Powered by Blogger.
RSS

ဒုံးပျံပစ်လွှတ်ရေးစခန်းများ

ဂြိုဟ်တုအား အာကာသအတွင်းသို့ပို့ဆောင်ပေးရန် ဒုံးပျံများလိုအပ်သလို ထိုဒုံးပျံများကိုပစ်လွှတ်ပေးမည့်နေရာ ( Launch site ) သည်လည်းလိုအပ်လာသည်။ အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ဒုံးပျံပစ်လွှတ်ရေးစခန်းအများဆုံးရှိသော နိုင်ငံဖြစ်၍ တရုတ်နိုင်ငံသည် ဒုတိယအများဆုံး ၊ ရုရှားနိုင်ငံသည် တတိယ အများဆုံးအဖြစ်တည်ရှိသည်။ ကမ္ဘာနိုင်ငံအသီးသီးရှိ ဒုံးပျံပစ်လွှတ်ရေးစခန်းများကို အောက်တွင်တစ်စုတစ်စည်းတည်း ဖော်ပြထားပါသည်။

Australia

Woomera (Wo)

Brazil

Alcantara (Al)
Barreira do Inferno (BdI)

Canada

Fort Churchill (FC)

China

Hainan (Hai)
Jiquan (Jq)
Tai Yuan (TY)
Xichang (Xi)

France

Biscarosse (Bis)
Hamaguir (Ha)
Kourou (Ko)

India

Sriharikota (Sr)
Thumba (Th)

International

Sea Launch Platform (SL)

Iraq

Al Anbar (AA)

Israel

Palmachim (Pa)

Italy

Salto di Quirra (SdQ)
San Marco Platform (SM)

Japan

Kagoshima (Ka)
Tanegashima (Ta)

Norway

Andoya (An)

North Korea

Musudan Ri (Mu)

South Africa

Overberg (Ov)

Spain

Gando (Ga)

Sweden

ESRANGE (Es)
Kronogard (Kro)

UK

Aberporth (Ab)

USA

Aur Atoll, Bigen Island (AUR)
Cape Canaveral (CC)
Edwards AFB (Ed)
Eglin AFB (Eg)
Fort Wingate (FW)
Green River (GR)
Holloman (Ho)
Johnston Island (JI)
Kauai (Ku)
Kodiak (Kd)
Kwajalein (Kw)
Matagorda (Ma)
Meck Island (Me)
Nevada Test Site (NTS)
Point Mugu (PM)
Poker Flat (PF)
Roi Namur (RN)
San Clemente Island (SC)
Tonopah (To)
Vandenberg (Va)
Wallops Island (WI)
White Sands (WS)

USSR / Russia

Baikonur / Tyuratam (TB)
Kapustin Yar (KY)
Plesetsk (Pl)
Svobodny (Sv)

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုလ်များကို ထောက်လှမ်းမည့် ဂြိုလ်တုတလုံးအား နာဆာမှလွှတ်တင်





ကက်ပလာဟု အမည်ပေးထားသော ကမ္ဘာနှင့်ဆင်တူသည့် ဂြိုဟ်အား ထောက်လှမ်း ရှာဖွေရေး ဂြိုဟ်တုတခုကို နာဆာက မတ်လ (၆)ရက်နေ့က လွှတ်တင်လိုက်ကြောင်း သိရသည်။

၎င်းသည် မစ်ကီဝေးလ် နဂါးငွေ့တန်း အတွင်း ကမ္ဘာနှင့် သဘော သဘာဝ ဆင်တူသည့် ဂြိုဟ်များကို ရှာဖွေ ထောက်လှမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လွှတ်တင်ခဲ့ခြင်းဟု နာဆာက ကြေငြာသည်။

