Powered by Blogger.
RSS

Driver မလိုတဲ့ ကားတွေ လမ်းပေါ် ရောက်ဖို့ နီးလာပြီ


 အင်တာနက်မှာ လူတိုင်းရဲ့ အသည်းစွဲလို့ ပြောလို့ရတဲ့ Google ဟာ မော်တော်ကားလည်း ထုတ်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းကို စာဖတ်သူတွေ ကြားဖူးကြမှာပါ။သူတို့ မော်တော်ကားဟာ မောင်းနှင်တတ် မည့် ကားမောင်းသူ မလိုပါဘူး။ Googleဟာ ၂၀၁၂ စောစောပိုင်းလောက်က အမေရိကန်နိုင်ငံ၊ Nevada Stateက လမ်းတွေပေါ်မှာ တရားဝင် စမ်းသပ်ခွင့် ရရှိခဲ့ပြီး နိုင်ငံရဲ့ ပထမဆုံးလိုင်စင်ပလိတ်ပြားကို မောင်းသူမဲ့ယာဉ်အတွက် လည်း ချီးမြှင့်ခံ ထားခဲ့ရပါသေးတယ်။မောင်းသူမဲ့ကား၊ စက်ရုပ်ကားလို့ ခေါ် ရမည့် Autonomous Carsတွေကို ထုတ်လုပ်မည့် Googleဟာတော့ Nevada Stateမှာ ယာဉ်မောင်းသူ မပါပဲ သွားလာခွင့်ရပြီးတာ မကြာခင်မှာပဲ ယခုအခါ ကယ်လီဖိုနီးယားရဲ့ လမ်းတွေပေါ်မှာ တရားဝင် သွားလာခွင့် ရဖို့အတွက် မြို့တော်ဝန်ထံသို့ စာတင်ထားကြောင်း သတင်းများက ဆိုပါတယ်။

မောင်းသူမဲ့ ကားတွေဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ အသုံးပြု သွားလာနိုင်ဖို့အတွက်ကတော့ ၎င်းရဲ့ ၀န်ဆောင်မှု၊ လည်ပတ်မှု အနေအထားနှင့် အဓိကကတော့ လမ်းပေါ်မှာ ယာဉ်မောင်း မပါဘဲ ဘယ်လောက် စိတ်ချရမှု ရှိမှာလည်း ဆိုတာကို ကယ်လီဖိုနီးယား ယာဉ်ကြီးကြပ်မှူးဌာနက ဆုံးဖြတ်ဖို့ လိုအပ်နေပါသေးတယ်။
အတည်ပြုခဲ့သည်ဆိုရင်တော့ များမကြာမီကာလမှာ Google ရဲ့ မောင်းသူမဲ့ Autonomous ကားတွေကို အရင်ဆုံး ဟောလိဝုဒ် ရုပ်ရှင်ကားတွေထဲက လမ်းမတွေပေါ်မှာ မြင်တွေ့ရတော့မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။


ref: myanmar ict

 

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကမ္ဘာ့ အမြန်ဆုံး အပြေသမား ဟူစိန်ဘော့တ် ထက်မြန်တဲ့ စက်ရုပ် အမေရိကန် စစ်တပ် တီထွင်


အမေရိကန် ပြည်ထောင်စုမှ စစ်ဘက် ဆိုင်ရာ သုတေသန ပညာရှင် များသည် အိုလံပစ် အပြေး ချန်ပီယံ အူစိန်ဘော့ထက် ပိုမိုမြန်ဆန်သည့် စက်ရုပ် တစ်ရုပ်ကို တီထွင် ထုတ်လုပ်ခဲ့သည်။



အဆိုပါ စက်ရုပ်၏ ပြေးနှုန်းမှာ တစ်နာရီ ၂၈ မိုင်နှုန်း ရှိပြီး ၂ဝဝ၉ ခုနှစ်က ၁ နာရီ ၂၇ ဒသမ ၈ မိုင် နှုန်းဖြင့် စံချိန်တင် ပြေးနိုင်ခဲ့သည့် ကမ္ဘာ့ အမြန်ဆုံး အပြေးသမား ဘော့ထက်ပို၍ အပြေးမြန် သည်ဟု သိရသည်။

