Powered by Blogger.
RSS

နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော ဒုံးပျံနှစ်စင်းအား အိန္ဒိယ စမ်းသပ်ပစ်လွှတ်


အိန္ဒိယနိုင်ငံသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော တာလတ်ပစ် ဒုံးပျံနှစ်စင်းအား သောကြာနေ့တွင် နိုင်ငံ၏ အရှေ့ဘက် ကမ်းခြေ၌စမ်းသပ်ပစ်လွှတ်ခဲ့သည်ဟု သတင်း ထုတ်ပြန် ခဲ့သည်။ အဆိုပါ အစီအစဉ်သည်အိန္ဒိယနိုင်ငံ နျူကလီးယား မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်းလည်းဖော်ပြထားသည်။

သင်္သကရိုက် ဘာသာစကားဖြင့် Dhanush (လေးသည်တော်၏ လေးကိုင်း) ဟုအဓိပ္ပာယ် ရသည့် ဒုံးပျံအား သြရိယပြည်နယ်၏ အရှေ့ဘက် ဘင်္ဂလားပင်လယ်အော်အတွင်းရှိရေတပ် စစ်သင်္ဘောတစ်စင်းမှ သောကြာနေ့ မနက်တွင် ပစ်လွှတ်ခဲ့သည်။ ထို့နောက်ဒုတိယမြောက် ဒုံးပျံ ဖြစ်သည့် Prithvi II (ကမ္ဘာမြေ) ဒုံးပျံကိုသြရိယပြည်နယ်မြို့တော် Bhubaneswar ၏ အရှေ့မြောက် ဘက် ကီလိုမီတာ ၂၀၀ အကွာရှိChandipur ကမ်းခြေ ဒုံးပျံစမ်းသပ် ပစ်လွှတ်ရေးစခန်းမှ ပစ်လွှတ်ခဲ့သည်။

ဒုံးပျံနှစ်စင်းလုံးအား အောင်မြင်စွာ ပစ်လွှတ်နိုင်၍ missionအားလုံးကို ပြီးမြောက်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း စမ်းသပ်ပစ်လွှတ်ရေးစခန်းဒါရိုက်တာ ဖြစ်သူ S.P Dash က ပြောကြားခဲ့သည်။

၁၁ မီတာ (၃၆ ပေ) ရှည်သော Dhanush ဒုံးပျံသည် မြေပြင်မှ မြေပြင်ပစ်ဒုံးပျံဖြစ်သော Prithvi ဒုံးပျံ၏ မူကွဲတစ်ခုဖြစ်ပြီး ၃၅၀ ကီလိုမီတာ အကွာအဝေးကိုပစ်လွှတ်နိုင်သည်။ အဆိုပါ ဒုံးပျံကို အိန္ဒိယရေတပ်မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၈.၅ မီတာ (၂၈ ပေ) ရှည်သော Prithvi II ဒုံးပျံသည် ၁၅၀ ကီလိုမီတာ မှ၃၅၀ ကီလိုမီတာ အကွာအဝေးသို့ ပစ်လွှတ်နိုင်ပြီး payload အလေးချိန် တစ်တန် (၁၀၀၀ကီလိုဂရမ်) ကို သယ်ဆောင် နိုင်သည်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ သုတေသနဖွံ့ဖြိုးမှုအဖွဲ့ (DefenceResearch Development Organisation) သည် နျူကလီးယား လက်နက် ပိုင်ဆိုင်ထားသောအိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်နှင့် ပါကစ္စတန် နိုင်ငံများကိုယှဉ်ပြိုင်ရန် နိုင်ငံ၏ နျူကလီးယား မဟာဗျူဟာ အနေဖြင့် ဒုံးပျံများကို စမ်းသပ်ထုတ်လုပ်နေခြင်း ဖြစ်သည်။ အဆိုပါ ဒုံးပျံစမ်းသပ်မှုသည် အိန္ဒိယ တပ်မတော်စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ကြောင်း ကာကွယ်ရေးဌာနမှပြောကြားခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...