ကက်ပလာသည် (၁၇)ရာစု ဂျာမန် နက္ခတ်သိပ္ပံ ဘာသာရပ်တခုအား အစွဲပြု မှည့်ခေါ်ထားသည့် အမည်ဟုဆိုသည်။ ဒေါ်လာသန်း (၆၀၀) အကုန်အကျ ခံခဲ့သည့် အဆိုပါ ဂြိုဟ်တု စီမံကိန်းသည် စကြာဝဠာ လေ့လာရေး၏ ခြေလှမ်းသစ်တခု ဖြစ်လာစေရန် မျှော်လင့်ကြောင်း နာဆာက ထုတ်ပြန် ကြေငြာလိုက်သည်။

ကက်ပလာသည် နေအဖွဲ့ အစည်းအတွင်းမှ ထိုးထွက်ကာ ဆိုင်နက်စ် နှင့် လိုင်ရာ ကြယ်စုများထိ ကြယ် အဖွဲ့အစည်း (၁၀၀၀၀၀) တို့ကိုကျော်ကာ အလင်းနှစ် (၆၀၀) မှ (၃၀၀၀) ခန့်အထိ ပျံသန်းသွားမည်ဟု သိရသည်။

နာဆာ ၎င်းတို့သည် နေအဖွဲ့ အစည်းပြင်ပ ဂြိုဟ်(၃၀၀) ခန့်ကို လေ့လာပြီး ဖြစ်သော်လည်း လူနေနိုင်သည့် ကမ္ဘာနှင့် ဆင်တူသော ဂြိုဟ်မျိုး မတွေ့ဖူးသေးဘဲ အားလုံးလိုလို ဓာတ်ငွေ့များ ဖုံးလွှမ်းနေသည့် ဂြိုဟ်များသာ ဖြစ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော ဒုံးပျံနှစ်စင်းအား အိန္ဒိယ စမ်းသပ်ပစ်လွှတ်


အိန္ဒိယနိုင်ငံသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော တာလတ်ပစ် ဒုံးပျံနှစ်စင်းအား သောကြာနေ့တွင် နိုင်ငံ၏ အရှေ့ဘက် ကမ်းခြေ၌စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု သတင်း ထုတ်ပြန် ခဲ့သည်။ အဆိုပါ အစီအစဉ်သည်အိန္ဒိယနိုင်ငံ နျူကလီးယား မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

သင်္သကရိုက် ဘာသာစကားဖြင့် Dhanush (လေးသည်တော်၏ လေးကိုင်း) ဟုအဓိပ္ပာယ် ရသည့် ဒုံးပျံအား သြရိယပြည်နယ်၏ အရှေ့ဘက် ဘင်္ဂလားပင်လယ်အော်အတွင်းရှိရေတပ် စစ်သင်္ဘောတစ်စင်းမှ သောကြာနေ့ မနက်တွင် ပစ်လွှတ်ခဲ့သည်။ ထို့နောက်ဒုတိယမြောက် ဒုံးပျံ ဖြစ်သည့် Prithvi II (ကမ္ဘာမြေ) ဒုံးပျံကိုသြရိယပြည်နယ်မြို့တော် Bhubaneswar ၏ အရှေ့မြောက် ဘက် ကီလိုမီတာ ၂၀၀ အကွာရှိChandipur ကမ်းခြေ ဒုံးပျံစမ်းသပ် ပစ်လွှတ်ရေးစခန်းမှ ပစ်လွှတ်ခဲ့သည်။

ဒုံးပျံနှစ်စင်းလုံးအား အောင်မြင်စွာ ပစ်လွှတ်နိုင်၍ missionအားလုံးကို ပြီးမြောက်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း စမ်းသပ်ပစ်လွှတ်ရေးစခန်းဒါရိုက်တာ ဖြစ်သူ S.P Dash က ပြောကြားခဲ့သည်။

