Powered by Blogger.
RSS

၂၀၀၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး နေမုန်တိုင်း ကမ္ဘာမြေသို့ ဝင်ရောက်ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှုမရှိနိုင်ဟု ပညာရှင်များ သုံးသပ်

၂၀၀၅ခုနှစ်နောက်ပိုင်းနေ၏အကြီးဆုံးရောင်စဉ်ဖြာမုန်တိုင်းသည် ကမ္ဘာမြေသို့ ဝင်ရောက်ခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က စတင်ဝင်ရောက်ခဲ့သော် မုန်တိုင်းကြောင့် ဝန်ရိုးစွန်းဒေသများရှိ ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်အချို့တွင် အနှောင့်အယှက်ဖြစ်နိုင်သော်လည်း ပုံမှန်ဖြစ်စဉ်သာဖြစ်ပြီး ကြီးမားသည့် သက်ရောက်မှု မရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြသည်။

နေ၏ ဗဟိုချက်အနီး လက်ယာဘက်စွန်းမှ နေမီးတန်းဖြာထွက်ခဲ့ခြင်းနှင့်အတူ စတင်ခဲ့ပြီး တစ်နာရီလျှင် မိုင် လေသန်းနှုန်းဖြင့် ဖြာထွက်ခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်၏ သက်ရောက်မှုမှာ ဇန်နဝါရီလ ၂၅ရက်နေ့အထိရှိနိုင်ပြီး အဆင့်ငါးဆင့် ခွဲခြားမှုတွင် အဆင့်သုံးဖြစ်သောအားကောင်းသော်လည်း မပြင်းထန်သည့်အဆင့်တွင်ရှိကြောင်းသိရသည်။

အမေရိကန် အမျိုးသားသမုဒ္ဒရာနှင့် မိုးလေဝသဌာန၊ အာကာသရာသီဥတုခန့်မှန်းရေးစင်တာ၏ ခန့်မှန်းချက်အရ ကမ္ဘာကို ပတ်နေသော် ဂြိုဟ်တုများတွင် တပ်ထားသော ကွန်ပျူတာများကို သက်ရောက်မှုရှိနိုင်ကြောင်းလည်း သိရသည်။ သို့ရာတွင် ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ နိုင်ငံတကာအာကာသစခန်းမှ အာကာသယာဉ်မှူးများကို ထိခိုက်နိုင်ခြေလည်း မရှိကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ပေါ်ထွက်လာမည့် ရောင်စဉ်တန်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ ညပိုင်းတွင် ဥရောပနှင့် အာရှိဒေသအချို့မှ မြင်တွေ့ရနိုင်ကြောင်း သိရသည်။

“ဒီဖြစ်စဉ်ကြောင့် ကြီးကြီးမားမားသက်ရောက်မှုရှိမယ် မထင်ပါဘူး။ ကားမောင်းရင်း ဂျီပီအက်စ်ကြည့်တာလောက်ကိုတော့ အနှောင့်အယှက်မဖြစ်ပါဘူး။ ဂျီပီအက်စ်ကို စင်တီမီတာနဲ့ အတိကျသုံးရတဲ့သူတွေအတွက်ပဲ နည်းနည်းလေးအခက်အခဲရှိမှာပါ” ဟု အာကာသရာသီဥတုခန့်မှန်းရေးစင်တာမှ ဒေါက်ဘီဆက်ကာက ပြောကြားခဲ့သည်။

