Powered by Blogger.
RSS

ပထမဦးဆုံးသော ပါကစ္စတန်နိုင်ငံပိုင် ဆက်သွယ်ရေးဂြိုဟ်တု Paksat-1R ဂြိုဟ်တုကိုအောင်မြင်စွာလွှတ်တင်နိုင်ခဲ့


သြဂုတ်၊ ၁၁ ၊ ၂၀၁၁

၂၀၁၁၊ သြဂုတ်လ ၊ ၁၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံပိုင် ဂြိုဟ်တုဖြစ်သော Paksat-1R ဂြိုဟ်တုကို Long March-3B လွှတ်တင်ရေးဒုံးပျံဖြင့် တရုတ်နိုင်ငံ စီချွမ်းဒုံးပျံလွှတ်တင်ရေး၌ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။ Paksat-1R ဂြိုဟ်တုအား လွှတ်တင်ပြီး ၂၆ မိနစ်အကြာတွင် ဒုံးပျံမှ ခွဲထွက်ခြင်းအဆင့်ကိုပြုလုပ်ခဲ့၍ GEO တည်ငြိမ်ပတ်လမ်းအတွင်း အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

Paksat-1 ဂြိုဟ်တုအား အစားထိုးရန်အတွက် ၁၅ နှစ်သက်တမ်းရှိသော Paksat-1R ဂြိုဟ်တုကို တည်ငြိမ်ပတ်လမ်း၌ အရှေ့လောင်ဂျီတွဒ် ၃၈၀ ဒီဂရီတွင်ထားရှိမည်ဖြစ်ကြောင်း သိရသည်။ Paksat-1R ဂြိုဟ်တုတွင် C-band transponder ၁၂ လုံး၊ Ku-band transponder 18 လုံးတပ်ဆင်ထားပြီး အာရှတိုက်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများ၊ ဥရောပအရှေ့ပိုင်းဒေသများ၊ အာဖရိကအရှေ့ပိုင်းဒေသများ အစရှိသည့် နေရာများကို TV broadcasting ၊ Internet နှင့် Data communication ၀န်ဆောင်မှုများပေးနိုင်သည်။

Paksat-1R ဂြိုဟ်တုသည် မိမိတို့နိုင်ငံအတွက် ပထမဦးဆုံးလွှတ်တင်နိုင်သော နိုင်ငံပိုင်ဆက်သွယ်ရေးဂြိုဟ်တုအဖြစ် သမိုင်းတွင်မည့်ဖြစ်ရပ် ဖြစ်ကြောင်း ပါကစ္စတန် သမ္မတနှင့် ၀န်ကြီးချုပ်တို့ကပြောကြားခဲ့သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...