Powered by Blogger.
RSS

၂၀၁၁ ခုနှစ်အတွင်း တတိယမြောက်လွှတ်တင်မည့် Ariane 5 ဒုံးပျံအား Spaceport ၌ စတင် တပ်ဆင်

၂၀၁၁ခုနှစ်အတွင်း တတိယမြောက်လွှတ်တင်မည့် Ariane 5 ဒုံးပျံအား ပြင်သစ် ဂိုင်ယာနာ နိုင်ငံရှိ Spaceport ၌ ကနဦးတပ်ဆင်မှု ပြီးစီးပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါတပ်ဆင်မှုကို Spaceport ရှိဒုံးပျံတပ်ဆင်ခြင်းအဆောက်အဦး (Launcher Integration Building) ၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ Upper Stage (ESC)နှင့် Vehicle equipment bay တို့အား unit တစ်ခုတည်းအဖြစ် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့တပ်ဆင်ထားသော Ariane 5 လွှတ်တင်ရေးဒုံးပျံအား Spaceport ၌ပင်တည်ရှိသော နောက်ဆုံးတပ်ဆင်ခြင်း အဆောက်အဦး (Final Assembly Building) သို့ပို့ဆောင်မည်ဖြစ်ပြီး ယင်းအဆောက်အဦးတွင် Mission ၏ Payload များဖြစ်သော ST-2 ဂြိုဟ်တုနှင့် GSAT-8 ဂြိုဟ်တု နှစ်ခုတို့အား ဆက်လက်တပ်ဆင်ပေးမည် ဖြစ်သည်။

အဆိုပါ Final Assembly Building တွင် မတ်လ ၃၀ ရက်နေ့၌ Yahsat Y1A နှင့် Intelsat New Dawn ဂြိုဟ်တုတို့အား သယ်ဆောင်ပို့လွှတ်မည့် အခြား Ariane 5 လွှတ်တင်ရေးဒုံးပျံတစ်ခု လည်း တပ်ဆင်လျက်ရှိသည်။

နိုင်ငံတကာ payload များအား ပစ်လွှတ်မှုများပြားလာသည့် Ariane 5 လွှတ်တင်ရေးဒုံးပျံ၏ လွှတ်တင်မှုများကို အဆင်ပြေချောမွေ့စေရန် အတွက် Spaceport ၌ mission နှစ်ခုအား operation ပြိုင်တူလုပ်ဆောင်နိုင်ရန် ဒီဇိုင်းပြုလုပ်ထားသည်။

ST-1 ဂြိုဟ်တုနှင့် GSAT-8 ဂြိုဟ်တုတို့အား မေ ၃၀ ရက်၌ လွှတ်တင်ရန် စီစဉ်ထားပြီး Arianespace လွှတ်တင်ရေးကုမ္ပဏီ၏ ၂၀၁၁ ခုနှစ်အတွင်း ပြုလုပ်မည့် လွှတ်တင်မှု (၆) ခုထဲမှ တစ်ခုအပါအ၀င် ဖြစ်သည်။

ST-2 ဂြိုဟ်တုသည် Singapore Telecommunications Ltd (SingTel) နှင့် Chunghwa Telecom Company Ltd တို့ အကျိုးတူပူးပေါင်းတည်ထောင်ထားသော ST-2 Satellite Ventures Pte Ltd အတွက် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ GSAT-8 ဂြိုဟ်တုသည် အိန္ဒိယ အာကာသ သုတေသနအဖွဲ့(Indian Space Research Organization) က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...