Powered by Blogger.
RSS

ဂြိုဟ်တုပတ်လမ်းများ


Geostationary Orbit (GEO)

GEO ပတ်လမ်းသည် ဂြိုဟ်တုဆက်သွယ်ရေး အခန်းကဏ္ဍ၌ အသုံးများသော ပတ်လမ်းတစ်ခုဖြစ်သည်။ ထိုပတ်လမ်းတွင် လှည့်ပတ်နေသော ဂြိုဟ်တုသည် ကမ္ဘာကို တစ်ပတ်ပြည့်ရန် ၂၄ နာရီ ကြာလှည့်ပတ်သည်။ ထိုသို့ ကမ္ဘာနှင့် တူညီစွာလှည့်ပတ်နေသောကြောင့် မြေပြင်မှကြည့်လျှင် ဂြိုဟ်တုသည် ပုံသေအမှတ်တစ်ခု၌သာ တည်ရှိနေမည်ဖြစ်သည်။ GEO ပတ်လမ်း၏ inclination သည် သုည နီးပါးဖြစ်ပြီး အီကွေတာနှင့် ထပ်တူနီးပါးတည်ရှိသည်။

ဂြိုဟ်တုသည် ပုံသေအမှတ် တစ်မှတ်တွင်သာ တည်ရှိသောကြောင့် ဂြိုဟ်တုအား tracking ပြုလုပ်ရန်မလိုအပ်ပေ။ ဂြိုဟ်တုသည် ၄င်း၏ မပြောင်းလဲသော လွှမ်းခြုံဧရိယာအတွင်း များပြားသော operation များကိုလုပ်ဆောင် ပေးနိုင်သည်။ ရုပ်သံထုတ်လွှင့်မှုများ အပါအ၀င် များပြားလှသော ဆက်သွယ်ရေးဂြိုဟ်တုများကို GEO ပတ်လမ်းသို့ လွှတ်တင်အသုံးပြုနေကြသည်။

သို့သော်လည်း GEO ပတ်လမ်းသည် ကမ္ဘာမှ ၃၆၀၀၀ km အကွာအဝေးတွင် တည်ရှိသောကြောင့် GEO ဂြိုဟ်တုများအတွက် ထုတ်လွှင့်ခြင်းနှင့် ဖမ်းယူခြင်းတို့တွင် ၀.၂၅ စက္ကန့် ကြာမြင့်သည့် signal delay ကိုဖြစ်ပေါ်စေသည်။ ထိုအချက်သည် အချက်အလက်များ ထုတ်လွှင့်ခြင်း (သို့) တယ်လီဖုန်းဆက်သွယ်ခြင်း တို့အတွက် အခက်အခဲတစ်ရပ်ဖြစ်သည်။ GEOဂြိုဟ်တုသည် အီကွေတာနှင့် တူညီသည့်ပတ်လမ်းတွင် တည်ရှိသဖြင့် လက်တီတွဒ် (သို့) လောင်ဂျီတွဒ် မြင့်မားသော နေရာများတွင်မူ ဂြိုဟ်တုနှင့် ဖမ်းယူရေးစခန်းအကြား elevation angle (မော့ထောင့်) တန်ဘိုး လျော့ကျနိုင်သည်။ ထိုအချက်သည် mobile communication အတွက် အခက်အခဲတစ်ရပ်ဖြစ်သည်။

Medium Earth Orbit (MEO)


MEO ပတ်လမ်းသည် ကမ္ဘာမြေပြင်မှ အကွာအဝေး ၂၀၀၀-၃၅၀၀၀ km အကြားတွင် တည်ရှိသော ပတ်လမ်းများကို ခေါ်ဆိုသည်။ MEO ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုသည် ကမ္ဘာကို တစ်ပတ်ပြည့်ရန် ၄င်း၏ ပတ်လမ်းအမြင့်အလိုက် ၂ နာရီမှ ၂၄ နာရီ အတွင်း ကြာမြင့်သည်။ MEO ရှိ ဂြိုဟ်တုများအား GPS အသုံးပြုခြင်း အတွက်အများဆုံး အသုံးပြုကြသည်။


Low Earth Orbit (LEO)

LEO ပတ်လမ်းသည် ကမ္ဘာမြေပြင်မှ ၁၆၀-၂၀၀၀ km (၁၀၀-၁၂၄၀ မိုင် ) အကွာတွင် တည်ရှိသော ပတ်လမ်းဖြစ်သည်။ LEO ပတ်လမ်းအတွင်းရှိ ဂြိုဟ်တုသည် တစ်နာရီလျှင် ၂၇၄၀၀ km ( ၈ km/s ) နှုန်းဖြင့် ကမ္ဘာကို မိနစ် ၉၀ လျှင်တစ်ကြိမ် လှည့်ပတ်သည်။ LEO ဂြိုဟ်တုများအား ဆက်သွယ်ရေးနှင့် အခြားကဏ္ဍများတွင် အသုံးပြုကြသည်။ LEO ဂြိုဟ်တုသည် ပတ်လမ်းနိမ့်ဖြစ်သောကြောင့် လွှမ်းခြုံဧရိယာ ကျယ်ပြန့်စေရန် ဂြိုဟ်တုအစုအဝေးဖြင့် ချိတ်ဆက်ထားရှိကြသည်။ Remote sensing အတွက် LEO ဂြိုဟ်တုအစုအဖွဲ့များကို အဓိကအသုံးပြုကြသည်။

Source: 9SpaceStudy

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...