၁၁ မီတာ (၃၆ ပေ) ရှည်သော Dhanush ဒုံးပျံသည် မြေပြင်မှ မြေပြင်ပစ်ဒုံးပျံဖြစ်သော Prithvi ဒုံးပျံ၏ မူကွဲတစ်ခုဖြစ်ပြီး ၃၅၀ ကီလိုမီတာ အကွာအဝေးကိုပစ်လွှတ်နိုင်သည်။ အဆိုပါ ဒုံးပျံကို အိန္ဒိယရေတပ်မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၈.၅ မီတာ (၂၈ ပေ) ရှည်သော Prithvi II ဒုံးပျံသည် ၁၅၀ ကီလိုမီတာ မှ၃၅၀ ကီလိုမီတာ အကွာအဝေးသို့ ပစ်လွှတ်နိုင်ပြီး payload အလေးချိန် တစ်တန် (၁၀၀၀ကီလိုဂရမ်) ကို သယ်ဆောင် နိုင်သည်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ သုတေသနဖွံ့ဖြိုးမှုအဖွဲ့ (DefenceResearch Development Organisation) သည် နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသောအိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံများကိုယှဉ်ပြိုင်ရန် နိုင်ငံ၏ နျူကလီးယား မဟာဗျူဟာ အနေဖြင့် ဒုံးပျံများကို စမ်းသပ်ထုတ်လုပ်နေခြင်း ဖြစ်သည်။ အဆိုပါ ဒုံးပျံစမ်းသပ်မှုသည် အိန္ဒိယ တပ်မတော်စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း ကာကွယ်ရေးဌာနမှပြောကြားခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုဟ်တုပတ်လမ်းများ


Geostationary Orbit (GEO)

GEO ပတ်လမ်းသည် ဂြိုဟ်တုဆက်သွယ်ရေး အခန်းကဏ္ဍ၌ အသုံးများသော ပတ်လမ်းတစ်ခုဖြစ်သည်။ ထိုပတ်လမ်းတွင် လှည့်ပတ်နေသော ဂြိုဟ်တုသည် ကမ္ဘာကို တစ်ပတ်ပြည့်ရန် ၂၄ နာရီ ကြာလှည့်ပတ်သည်။ ထိုသို့ ကမ္ဘာနှင့် တူညီစွာလှည့်ပတ်နေသောကြောင့် မြေပြင်မှကြည့်လျှင် ဂြိုဟ်တုသည် ပုံသေအမှတ်တစ်ခု၌သာ တည်ရှိနေမည်ဖြစ်သည်။ GEO ပတ်လမ်း၏ inclination သည် သုည နီးပါးဖြစ်ပြီး အီကွေတာနှင့် ထပ်တူနီးပါးတည်ရှိသည်။

ဂြိုဟ်တုသည် ပုံသေအမှတ် တစ်မှတ်တွင်သာ တည်ရှိသောကြောင့် ဂြိုဟ်တုအား tracking ပြုလုပ်ရန်မလိုအပ်ပေ။ ဂြိုဟ်တုသည် ၄င်း၏ မပြောင်းလဲသော လွှမ်းခြုံဧရိယာအတွင်း များပြားသော operation များကိုလုပ်ဆောင် ပေးနိုင်သည်။ ရုပ်သံထုတ်လွှင့်မှုများ အပါအ၀င် များပြားလှသော ဆက်သွယ်ရေးဂြိုဟ်တုများကို GEO ပတ်လမ်းသို့ လွှတ်တင်အသုံးပြုနေကြသည်။

သို့သော်လည်း GEO ပတ်လမ်းသည် ကမ္ဘာမှ ၃၆၀၀၀ km အကွာအဝေးတွင် တည်ရှိသောကြောင့် GEO ဂြိုဟ်တုများအတွက် ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်းတို့တွင် ၀.၂၅ စက္ကန့် ကြာမြင့်သည့် signal delay ကိုဖြစ်ပေါ်စေသည်။ ထိုအချက်သည် အချက်အလက်များ ထုတ်လွှင့်ခြင်း (သို့) တယ်လီဖုန်းဆက်သွယ်ခြင်း တို့အတွက် အခက်အခဲတစ်ရပ်ဖြစ်သည်။ GEOဂြိုဟ်တုသည် အီကွေတာနှင့် တူညီသည့်ပတ်လမ်းတွင် တည်ရှိသဖြင့် လက်တီတွဒ် (သို့) လောင်ဂျီတွဒ် မြင့်မားသော နေရာများတွင်မူ ဂြိုဟ်တုနှင့် ဖမ်းယူရေးစခန်းအကြား elevation angle (မော့ထောင့်) တန်ဘိုး လျော့ကျနိုင်သည်။ ထိုအချက်သည် mobile communication အတွက် အခက်အခဲတစ်ရပ်ဖြစ်သည်။

