Powered by Blogger.
RSS

တရုတ်နိုင်ငံ၏ ပထမဆုံးလူလိုက်ပါသည့် အာကာသခရီးစဉ်ပြီးဆုံး

http://www.planet.com.mm/news/newsimg/September08/chinam200.jpg

တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသအတွင်း လမ်းလျှောက်နိုင်ရန် စမ်းသပ်ခဲ့သည့် missionအား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့်အတွက် အလွန်နှစ်ထောင်းအားရ ဖြစ်မိကြောင်း တရုတ်အာကာသယာဉ်မှူး (၃)ဦးကပြောကြားခဲ့သည်။ ထိုအောင်မြင်မှုသည် တရုတ်နိုင်ငံ၏ အာကာသလေ့လာရေးအတွက် သမိုင်းဝင် အောင်မြင်မှုကြီးတစ်ရပ် ဖြစ်လာခဲ့ပြီဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။ စက်တင်ဘာလ(၂၅)ရက်နေ့က လွှတ်တင်လိုက်သော ဒုံးပျံမှာ အာကာသအတွင်း လမ်းလျှောက်နိုင်ရန် အဓိကရည်ရွယ်ပြီး လွှတ်တင်လိုက်ခြင်းဖြစ်သည်။


ယခု mission၏ ခေါင်းဆာင်ဖြစ်သူ အာကာသယာဉ်မှူး ဇိုင်ဇီဂန်က ၎င်းအနေနှင့် ကမ္ဘာပါတ်လမ်းကြောင်းအတွင်း(၁၃)မိနစ်ခန့်ကြာအောင် လမ်းလျှောက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။ တရုတ်နိုင်ငံအနေနှင့် နောက်ထပ်အာကာသ လေ့လာမှုများကို အရှိန်မြှင့်ဆောင်ရွက်ရန် ပြင်ဆင်နေသည်ဟု ဇိုင်ဇီဂန်က ဖြည့်စွက်ပြောကြားသွားသည်။

စက်တင်ဘာလ(၂၈)ရက်နေ့က အာကသယာဉ်မှူး (၃)ဦးပါဝင်သော ရှန်ဇူး(၇) အာကာသယာဉ် မြေပြင်ပေါ်သို့ အောင်မြင်စွာဆင်းသက်အပြီး ဇိုင်ဇီဂန်က ယခုခရီးစဉ်သည် စိတ်လှုပ်ရှားစရာကောင်းပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ သို့သော်လည်း အဆုံးသတ်တွင် အောင်မြင်မှုအပြည့်အ၀ ရရှိနိုင်ခဲ့ကြောင်း သတင်းထောက်များအား ထုတ်ဖော်ပြောဆိုခဲ့သည်။ ဇိုင်ဇီဂန်က ယခုအောင်မြင်မှုကြောင့် အမိနိုင်ငံတော်အတွက် ဂုဏ်တက်ဖွယ်ရာ ဖြစ်စေခဲ့ကြောင်း မြေပြင်ဆင်းသက်ယာဉ်ငယ်ဖြင့် မွန်ဂိုလီးယားဒေသတွင် ဆင်းသက်အပြီး ၀ံ့ကြွားစွာ ပြောကြားသွားသည်။ (၆၈)နာရီကြာ အာကာသခရီးစဉ်မှ ကမ္ဘာပေါ်သို့ ပြန်လည်ရောက်ရှိလာသော အာကာသယာဉ်မှူးများအား ဆေးစစ်မှုများပြုလုပ်အပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့သည်။

