Powered by Blogger.
RSS

ဂြိုပ်ာသားတို့ ကို လာမည့် အနှစ်၂၀အတွင်း တွေ့ နိုင်မည်ပာု နက္ခတ္တဗေဒပညာရှင်တဦး ခန့် မှန်း

ပြင်ပတွင်တွေ့ ရသောတကယ့်အစစ်အမှန်ဂြိုပ်ာသားဓါတ်ပုံများ



(ဤအဖြူအမဲဓါတ်ပုံလေးပုံသည် မက္ကဆီကိုနိုင်ငံရှိ ကျေးရွာတရွာတွင် လူခြေတိတ်ချိန် လှည့်လည်သွားနေသော ဂြိုပ်ာသားများပုံကို လူတဦးမှ ချောင်းမြောင်းရိုက်ကူးထားခြင်းဖြစ်ပါသည်။)

ဂြိုပ်ာသားတို့ ဧ။်ယဉ်ကျေးမှုကို လာမည့်အနှစ်၂၀အတွင်း လူသားများ ထိတွေ့ ခွင့်ရတော့မည်ဖြစ်ကြောင်း ရုရှားထိပ်တန်းနက္ခတ္တဗေဒပညာရှင်တဦးက ခန့် မှန်းခဲ့ သည်။ ပါမောက္ခ အန်ဒရေဖင်ကယ်စတိန်းက သက်ဆိုင်ရာနေများကို လည်ပတ်နေသော လူတို့ သိရှိထားသည့် ဂြိုပ်ာများအနက် ၁၀ရာခိုင်နှုန်းမှာ ကမ္ဘာနှင့်ဆင်တူကြောင်း၊ ရေကိုတွေ့ ပါက သက်ရှိ ရှိနိုင်ပြီဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

"သက်ရှိမူလအစဆိုတာ အက်တမ်တွေ ပေါင်းစည်းဖြစ်ပေါ်သလိုပဲ ရှောင်လွှဲမရနိုင်ပါဘူး။ သက်ရှိတွေ တခြားဂြိုပ်ာမှာလည်း သက်ရှိ ရှိနေပါတယ်။ အနှစ်၂၀အတွင်း သူတို့ ကိုကျွန်တော်တို့ တွေ့ ပါလိမ့်မယ်။" ပာု ၎င်းကပြောကြားခဲ့သည်။ ဂြိုပ်ာသားများ မည်သည့်အသွင်ရှိနိုင်သည်ဆိုခြင်းနှင့်ပတ်သက်ပြီး အသွေးအရောင်မတူနိုင်ကြောင်း၊ လူကဲ့ သို့ ပင် ခေါင်းတလုံး၊ ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း ရှိနိုင်ကြောင်း ပြောကြားခဲ့ သည်။ ၎င်းသည် သိပ္ပံအကယ်ဒမီ၊ ရုရှားအသုံးချနက္ခတ္တဗေဒဌာနဧ။် ညွှန်မှုးဖြစ်ပြီး စစ်အေးခေတ်ကတည်းက ဂြိုပ်ာသားများနှင့် ဆက်သွယ်ရန် ဆိုဗီယက်ဧ။် ကြိုးပမ်းမှုများတွင် ပါဝင်ခဲ့သည်။

Ref: Daily Mail

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာ၏ အာကာသ စီမံကိန်း အနှစ် ၃၀ ပြည့် အဖြစ် အန္တလန္တိတ် လွန်းပြန်ယာဉ်၏ နောက်ဆုံး ခရီးစဉ်ကို ဇူလိုင် ၈ ရက်တွင် လွှတ်တင်


