Powered by Blogger.
RSS

NASA ရဲ့ Glory ဂြိုလ်တု ကို မတ်လ လေးရက်နေ့ လွှင့်တင်ရန် ပြင်ဆင်ပြီးစီး

http://www.hin4ooe.com/main/temp/Mar%204,%202011/nasa.jpg

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA ) က အင်္ဂါနေ့က ထုတ်ပြန် ကြေညာရာမှာ ၎င်းတို့ရဲ့ Glory ဂြိုလ်တုကို မတ်လ လေးရက် (သောကြာနေ့) မှာ လွှတ်တင်နိုင်အောင် ပြင်ဆင်ပြီးပါပြီလို့ ဆိုပါတယ်။ လောင်စာစက် Taurus XL အတွက် လိုအပ်မယ့် မြေပြင်ထောက်ကူပြု ပစ္စည်းကိရိယာ နည်းပညာ ပိုင်းတွေကြောင့် မူလက သတ်မှတ်ထားတဲ့ ဖေဖော်ဝါရီ ၂၃ ရက် လွှင့်တင်ဖြစ်ဖို့ လျာထားချက်က ရွေ့ဆိုင်းထားခဲ့ရတယ်။ အခု ပြန်လည် ပြင်ဆင် ပြီးသွားပါပြီလို့ NASA က ရှင်းလင်းချက်မှာ ပြောသွားပါတယ်။ မတ်လ လေးရက်နေ့ ၊ (ဂရင်းနစ် စံတော်ချိန် ၁၀:၀၉) မနက် ၅:၀၉ EST မှာ ကာလီဖိုးနီးယား ပြည်နယ်၊ ဝမ်ဒန်ဘာ့ဂ် (Vandenberg) လေတပ် အခြေစိုက် စခန်းက လွှင့်တင်မှာ ဖြစ်ပါတယ်။ လောင်စာကန် ဖွင့်ချိန် လေးဆယ့် ရှစ်စက္ကန့် ကြားကာလကို စတင် သတ်မှတ်ပါမယ်။ လောင်စာလွှတ်ပြီး ဆယ့်သုံးမိနစ် အကြာမှာ မြေပြင်က ထွက်ခွာပါမယ်လို့ NASA အရ သိရတယ်။

ဒီ Glory စီမံကိန်းဟာ နေနဲ့ Aerosols ခေါ်တဲ့ လေထုတွင်း သေးငယ်တဲ့ ( ဓါတ်ငွေ့ တိမ်မွှားလေးတွေပါ ) အမှုန်လေးတွေက ကမ္ဘာ့ ရာသီဥတုအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲဆိုတာနဲ့ ပတ်သက်လို့ ပိုပြီး သိနားလည်လာစေဖို့ ဖြစ်ပါတယ်။ ရာသီဥတု အပြောင်းအလဲ ခန့်မှန်းချက်တွေ အတွက် လိုအပ်မယ့် အဓိက အကြောင်းချင်းရာတွေကို ရှာဖွေရာမှာ ကုန်ကျမယ့် အခြား နေစွမ်းအင်သုံး ကိရိယာများမှာ ပါဝင် ကူညီပါမယ်။ A-train (ဒါမှမဟုတ်) Afternoon Constellation လို့ခေါ်တဲ့ ဂြိုလ်တု အဖွဲ့အစည်းနဲ့လည်း ဆက်သွယ် ပါလိမ့်မယ်။ NASA ရဲ့ Aqua နဲ့ Aura အာကာသ ယဉ်အပါအဝင် ကမ္ဘာ့ လေ့လာရေး အခြား ဂြိုလ်တုတွေရဲ့ အဖွဲ့ဟာ ဖွဲ့စည်းပုံ အခိုင်အခန့်နဲ့ လည်ပတ်နေပြီးသား ရှိနေပါပြီ။