အသက်(၄၁)နှစ်အရွယ် တိုက်လေယာဉ်မှူးဟောင်း ဇိုင်ဇီဂန်က ဒေါ်လာ(၄.၄)သန်းတန် အာကာသယာဉ်မှူးဝတ်စုံနှင့် အာကာသဟင်းလင်းပြင်ထဲတွင် တရုတ်နိုင်ငံ၏ အလံတော်ကိုကိုင်ကာ လမ်းလျှောက်ခဲ့ရသည့် အတွေ့အကြုံအား မည်သည့်အခါမျှ မေ့နိုင်တော့မည်မထင်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ တရုတ်သတင်းဌာနများကလည်း နိုင်ငံ၏သမိုင်းဝင်အောင်မြင်မှုအတွက် ဂုဏ်ယူမိကြောင်း သတင်းများထုတ်လွှင့်ပြသခဲ့သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အင်္ဂါဂြိုလ်ပေါ်၌ ရေခဲတွေ့ရှိကြောင်း နာဆာမှ အတည်ပြု

http://www.planet.com.mm/news/newsimg/August08/phoen200.jpg

အင်္ဂါဂြိုဟ်၏မျက်နှာပြင်ပေါ် ဆင်းသက်ရောက်ရှိနေပြီး လေ့လာစူးစမ်းမှုများ ပြုလုပ်လျက်ရှိသော ဖီးနစ် အာကာသယာဉ်မှ ပေးပို့လိုက်သော သတင်းအချက်အလက်များအရ အင်္ဂါဂြိုဟ်၏ မျက်နှာပြင် မြေသားတွင် ရေခဲတွေ့ရှိခဲ့ကြောင်း နာဆာမှ အတည်ပြုခဲ့သည်။ ဇူလိုင်လ (၃၁) ရက်နေ့က ဖီးနစ် ဂြိုဟ်ဆင်းယာဉ်ငယ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် ရေရှိကြောင်း အခိုင်အမာ ဖော်ထုတ်နိုင်ခဲ့ပြီဟု သိပ္ပံပညာရှင်များက ဆိုသည်။ ယခုတွေ့ရှိမှုကြောင့် ယခင်ဂြိုဟ်တု ဓာတ်ပုံများအရ အင်္ဂါဂြိုဟ်၏ မြောက်ဝင်ရိုးစွန်းအရပ်တွင် ရေခဲထုရှိနိုင်ကြောင်း ခန့်မှန်းမှုများအား သက်သေပြနိုင်ခဲ့ပြီဖြစ်သည်။ အရီဇိုးနားတက္ကသိုလ်မှ ပညာရှင် ၀ီလျံဗိုင်တန်က ဖီးနစ်၏ စက်လက်တံများမှ တူးဖော်ရရှိခဲ့သည့် မြေသားများအတွင်း ရေခဲမှုန်များပါလာကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဖီးနစ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ မေလ (၂၅) ရက်နေ့က ဆင်းသက်နိုင်ခဲ့ပြီးနောက် အင်္ဂါဂြိုဟ်မျက်နှာပြင်တွင် လူနှင့်အခြားသက်ရှိများ နေထိုင်နိုင်ခြင်းရှိမရှိ သုံးလတာမျှ စုံစမ်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။ ဂြိုဟ်နီကြီးဟု အမည်တွင်သည့် အင်္ဂါဂြိုဟ်တွင် ရေခဲအရည်ပျော်သည့် အထောက်အထားများ တွေ့ရှိခဲ့အပြီး ဂြိုဟ်ပေါ်တွင် လူနေထိုင်ရန်သင့်တော်သည့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရေးမှာ ပိုမိုနီးစပ်လာပြီဖြစ်သည်။ လေ့လာသူများက အင်္ဂါဂြိုလ်မျက်နှာပြင်တွင်တွေ့ရှိရသောအရာမှာ ရေခဲမှတ်ဖြစ်သော ၃၂ ဒီဂရီအထက်တွင် အရည်ပျော်ပြီး ရေမော်လီကျူးများ ထုတ်လွှတ်ပေးနိုင်သဖြင့် ရေခဲဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုကဲ့သို့ မားစ်မျက်နှာပြင်တွင် ရေတွေ့ရှိမှုမှာ ကမ္ဘာမြေပြင်ပ ဂြိုဟ်များတွင် လူသားများအခြေချ နေထိုင်နိုင်ရန် မျှော်လင့်နေသော သိပ္ပံပညာရှင်များအတွက် သတင်းကောင်းတစ်ခုပင်ဖြစ်ကြောင်း သိရှိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်များ ပြုလုပ်နိုင်တော့မည်လား