b41402

b41403အမေရိကန် အာကာသ အေဂျင်စီ နာဆာ၏ အာကာသစီမံကိန်း အနှစ် ၃၀ ပြည့်ရန် နီးကပ်လာချိန်၌ အတ္တလန္တိတ် လွန်းပြန်ယာဉ်၏ နောက်ဆုံး ခရီးစဉ်ကို ဇူလိုင် ၈ ရက်တွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း နာဆာမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းလွန်းပြန်ယာဉ်သည် ကနေဒီ အာကာသစခန်းသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လိုက်ပါမည့် အာကာသယာဉ်မှူး လေးဦးက အမေရိကန်နိုင်ငံ၏ ၂၃၅ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဦးညွှတ်ခဲ့သလို အာကာသ လွန်းပြန်ယာဉ်များ၏ အင်ဂျင်နီယာ များကိုလည်း ဂုဏ်ပြုခဲ့သည်။ လွန်းပြန်ယာဉ် လွှတ်တင်မည့် အခမ်းအနားသို့ လူ ၇၅၀၀၀၀ မှ တစ်သန်းကြား လာရောက် ကြည့်ရှုမည်ဟု ခန့်မှန်းထားပြီး သတင်းမီဒီယာ အဖွဲ့ဝင် ၂၅၀၀ ခန့်က ယင်းအခမ်းအနားကို မှတ်တမ်းတင်နိုင်ရန် ခွင့်ပြုချက် တောင်းခံထားသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလက ဒစ္စကာဗာရီ လွန်းပြန်ယာဉ်၊ မေလက အန်ဒဲဗား လွန်းပြန်ယာဉ် တို့ကို ၎င်းတို့၏ နောက်ဆုံးခရီးစဉ် အပြီး အနားပေးခဲ့ပြီး ဖြစ်သည်။ လွန်းပြန်ယာဉ်တွင် အနည်းဆုံး အာကာယာဉ်မှူး ခြောက်ဦး လိုက်ပါလေ့ ရှိသော်လည်း ယခု ခရီးစဉ်တွင် အာကာသယာဉ်မှူး လေးဦးသာ လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။ အတ္တလန္တိတ် လွန်းပြန်ယာဉ်သည် နိုင်ငံတကာ အာကာသစခန်း ISS သို့ လိုအပ်သော ပစ္စည်းများ ပို့ဆောင်ပြီး ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် ခရီးစဉ် အဆုံးသတ်မည် ဖြစ်သည်။

အမေရိကန် ပုဂ္ဂလိက ကုမ္ပဏီများက ကိုယ်ပိုင် အာကာသယာဉ်များ ထုတ်လုပ်ပြီး လွှတ်တင်ခြင်း မပြုလုပ်နိုင်သေးမီ အမေရိကန် အာကာသ ယာဉ်မှူးများသည် ရုရှား၏ ဆိုယုဇ် အာကာသယာဉ်ဖြင့်သာ အာကာသ စခန်းသို့ သွားလာရမည် ဖြစ်သည်။ ကမ္ဘာမြေ အနိမ့်ပိုင်း လမ်းကြောင်းသို့ ထပ်ခါထပ်ခါ သွားနေခြင်းထက် ဂြိုဟ်သိမ်များနှင့် အင်္ဂါဂြိုဟ်သို့ သွားရောက်ရေး ပိုမို အာရုံစိုက်ရန် အိုဘားမား အစိုးရက နာဆာကို တိုက်တွန်းခဲ့သည်။

အမေရိကန် နာဆာအဖွဲ့ရဲ့ နှစ် ၃၀ အကာသလွန်းပြန်ယာဉ် စီမံကိန်း နောက်ဆုံးမစ်ရှင်အဖြစ် သောကြာနေ့က အတ္တလန်တစ် အာကာသလွန်းပြန်ယာဉ်ကို လွှတ်တင်ခဲ့သည်။

ဖလော်ရီဒါရှိ ကနေဒီ အာကာသစခန်း အနီးရှိ လမ်းများ၊ ကမ်းခြေများတွင် လူတစ်သန်းကျော် နောက်ဆုံး လွန်းပြန်ယာဉ်လွှတ်တင်မှုကို စောင့်ကြည့်ခဲ့ကြသည်။ တိမ်တိုက်တွေရဲ့ကြား ထိုးဖောက်ပျောက်ကွယ်မသွားမီ လွန်းပြန်ယာဉ်မှာ ၄၈ စက္ကန့်အထိ မြင်တွေ့ခဲ့ကြရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာကို ဂြိုဟ်သိမ်တစ်ခု တိုက်မိပါက ဗြိတိန်နှင့်အမေရိကန်တွင် အန္တရာယ် အများဆုံး ဖြစ်နိုင်

