Powered by Blogger.
RSS

ရုရှား လူမဲ့အာကာသကုန်တင်ယာဉ် ပျက်ကျခဲ့ပြီးနောက် လူလိုက်ပါ အာကာသခရီးစဉ်များကို ရွှေ့ဆိုင်းထားဖွယ်ရှိ

w64801

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ စေလွှတ်ခဲ့သော ရုရှားလူမဲ့ အာကာသကုန်တင်ယာဉ် ပျက်ကျခဲ့ပြီးနောက် အာကာသစခန်းသို့ လူစေလွှတ်မည့် ခရီးစဉ်များကိုပါ ရုရှားက ရွှေ့ဆိုင်းထားဖွယ်ရှိကြောင်း သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် အာကာသကုန်တင်ယာဉ် ဆိုက်ဘေးရီးယားဒေသ အပေါ် ပျက်ကျခဲ့ပြီးနောက် လူလိုက်ပါ အာကာသဒုံးယာဉ် စေလွှတ်မည့် ခရီးစဉ်များကိုပါ ပြန်လည် သုံးသပ်ရမည့် အခြေအနေ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ လာမည့် စက်တင်ဘာလ ၈ ရက်နေ့တွင် အာကာသစခန်းမှ ရုရှားအာကာသယာဉ်မှူး နှစ်ဦး၊ အမေရိကန်အာကာသယာဉ်မှူး တစ်ဦး တို့ကို ကမ္ဘာမြေပေါ် ပြန်ခေါ်မည့် ဆိုယုဇ်ဒုံးယာဉ်ကို စေလွှတ်ရေးပါ နှောင့်နှေးဖွယ်ရှိနေသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ လူလိုက်ပါ ဒုံးယာဉ် လွှတ်တင်ရေးကိုပါ ဆက်လက် ရွှေ့ဆိုင်းရမည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

လက်ရှိ ပျက်ကျသွားသော ရုရှားအာကာသကုန်တင်ဒုံးယာဉ် Soyuz-U မှာ တတိယအဆင့် မော်တာတွင် လူလိုက်ပါ ဒုံးယာဉ် Soyuz-FG နှင့် တတိယဆင့် မော်တာတွင် တူညီမှု ရှိသောကြောင့် ရုရှားက ဒုံးယာဉ်အားလုံးကို ပျံသန်းမှု ရပ်ဆိုင်းပြီး ပြန်လည် စစ်ဆေးနေပြီး လမ်းကြောင်းပြ ဂြိုဟ်တုတစ်စင်းကို ဆိုယုဇ်ဒုံးယာဉ်ဖြင့် လွှတ်တင်မည့် အစီအစဉ်ကိုလည်း ရွှေ့ဆိုင်းလိုက်သည်။

လက်ရှိအချိန်တွင် အမေရိကန်ကလည်း အာကာသလွန်းပြန်ယာဉ် အားလုံးကို အနားပေးလိုက်ပြီ ဖြစ်ရာ အာကာသစခန်းသို့ သွားရောက်ရန် အတွက် ဆိုယုဇ် ဒုံးယာဉ်များကိုသာ တစ်ကမ္ဘာလုံးက သုံးစွဲနေရသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...