Ref : Bi Weekly Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

GPS စနစ်အား CDMA 450MHz စနစ်တွင် ပထမဆုံးအနေဖြင့် အသုံးပြုနိုင်တော့မည်


CDMA 450MHz စနစ်တွင် GPS လမ်းညွှန်စနစ်အား အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ CDMA 450 ဖုန်းများတွင် GPS စနစ် အသုံးပြုနိုင်ခြင်းမှာ ပြည်တွင်းတွင် ပထမဆုံးဖြစ်ပြီး အဆိုပါ GPS စနစ်အား Android Os စနစ်ပေါ်တွင် ထည့်သွင်းအသုံးပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ Android OS စနစ် အသုံးပြု ဖုန်းအမျိုးအစား တစ်ခုဖြစ်သည့် GMG A 9000 ဖုန်းမှာ ပြည်တွင်းသို့ ဝင်ရောက်ခဲ့သော CDMA 450 MHz ဖုန်းများထဲတွင် ပထမဆုံး Android OS စနစ်သုံး CDMA 450 ဖုန်း အမျိုးအစားတစ်ခုဖြစ်ပြီး ယင်းဖုန်းတွင် GPS စနစ်အား ထည့်သွင်းအသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် ပြည်တွင်းရှိ CDMA 450 ဖုန်းများထဲတွင် GPS လမ်းညွှန်စနစ်အား ပထမဆုံး ထည့်သွင်းအသုံးပြုနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါဖုန်းမှာ ပြည်တွင်း ဈေးကွက်သို့ မကြာသေးမီ အချိန်ခန့်ကမှ ဝင်ရောက်လာခဲ့သော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး Android OS စနစ်ကို အသုံးပြုပေးထားသောကြောင့် CDMA 450 MHz စနစ်အသုံးပြုသူများအတွက် နည်းပညာမြင့် ဖုန်းအမျိုးအစား တစ်ခုဖြစ်သည့်အပြင် CDMA 800 MHz စနစ်ကိုပါ အသုံးပြုနိုင်မည်ဖြစ်ခြင်းကြောင့် CDMA 450 စနစ်ပေါ်တွင် Roaming စနစ် အသုံးပြုလျှက်ရှိသော CDMA 800 MHz ဖုန်းများအတွက်လည်း ကွန်ရက် ပြောင်းလဲ အသုံးပြုရာတွင် ဟန်းဆက်ပြောင်းလဲရခြင်း အခက်အခဲများ မရှိနိုင်တော့ပဲ ဖုန်းတစ်လုံးတည်းဖြင့်ပင် အလွယ်တကူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မောင်းသူမဲ့လေယာဉ် မြန်မာနိုင်ငံတွင် စမ်းသပ်ပျံသန်းနေ


မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ တည်ဆောက်ပြီး စမ်းသပ်ပျံသန်းနေပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တင်ပြပြောကြားလိုက်သည်။ “လေကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများအနေဖြင့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ တည်ဆောက်ပြီး လေယာဉ်များအား အလိုအလျောက် ပျံသန်းမှုစနစ်ဖြင့် ထိန်းကြောင်း၊ ပျံသန်းနိုင်ရန် လိုအပ်သော ထိန်းချုပ်မှုစနစ်များ သုတေသန ပြုလျက်ရှိကြောင်း ၄င်းကပြောသည်။ ၄င်းအပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများအား ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ လူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် သဘာဝပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိ ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်ခြင်းများအပြင် နိုင်ငံ၏ အကျိုးပြုသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခေတ်မီဓါတ်ခွဲစမ်းသပ်မည့် အမျိုးသားဓါတ်ခွဲခန်းအား ဖွဲ့စည်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်းသိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသံထက်သုံးဆမြန်သော ဒုံးခွင်းဒုံးတစ်မျိုးကို ဗြိတိန်ရေတပ် ထုတ်ဖော်ပြသ

ရန်သူ၏ဒုံးကျည်များကို ပစ်ခွင်းနိုင်သည့် အသံထက်သုံးဆမြန်သော ဒုံးခွင်းဒုံးတစ်မျိုးကို ဗြိတိန်တော်ဝင်ရေတပ်က ထုတ်ဖော်ပြသခဲ့သည်။ ရေတပ်၏ လေကြောင်းကာကွယ်ရေးစနစ်သစ်ကို ထုတ်ဖော် ပြသရာတွင် ရေတပ်သင်္ဘောများမှ ပစ်လွှတ်နိုင်သော ယင်းဒုံးကျည်၏ စွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မြေပြင် (သို့မဟုတ်) ရေပြင် စတုရန်းမိုင် ၅၀၀ ပတ်လည်အတွင်း ကာကွယ်ပေးထားနိုင်ပြီး ယင်းဧရိယာအတွင်း ရန်သူဒုံးကျည်ဝင်လာပါက အမြင့်ဆုံးအမြန်နှုန်း Mach 3 (အသံ၏ သုံးဆ) ဖြင့် ပစ်ခွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ငါးနှစ်စီမံကိန်းဖြင့် ယင်းဒုံးကျည်များကို ထုတ်လုပ်သွားမည်ဖြစ်ပြီး ရေတပ်၏ Type 23 ဖရီးဂိတ်သင်္ဘောများတွင် တပ်ဆင်ရန်ရည်ရွယ်ထားကာ နောက်ပိုင်းတွင် ကြည်းတပ်နှင့်လေတပ်တွင်ပါ တပ်ဆင်နိုင်ရန် ရည်ရွယ်ထားသည်။

ref : emg

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသယာဉ်၏ အစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ဟု ရုရှားစစ်ဘက်မှ ပြောခြင်း

အာကာသယာဉ်၏ အစိတ်အပိုင်းများသည် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်ဟု ရုရှားစစ်ဘက်မှ ပြောခြင်း