ကမ္ဘာကို ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုက ၀င်တိုက်မိပါက အန္တရာယ် ဆိုးရွားစွာ ကြုံတွေ့နိုင်သည့် နိုင်ငံများကို စာရင်းပြုစုရာတွင် ဗြိတိန်နှင့် အမေရိကန်၌ အန္တရာယ် အများဆုံး ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ရုတ်တရက် ဖြစ်ပေါ်သည့် ကပ်ဘေး ဖြစ်ပေါ်ပါက အသက်ဆုံးရှုံးမှု (သို့မဟုတ်) ပြန်လည် နာလန်မထူနိုင်မှုများ ကြုံတွေ့နိုင်မှု အတွက် သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။Southamption တက္ကသိုလ်မှ သုတေသန ပညာရှင်များက NASA's Near Earth Object ပရိုဂရမ် အမည်ရှိ ဆော့ဖ်ဝဲများကို အသုံးပြုပြီး အဆိုပါ စာရင်းကို ပြုစုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စာရင်းတွင် ဖွံ့ဖြိုးပြီးနိုင်ငံ အများဆုံး ပါဝင်ကြောင်း သိရှိရသည်။ လူဦးရေများပြား၍ သေဆုံး ထိခိုက်မှု မြင့်မားနိုင်သဖြင့် တရုတ် နိုင်ငံသည်လည်း အဆိုပါ စာရင်းတွင် ပါဝင်ခဲ့သည်။ ဆွီဒင်နိုင်ငံကဲ့သို့သော
နိုင်ငံငယ်များပင်လျှင် အခြေခံ အဆောက်အအုံများ ပျက်စီးနိုင်သောကြောင့် အန္တရာယ် ဖြစ်ပေါ်နိုင်သည်။

ဂြိုဟ်သိမ်ဖြင့် တိုက်မိပါက အန္တ ရာယ်အများဆုံး နိုင်ငံများတွင် တရုတ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဂျပန်၊ အမေရိကန်၊ ဖိလစ်ပိုင်၊ အီတလီ၊ ဗြိတိန်၊ နိုင်ဂျီးရီးယား နိုင်ငံတို့ ပါဝင်ကြောင်း သိရှိရသည်။

လူသေဆုံးနိုင်မှုကိုကြည့်လျှင် အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှာ အန္တရာယ် အများဆုံး ဖြစ်သည်။ ဂြိုဟ်သိမ်တိုက်မိပါက ကနေဒါ၊ အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် ဆွီဒင်နိုင်ငံတို့တွင် အခြေခံ အဆောက်အအုံ များစွာ ပျက်စီးမှုများနှင့် ကြုံတွေ့ရမည် ဖြစ်သည်။

ယခု သီတင်းပတ်အတွင်း အိမ်တစ်လုံး အရွယ်အစားရှိသည့် ကျောက်တစ်ခုသည် ကမ္ဘာနှင့်မိုင် ၇၅၀၀ အကွာသို့ ရောက်ရှိလာသောကြောင့် ယခုကဲ့သို့ ဂြိုဟ်သိမ်များ၏ အန္တရာယ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

''ကမ္ဘာမြေကို ဂြိုဟ်သိမ်တစ်ခုရဲ့ ၀င်တိုက်ခံရမှုကို လူသားတို့ ကြုံရတဲ့ အန္တရာယ် ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ်တစ်ခု အဖြစ် လက်ခံလာကြပြီ''ဟု Southampton တက္ကသိုလ်မှ NEOimpactor ဆော့ဖ်ဝဲတီထွင်သူ Nick Bailey က ပြောကြားခဲ့သည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေထက် အဆ ၃ဝဝ ကျော် ကြီးမားသည့် အကြီးဆုံးကြယ် တွေ့ရှိ

နေထက်အဆ ၃ဝဝ ကျော် ကြီးမားပြီး တွေ့ခဲ့သမျှ ကြယ်များတွင် အကြီးဆုံးဖြစ်သည့် ကြယ်ကြီးကို နက္ခတ်ပညာရှင်များ ရှာဖွေ တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရှက်ဖီးလ်တက္ကသိုလ်မှ နက္ခတ္တ ရူပဗေဒပါမောက္ခ Paul Crowther ဦးဆောင်သော အဖွဲ့ကအလွန်ကြီးမားသော အာကာသမှန်ပြောင်းကြီးကိုသုံးရန် NGC 3603 နှင့် RMC 136 ၏ ကြယ်အစုအဝေးကို လေ့လာရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

