Powered by Blogger.
RSS

နိုင်ဂျီးရီးယားနိုင်ငံ၏ ကမ္ဘာမြေပြင်စောင့်ကြည့်လေ့လာရေး အသေးစားဂြိုဟ်တုနှစ်လုံး လွှတ်တင်မည်


နိုင်ဂျီးရီးယားနိုင်ငံ၏ ကမ္ဘာမြေပြင်စောင့်ကြည့်လေ့လာရေးအတွက် အသေးစားဂြိုဟ်တုများဖြစ်သော Nigeria Sat-X နှင့် Nigeria Sat-2 ဂြိုဟ်တုတို့အား ၂၀၁၁ ခုနှစ်၊ သြဂုတ်လ၊ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် လွှတ်တင်မည်ဟု သိရှိရသည်။.

ယင်း Nigeria Sat-X နှင့် Nigeria Sat-2 ဂြိုဟ်တုတို့လွှတ်တင်ရခြင်းရည်ရွယ်ချက်မှာ -

- နိုင်ဂျီးရီးယားနိုင်ငံအတွက် မြေပြင်အနေအထားဓါတ်ပုံများရယူခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ လေ့လာစောင့်ကြည့်ခြင်း၊ သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့ရသော နေရာဒေသများ၏ မြေပြင်အနေအထားများရယူခြင်း အစရှိသည့် လုပ်ငန်းများဆောင်ရွက်နိုင်ရန်၊

- ၂၀၀၃ ခုနှစ်တွင်လွှတ်တင်ထားခဲ့ပြီးဖြစ်သော NigeriaSat-1 ၏လုပ်ငန်းစဉ်များကို လွဲပြောင်းချိတ်ဆက်၍ ဆက်လက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်၊

- နိုင်ဂျီးရီးယားနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များအတွက် လွှတ်တင်ခြင်းဖြစ်သည်။

Surrey Satellite Technology Limited ( SSTL ) အဖွဲ့အစည်း၏ ပါဝင်ထောက်ပံ့မှုဖြင့် နိုင်ဂျီးရီးယားနိုင်ငံ အာကာသသုတေသနနှင့် ဖွံ့ဖြိုးရေးအေဂျင်စီသည် Nigeria Sat-2 ဂြိုဟ်တုနှင့် Nigeria Sat-X ဂြိုဟ်တုတို့ကို တည်ဆောက်လွှတ်တင်မည်ဖြစ်သည်။ ၂၀၁၁၊ သြဂုတ်လ၊ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တွင် Nigeria Sat-X ဂြိုဟ်တုနှင့် Nigeria Sat-2 ဂြိုဟ်တုတို့ကို အခြားသောဂြိုဟ်တု ၅ လုံးနှင့်ပူးတွဲ၍ ရုရှားလွှတ်တင်ရေးဒုံးပျံဖြစ်သော Dnepr-1 လွှတ်တင်ရေးဒုံးပျံဖြင့် လွှတ်တင်မည်ဖြစ်သည်။ ပူးတွဲလွှတ်တင်မည့် ဂြိုဟ်တုများမှာ တူရကီနိုင်ငံ၏ RASAT ဂြိုဟ်တု၊ အီတီလီနိုင်ငံ၏ EDUSAT ဂြိုဟ်တု၊ အမေရိကန်နိုင်ငံ၏ ARSAT-5 နှင့် ARSAT-6 ဂြိုဟ်တု တို့နှင့် ယူကရိန်းနိုင်ငံ၏ Sich-2 ဂြိုဟ်တု အစရှိသည့် ဂြိုဟ်တုအသေးစား ၅ လုံးဖြစ်သည်။

ref: //sites.google.com/site/9spacestudy/

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...