Medium Earth Orbit (MEO)


MEO ပတ်လမ်းသည် ကမ္ဘာမြေပြင်မှ အကွာအဝေး ၂၀၀၀-၃၅၀၀၀ km အကြားတွင် တည်ရှိသော ပတ်လမ်းများကို ခေါ်ဆိုသည်။ MEO ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုသည် ကမ္ဘာကို တစ်ပတ်ပြည့်ရန် ၄င်း၏ ပတ်လမ်းအမြင့်အလိုက် ၂ နာရီမှ ၂၄ နာရီ အတွင်း ကြာမြင့်သည်။ MEO ရှိ ဂြိုဟ်တုများအား GPS အသုံးပြုခြင်း အတွက်အများဆုံး အသုံးပြုကြသည်။


Low Earth Orbit (LEO)

LEO ပတ်လမ်းသည် ကမ္ဘာမြေပြင်မှ ၁၆၀-၂၀၀၀ km (၁၀၀-၁၂၄၀ မိုင် ) အကွာတွင် တည်ရှိသော ပတ်လမ်းဖြစ်သည်။ LEO ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုသည် တစ်နာရီလျှင် ၂၇၄၀၀ km ( ၈ km/s ) နှုန်းဖြင့် ကမ္ဘာကို မိနစ် ၉၀ လျှင်တစ်ကြိမ် လှည့်ပတ်သည်။ LEO ဂြိုဟ်တုများအား ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် အသုံးပြုကြသည်။ LEO ဂြိုဟ်တုသည် ပတ်လမ်းနိမ့်ဖြစ်သောကြောင့် လွှမ်းခြုံဧရိယာ ကျယ်ပြန့်စေရန် ဂြိုဟ်တုအစုအဝေးဖြင့် ချိတ်ဆက်ထားရှိကြသည်။ Remote sensing အတွက် LEO ဂြိုဟ်တုအစုအဖွဲ့များကို အဓိကအသုံးပြုကြသည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စွန်​တစ်ခု​​လွှတ်တင်​ထား​​သည်ကို ပန်း​ကန်​ပြား​​ပျံ​အဖြစ် အမြင်​မှား​​ခဲ့​ကြ

alt

ပန်း​ကန်​ပြား​​ပျံ​အဖြစ် အမြင်​မှား​​​ခဲ့​ကြ​သည့် စွန်တစ်ခု © dailymail

အ ​မေရိကန်တွင် ​တွေ့​ရှိခဲ့​သည်ဆို​သော ပန်း​ကန်ပြား​ပျံ တစ်စင်း​မှာ အမှန်အား​ဖြင့်​ လွှတ်တင်ထား​သည့်​ စွန်တစ်ခုသာဖြစ်​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။ မျက်မြင်များ​စွာက ဝက်အူ​ချောင်း​ပုံရှိပြီး​ အ​ရောင်များ​ ​တောက်​နေ​သော ပန်း​ကန်ပြား​ပျံ တစ်စင်း​သည် ပြီး​ခဲ့​သည့်​လက ကိုလံဘီယာမြစ်​ပေါ်တွင် ပျံသန်း​နေခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​ကြသည်။

