Powered by Blogger.
RSS

၂၀၁၆ တွင် စက်ရုပ်အာကာသယာဉ် NASA လွှတ်တင်မည်


အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (NASA)က (၂၀၁၆)ခုနှစ်တွင် ဥက္ကာပျံတစ်ခုသို့ စက်ရုပ်အာကာသယာဉ်တစ်စင်း လွှတ်တင်မည်ဟု အတည်ပြု ပြောကြားခဲ့သည်။ ဒေါ်လာ သန်း(၈၀၀) ကုန်ကျမည့် စီမံကိန်းကို မေလ(၂၅)ရက်နေ့တွင် NASAက ထုတ်ပြန်ကြေညာခဲ့ပြီး စက်ရုပ်လက်တံများ တပ်ဆင်ထားသည့် စက်ရုပ်အာကာသယာဉ် ဥက္ကာပျံတစ်ခုစီ လွှတ်တင်ကာ ဥက္ကာပျံ၏ မြေသားနမူနာများ ရယူစေမည်ဟု ဖော်ပြခဲ့သည်။ အာကာသယာဉ် လွှတ်တင်မှုကို (၂၀၁၆)တွင် ပြုလုပ်ဖြစ်မည်ဟု ခန့်မှန်းထားသည်။ 1999 RQ36ဟု အမည်ပေးထားသော ဥက္ကာပျံသို့ အဆိုပါ အာကာသယာဉ်ကို လွှတ်တင်မည်ဖြစ်ပြီး (၂၀၂၀)ပြည့်နှစ်တွင် ဥက္ကာပျံပေါ် ဆင်းသက်နိုင်မည်ဖြစ်သည်။ အာကာသာယာဉ်သည် (၂၀၂၃)ခုနှစ်တွင် ကမ္ဘာမြေသို့ ပြန်လက်ရောက်ရှိလာမည်ဟု ပညာရှင်များက ခန့်မျန်းထားသည်။ “သမ္မတ ဘာရတ်အိုဘားမားက ကျွန်တော်တို့အနေနဲ့ ကမ္ဘာပတ်လမ်းရဲ့ အပြင်ကိုထွက်ပြီး စကြာဝဠာထဲထိ နက်နက်ရှိုင်းရှိုင်း လေ့လာမှုတွေလုပ်ဖို့ အကြံပေး တိုက်တွန်းခဲ့ပါတယ်”ဟု NASAအုပ်ချုပ်ရေးမှူး ချာလီဘော်လ်ဒန်ကဆိုသည်။ ယခုစီမံကိန်းသည် စက်ရုပ်စီမံကိန်း တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး NASA၏ ထူးခြားပြောင်မြောက်သော ခြေလှမ်းတစ်ခု ဖြစ်လာရန် မျှော်လင့်ကြောင်း ဘော်လ်ဒန်ကဆိုသည်။ အာကာသယာဉ်သည် ကမ္ဘာ့လေထုထဲ ခြောက်နာရီ ပျံသန်းပြီးနောက် လွန်းပျံCapsuleထဲ ထည့်ထားသည့် စက်ရုပ်ယာဉ်ကို တွန်းလွှတ်ပေးလိုက်မည်ဖြစ်သည်။ ယခုလေ့လာမည့် ဥက္ကာပျံသည် သက်တမ်းနှစ်ပေါင်း (၄.၅)ဘီလျံမျှ ရှိနေပြီဟု သိပ္ပံပညာရှင်များက ခန့်မှန်းထားသည်။ ယင်းကို လေ့လာခြင်းဖြင့် မူရင်းပဲ့ထွက်လာသည့် နေ (သို့မဟုတ်) ဂြိုဟ်နှင့်ပတ်သက်ပြီး အထောက်အထားများ ရရှိမည်ဟု NASAမှ သုတေသီများက ယုံကြည်မျှော်လင့်နေကြောင်း သိရှိရသည်။

Source: Planet

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...