RMC 136 ကြယ်စုမှR136 a1သည် တွေ့ဖူးသမျှသော ကြယ်များအနက် အကြီးမားဆုံးဖြစ်သည်။ ယင်းကြယ်သည် နေထက် အဆ ၃ဝဝ ကျော် ကြီးမားသည်ဟု ကျွမ်း ကျင်သူများက ပြောသည်။ ”အဲဒီကြယ်တွေဟာ နဂိုကတည်းက ကြီးကြီးမားမား ဖြစ်တည်လာတာဖြစ်ရင်ဖြစ် ဒါမှမဟုတ် ကြယ်လေးတွေစုပြီး ကြယ်ကြီးဖြစ် လာတာဖြစ်ရင် ဖြစ်နိုင်တယ်” ဟု ပါမောက္ခCrowtherက ပြောသည်။ ”ဒီကြယ်တွေဟာရှားပါးလွန်းလို့ ဒီစံချိန်သစ်ကို တော်တော်နဲ့တော့ ချိုးနိုင်မှာမဟုတ်ဘူး”ဟု ပါမောက္ခ က ပြောသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အမေရိကန်ဒေါ်လာ သန်း၂၀၀ ၀န်းကျင် ကုန်ကျမည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကို ရုရှား၊ တရုတ်၊ ဂျပန်ပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှတ်တင်မည်

အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ကုန်ကျမည့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကို ရုရှား၊ တရုတ်၊ ဂျပန်ပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းလွှတ်တင်သွားရန် ရှိကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ပြည်ထောင်စုဒုတိယ ၀န်ကြီး ဦးတင့်လွင်က ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသည့် မိုဘိုင်း ဆက်သွယ်မှု ကွန်ရက်စနစ် တည်ဆောက်ရေးနှင့်တပ်ဆင်ရေး အခြေခံသင်တန်း အမှတ်စဉ်(၂/၂၀၁၁) နှင့် အခြေခံ ပစ္စည်းထိန်းသင်တန်း (၀၁/၁၁-၁၂) ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး ကဏ္ဍအား တိုးချဲ့မှုအဖြစ် ငါးနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ကို အများပြည်သူထံ ချထားပေးမည့် အစီအစဉ်နှင့်အတူ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကိုလည်း လွှင့်တင်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင်လည်း ပထမနှစ် စီမံကိန်းအဖြစ် မိုဘိုင်းဖုန်းလိုင်း လေးသန်းကို ယခုဘဏ္ဍာရေးနှစ် အတွင်း သုံးစွဲခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုနှင့်အတူ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ၀န်းကျင်ကုန်ကျမည့် နိုင်ငံပိုင် ဂြိုဟ်တုတစ်လုံးကိုလည်း ရုရှား၊ တရုတ်နှင့် ဂျပန်နိုင်ငံပိုင်ဂြိုဟ်တု ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက် သွားရန်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ်ရေးကဏ္ဍနှင့် ရုပ်သံကဏ္ဍအတွက် ပြည်ပနိုင်ငံမှ ဂြိုဟ်တုစနစ်ကို ငှားရမ်းအသုံးပြုလျက်ရှိပြီး တစ်နှစ်လျှင် ငှားရမ်းခအဖြစ် အမေရိကန်ဒေါ်လာ ၁၅ သန်း ၀န်းကျင်ကို ပေးဆောင် နေရကြောင်း သိရသည်။

“ဆက်သွယ်ရေးအနေနဲ့ ၂၀၁၁ ခုနှစ်အတွင်းမှာ ဆောင်ရွက်ဖို့ကိစ္စ တွေ၊ လုပ်ငန်းကြီးတွေ ပြင်ဆင်ထား တာ အများကြီးရှိတယ်။ အခုမိုဘိုင်း သန်း ၃၀ ကိစ္စ၊ နောက်တစ်ခုက မြန်မာနိုင်ငံပိုင် ဂြိုဟ်တုတစ်လုံး စေ လွှတ်ဖို့ကိစ္စလည်းရှိပါတယ်။ ဂြိုဟ်တုလွှတ်ဖို့အတွက် Human Resources က အလွန်အရေးကြီးပါတယ်။ အခု ရုရှား၊ တရုတ်၊ ဂျပန်စတဲ့နိုင်ငံ တွေက ဂြိုဟ်တုကုမ္ပဏီတွေနဲ့ တောက်လျှောက် ပြောနေပါတယ်။ ကိုယ်ပိုင်ဂြိုဟ်တုမရှိတဲ့အတွက် sky net အပါအ၀င် ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ တစ်နှစ်ကို အမေရိကန် ဒေါ်လာ ၁၅ သန်းလောက် ကုန်နေတယ်။ ကိုယ်ပိုင်ဂြိုဟ်တု တစ်လုံးလွှတ်ရင် အမေရိကန်ဒေါ်လာ သန်း ၂၀၀လောက် ကုန်မှာဖြစ်တယ်။ ဒါ ကြောင့် ရေရှည် ဒီအတိုင်း ငှားသုံးနေမလား၊ ကိုယ်ပိုင်လွှင့်မလား အဖြေ ပေါ်ပါတယ်”ဟု ဒုတိယ၀န်ကြီး ဦးတင့်လွင်က ဆိုပါသည်။