http://www.planet.com.mm/news/newsimg/August08/solarp200.jpg

ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုများကြောင့် ရေနံအစားထိုးစွမ်းအင်ရင်းမြစ်များနေရာတွင် အစားထိုးမှုများပြုလုပ်နိုင်ရန် ကြိုးပမ်းနေမှုများမှာ အောင်မြင်မှုအချို့ ရရှိနေပြီဖြစ်သည်။ လေထုညစ်ညမ်းမှုကိုပါ ကာကွယ်နိုင်သော လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ်များမှာ ယခုအချိန်တွင် အရေအတွက်အားဖြင့် နည်းပါးနေသေးသော်လည်း နောင်အနာဂါတ်တွင် ရေနံအခြေခံလောင်စာသုံး မော်တော်ယာဉ်များနေရာတွင် အပြည့်အ၀အစားထိုးလာနိုင်ရန် သိပ္ပံပညာရျင်များက မျှော်လင့်နေကြပြီဖြစ်သည်။ ယခုနောက်ဆုံး စမ်းသပ်အောင်မြင်ခဲ့သည့် နည်းပညာသစ်တစ်ရပ်အရ အနာဂါတ်ကာလတွင် ဂျက်လေယာဉ်များ၌ လေယာဉ်ဆီဖြည့်တင်းရန် လိုအပ်ချက်ကို အဆုံးသတ်နိုင်ရန် မျှော်လင့်နေကြပြီဖြစ်သည်။ ဗြိတိန်နိုင်ငံမှ စမ်းသပ်ပျံသန်းခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ပုံစံငယ်သည် ကောင်းကင်ယံတွင် သုံးရက်ခွဲမျှ ပျံသန်းနိုင်ခဲ့သည်ဟု သိရှိရသည်။ ကင်းထောက်လေယာဉ်ငယ်လေးအဖြစ် စမ်းသပ်ခဲ့သော အဆိုပါလေယာဉ်ငယ်မှာ ဝေဟင်တွင် (၈၃)နာရီနီးပါးမျှ ပျံဝဲနေခဲ့သည်ဟု ဆိုသည်။



(ဝေဟင်တွင်ပျံသန်းနေသည့် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်)

Qinetiq ကာကွယ်ရေး စစ်လက်နက်ကုမ္ပဏီမှ စမ်းသပ်ခဲ့သည့်အဆိုပါလေယာဉ်ငယ်ကလေးမှာ နေ့အချိန်တွင် နေရောင်ခြည်မှ စွမ်းအင်ထုတ်လုပ်ကာ ဘက်ထရီများအတွင်း အပိုသိုလှောင်ထားပြီး ညအချိန်တွင် စွမ်းအင် Recharge ပြန်ဖြည့်ပေးကြောင်း ကုမ္ပဏီမှတာဝန်ရှိသူများက ပြောကြားခဲ့သည်။ Auto-Pilot စနစ်သုံးပြီး ပျံသန်းခဲ့သည့် ထိုလေယာဉ်ငယ်ကလေးမှာ အမြင့်ပေ (၆၀၀၀၀)ထိရောက်ရှိခဲ့ပြီး (၈၂)နာရီ (၃၇)မိနစ်မျှကြာအောင် ပျံသန်းနိုင်ခဲ့သည်။ ထို့ကြောင့် (၂၀၀၁)ခုနှစ်အတွင်းက (၃၀)နာရီ (၂၄)မိနစ်မျှကြာအောင် ပျံသန်းခဲ့သည့် Global Hawk ကင်းထောက်လေယာဉ်၏ စံချိန်အားကျော်တက်သွားပြီဟုသိရသည်။ သို့သော် အခြားသတင်းတစ်ရပ်၏အဆိုအရ အဆိုပါလေယာဉ်ငယ်မှာ လောင်စာဆီဖြည့်တင်းမှု အမှန်တကယ်မလိုအပ်ကြောင်း စစ်ဆေးမှုများပြုလုပ်ပြီးမှ ၎င်း၏စံချိန်ကို တရားဝင်အတည်ပြုမည်ဟု သိရသည်။ Zephyr ဟုအမည်ပေးထားသော ထိုနေရောင်ခြည်စွမ်းအင်သုံးလေယာဉ်လေးကြောင့် အနာဂါတ်ကာလ ဂျက်လေယာဉ်များတွင် နေရောင်ခြည်စွမ်းအင်အား လက်ခံအသုံးပြုသွားနိုင်မည့် ပုံစံများရေးဆွဲသွားရန် ပညာရှင်များက စတင်စဉ်းစားလာကြသည်။ အရီဇိုးနားပြည်နယ်ရှိ အမေရိကန်စစ်စခန်းတစ်ခုမှ စမ်းသပ်လွှတ်တင်လိုက်သည့် အဆိုပါဗြိတိန်လုပ် Zephyr လေယာဉ်ကလေးသည် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်များ၏ခေတ်ရောက်ရှိလာရန် ပထမဆုံး ခြေလှမ်းတစ်ရပ်ဖြစ်လာမည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ် မေးခွန်းတစ်ရပ်ပင်ဖြစ်သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နာဆာအဖွဲ့က အာကာသလွန်းပျံယာဉ်များလွှတ်တင်ခြင်းကို ရပ်ဆိုင်းတော့မည်