သို့​သော်လည်း​ ဝါရှင်တန်ပြည်နယ်ရှိ ဗန်ကူး​ဗား​တွင် ​တွေ့​ရှိခဲ့​ရသည့်​ ယင်း​ပန်း​ကန်ပြား​ပျံမှာ မီး​အလင်း​ရောင်များ​ဖြင့်​ အလှဆင်ထား​သည့်​ တရုတ်လုပ် စွန်တစ်ခုသာဖြစ်​ကြောင်း​ သိရသည်။ ၇ ​ပေခွဲ အမြင့်​ရှိပြီး​ ၁၃ ​ပေ ကျယ်​သော စွန်ကြီး​အား​ ၎င်းလွှတ်တင်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ မိုက်ဟုသာ အမည်​ဖော်ပြသူတစ်ဦး​က သတင်း​ထောက်များ​က ​ပြောကြား​ခဲ့​သည်။ ထိုစွန်ကြီး​တွင် ​ပေါ့​ပါး​ပြီး​ ​ရောင်စုံ​တောက်ပ​နေသည့်​ LED မီး​လုံး​ ရာဂဏန်း​မျှကို တပ်ဆင်ခဲ့​ပြီး​ ယင်း​မီး​လုံး​များ​သည် ၄ မိနစ်လျင် တစ်ကြိမ် အ​ရောင်​ပြောင်း​ကာ လင်း​နေခဲ့​ကြောင်း​ ရှင်း​ပြခဲ့​သည်။ မိုက်သည် ထိုစွန်ကြီး​ကို ဝယ်ယူပြီး​နောက် ​ဒေါ်လာ ၅၀၀ မျှအကုန်အကျခံကာ အလှဆင် မွမ်း​မံခဲ့​သည်။ ၎င်းက စွန်ကြီး​ကို လွှတ်တင်စဉ် ဗန်ကူး​ဗား​ ​လေ​ကြောင်း​အုပ်ချုပ်မှုဌာနနှင့်​ ရဲတပ်ဖွဲ့​တို့​ကိုလည်း​ ​ဆွေး​နွေး​ခဲ့​ပြီး​ ​ပေ ၅၀၀ ​အောက် အနိမ့်​တွင်သာ လွှတ်တင်ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ရှင်း​ပြခဲ့​သည်။

ထိုစွန်ကြီး ​သည် အလွန်လှပ​ကြောင်း​၊​ လူအများ​က ယင်း​ကို ပန်း​ကန်ပြား​ပျံအဖြစ် ယုံကြည်​နေသည်ကို သိရှိရသည့်​အခါ အံ့​ဩမိ​ကြောင်း​ မိုက်က ​ပြောဆိုသွား​သည်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်၌ စူးစမ်းလေ့လာရန် တရုတ်နိုင်ငံမှ အာကာသယာဉ်တစ်စင်းကို ၂၀၁၃ ခုနှစ်တွင် လွှတ်တင်မည်

အင်္ဂါဂြိုဟ်၏ မျက်နှာပြင်ကိုလေ့လာမည့် တရုတ်နိုင်ငံ၏ ပထမဦးဆုံး အာကာသယာဉ်ကို ၂၀၁၃ ခုနှစ်တွင် လွှတ်တင်မည်ဟု တရုတ်နိုင်ငံ သိပံ္ပပညာရှင် အကြီးအကဲတစ်ဦးက ဗုဒ္ဓဟူးနေ့ (မတ်လ ၂ရက်) တွင် ပြောကြားလိုက်သည်။

“အင်္ဂါဂြိုဟ်ဟာ ကမ္ဘာနဲ့ အနီးစပ်ဆုံး တူညီတဲ့ ဂြိုဟ်တစ်ခုဖြစ်ပြီး သက်ရှိသတ္တ၀ါများ တည်ရှိ နိုင်ကာ နေထိုင်ရန် သင့်လျော်တဲ့ နေရာအဖြစ်သို့လည်း ပြောင်းလဲနိုင်ပါတယ်။ အဲဒါကြောင့် လူသား မျိုးနွယ်စုရဲ့ ပထမဦးဆုံး လေ့လာစူးစမ်းမယ့် ဂြိုဟ်တစ်ခု အဖြစ် အင်္ဂါဂြိုဟ်ကို လေ့လာမှာ ဖြစ်ပါတယ်” ဟု တရုတ်အာကာသနည်းပညာ အကယ်ဒမီမှ အာကာသစူးစမ်းလေ့လာရေးအဖွဲ့၏ အကြီးအကဲ သိပံ္ပပညာရှင် YE Peijan က ပြောကြားခဲ့သည်။