၎င်းကပင် ဆက်လက်၍ “အမေရိကန်ဒေါ်လာ ၁၅ သန်းဆိုတာ ဒီနေ့ application တွေအရ သူများကို ပေးနေရတဲ့ ပိုက်ဆံတွေပါ။ ရွှေသံလွင်က နောက်ထပ်တိုးချဲ့ထုတ်လွှင့်မယ့် ချန်နယ်လ်တွေအပြင် MPT ၊ ရတနာပုံ၊ မြ၀တီ၊ မြန်မာ့အသံ စတဲ့ အဖွဲ့အစည်းတွေရဲ့ plan တွေပါ ပေါင်းလိုက်ရင် တစ်နှစ်ကို အမေရိကန် ဒေါ်လာ သန်း ၂၀ ကနေ၊ ၃၀ အထိ ကုန်ကျနိုင်ပါတယ်”ဟု ပြောကြားခဲ့သည်။ နိုင်ငံပိုင်ဂြိုဟ်တု လွှင့်တင်နိုင်မည်ဆိုပါက ဆက်သွယ်ရေးကဏ္ဍနှင့် ရုပ်သံကဏ္ဍတိုးချဲ့ရေးကို ဦးစားပေး ဆောင်ရွက်သွားရန် ရှိကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ထပ်မံပြောပြခဲ့သည်။

Source: Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြယ်,ဂြိုဟ်နက္ခတ်,တာရာ နှင့် မြန်မာတို့အမြင်




မြန်မာနက္ခတ်ဗေဒင်(Myanmar Astrology) နှင့် အခြားသောနက္ခတ်ဗေဒင်ကျမ်းများကို မလေ့လာမီ နက္ခတ္တဗေဒ(Astronomy)နှင့်ပတ်သက်သော ကြယ်,ဂြိုဟ်,နက္ခတ်,တာရာဟူသောဝေါဟာရများ၏ သဘောသဘာဝများကို အနီးစပ်ဆုံး မှန်ကန်စွာ လေ့လာဖို့လို၏။ကျွန်ုပ်အား အလွယ်ကူဆုံး နှင့်မြန် ဆန်စွာကောက်ယူနိုင်သော လဂ်ကောက်နည်းရှိလျှင် ရေးပေးပါဦး ဟု ကော့မက်ပေးထားပါသဖြင့် နန္ဒာသိန်းဇံ၏ နက္ခတ်ဗေဒင်ပညာနှင့် မြန်မာတို့၏အတွေးအမြင်အစဉ်အလာမှ ကောက်နုတ်ဖော်ပြ ထားသော ဤစာစုကို လေ့လာကြည့်စေလိုပါသည်။မြန်မာမှုနယ်ပယ်တွင် ကြယ်,ဂြိုဟ်,နက္ခတ်, တာရာဟူသောဝေါဟာရများကို မကြခဏဆိုသလို ယှဉ်တွဲသုံးစွဲလေ့ရှိသောကြောင့် အတူတူပင်ဖြစ် သည်ဟု အချို့ ကထင်မှတ်ကြသကဲ့သို့ အချို့ ကလည်းသီးခြားဖြစ်သည်ဟု ထင်မှတ်မှားတတ်ကြ၏။

