ၀န်ထမ်း (၂၅) ဦးသည် ဆိုရှယ်လစ်အလုပ်သမား သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ခံရသည်။ S.P. Korolev နှင့် V.P. Glushko တို့သည် အဆိုပါဆုကို နှစ်ကြိမ်တိတိ ရရှိခဲ့သည်။ အဖွဲ့အစည်း၏ ၀န်ထမ်း (၂၀၀) ကျော်သည် Lenin ဆု ၊ ဆိုဗီယက် ပြည်ထောင်စုမှ ချီးမြှင့်သောဆုနှင့် ရုရှားဖက်ဒရေးရှင်း အစိုးရမှ ချီးမြှင့်သောဆုများ ရရှိသည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...