Powered by Blogger.
RSS

အယ်လီနင် ကြယ်တံခွန် ကမ္ဘာကို ၀င်တိုက်နိုင်သည် ဆိုသည့် ကောလာဟလကို နာဆာ ပယ်ချ

အချင်း ၃ ကီလိုမီတာမှ ၅ ကီလိုမီတာအထိ ကျယ်သော အယ်လီနင် အမည်ရှိ ကြယ်တံခွန်ကြီး ကမ္ဘာကို ၀င်တိုက်တော့မည်ဟု ကောလာဟလများ ပျံ့နှံ့နေမှုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ(နာဆာ)က ခိုင်လုံသော အထောက်အထားများဖြင့် ပယ်ချခဲ့ကြောင်း သိရသည်။

အာကာသတွင်း အရာဝတ္ထုတစ်ခု အနေဖြင့် ဆိုပါက အလွန် သေးငယ်လွန်းပြီး ကမ္ဘာနှင့်လ အကွာအဝေးထက် အဆ ၉၀ ကွာသော နေရာအထိသာ ရောက်ရှိမည် ဖြစ်သောကြောင့် အန္တရာယ် မရှိနိုင်ဟု နာဆာက
တွက်ချက်ပြခဲ့သည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကမ္ဘာနှင့်အနီးဆုံးသို့ ရောက်ရှိမည် ဖြစ်သော်လည်း အကွာအဝေးမှာ မိုင် ၂၂ သန်းအထိ ရှိမည် ဖြစ်သောကြောင့် အန္တရာယ်ဖြစ်မည် ဆိုခြင်းမှာ အဓိပ္ပာယ် မရှိဟု နာဆာမှ ပညာရှင်များက ပြောကြားခဲ့သည်။

အယ်လီနင် ကြယ်တံခွန်ကြီးကို ၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ရုရှားနက္ခတ္တဗေဒပညာရှင် လီယွန်နစ်အယ်လီနင်က တွေ့ရှိခဲ့သည်။ ထိုစဉ်က ကမ္ဘာမြေနှင့် မိုင်ပေါင်း ၄၀၁ သန်း အကွာတွင် ရှိနေခဲ့ပြီး တဖြည်းဖြည်းနှင့် နေအဖွဲ့အစည်း အတွင်းပိုင်းသို့ ၀င်လာခဲ့ရာ ကမ္ဘာပျက်စေနိုင်သော ကြယ်တံခွန်ဟု ကောလာဟလများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...