ကြယ်။ ။ ပထမဦးစွာ“ ကြယ်”(Star)အကြောင်းပြောရလျှင် သိပ္ပံအမြင်အားဖြင့် ကြယ်ဆိုသည်မှာ နေများဖြစ်
၍ အလင်းရောအပူပါလွှတ်ပေးသည်ဆိုသည်ကိုအားလုံးသိကြပြီးဖြစ်၏။အချို့ ကြယ်များသည် ကျွန်ုပ် တို့၏ နေမင်းကြီးထက် အဆပေါင်းများစွာ ကြီးမားကြပြီး အလင်းရောင်သည်လည်း အဆပေါင်း တစ်သန်းခန့် ပိုမိုတောက်ပကြသည်။ ၎င်းကြယ်များသည် ကျွန်ုပ်တို့၏ ကမ္ဘာနှင့် နေအကြားရှိ အကွာ အဝေးထက် အဆပေါင်းများစွာ ပိုဝေးသောကြောင့် သေးသေးငယ်ငယ်မျှသာ မြင်ကြရခြင်းဖြစ်၏။ ကြယ်တို့၏တောက်ပခြင်းအဆင့်ကိုလိုက်၍ အတန်းအစားခွဲထားရာ ကမ္ဘာမြေမှကြည့်သော် အတောက်ပဆုံးဟု ထင်ရသော“ဓူဝံကြယ်”မှာ ဒုတိယတန်းစားထဲ၌သာပါဝင်၏။ကျွန်ုပ်တို့အသိအမှတ် ပြုထားသော “နေမင်းကြီး”မှာ ကမ္ဘာနှင့်အနီးကပ်ဆုံး ကြယ်ကြီးတစ်လုံးမျှသာဖြစ်ပြီး ကြယ်များအနက် အလတ်တန်းစားမျှသာဖြစ်၏။အကြီးဆုံးကြယ်မှာ နေ၏အချင်းထက် အဆပေါင်း ၃၀၀၀-ရှိပြီး အသေး ငယ်ဆုံးကြယ်များမှာ နေ၏အချင်းအောက် ၄၀၀-ပုံ ၁-ပုံသာရှိကြ၏။

ဥပမာ.....“ဟင်္သာတာရာ”၏ စားလုပ်နားရှိ အက်ပ်စီလွန်အော်ရီဂေး(Epsilon Aurigae)ကြယ်ကြီးမှာ နေ၏အချင်းထက် အဆပေါင်း(၂၇၀၀)-မျှပိုမိုရှည်လျားကြီးမားသည်ဟုဆိုသည်။ မြန်မာနက္ခတ်ဗေဒင်(Myanmar Astrology)တွင်မူ “နေ”နှင့် “လ”ကို အခြားသော နက္ခတ်,တာရာ များကဲ့သို့ကြယ်မျိုးစုတွင်ထည့်သွင်း လက်ခံခြင်းမရှိဘဲ “နေ ကို” “တနင်္ဂနွေဂြိုဟ်”၊ “လ”ကို “တနင်္လာ ဂြိုဟ်”အဖြစ်သတ်မှတ်လေ့ရှိ၏။

