အင်္ဂါဂြိုဟ် တွင် ရေ သဲလွန်စ တွေ့ရှိ
အင်္ဂါဂြိုဟ်မျက်နှာပြင်ပုံရိပ်များ NASA ထုတ်ပြန်ဖော်ပြ




credit : planet
Discovery အာကာသလွန်းပျံယာဉ်အား ကနေဒီအာကာသစခန်းမှ ဝါရှင်တန်ဒီစီသို့ သယ်ဆောင်ခြင်း

Facebook တွင် ကစားနိုင်မည့်ဂိမ်း NASA လွှင့်တင်
အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က Facebookတွင် လူအများ ကစားနိုင်မည့် ဂိမ်းတစ်ခုကို လွှင့်တင် ပေးလိုက်ကြောင်း သိရှိရသည်။ ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်တွင် သူငယ်ချင်းသစ်များ တိုးပွားစေရန်နှင့် အာကာသဆိုင်ရာ အသိအမြင် ဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် Space Race Blastoffဂိမ်းကို NASAက ဖန်တီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဂိမ်းသည် ကစားသူများက အာကာသဆိုင်ရာ ဗဟုသတုကို ဆန်းစစ် မေးခွန်းထုတ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။
ယင်းဂိမ်းကို ကစားသူများသည် တစ်ဦးချင်း မိမိ၏ အသိပညာကို လေ့လာနိုင်သလို အခြားသူများနှင့်လည်း အပျော်သဘော ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ အဆိုပါ ဂိမ်းတွင် “အာကာသထဲ လမ်းလျှောက်တဲ့ ပထမဆုံး အမေရိကန်က ဘယ်သူလဲ”၊ “အရည်လောင်စာသုံး ဒုံးကျည်ကို ပထမဆုံး လွှတ်တင်တာ ဘယ်သူလဲ”အစရှိသည့် ဥာဏ်စမ်း မေးခွန်းများ ပါဝင်မည်ဖြစ်သည်။
NASA၏ သမိုင်းနှင့် သုတေသန ဌာနက Facebookကို အသုံးချကာ အာကာဆိုင်ရာ အသိပညာ ဗဟုသုတ ဖြန့်ဖြူးရန်အတွက် Space Race Blastoffကို ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း NASA၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက ဆိုသည်။ NASAသည် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် ပတ်သက်ပြီး သတင်းအချက်အလက် ဖြန့်ဝေရန်အတွက် Facebookနှင့် Twitterစသည့် Social Network ၀န်ဆောင်မှုများကို ယခင်ကတည်း မှီခိုခဲ့သည်။
Source: Planet
နေနှစ်စင်းကိုပတ်နေသောဂြိုဟ်တွေ့ရှိ
ပြင်ပ စကြ၀ဠာများထဲတွင် ပထမဆုံးအကြိမ်အဖြစ် နေနှစ်စင်း ကို ပတ်နေသောဂြိုဟ်ကို နာဆာ၏ ကက်ပလာ တယ်လီစကုပ်ဖြင့် တွေ့ရှိ ခဲ့ကြောင်း သိရသည်။
Kepler-16b ဟု အမည်ပေး ထားသော ဂြိုဟ်သည် မိမိတို့ နေစကြ ၀ဠာရှိ စနေဂြိုဟ်ကဲ့သို့သော လူမနေ နိုင်သည့် အေးခဲသော ဓာတ်ငွေ့စု ကြီးသာ ဖြစ်သည်ဟု သိရသည်။
ယင်းဂြိုဟ်သည် ကမ္ဘာမြေနှင့် အလင်းနှစ် ၂၀၀ ခန့်အကွာတွင် ရှိ သည်ဟုသိရသည်။ (အလင်းနှစ်ဆို သည်မှာ ကမ္ဘာကနေကိုတစ်ပတ် ပတ်သော ကာလ(တစ်နှစ်) အတွင်း အလင်းရောက်ရှိသည့် မိုင်ပေါင်း ၅၈၈၀,၀၀၀,၀၀၀,၀၀၀ မိုင်ကို ဆိုလို သည်) ယခင်ကတည်းက နေနှစ်စင်းကိုပတ်သည့် ဂြိုဟ်ရှိနိုင်ကြောင်း သုံး သပ်ခဲ့ကြဖူးပြီး သိပ္ပံ ၀တ္ထုဇာတ်လမ်း များတွင် ပါဝင်ခဲ့သော်လည်း ယခု အခါတွင်မှ ပထမဆုံးတွေ့ရှိခြင်း ဖြစ် သည်။
ယင်းဂြိုဟ်တွင် နေ၀င်ချိန်၊ နေထွက်ချိန်ကို နှစ်ခါစီ ကြုံတွေ့ရ သည်။ ယင်းနေတို့သည်လည်း အချင်းချင်း ၄၁ ရက်လျင် တစ်ပတ် နှုန်းဖြင့် ပတ်နေကြပြီး ဂြိုဟ်က နေ နှစ်စင်းကိုပတ်ရန် ကြာချိန်တစ်နှစ် မှာ ၂၂၉ ရက်ဖြစ်သည်။
Ref: AFP










.jpg)


.jpg)















