Powered by Blogger.
RSS

အာကာသတွင်း ရောက်ရှိနေသော စက်ရုပ်အာကာသယာဉ်မှူးကို စတင် အသက်သွင်း

b42103

ကမ္ဘာပတ်လမ်းအတွင်းရှိ အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ပြီးခဲ့သော ဖေဖော်ဝါရီလ ကတည်းက ပို့လွှတ်ထားသည့် စက်ရုပ် အာကာသယာဉ်မှူးကို မြေပြင်ပေါ်မှ ထိန်းချုပ်သူများက သြဂုတ်လ ၂၃ ရက်နေ့တွင်
ပထမဆုံးအကြိမ် စတင် အသက်သွင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

စက်ရုပ် အာကာသယာဉ်မှူး (Robonaut) ကို စွမ်းအင် စတင် ပို့လွှတ်မှု ပြုလုပ်ခဲ့ပြီး လှုပ်ရှားမှုများ ပြုလုပ်ရန် ညွှန်ကြားခြင်းကိုမူ လာမည့် အပတ်တွင်မှ ပြုလုပ်မည်ဟု သိရသည်။
Robonaut ၏ တွစ်တာစာမျက်နှာကိုလည်း ဖွင့်လှစ်ပေးထားပြီး ပထမ ဆုံး Tweet လုပ်မှုတွင် အီလက်ထရွန်များ ရရှိခြင်းကြောင့် နေသာထိုင်သာ ရှိကြောင်း၊ ခေါင်းကိုလှည့်ပြီး ဘေးဘီကြည့်နိုင်ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ရွှေရောင်ဦးခေါင်းခွံရှိ မျက်လုံးမှ ကင်မရာလေးလုံး၊ ပါးစပ်ထဲရှိသော အနီအောက်ရောင်ခြည်သုံး ကင်မရာ တို့ကိုလည်း ဖွင့်လိုက်ပြီဟု သိရသည်။ Robonaut သည် အာကာသတွင်း ရောက်ရှိသော ပထမဆုံး လူတူစက်ရုပ် ဖြစ်ပြီး လူသား အာကာသယာဉ်မှူးများကို ကူညီရန် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဒစ္စကာဗာရီ လွန်းပြန်ယာဉ်၏ နောက်ဆုံး ခရီးစဉ်တွင် ယင်းစက်ရုပ်ကို သယ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။ စက်တင်ဘာလ ၁ ရက်နေ့တွင်မှ Robonaut ကို လက်ချောင်းများ၊ လက်များ စတင် လှုပ်ရှားရန် ညွှန်ကြားမည် ဖြစ်သည်ဟု သိရသည်။

ယင်းစက်ရုပ်ငယ်သည် ခြေထောက်များ မပါရှိဘဲ အာကာသစခန်း အတွင်းမှသာ လုပ်ငန်းများ ဆောင်ရွက်နိုင်မည် ဖြစ်သည်။ စက်ရုပ်ခြေထောက်များကို ဒီဇိုင်းဆွဲ ပြင်ဆင်မှုများ ပြုလုပ်နေဆဲ ဖြစ်ပြီး ၂၀၁၃ တွင်မှ စတင် သုံးစွဲနိုင်မည် ဖြစ်ပြီး နောက်မျိုးဆက် စက်ရုပ်အာကာသ ယာဉ်မှူးများတွင် တပ်ဆင်နိုင်မည် ဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...