ဂြိုဟ်။ ။“ ဂြိုဟ်”တွေအကြောင်းပြောကြစို့။အနောက်တိုင်း နက္ခတ္တဗေဒ၌ “ ဂြိုဟ်”(Planet)ဆိုသည်မှာ နေကိုဗဟိုပြု၍ လှည့်ပတ်နေသော ကောင်းကင်တန်ဆာများဟုယူဆ၏။ကြယ်နှင့်ကွာခြားချက်မှာ ဂြိုဟ်သည် ကိုယ်ပိုင်အလင်းရောင်မရှိ၊နေမှရသော တစ်ဆင့်ခံ အလင်းရောင်သာရှိ၏။နေကိုအကွာ အဝေးအသီးသီးမှ “ဘဲဥပုံပတ်လမ်း”(Elliptical path)အတိုင်း လှည့်ပတ်နေကြရာ ကမ္ဘာအပါအဝင် ဂြိုဟ်ပေါင်း(၉)လုံးရှိ၏။နေနှင့်အနီးဆုံးမှစ၍ဖော်ပြရလျှင် ဗုဒ္ဓဟူးဂြိုဟ်(Mercury)၊သောကြာဂြိုဟ် (Venus)၊ကမ္ဘာဂြိုဟ်(Earth)၊အင်္ဂါဂြိုဟ်(Mars)၊ကြာသပတေးဂြိုဟ်(Jupiter)၊စနေဂြိုဟ်(Saturn)၊ ရေးနပ်စ်ဂြိုဟ်(Uranus)၊နက်ပကျွန်းဂြိုဟ်(Neptune)နှင့် ပလူတိုဂြိုဟ်(Pluto)တို့ဖြစ်ကြပြီး ၎င်းတို့ အားလုံး အနောက်မှအရှေ့ သို့(လက်ဝဲရစ်ပုံစံ)လည်ကြ၏။သိပ္ပံအမြင်အရ ကျွန်ုပ်တို့ လက်ရှိနေထိုင် လျှက်ရှိသော စကြာဝဠာကို “နေ”တည်းဟူသော ကြယ်တစ်လုံး၊ဂြိုဟ်(၉)လုံး၊လ(၅၀)လုံးကျော်တို့ ဖြင့်ဖွဲစည်းထားသည်။မြန်မာမှုတွင် “ ဂြိုဟ်”ဟူသည်မှာ“အိမ်”(သို့)“ဗိမာန်”ဟုအဓိပ္ပာယ်ရပြီး သက် ဆိုင်ရာဂြိုဟ်အသီးသီး၌ ၎င်းတို့နှင့်သက်ဆိုင်သော ဂြိုဟ်မင်းများလည်း အသီးသီးရှိကြောင်း ယုံကြည် ကြ၏။“နေ”ကို “တနင်္ဂနွေဂြိုဟ်မင်း”၊“လ”ကို“တနင်္လာဂြိုဟ်မင်း”ဟူ၍သတ်မှတ်ကြပြီး အင်္ဂါဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်၊ကြာသပတေးဂြိုဟ်၊သောကြာဂြိုဟ်၊စနေဂြိုဟ်တို့အပြင် ရာဟုဂြိုဟ်နှင့် ကိတ်ဂြိုဟ်ဟူ၍ လည်းရှိသည်။စင်စစ် ရာဟုနှင့်ကိတ်သည် ဂြိုဟ်အစစ်များမဟုတ်ကြပါ။နေကြောင့်ဖြစ်ပေါ်လာသော ကမ္ဘာ့အရိပ်ထွက်ရာဆုံချက်ကို ရာဟုဂြိုဟ်နှင့် နေနှင့်ကမ္ဘာအကြားရှိဆုံချက်ကို ကိတ်ဂြိုဟ် ဟုသတ် မှတ်ပြီးယင်းဆုံချက်အမှတ် ၂-ခုသည်မျဉ်းဖြောင့်အနေအထားရှိကာ ၁၂-ရာသီစက်ဝန်း တစ်ပတ် (၃၆၀ံ)ပြည့်ရန် ၁၈-နှစ်ကြာ၏။နေ,လကြတ်ရာတွင် အဓိက စိုးမိုးပါ၍ ၁၈-နှစ် နေ,လကြတ်ကိန်း ဖြစ်ပေါ်စေ၏။

မြန်မာ့နက္ခတ္တဗေဒတွင် “လ”သည် ကမ္ဘာနှင့်သက်ဆိုင်သော “လ”တစ်လုံးတည်းသာလျှင်ဖြစ်၏။ စင်စစ် သိပ္ပံအမြင်အရ ကမ္ဘာတွင် လ(၁)လုံးရှိကာ ဗုဒ္ဓဟူးဂြိုဟ် နှင့် သောကြာဂြိုဟ်တို့တွင် လ(၁) လုံးမျှမရှိကြ။အင်္ဂါဂြိုဟ်တွင် လ(၂)လုံး၊ယူရေးနပ်စ်ဂြိုဟ်တွင် လ(၁၅)လုံး၊ကြာသပတေးဂြိုဟ်တွင် လ(၆)လုံး၊စနေဂြိုဟ်တွင် လ(၂၀)လုံး၊ပလူတိုဂြိုဟ်တွင် လ(၁)လုံး၊နက်ပကျွန်းဂြိုဟ်တွင် လ(၈)လုံး ရှိကြောင်း တွေ့ရှိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေပေါ် မှ မီးမုန်တိုင်း