အဆိုပါ mission တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် လွှတ်တင်ရေး ဒုံးပျံ ၊ စူးစမ်းရှာဖွေရေး ပစ္စည်းများနှင့် စောင့်ကြည့်လေ့လာရေး ပစ္စည်းများကို အသုံးပြုသွားမည်ဖြစ်ကြောင်း Ye Peijan က ဆက်လက်ပြောကြားခဲ့သည်။

Ye Peijan သည် တရုတ်ပြည်သူ့နိုင်ငံရေးရာ အကြံပေး ညီလာခံမှ အမျိုးသား ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အထက်ပါ တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ်ပေါ်သို့ စူးစမ်းလေ့လာရေး အာကာသယာဉ် လွှတ်တင်ရန် ကိစ္စအား နှစ်ပတ်လည် ညီလာခံမစတင်မီ ကြာသပတေးနေ့ (မတ်လ ၂ရက်) တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ လက်ရှိထုတ်လုပ်ထားသော လစူးစမ်းလေ့လာရေး အာကာသယာဉ်အား အဆင့်တိုးမြှင့်၍ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်အဖြစ် ပြောင်းလဲ ထုတ်လုပ်မည် ဖြစ်ကြောင်း လည်း ပြောကြားခဲ့သည်။

အဆိုပါ အာကာသယာဉ်ကို ကမ္ဘာနှင့် အင်္ဂါဂြိုဟ်တို့ အနီးကပ်ဆုံးဖြစ်သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် လွှတ်တင်မည်ဟု ခန့်မှန်းထားပြီး မအောင်မြင်ခဲ့ပါက နောက်ထပ်တစ်ကြိမ် ထပ်မံ နီးကပ်မည့် ၂၀၁၆ ခုနှစ်တွင် နောက်ဆုံးပေါ် စူးစမ်းရှာဖွေရေးကိရိယာများ တပ်ဆင်၍ လွှတ်တင်မည် ဟု ပြောကြားခဲ့သည်။ သို့သော် အဆိုပါ စီမံကိန်းသည် ပထမဦးစွာ တရုတ်အစိုးရ၏ ခွင့်ပြုချက်ကို ရယူရမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ အင်္ဂါဂြိုဟ် လှည့်ပတ်စူးစမ်းလေ့လာရေး ဂြိုဟ်တုဖြစ်သည့် Yinghuo-1 ဂြိုဟ်တုကို ယခုနှစ် နိုဝင်ဘာလတွင် ရုရှားနိုင်ငံမှ Zenit-3F လွှတ်တင်ရေး ဒုံးပျံဖြင့် လွှတ်တင်မည် ဖြစ်သည်။ အဆိုပါ Yinghuo-1 ဂြိုဟ်တုသည် အင်္ဂါဂြိုဟ်၏ အာကာသပတ်ဝန်းကျင်ဆိုင်ရာ အချက် အလက်များနှင့် ဂြိုဟ်၏ သံလိုက်စက်ကွင်းတို့ကို စူးစမ်းလေ့လာသွားမည် ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