၎င်းစက်ရုပ်ကို စစ်ဘက်သုံး စက်ရုပ်များ ထုတ်လုပ်သည့် Boston Dynamics ကုမ္ပဏီမှ ဒီဇိုင်းထွင် ထုတ်လုပ်ခြင်း ဖြစ်ပြီး စက်ရုပ် အတွက် ကုန်ကျ စရိတ်ကို အမေရိကန် ကာကွယ်ရေး ဆိုင်ရာ အဆင့် မြင့် သုတေသန စီမံကိန်းဌာနမှ ထောက် ပံ့ ပေးထားသည်။

အမေရိကန် တပ်ဖွဲ့များ အနေဖြင့် ယခု ကဲ့သို့သော အဆင့်မြင့် နည်းပညာသုံး စက်ရုပ် များကို အရေးပေါ် ကိစ္စရပ်များ၊ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးသည့် လုပ်ငန်းများ နှင့် အခြား ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်းများ တွင် နောင်အနာဂတ် ကာလ၌ အကျိုး ရှိရှိ အသုံးပြု သွားနိုင်ရန် မျှော်မှန်း ထား ကြောင်း သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်လေ့လာရေးယာဉ်ငယ် Mars Curiosity င်္ဂါဂြိုဟ်မျက်နှာပြင်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့









  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ်ယာဉ် ၁၀ စီးတွင် GPS စနစ် တပ်ဆင်


မီးလောင်ရာ နေရာကို သွားရောက် ငြှိမ်းသတ်တဲ့ မီးသတ်ယာဉ် ရောက်ရှိတဲ့ နေရာကို သိရှိနိုင်ဖို့ အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်း မှာရှိတဲ့ မီးသတ်ယာဉ် ၁၀ စီးမှာ GPS စနစ်ကို တပ်ဆင်ထား ပြီးဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ GPS စနစ် ဆိုတာဟာ ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြ စနစ်ဖြစ်ပြီး အဆိုပါ GPS စနစ်ကို မီးသတ်ယာဉ် တွေပေါ်မှာ တပ်ဆင် ထားခြင်းကြောင့် သွားရောက် ငြှိမ်းသတ်မယ့် မီးသတ် ယာဉ်တွေရဲ့ တည်နေရာကို မီးသတ် ရုံးချုပ်မှ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီလို သိရှိနိုင်ဖို့ အတွက် ရုံးချုပ်ရှိ Command and Control Centre မှ မီးသတ် ယာဉ်ပေါ်ရှိ GPS စနစ်တွေနဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျောက်တံတား၊ သန်လျင်၊ သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်၊ စမ်းချောင်း စတဲ့ မြို့နယ်ရှိ မီးသတ်ယာဉ် ၁၀ စီးမှာ တွေပေါ်မှာ GPS စနစ် တပ်ဆင် ထားပြီး ဖြစ်ပါတယ်။

နောက်ပိုင်း မှာတော့ GPS စနစ် တပ်ဆင်မှုကို မီးသတ်ယာဉ် အစီး ၅၀ မှာ ထပ်မံ တပ်ဆင် သွားမှာ ဖြစ်ပါတယ်။ အခုလို GPS တပ်ဆင်မှု ကိုတော့ လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မီးသတ် ယာဉ်များမှာ တပ်ဆင် ထားတာ ဖြစ်ပြီး နောက်ပိုင်းမှာ နေပြည်တော်နဲ့ မန္တလေးမြို့ တို့မှာရှိတဲ့ မီးသတ် စခန်းရှိ မီးသတ်ယာဉ် တွေမှာပါ တပ်ဆင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုဟ်မျက်နှာပြင်ပုံရိပ်များ NASA ထုတ်ပြန်ဖော်ပြ

NASA အဖွဲ့သည် ၎င်းတို့၏ အင်္ဂါဂြိုဟ် (Mars) လေ့လာရေးယာဉ် အသုံးပြု၍ ရိုက်ကူးနိုင်ခဲ့သော အံ့မခန်းဖွယ်ရာ အင်္ဂါဂြိုဟ်မျက်နှာပြင် ပုံရိပ်များကို ထုတ်ပြန်ဖော်ပြလိုက်သည်။





credit : planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုလ်တု လွှတ်တင်တော့မည် မဟုတ်


နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်တော့မည် မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါဂြိုဟ်တုကို ၂၀၁၅ ခုနှစ်တွင် လွှတ်တင်နိုင်ရန်အတွက် တရုတ်၊ အီးယူနိုင်ငံများနှင့် ဆွေးနွေးခဲ့ရာ ဂြိုဟ်တု အသုံးစရိတ်အတွက် ကန်ဒေါ်လာ သန်း ၃၀၀ သုံးစွဲရမည်ဟု ဆက်သွယ်ရေးမှ သိရသည်။ “ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်ထင်ရင် လွှတ်တင်မယ်၊ အကျိုးမရှိဘူးထင်ရင် မလွှတ်တင်ဘူးလို့ ပြောထားပါတယ်။ အခုအကျိုးမရှိဘူး ထင်လို့ မလွှတ်တင်တော့တာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ ယင်းသို့ ကိုယ်ပိုင်ဂြိုဟ်တု မလွှတ်တင်သော်လည်း တခြားနိုင်ငံများမှ တစ်ဆင့် ငှားရမ်းသုံးစွဲသွားမည် ဖြစ်ကြောင်း၊ ယင်းအတွက်ကိုလည်း လွှတ်တော်သို့ တရားဝင် တင်ပြထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဂြိုဟ်တု မလွှတ်တင်တော့တဲ့အတွက် ဂြိုဟ်တုအတွက် သုံးစွဲမယ့် ငွေတွေကို မိုဘိုင်းဖုန်း တိုးချဲ့ရေး စီမံကိန်းမှာ သုံးစွဲသွားမှာပါ” ဟု၎င်းက ထပ်လောင်းပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရခြင်း အကြောင်းမှာ ဝေလံခေါင်ဖျားသည့် ဒေသများနှင့် ပင်လယ်အတွင်းရှိ ကျွန်းများအတွက်သာ ဆက်သွယ်မှု ကောင်းမွန်စေရန်နှင့် နိုင်ငံ၏ ဂုဏ်သိက္ခာ တိုးတက်ရေးအတွက် လွှတ်တင်ရခြင်းသာဖြစ်ကြောင်း၊ လက်ရှိအသုံးပြုနေသည့် ဖိုင်ဘာဆက်သွယ်မှု စနစ်သာ အဓိက သုံးစွဲမည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။

လက်ရှိတွင် ဖိုင်ဘာဆက်ကြောင်းဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ဆက်လက်၍ ဖိုင်ဘာကွန်ရက်အား လာမည့် ၂၀၁၄ ခုနှစ်တွင် တစ်နိုင်ငံလုံးနီးပါး လွှမ်းခြုံနိုင်ရန် ဆောင်ရွက်လျက်ရှိနေကြောင်း၊ ဖိုင်ဘာကွန်ရက်များ တည်ဆောက်ရာတွင် အချိန်နှင့် ငွေကြေး များစွာ ကုန်ကျကြောင်း ယင်းဌာနမှ သိရသည်။ ဖိုင်ဘာဆက်သွယ်မှုများနှင့် ပတ်သက်၍ ဆက်သွယ်ရေးမှ အင်ဂျင်နီယာချုပ် တစ်ဦးက ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံ မြင့်မားရေးအတွက် “ဖိုင်ဘာဆက်သွယ်မှုကိုပဲ အဓိကထား ဆောင်ရွက်သွားတော့မှာပါ။ ဒါတွေလုပ်ဆောင်ဖို့ လက်ရှိ ပြည်တွင်းကုမ္ပဏီတွေနဲ့ မနိုင်နိုင်ပါဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင်တော့ အမြန်ဆုံး ပြီးသွားမှာပါ” ဟု ပြောသည်။