နေမှ မီးလျှံလုံးကြီး ကို မြင်တွေ.ရပုံ

Power supplies, phone signals နဲ. flights တွေ ရပ်တန်.သွားစေနိုင်လောက်တဲ့ မီးလျှံကြီးတခု မနေ.ညက ဖြစ်ပေါ်ခဲ့ပါတယ် ။ နှစ်ပေါင်းများစွာအတွင်း အခုဖြစ်ပေါ်ခဲ့တဲ့ ပေါက်ကွဲမှု.သည် အရမ်းအံသြ စိတ်ဝင်စားစရာကောင်းတဲ့ နေမုန်တိုင်းက နေပေါ်ထွက်လာတာပါ ။ Nasa သတင်းအရ ကြည့်ရှု.နေသူတွေကို အရမ်းရင်သပ်ရှု.မော ဖြစ်စေခဲ့တယ်လို.ဆိုပါတယ် ။ သို.သော်လည်း အန္တရာယ်ဖြစ်စေနိုင်တဲ့ အကျိုးသက်ရောက်မှု.တွေအတွက် မနေ.က ည ရ နာရီ က စပြီး power grids နဲ. satellities များပျက်စီးစေနိုင်ကြောင်း သတိပေးကြေငြာခြင်းများ ၊ လေကြောင်းလိုင်းများ လမ်းကြောင်းလွှဲခြင်းများ ကို ပြုလုပ်ခဲ့ကြရပါတယ် ။

Nasa ကင်မရာများက နေကနေ မီးအလုံးကြီး ပေါက်ကွဲတဲ့ဖြစ်စဉ်ကို ရိုက်ကူးနိုင်ခဲ့ပါတယ် ။ Solar wind ပြင်းထန်မှု. ၊ minor radiation storm တို. စုပေါင်းဖြစ်ပေါ်နေတဲ့ ဒီ မီးလျှံအစုအဝေးကြီးဟာ တနင်္လာနေ.မနက် ၆နာရီ ၄၀ မှာ အမြင့်မားဆုံးကို ရောက်ရှိခဲ့တာပါ။ အမေရိကန် National Weather Service မှ Bill Murtagh ကဒီလိုပြောခဲ့ပါတယ် ဒီတခုက တော်တော့ကို ထူးဆန်းအံသြဖို.ကောင်းပါတယ် ။ ကျနော်တို. ကနဦးပိုင်း မီးလျှံလေးကို မြင်ခဲ့ပါတယ် အဲ့ဒီတုန်းက ဒီလောက်မကြီးပါဘူး နောက်တော့ အဲ့နောက်က ပေါက်ကွဲမှု.က ပါလာပါတယ် ။ ကျနော်တို. energy particle radiation စီးဝင်မှု.နဲ. မျက်နှာပြင်မှ ကြီးမားတဲ့မီးလျှံ ထုတ်လွှတ်မှု.တွေကို ရရှိခဲ့ပါတယ် ။ နေကနေပေါက်ကွဲထွက်လာတဲ့ အရာအားလုံးကို သင်တို.မြင်တွေ.နိုင်ပါတယ် ။ ဒါဟာ တော်တော် ရင်သပ်ရှု.မောစရာပါပဲ ။

Power grids တွေရပ်တန်.သွားစေခြင်းများ နဲ.အာရှတိုက် သို. အသွားအပြန် လေယာဉ်ခရီးစဉ်များ လမ်းကြောင်းပြောင်းလဲခြင်းများ ရှိကောင်းရှိခဲ့ပါလိမ့်မယ်လို. ပြောခဲ့ပါတယ် ။ အဲ့ဒီ့အပြင် satellites စီမံကွပ်ကဲနေသူများ အနေနဲ. ဒီအချက်ကို အထူး အာရုံစိုက်ကြရမယ်...geomagnetic storms က satellites တွေကို နည်းမျိုးစုံ နဲ. ဝင်ရောက်နှောင့်ယှက် နိုင်ပါတယ်လို. ထပ်မံပြောကြားခဲ့ပါတယ် ။ Nasa ကလည်း ဒီဖြစ်စဉ်ရဲ့ အကျိုးသက်ရောက်မှု.မှာ အတန်အသင့်ေ သးငယ်လိမ့်မယ် ဒါပေမယ့် ကမ္ဘာနဲ. နေ ကြားမှာရှိတဲ့ magnetic fields တွေ ကို ထိခိုက်ခြင်း ၊ ထူးခြားပြောင်းလဲခြင်းများရှိ မရှိကို စစ်ဆေးနေပါတယ်လို. ဆိုပါတယ် ။ The space agency က အဲ့ဒီ မီးလျှံကြီးဟာ နေ မျက်နှာပြင် တဝက်နီးပါး လွှမ်းခြုံထားတဲ့ အမှုန်လေးများရဲ့ တိမ်တိုက်ကြီး တခုကို ဖြစ်စေခဲ့တယ်လို. ပြောကြားထားပြန်ပါသေးတယ် ။

Simpleviews
Source : metro.co.uk

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...