အဝေးထိန်းယာဉ် Remote-Controlled Vehicles ROVs လို့ ခေါ်တဲ့ အဲဒီ ရေအောက် စက်ရုပ်တွေဟာ ရေအောက် ကြမ်းပြင်မှာ ရေနံစိမ်းတွေ ယိုစိမ့်ထွက်နေတဲ့ တွင်းဝကို ပိတ်နိုင်ဖို့ ကြိုးစားနေကြသူတွေအတွက် မျက်စိနဲ့ လက်သဖွယ် အတော်လေး အသုံးဝင်ခဲ့တာပါ။
ရေအောက် စက်ရုပ်ပြိုင်ပွဲ
အဝေးထိန်းယာဉ် Remote-Controlled Vehicles ROVs လို့ ခေါ်တဲ့ အဲဒီ ရေအောက် စက်ရုပ်တွေဟာ ရေအောက် ကြမ်းပြင်မှာ ရေနံစိမ်းတွေ ယိုစိမ့်ထွက်နေတဲ့ တွင်းဝကို ပိတ်နိုင်ဖို့ ကြိုးစားနေကြသူတွေအတွက် မျက်စိနဲ့ လက်သဖွယ် အတော်လေး အသုံးဝင်ခဲ့တာပါ။
နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ ဒုံးပျံ အိန္ဒိယ စမ်းသပ်
အိန္ဒိယနိုင်ငံက နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တာတိုပစ် ဒုံးလက်နက်ကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ပြီလို့ ပြောဆိုလိုက်ပါတယ်။
Prithvi 2 လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးလက်နက် စမ်းသပ် ပစ်လွှတ်မှုကို တနင်္လာနေ့က အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အောရစ္စ (Orissa) ပြည်နယ်မှာ ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း စမ်းသပ်ပစ်လွှတ်ရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး အက်စ်.ပီ ဒက်ရှ် (S.P Dash) က ပြောပါတယ်။
Prithvi ဒုံးလက်နက်ဟာ အိန္ဒိယနိုင်ငံ အတွင်းမှာ ပြုလုပ်တာဖြစ်ပြီး စမ်းသပ်မှုတွေကို နှစ်ပေါင်း အတန်ကြာ ပြုလုပ်နေခဲ့တာပါ။
အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံဟာ ပုံမှန်ဆိုသလို ဒုံးလက်နက်တွေကို စမ်းသပ်နေကြတာပါ။ တဘက်နဲ့တဘက် ထိပ်တိုက် တွေ့လာရင် အဆင်သင့် ဖြစ်နေအောင် လုပ်နေကြတဲ့သဘော ဆောင်ပါတယ်။
၁၉၄၇ ခုနှစ် ဗြိတိသျှ လက်အောက်က လွတ်လပ်ရေး ရခဲ့ပြီးကတည်းက ၂ နိုင်ငံ အငြင်းပွားနေတဲ့ ကက်ရှ်မီးယားနဲ့ ဟီမားလေးယား နယ်နိမိတ်ဒေသ ကိစ္စကို အကြောင်းပြုပြီးတော့ စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် SES-2 နှင့် Arabsat-5C ဂြိုဟ်တုတို့အား အောင်မြင်စွာလွှတ်တင်နိုင်ခဲ့
စက်တင်ဘာလ၊ ၂၁ရက်၊၂၀၁၁ ခုနှစ်