http://www.planet.com.mm/news/newsimg/July08/nasa200.jpg

အမေရိကန်အမျိုးသားအာကာသသုတေသနအဖွဲ့ချုပ် ( နာဆာ) သည် အာကာသလွန်းပျံယာဉ်များ လွှတ်တင်သည့်အစီအစဉ်များကို အပြီးအပိုင်ရပ်ဆိုင်းရန် ရက်သတ်မှတ်လိုက်ပြီဖြစ်သည်။ အမေရိကန်၏ နောက်ဆုံးအာကာသလွန်းပျံယာဉ်ကို သတ်မှတ်ထားသည့် နောက်ဆုံးရက်မတိုင်မီ လေးလအလို (၂၀၁၀) ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် လွှတ်တင်မည်ဖြစ်ပြီး နောင်တွင်အာကာသလွန်းပျံယာဉ်များလွှတ်တင်ခြင်းကို လုံးဝပြုလုပ်တော့မည်မဟုတ်ပေ။ နာဆာတွင် လျာထားသော လွန်းပျံယာဉ်လွှတ်တင်ရေးအစီအစဉ် (၁၀) ခု မျှကျန်ရှိနေသေးသော်လည်း အမေရိကန်သမ္မတ ဘုရှ်က (၂၀၁၀) ခုနှစ်၊ စက်တင်ဘာလ (၃၀) မှ စ၍ လွန်းပျံယာဉ် ပျံသန်းမှုအားလုံးကို ရပ်ဆိုင်းပစ်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်အား တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် ပျံသန်းမှု (၅) ခု၊ (၂၀၀၉) ခုနှစ်တွင် (၅) ခု၊ (၂၀၁၀) တွင် (၃) ခုတို့ကိုအပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်သည်။ ကွန်ဂရက်အဖွဲ့ဝင်အချို့ကမူ လွန်းပျံယာဉ်ခရီးစဉ် အနည်းဆုံးနောက်ထပ် (၁) ခုမျှတိုးမြှင့်စေလိုကြပြီး ဒေါ်လာ (၁.၆) ဘီလျံတန်ဖိုးရှိ အယ်လ်ဖာသံလိုက် စပက်ထရိုမီတာအား အာကာသစခန်းသို့ သွားရောက်တပ်ဆင်ရန် ဆန္ဒရှိနေကြသည်။ အဆိုပါ မစ်ရှင်မှာ (၂၀၀၃) ခုနှစ်အတွင်း ကိုလံဘီယာအာကာသလွန်းပျံယာဉ်ပျက်ကျပြီးနောက် ဖျက်သိမ်းခဲ့ရသော မစ်ရှင်ပေါင်း တစ်ဒါဇင်ခန့်တွင် တစ်ခုအပါအ၀င်ဖြစ်သည်။ နာဆာအနေဖြင့် လွန်းပျံယာဉ်များလွှတ်တင်ရေးကို ရပ်ဆိုင်းလိုက်ပြီးနောက် လမျက်နှာပြင် လေ့လာရေး အေရီးဒုံးပျံများနှင့် အိုရီယွန်ယာဉ်များ လွှတ်တင်ရန် အဓိက အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဂြိုလ်တုဓါတ်ပုံ အသုံးချစနစ်သင်တန်းဖွင့်မည်

