Powered by Blogger.
RSS

အသံထက် အဆ ၂၀ မြန်သောလေယာဉ်အား စမ်းသပ်ပျံသန်းမှု မအောင်မြင်


အမေရိကန်ပြည်ထောင်စု စစ်ဘက်မှ စမ်းသပ်သော အသံထက် အဆ ၂၀ (တစ်နာရီ မိုင် ၁၃၀၀၀/ ကီလိုမီတာ ၂၁၀၀၀) မြန်သော လေယာဉ်သည် ကြာသပတေးနေ့ (၁၁.၈.၂၀၁၁) နံနက်တွင် တာဝန်ရှိ အင်ဂျင်နီယာများ၊ သိပ္ပံပညာရှင်များနှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။

မူလ စမ်းသပ်ပျံသန်းမှု အစီအစဉ်မှာ စမ်းသပ်မှုလေယာဉ်သည် ဗန်ဒဲန်ဘာ့ဂ် လေတပ်စခန်းမှ စတင်၍ ပိစိဖိတ်သမုဒ္ဒရာအား ဖြတ်ပြီး မိုင် ၄၀၀၀ကွာ ကွာဂျလိန်းကျွန်းဝိုင်း (Kwajalein Atoll) အနီး ရေပြင်သို့ ကျသွားမည်ဖြစ်သည်။

Falcon Hypersonic Technology Vehicle 2 ဟုခေါ်သော ထိုလေယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ် စန်တာ ဘာဘရာမြို့ (Santa Barbara)၏ အနောက်မြောက်ရှိ ဗန်ဒဲန်ဘာ့ဂ် လေတပ်စခန်း (Vandenberg Air Force Base) မှ နံနက် ၇း၄၅ မိနစ်တွင် ခရီး စတင်ခဲ့သည်။ မိနစ် ၂၀ ခန့်အကြာတွင် ပင်တဂွန်စစ်ဌာနချုပ် (Pentagon) ၏ သုတေသနဌာန တစ်ခုဖြစ်သော Defense Advanced Research Projects Agency (DARPA) က မိမိတို့၏ လေယာဉ်မှသတင်းအချက်အလက်ပေးပို့မှု ပြတ်တောက်သွားပြီဟု “တွစ်တာ” (Twitter) မှတဆင့် ကြေညာလိုက်သည်။

ယခုအကြိမ်မှာ ဒုတိယ စမ်းသပ်ပျံသန်းခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ ဧပြီလတွင် ပထမအကြိမ် စမ်းသပ်ပျံသန်း ခြင်း ပြုလုပ်ခဲ့ရာတွင်လည်း ပျံသန်းချိန် ကိုးမိနစ်နှင့်ပင် စမ်းသပ်မှု မအောင်မြင်ဖြစ်ခဲ့ရသည်။


Ref : Internet
Test of hypersonic aircraft fails over Pacific Ocean (The Los Ageles Times)
US military loses contact with hypersonic aircraft (BBC News)
ကောင်းသစ်ရည် (မြန်မာ သတင်းရပ်ဝန်း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...