Powered by Blogger.
RSS

ဂြိုဟ်တုလေး ၁၇ ဘာသာဖြင့် ကမ္ဘာကို နှုတ်ဆက်နေပြီ

မော်စကို- ရုရှား အာကာသယာဉ်မှူး နှစ်ဦးသည် ကြာသပတေးနေ့က ခြောက်နာရီကြာ အာကာသအတွင်း လမ်းလျှောက် ပြီးနောက် ပထမဦးဆုံး အာကာသယာဉ်မှူးဖြစ်သူ ယူရီဂါဂါရင် ကို ဂုဏ်ပြုသည့် ဂြိုဟ်တုငယ်လေး တစ်လုံးကို လွှတ်တင်ရာ အစပထမ တွင် မ အောင်မမြင်ဖြစ်ခဲ့သည်။

ရုရှားအာကာသ အေဂျင်စီမှ ကြေညာ ချက်ထုတ်ပြန်ရာတွင် နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိနေသော ရုရှားယာဉ်မှူး နှစ်ဦး သည် အာကာသ အတွင်း ၆ နာရီ ၂၂ မိနစ်အကြာမှ ဂြိုဟ်တုငယ်လေးကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အာကာသထဲတွင် ပတ်နေ ပြီဟုလည်း ဖော်ပြထားသည်။ နိုင်ငံတကာ အာကာသစခန်းကို ၁၉၉၈ ခုနှစ်ကတည်းက တည်ဆောက် ခဲ့ပြီးနောက် ရုရှားအာကာသ ယာဉ်မှူး တို့၏ အာကာသတွင်း လမ်းထွက် လျှောက် မှုသည် ၃၅ ကြိမ် ရှိပြီဖြစ်သည်။

၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့က ဂါဂါရင် အာကာသထဲ ပထမဦးဆုံး ခရီးသွားခဲ့သည့် နှစ် ၅၀ မြောက် နှစ်ပတ်လည်နှစ်ကို ဂုဏ်ပြု သည့်အနေ ဖြင့် ကျောင်းသားကလေးများပြုလုပ်ခဲ့ သည့် စီဒါခေါ် ဤဂြိုဟ်တုငယ်လေးကို လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ အာကာသ ယာဉ်မှူးနှစ်ဦးသည် အာကာသထဲထွက်ပြီး တစ်နာရီခန့်ကြာ သည့်တိုင်အောင် ၆၆ ပေါင် အလေးချိန်ရှိ ဂြိုဟ်တုလေးကို မလွှတ်တင် နိုင်ခဲ့ပေ။ ထိုဂြိုဟ်တုလေးကို ရုရှားအင်ဂျင်နီယာ များက ဒီဇိုင်းထုတ်ပြီး ကျောင်းသားက လေးများက တည်ဆောက်ခဲ့ခြင်းဖြစ် သည်။ ယခုအခါ ဘာသာပေါင်း ၁၇ ဘာသာဖြင့် နှုတ်ခွန်းဆက်သည့်အသံ လွှင့်ချက်များကို ထုတ်လွှင့်ပေးနေသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...