ယင်းသို့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုအား လက်ခံနိုင်ရန်အတွက် ဥပဒေ လိုအပ်ကြောင်း၊ လက်ရှိကာလတွင် ဆက်သွယ်ရေး လုပ်ငန်းအား ဝင်ရောက်ရင်းနှီးမြှုပ်နှံရန်အတွက် လာရောက်ဆက်သွယ်ထားသည့် ပြည်ပနိုင်ငံများ ရှိကြောင်း၊ ဥပဒေ မပေါ်ပေါက်၍သာ ခွင့်ပြုမပေးနိုင်ခဲ့ကြောင်း၊ ယင်းကြောင့် ဥပဒေကိုလည်း ယခုနှစ်အတွင်း အပြီးသတ် ဖော်ဆောင်သွားရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မြန်မာ့ဆက်သွယ်ရေးဂြိုဟ်တု ၂ဝ၁၅ တွင် လွှတ်တင်ရန် တရုတ်၊ အီးယူတို့နှင့် ဆွေးနွေးနေ


ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်ရန်အတွက် တရုတ်၊ အီးယူတို့နှင့် စတင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

"လောလောဆယ် ဆွေးနွေး နေပါတယ်။ ကိုယ့်နိုင်ငံအတွက် အကျိုးရှိမယ်လို့ထင်ရင် လွှတ်တင် မယ်။ အကျိုးမရှိဘူးထင်ရင် ငှားသုံး သွားမှာပါ"ဟု မြန်မာ့ဆက်သွယ် ရေးမှ အင်ဂျင်နီယာချုပ်တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တုအား ၂ဝ၁၅ ခုနှစ်တွင် လွှတ်တင်သွားရန် စတင် အကောင်အ ထည်ဖော် ဆောင်ရွက် နေကြောင်း၊ ယင်းသို့ ဂြိုဟ်တု လွှတ်တင်ဖြစ်ပါက နိုင်ငံ၏ ဂုဏ် သိက္ခာတက်လာမည့်အပြင် ဝေးလံ သည့် ဒေသများကို အဆိုပါ ဂြိုဟ်တုမှ တစ်ဆင့်ဆက်သွယ်ပြော ဆိုနိုင်မည်ဖြစ်ကြောင်း ၄င်းကပြော သည်။"မြို့ကြီးတွေကတော့ ဖိုင်ဘာ ဆက်သွယ်မှုကိုပဲ အသုံးပြုသွားမှာ ပါ။ နယ်စွန်၊ နယ်ဖျားတွေ ပင်လယ် ထဲက ကျွန်းတွေအတွက်ပဲ ဂြိုဟ်တု ကို အသုံးပြုသွားမှာပါ"ဟု ၄င်းက ဆက်လက်ပြောသည်။ ပြည်တွင်း၌ ဖုန်းဆက်သွယ်မှု များအတွက် ဖိုင်ဘာကွန်ရက်ကို သာ အဓိ ကထား ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖိုင် ဘာဆက်သွယ်မှုဖြင့် တယ်လီဖုန်း ပြောဆိုဆက်သွယ်နိုင်သည့် ဧရိယာ ၈ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း လာ မည့် နှစ်အတွင်း နိုင်ငံတစ်နိုင်ငံလုံးနီးပါး ဖိုင်ဘာကွန်ရက်လွှမ်းခြုံနိုင်ရန် အတွက်လည်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။လက်ရှိ တိုးချဲ့ဆောင်ရွက်နေ သည့် ဖိုင်ဘာဆက်ကြောင်းမှာ မန္တလေး-မုံရွာဆက်ကြောင်း၊ မုံရွာ- ရွှေဘိုဆက်ကြောင်းနှင့် ရွှေဘို- မြစ်ကြီးနားဆက်ကြောင်းတို့ဖြစ်ပြီး ၄င်းဆက်ေ ကြာင်းများပြီးစီးပါက လားရှိုး-မန္တလေးဆက်ကြောင်းကို ဆက်လက်ချိတ်ဆက်သွားမည်ဖြစ် ကြောင်း၊ ဖိုင်ဘာကေဘယ်လ်များ ဖောက်လုပ်ရာတွင်လည်းအချိန်နှင့်ငွေ ကြေးများစွာ ကုန်မည်ဖြစ်ကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...