၂၀၁၁ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင် SES-2 ဂြိုဟ်တုနှင့် Arabsat-5C ဂြိုဟ်တုတို့အား ပြင်သစ်ဂီယာနာနိုင်ငံ ကိုရူးဒုံးပျံလွှတ်တင်ရေးစခန်းမှနေ၍ Ariane 5 လွှတ်တင်ရေးဒုံးပျံဖြင့် GEO ( တည်ငြိမ်ပတ်လမ်း) သို့ အောင်မြင်စွာလွှတ်တင်ခဲ့ကြောင်းသိရသည်။ ယင်းလွှတ်တင်မှုသည် Ariane အမျိုးအစား လွှတ်တင်ရေးယာဉ်များ၏ ၂၀၄ ကြိမ်မြောက်ပစ်လွှတ်မှုဖြစ်ပြီး အကြိမ် ၆၀ ပစ်လွှတ်ခဲ့သော Ariane 5 လွှတ်တင်ရေးယာဉ်၏ ၄၆ ကြိမ်မြောက် အောင်မြင်စွာလွှတ်တင်နိုင်ခြင်းလည်း ဖြစ်သည်။ Ariane 5 လွှတ်တင်ရေးယာဉ်သည် ဂြိုဟ်တုနှစ်လုံးအားသယ်ဆောင်၍ သတ်မှတ်နေရာအရောက်တွင် Arabsat-5C ဂြိုဟ်တုအား ဦးစွာခွဲထုတ်ခဲ့ပြီးနောက် ၈ မိနစ်အကြာတွင် SES-2 ဂြိုဟ်တုအား ခွဲထုတ်ပေးခဲ့သည်။
SES-2 ဂြိုဟ်တုအား ကနေဒါနိုင်ငံရှိ ဂြိုဟ်တုဝန်ဆောင်မှုဆောင်ရွက်သည့် SES ကုမ္ပဏီမှပိုင်ဆိုင်ပြီး မြောက်အမေရိကတိုက်အပေါ်ရှိ ဂြိုဟ်တုတည်နေရာ အနောက်လောင်ဂျီတွဒ် ၈၇ ဒီဂရီတွင်ထားရှိမည်ဖြစ်သည်။ Orbital Science မှထုတ်လုပ်သော GEOstar 2.4 bus ကိုအခြေခံထားသော SES-2 ဂြိုဟ်တုတွင် C-band transponder ၂၄လုံး နှင့် Ku-band transponder ၂၄ လုံးပါဝင်ပြီး အလေးချိန်အားဖြင့် ၃၁၅၂ ကီလိုဂရမ်ရှိမည်ဖြစ်သည်။ အမေရိကန်၊ ကနေဒါနှင့် ကာရစ်ဘီယမ်ဒေသများအား ဂြိုဟ်တုဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ထားသည်။ ယင်းဝန်ဆောင်မှုများအပြင် SES-2 ဂြိုဟ်တုတွင် အမေရိကန်လေတပ်၏ ဒုံးပျံအန္တရာယ်ကာကွယ်ရေး၌ အသုံးပြုမည့် Infrared Payload ( CHIRP) ကိုလည်း တင်ဆောင်ထားသည်။
ဆော်ဒီအာရေဗျနိုင်ငံရှိ Arabsat ဂြိုဟ်တုဝန်ဆောင်မှုကုမ္ပဏီက ပိုင်ဆိုင်သော Arabsat-5C ဂြိုဟ်တုအား အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများအား ရုပ်သံထုတ်လွှင့်ခြင်း၊ တယ်လီဖုန်းဆက်သွယ်ခြင်း၊ အင်တာနက် နှင့် VSAT ၀န်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်ထားသည်။ Arabsat-5C ဂြိုဟ်တုသည် Astrium မှ ထုတ်လုပ်သော Eurostar E3000 Bus ကိုအသုံးပြုထားပြီး C-band နှင့် Ka-band transponder များတပ်ဆင်ထားကာ အလေးချိန်အားဖြင့် ၄၆၃၀ ကီလိုဂရမ်ရှိသည်။
http://groups.google.com/
အာကာသစခန်းမှယာဉ်မှူးသုံးဦး ကမ္ဘာမြေသို့ပြန်လည်ဆင်းသက်လာ
ရုရှားနိုင်ငံက အပြည်ပြည်ဆိုင် ရာအာကာသစခန်းသို့ လူလိုက်ပါ ဆိုယုဇ်ဒုံးယာဉ်လွှတ်တင်မည့်ရက်ကို ထပ်မံရွှေ့ဆိုင်းလိုက်ချိန်တွင် ယာဉ် မှူးခြောက်ဦးအနက် သုံးဦးမှာ စခန်း တွင် ကျန်ရှိနေသည့် ဆိုယုဇ်ယာဉ် ဖြင့် ကမ္ဘာမြေပေါ်သို့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြန်လာခဲ့ကြောင်း သိရသည်။
ဆိုယုဇ်ယာဉ်သည် ဆိုဗီယက် နိုင်ငံဟောင်း ကာဇက်စတန်တွင် ဆင်းသက်ခဲ့ခြင်းဖြစ်ပြီး ရုရှားအာ ကာသယာဉ်မှူးနှစ်ဦးနှင့်အမေရိကန် အာကာသယာဉ်မှူးတို့လိုက်ပါလာခဲ့ သည်ဟုသိရသည်။