မြေကမ္ဘာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဒီထက်မက ပိုမို ရှုပ်ထွေးနိုင်မယ့် အခြေခံ ဒြပ်စင်တွေ အကြောင်းကို ရှင်းပြနိုင်ဖို့ နည်းပညာ အသစ်တွေကိုပါ Glory နဲ့ တစ်ခါတည်း ထည့်သွင်း ပါသွားပါမယ်။ ဒီခရီးစဉ်မှာ အခြေခံ ကိရိယာ နှစ်ခု ရှိပါတယ်။ Aerosol Polarimetry Sensor(APS)နဲ့ Total Irradiance Monitor(TIM )တဲ့။ နေရောင်ခြည်လှိုင်း စုပ်ယူတဲ့နှုန်းနဲ့ ဖြာထွက်တဲ့ နှုန်းအရ ရာသီဥတုကို သက်ရောက်စေတဲ့ အမှုန် Aerosol လို့လည်း ခေါ်တဲ့ ကမ္ဘာ့ ဖိအားအပေါ် အနည်းနဲ့အများ အကျိုးသက်ရောက်မှု ရှိတဲ့ ဓါတ်ငွေ့ တိမ်မွှား၊ အမှုန်တွေရဲ့ စစ်ကြောင်း တိုင်းတာတဲ့ ကိရိယာ ကို APS လို့ ခေါ်နိုင်မယ်။ တိမ်တွေရဲ့ သဘာဝကို စိစစ်ပြီး ခန့်မှန်းချက် ထုတ်ပေးမယ့် စက်တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်တစ်ခု TIM ကိုတော့ ဓါတ်ရောင်ခြည်တိုင်း ကိရိယာလို့ပဲ အလွယ် ခေါ်ကြမယ်။
ကမ္ဘာ့လေထု အပေါ်ဆုံးအလွှာကို ဖြတ်သန်း ဝင်ရောက်လာမယ့် နေရောင်ခြည် စွမ်းအင်တွေရဲ့ (ဒါမှမဟုတ်) စုစုပေါင်း နေစွမ်းအင် ရောင်ခြည် ဖြာထုတ်မှုနှုန်း ဆယ်စုနှစ် တစ်ခုစာ ဒေတာတွေ၊ (အချက်အလက်တွေ)ကို TIM က ထိန်းသိမ်းပေးမယ်။ APS က မြင်နိုင် “ဆုံတာ” ကနေ အနီအောက် ရောင်ခြည်လှိုင်းတို မမြင်နိုင် “ဆုံတာ” အထိ လှိုင်းအလျား ကွဲပေါင်း ကိုးခုရဲ့ အချက်အလက်တွေကို စုပါမယ်။ ဒီအချက်အလက်တွေက သိပ္ပံပညာရှင်များ အတွက် aersols (ဓါတ်ငွေ့ တိမ်မွှားများ)နဲ့ ပတ်သက်ပြီး ပိုမို သိနားလည်လာစေမှာ ဖြစ်ပါတယ်။

NASA ရဲ့ ပထမဆုံး ကမ္ဘာပါတ်လမ်း အတွင်းရှိတဲ့ Polarimeter က ဒီတိမ်မွှားတွေမှာ အချို့က လူလုပ်တာလား ၊သဘာဝလား ခွဲခြားနိုင်အောင် စီစဉ် ကူညီပေးပါမယ်။ ရရှိလာတဲ့ သတင်း အချက်အလက်တွေကို ကမ္ဘာ့လုံးဆိုင်ရာ ရာသီဥတု စံပုံစံ အတွက် ပိုမိုကောင်းမွန်အောင် ထည့်သွင်း မွမ်းမံပါမယ်။ ကျွန်တော်တို့ ဂြိုလ်ကမ္ဘာနဲ့ ကျနော်တို့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြား ဘယ်လို ဆက်နွယ်သလဲ ဆိုတာ သိပ္ပံပညာရှင်များ ခွဲခြား ဆုံးဖြတ်နိုင်စေဖို့ အကူအညီ ပေးပါလိမ့်မယ်။ Glory ဟာ ကမ္ဘာအနီးဆုံး ပတ်လမ်းမှာ ပျံသန်း လှည့်ပတ်မှာ ဖြစ်ပြီး အမြင့် ၄၃၈ မိုင်ပဲ ကွာဝေးပါတယ်။ ၄၃၈ မိုင်ဆိုတာ ဝါရှင်တန်နဲ့ ဘော့စ်တန်ကြား အကွာအဝေးပဲ ရှိတယ်။ စတင် ထွက်ခွာပြီး လောင်စာကန် ချပြီးတဲ့နောက် စီမံကိန်း အော်ပရေတာများက ရက်သုံးဆယ် ကြာအောင် စိစစ် စမ်းသပ်ဦးမယ်။ ပြီးမှနောက် အနည်းဆုံး သုံးနှစ်ကြာအထိ အချက်အလက်တွေ စုဆောင်း ကောက်ယူသွားမှာ ဖြစ်ပါတယ်။

Source: hin4ooe

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...