NASA ရဲ့ Glory ဂြိုလ်တု ကို မတ်လ လေးရက်နေ့ လွှင့်တင်ရန် ပြင်ဆင်ပြီးစီး

http://www.hin4ooe.com/main/temp/Mar%204,%202011/nasa.jpg

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA ) က အင်္ဂါနေ့က ထုတ်ပြန် ကြေညာရာမှာ ၎င်းတို့ရဲ့ Glory ဂြိုလ်တုကို မတ်လ လေးရက် (သောကြာနေ့) မှာ လွှတ်တင်နိုင်အောင် ပြင်ဆင်ပြီးပါပြီလို့ ဆိုပါတယ်။ လောင်စာစက် Taurus XL အတွက် လိုအပ်မယ့် မြေပြင်ထောက်ကူပြု ပစ္စည်းကိရိယာ နည်းပညာ ပိုင်းတွေကြောင့် မူလက သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီ ၂၃ ရက် လွှင့်တင်ဖြစ်ဖို့ လျာထားချက်က ရွေ့ဆိုင်းထားခဲ့ရတယ်။ အခု ပြန်လည် ပြင်ဆင် ပြီးသွားပါပြီလို့ NASA က ရှင်းလင်းချက်မှာ ပြောသွားပါတယ်။ မတ်လ လေးရက်နေ့ ၊ (ဂရင်းနစ် စံတော်ချိန် ၁၀:၀၉) မနက် ၅:၀၉ EST မှာ ကာလီဖိုးနီးယား ပြည်နယ်၊ ဝမ်ဒန်ဘာ့ဂ် (Vandenberg) လေတပ် အခြေစိုက် စခန်းက လွှင့်တင်မှာ ဖြစ်ပါတယ်။ လောင်စာကန် ဖွင့်ချိန် လေးဆယ့် ရှစ်စက္ကန့် ကြားကာလကို စတင် သတ်မှတ်ပါမယ်။ လောင်စာလွှတ်ပြီး ဆယ့်သုံးမိနစ် အကြာမှာ မြေပြင်က ထွက်ခွာပါမယ်လို့ NASA အရ သိရတယ်။

ဒီ Glory စီမံကိန်းဟာ နေနဲ့ Aerosols ခေါ်တဲ့ လေထုတွင်း သေးငယ်တဲ့ ( ဓါတ်ငွေ့ တိမ်မွှားလေးတွေပါ ) အမှုန်လေးတွေက ကမ္ဘာ့ ရာသီဥတုအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာနဲ့ ပတ်သက်လို့ ပိုပြီး သိနားလည်လာစေဖို့ ဖြစ်ပါတယ်။ ရာသီဥတု အပြောင်းအလဲ ခန့်မှန်းချက်တွေ အတွက် လိုအပ်မယ့် အဓိက အကြောင်းချင်းရာတွေကို ရှာဖွေရာမှာ ကုန်ကျမယ့် အခြား နေစွမ်းအင်သုံး ကိရိယာများမှာ ပါဝင် ကူညီပါမယ်။ A-train (ဒါမှမဟုတ်) Afternoon Constellation လို့ခေါ်တဲ့ ဂြိုလ်တု အဖွဲ့အစည်းနဲ့လည်း ဆက်သွယ် ပါလိမ့်မယ်။ NASA ရဲ့ Aqua နဲ့ Aura အာကာသ ယဉ်အပါအဝင် ကမ္ဘာ့ လေ့လာရေး အခြား ဂြိုလ်တုတွေရဲ့ အဖွဲ့ဟာ ဖွဲ့စည်းပုံ အခိုင်အခန့်နဲ့ လည်ပတ်နေပြီးသား ရှိနေပါပြီ။