၂၀၁၁ ခုနှစ် ကာဇတ်စတန်ရှိ ဘိုက်ကိုနူး (Baikonur) စခန်းတွင် ဝန်ထမ်းတစ်ဦး အာကာသယာဉ် Phobos-Grunt အတွင်းတွင် အလုပ်လုပ်နေစဉ်။



ရုရှားတို့၏ မအောင်မမြင် ဖြစ်ခဲ့သော အင်္ဂါဂြိုလ်လေ့လာရေး အာကာသယာဉ်မှ အစိတ်အပိုင်းများသည် တနင်္ဂနွေနေ့ (၁၅.၁.၂၀၁၂) တွင် ချီလီနိုင်ငံ ကမ်းခြေမှ အလှမ်းဝေးသော ပိစိဖိတ် သမုဒ္ဒရာထဲသို့ ကျသွားပြီဖြစ်ကြောင်း စစ်ဘက်မှ အရာရှိတစ်ယောက်အား ကိုးကား၍ ရုရှား သတင်းဌာနများက အစီရင်ခံကြသည်။

အာကာသ အတွင်းပိုင်းသို့ မရောက်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုရှိခဲ့သဖြင့် မျက်နှာပျက်စရာ ဖြစ်နေရာမှ လွတ်မြောက်စေရန် ရုရှားတို့က အင်္ဂါဂြိုဟ်၏ လ (Phobos) ပေါ်မှ မြေသား နမူနာ ယူရန် အာကာသယာဉ်အား လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ အာကာသယာဉ် Phobos-Grunt မှအစိတ်အပိုင်းများသည် ကမ်းခြေအလွန်ရှိ ဝယ်လင်တန် (Wellington) ကျွန်း၏ အနောက်ဘက် ကီလိုမီတာ ၁၂၅၀ (၇၇၅ မိုင်) အကွာ သမုဒ္ဒရာထဲသို့ ကျသွားသည်ဟု လေပြင်နှင့်အာကာသ ကာကွယ်ရေး တပ်များ (Aerospace Defense Forces) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အယ်လက်ဆီ ဇိုလိုတူကင် (Colonel Alexei Zolotukhin) ကပြောသည်ဟု အစိုးရပိုင်သတင်းဌာနများဖြစ်ကြသော RIA နှင့် အီတာတာ့စ် (Itar-Tass) သတင်းဌာနတို့က အစီရင်ခံသည်။

အာကာသယာဉ်သည် နိုဝင်ဘာလအတွင်း လွှတ်တင်ချိန်မှ စ၍ ကမ္ဘာပတ်လမ်းမှ အပြင်သို့ မထွက်နိုင်ခဲ့ပါ။ ၁၉၈၁ ခုနှစ်တွင် မိမိ၏ နျူကလီးယား စွမ်းအင်သုံး ထောက်လှမ်းရေး ဂြိုလ်တု ကော့စမော့စ် ၉၅၄ (Kosmos 954) မှ အပိုင်းအစများ ကနေဒါနိုင်ငံတွင်းသို့ ကျရောက်ခဲ့ရာ ရေဒီယိုသတ္တိကြွ အပိုင်းအစများအားရှင်းရသော ကုန်ကျစရိတ် ဒေါ်လာ ၃ သန်း ဆိုဗီယက် ယူနီယမ် (Soviet Union) သည် ကနေဒါအား ပေးရသည်။

ရုရှား အာကာသယာဉ်မှ အပိုင်းအစများသည် ချီလီနိုင်ငံ အနောက်ဘက် ပိစိဖိတ် သမုဒ္ဒရာထဲသို့ ကျသွားခဲ့သည်။

Ref: Internet
Russian military says spacecraft debris falls in ocean (news.yahoo.com/countdown-crash-russias-failed-mars-probe-144746176)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြယ်အဖွဲ့အစည်းတိုင်းတွင် ထူးခြားသည့် ဂြိုဟ်များရှိကြောင်း လေ့လာမှု အသစ်တွင် ဖော်ပြ


