ယမန်နေ့က အမေရိကန်နိုင်ငံ နီဗါးဒါး ပြည်နယ်၊ အိုင်ဗင်ပါ့ဟ် ရေကန်ကြီး အနီးတွင် ဗြိတိန်နိုင်ငံ ဟမ်းရှိုင်းယားမှ အင်ဂျင်နီယာ ရစ်ချတ်ဂျာဂင်သည် ငှက်စိမ်းလေးဟု အမည်ရ လေတိုက်နှုန်းဖြင့် မောင်နှင်သော စက်မဲ့
ရေပြင် မြေပြင်သွားယာဉ်မှာ ယခင် အမေရိကန်လူမျိုး ဘော့(တ်) ချူးမာချာ တင်ထားသော စံချိန်အား ချိုးလိုက်ပြီ ဖြစ်သည်။
၁၀နှစ်ကျော်ကြာ အချိန်ယူ တီထွင်ခဲ့သော ရစ်ချတ်ဂျာဂင်မှာ ယမန်နေ့က နီဗါဒါးသဲကန္တာရတွင် ၁နာရီတွင် ၁၂၆.၁မိုင်ဖြင့် စံချိန်ချိုးလိုက်ပြီး ယခင်စံချိန်မှာ ၁၉၉၉ခုနှစ်က အမေရိကန်နိုင်ငံမှ ဘော့(တ်) ချူးမာချာ သည် သံမဏိဘဲကလေး အမည်နှင့် ၁နာရီ ၁၁၆မိုင်နှုန်းဖြင့် တင်ထားခဲ့ခြင်း ဖြစ်သည်။
ဘီဘီစီ သတင်းဋ္ဌာနသို့ မစ္စတာဂျာဂင် ပြောကြားရာတွင် သိပ်ကို ကြီးကျယ်တဲ့ ဖန်တီးမှုပါ တိကျသေခြာဖို့ အတွက် အချိန်အများကြီး ပေးဆပ်ရတာပဲ ရှိပါတယ်၊ ကီလိုချိန် ၆၀၀ သာလေးတဲ့ ဒီယာဉ်ကို ကာဗွန်ဖိုင်ဘာ နဲ့ ပြုလုပ်ထားပြီး သတ္တုဆိုလို့ အတောင်ပံဟန်ချက် ထိမ်းတဲ့ နေရာမှာရယ် ဘီးမှာပဲ ပါဝင်ကာ ဘာ စက်ကရိယာ အင်ဂျင်မော်တာမှ မပါဝင်ဖူးလို့ ဖြေဆိုသွားခဲ့သည်။ နောက်ထပ် လေအားဖြင့် ရေခဲပြင်၊ ကုန်းတွင်ပိုင်းတို့တွင် အမြန်ဆုံး သွားလာနိုင်မည့် ယာဉ်များထပ်မံ တည်ထွင် နေဦးမည်ဟု ပြောဆိုသွားပါသည်။
Source: People Media Voice
0 comments:
Post a Comment