ယခုဖြစ်ရပ်ကို အာရီဇိုနားတက္ကသိုလ်ရှိ Catalina Sky Surveyမှ စတင်သတိပြုမိခဲ့ပြီးနောက် နာဆာအဖွဲ့ကြီးမှလည်း ကမ္ဘာအနီးသို့ ဂြိုလ်ငယ်တစ်ခု နီးကပ်လာခြင်းကို ထောက်လှမ်းဖော်ထုတ် အတည်ပြုခဲ့သည်။ 2009 VAမှာ ကမ္ဘာနှင့်အနီးဆုံးမှ ဖြတ်သန်းသွားသည့် တတိယမြောက် ဂြိုလ်ငယ်တစ်ခုလည်း ဖြစ်သည်။ နာဆာအဖွဲ့၏ မှတ်တမ်းများအရ ပြီးခဲ့သည့် ၂၀၀၈ခုနှစ် အောက်တိုဘာ၉ရက်နေ့တွင်လည်း ကမ္ဘာမြေပြင်နှင့် မိုင်၃၈၂၀အကွာမှ အရွယ်အစား ၁မီတာအကျယ်ရှိသည့် 2008 TS26 ဂြိုလ်ငယ် ဖြတ်သန်းသွားခဲ့သည်။ ထို့အပြင် ၂၀၀၄ခုနှစ် မတ်လ၃၁ရက်နေ့တွင် ၇မီတာအကျယ် 2004 FU162ဟု အမည်ပေးထားသည့် ဂြိုလ်ငယ်မှာ ကမ္ဘာနှင့် မိုင်၄၀၆၀အကွာမှ ဖြတ်သန်းသွားခဲ့သည်။ ၁၉၀၈ခုနှစ်တွင် ဂြိုလ်ငယ်တစ်ခု ကမ္ဘာမြေပြင်ရှိ ဆားဘီးယားဒေသသို့ ကျရောက်ခဲ့သဖြင့် သစ်တောဧရိယာ စတုရန်းမိုင်ပေါင်း ၁၂၀၀ပျက်စီးခဲ့ရဖူးကြောင်း သိရသည်။
Source: Planet
0 comments:
Post a Comment