ဂြိုလ်တုဓါတ်ပုံ အသုံးချစနစ်သင်တန်းဖွင့်မည်
သတင်းအချက်အလက်နှင့်ဆက် သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်မြန်မာနိုင်ငံကွန်ပျူတာပညာ ရှင်အသင်း (MCPA) နှင့် Myanmar Credent Technology တို့ ၏ပူးပေါင်းစီစဉ်မှုဖြင့်သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ သင်ကြားပေးမည့်ဂြိုဟ်တုဓာတ်ပုံ၊ ကောင်းကင်ဓာတ်ပုံအသုံးချခြင်းဘာ သာရပ် (Remote Sensing Course) သင်တန်းအားဒုတိယအ ကြိမ်အနေဖြင့်ရန်ကုန်မြို့၊ လှိုင်မြို့ နယ်၊ Myanmar Info-Tech ရှိ e-learning Center တွင်အပတ် စဉ်အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး နေ့များတွင် ညနေ၅နာရီမှ၆း ၃၀အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

ဖော်ပြပါသင်တန်းကိုဇူလိုင်လ (၁)ရက်နေ့မှစက်တင်ဘာလ(၈)ရက် နေ့အထိသင်တန်းသား(၂၀)ဦးသာ လက်ခံ၍သင်ကြားပို့ချပေးမည် ဖြစ်ပြီးသင်တန်းကြေးမှာငါးသောင်း ကျပ်(စာရွက်စာတမ်းကြေးပါ) ဖြစ် ၍အစိုးရ၀န်ထမ်းများကျောင်းသား များ၊ MCPA အသင်းဝင်များ၊ MES အသင်းဝင်များအား 20% Discount ပေးမည်ဖြစ်ကြောင်းသိ ရှိရသည်။ အသေးစိတ်သိလိုပါက Myanmar Info-Tech ရှိမြန်မာ နိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံး ခန်း၊ အဆောင်(၄)၊ အခန်း(၄)ဖုန်း နံပါတ်-၆၅၂၂၇၆ သို့ဆက် သွယ်နိုင်သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာကာသကာကွယ်ရေးစနစ် တရုတ်စစ်တပ်တည်ဆောက်နေ

http://www.planet.com.mm/news/newsimg/March08/china250.jpg

တရုတ်နိုင်ငံသည်အကျပ်အတည်း အချိန်အတွင်းဖြစ်ပွားလာနိုင်သော ပြိုင်ဆိုင်မှုများတွင် ဂြိုဟ်တုအသုံးပြုမှုကို တားဆီးရန် (သို့)ထိန်းချုပ်ရန်နည်းပညာကိုပြုလုပ်နေ ကြောင်းဖြင့် ကွန်ကရက်သို့တင်ပြနေသော အစီရင်ခံစာတွင် ပင်တဂွန်ကရေးသားဖော်ပြထားသည်။ အဆိုပါအစီရင်ခံစာထဲတွင် အာကာသစစ်ပွဲအတွက်ကြိုးစားနေခြင်းကို တရုတ်နိုင်ငံက စစ်အင်အားတိုးတက်မှုအတွက်လက်တွေ့ကျသောနည်းလမ်းတစ်ခု အဖြစ်သာမက အမျိုးသားဂုဏ်သိက္ခာကို မြှင့်တင်ရန်ပင်ဟုရှုမြင်နေသည်ဟုဖော်ပြ ထားသည်။ တရုတ်စစ်အင်အားတိုးချဲ့ သည့် ထိုင်ဝမ်လွတ်လပ်ရေးကိုတားဆီးရန် အဓိကဖြစ်ပြီးအာကာသစစ်ပွဲကိုတရုတ်အာရုံစိုက်နေသည်မှာလည်း ထိုင်ဝမ်နည်းပညာ ၏တစ်စိတ်တစ်ဒေသဖြစ်သည်။