စခန်းတွင် အမေရိကန်၊ ရုရှား နှင့် ဂျပန်မှတစ်ဦးစီကျန်ရှိနေပြီး ၎င်းတို့ပြန်လာရေးအတွက်မှာမူ ရုရှားက ထပ်မံလွှတ်တင်မည့် ဆိုယုဇ်ဒုံးယာဉ် များကိုသာ စောင့်ဆိုင်းရမည်ဖြစ် သည်။ အမေရိကန်က အာကာသ လွန်းပြန် ယာဉ်များကို အနားပေး လိုက်ပြီး ယာဉ်သစ်မထုတ်နိုင်မီတွင် ဆိုယုဇ်ယာဉ်များကိုသာ လိုက်ပါခွင့် အခကြေးငွေပေးပြီး အသုံးပြုရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ကုန် တင်ရန်နှင့်လူပို့ဆောင်ရန် သုံးနိုင် သော ဆိုယုဇ်ဒုံးယာဉ်များမှာ စက် ချွတ်ယွင်းမှုများကြောင့်ဆိုကာ အာ ကာသစခန်းသို့ထွက်ခွာရန် ရက် အကြိမ်ကြိမ်ရွှေ့ဆိုင်းနေသောကြောင့် အခက် ကြုံနေရသည်။
ဆိုယုဇ်ယာဉ်များသည် ဒုံးပျံနှင့် အတူ ထိပ်ဖူးအဖြစ် ကမ္ဘာမြေမှထွက် ခွာသွားပြီး ပြန်လည်ဆင်းသက်သော အခါတွင်လည်း ယင်းထိပ်ဖူးပိုင်း ဖြင့် ပြန်ဆင်းသက်ရခြင်းဖြစ်ပြီး အမေရိကန် လွန်းပြန်ယာဉ်များကဲ့သို့ စတိုင်ကျစွာ လေယာဉ်ဆင်းသလို ဆင်းသက်နိုင်ခြင်း မရှိပေ။ ဘူးလုံး ကြီးအသွင်ရှိသော ဆိုယုဇ်ယာဉ် သည် လေထီးဖြင့်ကျလာပြီး နေရာ အတိအကျထိန်းချုပ်ရန် ခက်ခဲသည်။ သို့ရာတွင် ကုန်ကျစရိတ် သက်သာ သောကြောင့် ယနေ့အချိန်အထိ သုံး နေခြင်းဖြစ်ပြီး နိုင်ငံတကာ အာကာ သစခန်းနှင့် ဆက်သွယ်ရန် တစ်ခု တည်းသော ယာဉ်ဖြစ်နေသည်။
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မှ နောက်ထပ် ဆိုယုဇ်ဒုံးယာဉ်ကို လွှတ်တင်မည်ဟု ရုရှားကကြေညာ ထားပြီးစခန်းတွင် ကျန်ရစ်သူသုံးဦး မှာ ၂၂ ရက်တွင် ကမ္ဘာပေါ် ပြန်ဆင်း ရန် မျော်လင့်ထားသည်။ လွှတ်တင် မှုကိုထပ်ရွှေ့မည်ဆိုပါက စခန်းတွင် ကျန်သူများ ရိက္ခာပြတ်လပ်မှုကြုံရ နိုင်ပြီး အရေးပေါ် ကယ်ဆယ်ရေး အစီအစဉ်များလုပ်ပေးရမည့် အခြေ အနေ ရောက်သွားနိုင်သည်။
Ref: Reuters,AFP
နေနှစ်စင်းကိုပတ်နေသောဂြိုဟ်တွေ့ရှိ
ပြင်ပ စကြ၀ဠာများထဲတွင် ပထမဆုံးအကြိမ်အဖြစ် နေနှစ်စင်း ကို ပတ်နေသောဂြိုဟ်ကို နာဆာ၏ ကက်ပလာ တယ်လီစကုပ်ဖြင့် တွေ့ရှိ ခဲ့ကြောင်း သိရသည်။
Kepler-16b ဟု အမည်ပေး ထားသော ဂြိုဟ်သည် မိမိတို့ နေစကြ ၀ဠာရှိ စနေဂြိုဟ်ကဲ့သို့သော လူမနေ နိုင်သည့် အေးခဲသော ဓာတ်ငွေ့စု ကြီးသာ ဖြစ်သည်ဟု သိရသည်။
ယင်းဂြိုဟ်သည် ကမ္ဘာမြေနှင့် အလင်းနှစ် ၂၀၀ ခန့်အကွာတွင် ရှိ သည်ဟုသိရသည်။ (အလင်းနှစ်ဆို သည်မှာ ကမ္ဘာကနေကိုတစ်ပတ် ပတ်သော ကာလ(တစ်နှစ်) အတွင်း အလင်းရောက်ရှိသည့် မိုင်ပေါင်း ၅၈၈၀,၀၀၀,၀၀၀,၀၀၀ မိုင်ကို ဆိုလို သည်) ယခင်ကတည်းက နေနှစ်စင်းကိုပတ်သည့် ဂြိုဟ်ရှိနိုင်ကြောင်း သုံး သပ်ခဲ့ကြဖူးပြီး သိပ္ပံ ၀တ္ထုဇာတ်လမ်း များတွင် ပါဝင်ခဲ့သော်လည်း ယခု အခါတွင်မှ ပထမဆုံးတွေ့ရှိခြင်း ဖြစ် သည်။
