Powered by Blogger.
RSS

အာကာသတွင်း မျက်ရည်ကျရင် ဘယ်လိုဖြစ်မလဲ

အာကာသတွင်း ဆွဲငင်အားမဲ့ အခြေအနေသည် ကမ္ဘာသားတို့အတွက် ကိုးရိုးကားရား ဖြစ်စေသော ဖြစ်စဉ်တစ်ရပ် ဖြစ်သည်။ ယင်းအခြေအနေတွင် မျက်ရည်ကျမိလျှင် အဘယ်သို့ ဖြစ်မည် ဆိုသည့် အဖိုးတန် သင်ခန်းစာကို အမေရိကန် အာကာသယာဉ်မှူး ဒရူးဖျူစတယ်လ်က မေလ ၂၅ ရက်နေ့က လက်တွေ့ခံစားပြီး ထုတ်ဖော်ပေးလိုက်ပြီ ဖြစ်သည်။

''အာကာသထဲမှာတော့ မျက်ရည်ဆိုတာ အောက်ကိုပြုတ်ကျတာမျိုး မဟုတ်ဘူး။ မျက်လုံးအတွင်းမှာပဲ စုပြီးဝိုင်းနေတာမျိုးပါ''ဟု မျက်ရည်ကျခဲ့သည့် ဖျူစတယ်နှင့်အတူ အာကာသတွင်း လမ်းလျှောက်မှုကို ဦးဆောင်သူ အယ်လီဆန်ဘိုလင်ဂါ က ဆိုသည်။

၂၅ ရက်နေ့က အမေရိကန် အာကာသယာဉ်မှူးနှစ်ဦး နိုင်ငံတကာ အာကာသစခန်းပြင်ပ ထွက်ပြီး အာကာသလမ်းလျှောက်မှု ပြုကာ စခန်းကို ပြင်ဆင်မှုများ ပြုလုပ်စဉ် ယင်းဖြစ်စဉ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ဖျူစတယ်၏ ဦးထုပ်တွင်းတွင် ဦးထုပ်ကို သန့်စင်စဉ်က ကျန်ခဲ့သော သန့်စင်ဆေးရည် အနည်းငယ် မပြောင်ဘဲ ကျန်ခဲ့သည်။

''သန့်စင်ဆေးရည်ကို သေသေချာချာ ပြန်မသုတ်ရင် အဲဒါတွေက မျက်လုံးထဲ ၀င်တတ်တယ်ဆိုတာ အရင်ကလည်း ခဏခဏ ဖြစ်ခဲ့ပါတယ်။ ဒါက ပန်းကန်ဆေးဆပ်ပြာလိုပဲလေ။ ဆပ်ပြာ မျက်လုံးထဲဝင်သွားရင် ဘယ်လိုခံစားရမလဲ၊ အဲဒီလို မျိုးပဲပေါ့''ဟု ဘိုလင်ဂါ က ဆိုသည်။ဖျူစတယ်သည် အာကာသ၀တ်စုံတွင် ပါဝင်သော ဖိအားပြောင်းချိန်တွင် နှာခေါင်းကို ပိတ်ရသည့် ဗယ်လ်ဆာဗာဆိုသော ရေမြှုပ်ကိရိယာဖြင့် မျက်လုံးကို သုတ်ပစ်ခဲ့ရသည်ဟု ဆိုသည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...