Powered by Blogger.
RSS

လူလိုက်ပါသော အာကာသစနစ်များ

နိုင်ငံတကာ အာကာသစခန်း (ISS) ၏ ရုရှားနိုင်ငံအပိုင်းကို ၁၉၉၃ ခုနှစ်၌ စတင်တပ်ဆင်၍ ၁၉၉၈ ခုနှစ်၌ စတင် အလုပ်လုပ်သည်။ ယင်းစီမံကိန်းသည် ရုရှားနိုင်ငံနှင့် နိုင်ငံတကာ လုပ်ဖော် ကိုင်ဖက်များ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ ယင်းတို့သည် ကုန်ပစ္စည်း လက်ခံရယူခြင်း အပိုင်း (Functional Cargo Block – FCB) ဖြစ်သည့် Zarya ကိုတီထွင်မှုနှင့် အသုံးချခြင်း ၊ Module Zvezda (၂၀၀၀ ခုနှစ်) ကိုတီထွင်မှု ၊ဆိုက်ကပ်သည့် Module အပိုင်းဖြစ်သော Pirs (၂၀၀၁ ခုနှစ်) ကို တီထွင်မှု စသည်တို့ကို ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ အာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် Progress M ၊ Progress M1 နှင့် Soyuz TM အာကာသယာဉ်များကို ထုတ်လုပ်ခြင်းနှင့် mission အာမခံမှု (၂၀၀၀ ခုနှစ်) တို့ကို လည်း ပြုလုပ်ခဲ့သည်။ လူလိုက်ပါသော အာကာသယာဉ်ဖြစ်သည့် Soyuz TMA ကို ၂၀၀၂ ခုနှစ်တွင် နိုင်ငံတကာအာကာသစခန်း (ISS) ပရိုဂရမ် ၏ အောက်တွင် တီထွင် ဖန်တီးပြုလုပ်ခဲ့သည်။

Soyuz အမျိုးအစားနှင့် Progress အမျိုးအစား အာကာသယာဉ်များဖြင့် နိုင်ငံတကာ အာကာသစခန်း (ISS) တွင် အာကာသသုတေသနနှင့် စမ်းသပ်မှု Program များကို တပ်ဆင်လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာအာကာသစခန်း၏ ရုရှားနိုင်ငံအပိုင်းကို တည်ဆောက်ခြင်း ၊ Multipurpose ဓာတ်ခွဲခန်းနှင့် robotic ဖြစ်ထွန်းမှုအတွက် အရွယ်အစားသေးငယ်သည့် ပါဝါနှင့် သုတေသန module တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

Cybernetics ၊ nanotechnologies နှင့် microelectronics အစရှိသော ခေတ်သစ်နည်းပညာ ရပ်များ အပေါ်အခြေခံ၍ နည်းပညာသစ် အာကာသယာဉ်များ ပေါ်ပေါက်လာစေရန် တီထွင်ဖန်တီး ခြင်းများကို ပြုလုပ်နေသည်။

နိုင်ငံတကာအာကာသစခန်းတွင် အသုံးပြုသည့် ဥရောပ အာကာသကုန်ပစ္စည်းသယ်ယာဉ် ဖြစ်သည့် (ATV – Automated Transfer Vehicle) ကို ပို့လွှတ်ခြင်းနှင့် ယင်း၏ refueling system ၊ docking system ၊ docking unit နှင့် control system တို့ကို ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်လျက် ရှိသည်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...