မြေကမ္ဘာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဒီထက်မက ပိုမို ရှုပ်ထွေးနိုင်မယ့် အခြေခံ ဒြပ်စင်တွေ အကြောင်းကို ရှင်းပြနိုင်ဖို့ နည်းပညာ အသစ်တွေကိုပါ Glory နဲ့ တစ်ခါတည်း ထည့်သွင်း ပါသွားပါမယ်။ ဒီခရီးစဉ်မှာ အခြေခံ ကိရိယာ နှစ်ခု ရှိပါတယ်။ Aerosol Polarimetry Sensor(APS)နဲ့ Total Irradiance Monitor(TIM )တဲ့။ နေရောင်ခြည်လှိုင်း စုပ်ယူတဲ့နှုန်းနဲ့ ဖြာထွက်တဲ့ နှုန်းအရ ရာသီဥတုကို သက်ရောက်စေတဲ့ အမှုန် Aerosol လို့လည်း ခေါ်တဲ့ ကမ္ဘာ့ ဖိအားအပေါ် အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိတဲ့ ဓါတ်ငွေ့ တိမ်မွှား၊ အမှုန်တွေရဲ့ စစ်ကြောင်း တိုင်းတာတဲ့ ကိရိယာ ကို APS လို့ ခေါ်နိုင်မယ်။ တိမ်တွေရဲ့ သဘာဝကို စိစစ်ပြီး ခန့်မှန်းချက် ထုတ်ပေးမယ့် စက်တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်တစ်ခု TIM ကိုတော့ ဓါတ်ရောင်ခြည်တိုင်း ကိရိယာလို့ပဲ အလွယ် ခေါ်ကြမယ်။
ကမ္ဘာ့လေထု အပေါ်ဆုံးအလွှာကို ဖြတ်သန်း ဝင်ရောက်လာမယ့် နေရောင်ခြည် စွမ်းအင်တွေရဲ့ (ဒါမှမဟုတ်) စုစုပေါင်း နေစွမ်းအင် ရောင်ခြည် ဖြာထုတ်မှုနှုန်း ဆယ်စုနှစ် တစ်ခုစာ ဒေတာတွေ၊ (အချက်အလက်တွေ)ကို TIM က ထိန်းသိမ်းပေးမယ်။ APS က မြင်နိုင် “ဆုံတာ” ကနေ အနီအောက် ရောင်ခြည်လှိုင်းတို မမြင်နိုင် “ဆုံတာ” အထိ လှိုင်းအလျား ကွဲပေါင်း ကိုးခုရဲ့ အချက်အလက်တွေကို စုပါမယ်။ ဒီအချက်အလက်တွေက သိပ္ပံပညာရှင်များ အတွက် aersols (ဓါတ်ငွေ့ တိမ်မွှားများ)နဲ့ ပတ်သက်ပြီး ပိုမို သိနားလည်လာစေမှာ ဖြစ်ပါတယ်။

NASA ရဲ့ ပထမဆုံး ကမ္ဘာပါတ်လမ်း အတွင်းရှိတဲ့ Polarimeter က ဒီတိမ်မွှားတွေမှာ အချို့က လူလုပ်တာလား ၊သဘာဝလား ခွဲခြားနိုင်အောင် စီစဉ် ကူညီပေးပါမယ်။ ရရှိလာတဲ့ သတင်း အချက်အလက်တွေကို ကမ္ဘာ့လုံးဆိုင်ရာ ရာသီဥတု စံပုံစံ အတွက် ပိုမိုကောင်းမွန်အောင် ထည့်သွင်း မွမ်းမံပါမယ်။ ကျွန်တော်တို့ ဂြိုလ်ကမ္ဘာနဲ့ ကျနော်တို့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြား ဘယ်လို ဆက်နွယ်သလဲ ဆိုတာ သိပ္ပံပညာရှင်များ ခွဲခြား ဆုံးဖြတ်နိုင်စေဖို့ အကူအညီ ပေးပါလိမ့်မယ်။ Glory ဟာ ကမ္ဘာအနီးဆုံး ပတ်လမ်းမှာ ပျံသန်း လှည့်ပတ်မှာ ဖြစ်ပြီး အမြင့် ၄၃၈ မိုင်ပဲ ကွာဝေးပါတယ်။ ၄၃၈ မိုင်ဆိုတာ ဝါရှင်တန်နဲ့ ဘော့စ်တန်ကြား အကွာအဝေးပဲ ရှိတယ်။ စတင် ထွက်ခွာပြီး လောင်စာကန် ချပြီးတဲ့နောက် စီမံကိန်း အော်ပရေတာများက ရက်သုံးဆယ် ကြာအောင် စိစစ် စမ်းသပ်ဦးမယ်။ ပြီးမှနောက် အနည်းဆုံး သုံးနှစ်ကြာအထိ အချက်အလက်တွေ စုဆောင်း ကောက်ယူသွားမှာ ဖြစ်ပါတယ်။

Source: hin4ooe

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...