တရုတ်နိုင်ငံသည် ပင်တဂွန်၏စစ်ရေးအစီစဉ်များနှင့် မူဝါဒများကိုအမြဲတမ်းလိုလို ဝေဖန်လေ့ရှိသည်။ အရှေ့အာရှဒုလက်ထောက်ကာကွယ်ရေးဝန်ကြီးဒေးဗစ်ဆစ္စ ဒနီက တရုတ်နိုင်ငံသည်ယခုနှစ်အစီရင်ခံစာကို အချက်အလက်မှားတရုတ်ဆန့်ကျင်ရေးအစီရင်ခံစာဟု ဝေဖန်ပြောဆိုလိမ့်မည်ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ သို့သော်အမေရိကန်နှင့်တရုတ်တာဝန်ရှိသူ များသည်အဆိုပါအစီရင်ခံစာအကြောင်း ကိုပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်သည်။ ထို့ပြင်ဝါရှင်တန်ရှိတ ရုတ်စစ်သံအရာရှိများကိုလည်းအစီရင်ခံစာကို ဖတ်ပြခဲ့ပြီးဖြစ်သည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘာကြောင့်ကြယ်တံခွန်မှာအမြီးတန်းရှိနေတာလဲ ?



ကြယ်တံခွန်ဆိုတာကီလိုမီတာအနည်းငယ်ပဲထူထဲတဲ့ကျောက်သားအကြေအမွတွေ၊ရေခဲအကြေအမွ တွေဖွဲ့စည်းထားတဲ့ကိုယ်ထည်ကြီးဖြစ်တယ်။သူကနေနဲ့အနီးကိုရောက်လာတဲ့အခါမှာပူလာတယ်။ရေ
ခဲတွေကဓာတ်ငွေ့တွေ အဖြစ်ပြောင်းလဲသွားတယ်။ ဖုန့်မှုန့်အပိုင်းအစတွေကို အာကာသထဲဆွဲထုတ်ပစ် ထယ်။နေမှပျံထွက်လာတဲ့ အမှုန်လေးတွေစုထားတဲ့တိမ် တိုက်တွေ ဟာ (အာကာသထဲရှိလေကြောင့်)သူ့ဓာတ်ငွေ့ တွေကိုနောက် ဘက် တွန်းထုတ်ပြီးဖုန်မှုန့် တွေနဲ့အမြီးတန်း အဖြစ်ဖွဲ့စည်းထားလိုက်ပါတယ်။နေရဲ့အနား ကဖြတ်ပျံနေစဉ်မှာ အဲဒီဥက္ကာခဲရဲ့အမြီးတန်းက သိပ်လှတယ်။ အလှဆုံးပဲ၊ အမြီးတန်းက်ီလိုမီတာသန်းနဲ့ ချီပြီးရှည်လျားနိုင်တယ်။ တစ်ချို့အမြီးတန်းတွေက သိပ်ကိုပါးလွှာတယ်။ ဥပမာအားဖြင့်ကမ္ဘာ့အနီးမှဘေးဒုက္ခ မပေးဘဲဖြတ်ပျံသွား တဲ့ဟေလီကြယ်တံခွန်ရဲ့ အမြီးဟာသိပ်ကိုပါးလှပ်ပါတယ်

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS
Related Posts Plugin for WordPress, Blogger...