ယင်းဂြိုဟ်တွင် နေ၀င်ချိန်၊ နေထွက်ချိန်ကို နှစ်ခါစီ ကြုံတွေ့ရ သည်။ ယင်းနေတို့သည်လည်း အချင်းချင်း ၄၁ ရက်လျင် တစ်ပတ် နှုန်းဖြင့် ပတ်နေကြပြီး ဂြိုဟ်က နေ နှစ်စင်းကိုပတ်ရန် ကြာချိန်တစ်နှစ် မှာ ၂၂၉ ရက်ဖြစ်သည်။
Ref: AFP
ဂြိုဟ်တုလွှတ်တင်ရေးဒုံးပျံ Dnepr-1
Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် တိုက်ချင်းပစ်ဒုံးပျံအမျိုးအစားမှ ဆင်းသက်လာခြင်းဖြစ်ပြီး hypergolic လောင်စာရည်( hypergolic liquid propellent ) သုံး အင်ဂျင်အဆင့် သုံးဆင့် ( three-stage) ပါရှိသော ဒုံးပျံဖြစ်သည်။ ယင်းဒုံးပျံအား ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနော ဒုံးပျံပစ်လွှတ်ရေးစခန်း ( သို့ ) Dombarovsky ဒုံးပျံပစ်လွှတ်ရေးစခန်း မှ ပစ်လွှတ်သည်။

Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် ပတ်လမ်းနိမ့်ပတ်လမ်း အတွင်းသို payload အလေးချိန် ၃၆၀၀ ကီလိုဂရမ်အထိ့ ပို့ဆောင်ပေးနိုင်ပြီး Sun-Synchronous ပတ်လမ်းအတွင်းသို့ payload အလေးချိန် ၂၃၀၀ ကီလိုဂရမ်ပို့ဆောင်ပေးနိုင်သည်။ Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် အဓိက payload ဂြိုဟ်တုအပြင် အခြားသော အသေးစားဂြိုဟ်တုများကိုပါ တစ်ပြိုင်တည်းထည့်သွင်း လွှတ်တင်ပေးနိုင်သည်။ Dnepr-1 လွှတ်တင်ရေးဒုံးပျံသည် စီးပွားဖြစ်လွှတ်တင်မှု ၁၄ ကြိမ်ပစ်လွှတ်ခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ဇူလှိုင်လ ၂၆ ရက်နေ့တွင် ဘီလာရုစ်၊ အီတလီ၊ ရုရှား၊ အမေရိကန်၊ တောင်ကိုရီးယား ၊ နော်ဝေးနှင့် ဂျပန်နိုင်ငံတို့၏ အသေးစားဂြိုဟ်တုများစုပေါင်းလွှတ်တင်စဉ် တစ်ချိန်သာ ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သည်။ လွှတ်တင်ပြီး ၇၄ စက္ကန့်အကြာတွင် ဒုံးပျံအင်ဂျင်၏ combustion chamber 4 ချို့ယွင်းမှုဖြစ်ပေါ်ကာ ဘိုင်ကိုနောဒုံးပျံပစ်လွှတ်ရေးစခန်း၏ ၁၅၀ ကီလိုမီတာ အကွာ၊ ကာဇက်စတန်နိုင်ငံ၏ လူနေထိုင်ခြင်းမရှိသည့် ဒေသသို့ပျက်ကျခဲ့ခြင်းဖြစ်သည်။ လောင်စာများ မီးလောင်ပေါက်ကွဲမှုကြောင့် အဆိပ်အတောက်များဖြစ်ပေါ်ခဲ့ပြီး ရုရှားအစိုးရမှ ယင်းအဖြစ်အပျက်အတွက် လျော်ကြေးငွေ အမေရိကန်ဒေါ်လာ ၁.၁ သန်း ပေးလျော်ခဲ့ရသည်။

Credit : Satellite&Space
အာဆီယံနိုင်ငံများက ပိုင်ဆိုင်သော ဆက်သွယ်ရေးဂြိုဟ်တုများ (Asean Nations’ Communications Satellite)
Credit : Satellite&Space