ကောင်းကင်ယံတွင် ညအချိန်၌ မြင်တွေ့ရသည့် တလက်လက် တောက်ပနေသော ကြယ်များအားလုံး တွင် အနည်းဆုံး တစ်လုံးထက်မကသည့် ဂြိုဟ်များ ရှိနေနိုင်ကြောင်း အသစ်ထုတ်ပြန်လိုက် သည့် တွေ့ရှိမှု တစ်ရပ်တွင် ဖော်ပြခဲ့သည်။ ယခုလိုတွေ့ရှိ မှုကြောင့် လူသားတို့နေထိုင်ရာ နဂါးငွေ့တန်း ဂလက်ဆီအ တွင်း ကမ္ဘာကြီးနှင့် အရွယ်အစားတူ ဂြိုဟ်ပေါင်း ၁၀ ဘီလီယံ ပမာဏအထိ ရှိနေနိုင်ကြောင်းလည်း ဆိုလိုခြင်းဖြစ်သည်ဟု bbc သတင်းတွင် ဖော်ပြခဲ့သည်။

gravitational microlensing ဟူအမည်ရသည့် နည်းစနစ်ကို အသုံးပြုပြီး နိုင်ငံတကာမှ ပညာရှင်များ ပါဝင်သည့်အဖွဲ့၏ ရှာဖွေဖော် ထုတ် ချက်အရ ယခုလို တွေ့ရှိခဲ့ရခြင်းဖြစ်ကာ ယင်းသို့ သောကြယ်များကို လှည်ပတ်နေသော ဂြိုဟ်ပေါင်း ကုဋေကုဋာမက ရှိနေနိုင်ေ ကြာင်း ကို တွေ့ရှိခဲ့ရခြင်းဖြစ်သည်။အဆိုပါတွေ့ရှိချက်ကို ၂၁၉ ကြိမ်မြောက် American Astronomical Society (AAS) အဖွဲ့၏တွေ့ဆုံပွဲအတွင်း ထုတ်ပြန် ပြောကြားခဲ့ခြင်းဖြစ်ကာ အသေးငယ်ဆုံးသော နေတစ်လုံးပါ ကြယ်အဖွဲ့အစည်းများလည်း ရှိနေနိုင်ကြောင်းလည်း ပြောကြားသွားခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အစ္စရေးဂြိုဟ်တု ဆက်သွယ်ရေး ကုမ္ပဏီတစ်ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် တွေ့ဆုံဆွေးနွေးနေ


အစ္စရေးနိုင်ငံမှ ဂြိုဟ်တု ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီကြီး တစ်ခုဖြစ်သော GILAT Satcom ကုမ္ပဏီသည် မြန်မာနိုင်ငံမှ ဆက်သွယ်ရေး ဂြိုဟ်တုစနစ်နှင့် အခြားသော ဆက်သွယ်ရေးလုပ်ငန်းမျိုးစုံတွင် ဝင်ရောက်လုပ်ကိုင်ရန် ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုလွှတ်တင်မှု အစီအစဉ်ကို လက်ရှိ ကာလအထိ စီစဉ်နေရဆဲ ဖြစ်နေကာ ၎င်းတို့ ကုမ္ပဏီအနေဖြင့် လုပ်ကွက်ရယူလိုနေသည်ဟု ဆိုသည်။ “ကျွန်တော်တို့က ဂြိုဟ်တုစနစ်တွေရဲ့ ဆက်သွယ်ရေးကွန်ရက် ကိစ္စမျိုးစုံကို လုပ်ဆောင်ပေးဖို့အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို သွားရောက်တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ထားပါတယ်၊ တခြားသောဝန်ကြီးဌာနတွေနဲ့ အသင်းအဖွဲ့တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်၊ မြန်မာနိုင်ငံက UMFCCI ကိုလည်း ရောက်ခဲ့ပါတယ်”ဟု GILAT မှ ဒါရိုက်တာတစ်ဦးဖြစ်သူ Mr.Itzik Baron ကပြောကြားသည်။ အဆိုပါ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အစ္စရေးသံရုံး၏ အကူအညီဖြင့် ယင်းကဲ့သို့ ဝန်ကြီးဌာနများနှင့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဒီအချိန်မှာ အစ္စရေးရဲ့ GILAT က မလွတ်တမ်းဝင်လာရင်တော့ ပိုပြီးအဆင်ပြေသွားမှာပါ၊ သူတို့က မြန်မာမှာလုပ်ငန်းတွေလုပ်ချင်တယ်၊ ဘာလုပ်ရမယ်မှန်း မသိသေးဘူး” ဟု GILAT ၏ စီးပွားရေး စီမံခန့်ခွဲမှု မန်နေဂျာဖြစ်သူ ဒေါက်တာဇော်မင်းက ပြောကြားသည်။ အဆိုပါ ကုမ္ပဏီ အနေဖြင့် မြန်မာ့စီးပွားရေးဈေးကွက်အတွင်း မြန်ဆန်စွာဝင်ရောက်နိုင်ရေးအတွက် စီစဉ်နေမှုများရှိနေပြီး ၎င်းတို့၏ www.gilat.net တွင်လည်း မြန်မာဘက်မှ ဝင်ရောက်ဖတ်ရှုနိုင်ကြောင်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...