Powered by Blogger.
RSS

ITU - International Telecommunication Union

ITU သည် United Nations ၏ အေဂျင်စီတစ်ခုဖြစ်ပြီး သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာများကို စည်းမျဉ်း ၊ စည်းကမ်းဖြင့် ထိန်းသိမ်းပေးသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITU သည် တစ်ကမ္ဘာလုံး မျှဝေအသုံးပြုနေသော radio spectrum ကို ညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုပတ်လမ်း သတ်မှတ်ခြင်းများအတွက် အထောက်အကူပေးခြင်း၊ ဖွံ့ဖြိုးလာသော telecommunication infrastructure များကို ပို၍တိုးတက်ကောင်းမွန်အောင် ပြုလုပ်ခြင်းနှင့် ကမ္ဘာအနှံ စံသတ်မှတ်ချက်များကို ထုတ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသည်။

ယင်း ITU သည် အောက်ဖော်ပြပါ လုပ်ငန်းများအတွက်လည်း ဆောင်ရွက် ပေးလျက်ရှိပါသည်-

· Broadband Internet

· Latest-generation wireless technologies

· Aeronautical nad maritime navigation

· Radio astronomy

· Satellite-based meteorology

· Fixed-mobile phone

· Internet access ၊ Data ၊ Voice ၊ TV broadcasting and
next-generation networks

*Structure of ITU *

၁၈၆၅ ခုနှစ်တွင် postal union အဖြစ်စတင်တည်ထောင်ခဲ့သော ITU သည် telecommunication ဥပဒေများနှင့် ပတ်သတ်၍ နိုင်ငံတကာဆိုင်ရာ အစောဆုံးနှင့် အရေးပါဆုံး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITU သည် United Nation ၏ အရေးပါသော အေဂျင်စီတစ်ခုဖြစ်သည့် အားလျော်စွာ တိုးတက်ပြောင်းလဲလာသော ကမ္ဘာ၌ ရေဒီယိုခေတ်မတိုင်မီကပင် အတွေ့အကြုံရှိပြီး အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ITU သည် ဆွစ်ဇာလန်နိုင်ငံနှင့် Sector member ပေါင်း ၇၀၀ ကျော်ရှိသည်။ အဖွဲ့ဝင်တစ်ဦးစီသည် ITU သို့၎င်းတို့၏ ဘဏ္ဍာရေးအခြေအနေအရ အချိုးကျ ငွေကြေးထောက်ပံ့ရမည် ဖြစ်သည်။


အထက်ပါပုံတွင် ဖော်ပြထားသည့်အတိုင်း အပိုင်း ၃ ပိုင်း ကို ITU ၏ Radio Regulation နှင့် ကိုက်ညီသည့် frequency band allocation များအရ အောက်ပါအတိုင်းခွဲခြားထားခြင်း ဖြစ်သည်။

( ၁ ) Region 1 ( old world )

( Europe , including Russia , Africa and Monogolia )

( ၂ ) Region 2 ( new world )

( North America and South America ) နှင့်

( ၃ ) Region 3

( Asia-Pacific)

*Objectives of ITU Regulations*

ITU ၏ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

( က ) ဆက်သွယ်ရေး လုပ်ငန်းများတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများတိုးတက်စေရး၊

( ခ ) နည်းပညာဆိုင်ရာ အထောက်အပံ့များ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Telecommunication service
များပိုမိုယုံကြည်စိတ်ချစွာ အသုံးပြုနိုင်စေရေး၊

( ဂ ) အထက်ပါရည်ရွယ်ချက်များ ရရှိစေရန်အဖွဲ့ဝင်နိုင်ငံများ ဟန်ချက်ညီညီပူးပေါင်း ဆောင်ရွက်ရေး။

ယေဘုယျအားဖြင့်ကြည့်မည်ဆိုလျှင် ITU သည် နိုင်ငံတစ်ခုချင်းစီ၏ telecommunication နှင့် radio transmission များကို စည်းကမ်းသတ်မှတ်ရန်အတွက် အခွင့်အာဏာ မရှိပါ။ နိုင်ငံတစ်ခုစီ၏ အစိုးရသည်သာ ၄င်း၏နယ်နိမိတ်အတွင်း radio spectrum ကို ထိန်းချုပ်ရန် အခွင့်အာဏာ အပြည့်ရှိခြင်းကြောင့် ဖြစ်သည်။ Radio transmission များ၏ သဘာဝအရ အခြားနိုင်ငံများ၏ Radio communication အတွက် အနှောင့်အယှက် ဖြစ်မည်ဆိုပါက ITU ၏ စည်းမျဉ်းများနှင့် သက်ဆိုင်လာမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ Telecommunication service များတိုးတက်လာခြင်းကြောင့် ဖွံ့ဖြိုးပြီးနိုင်ငံများသည် ITU တွင် အဓိကနေရာများကို ရရှိမည်ဖြစ်သည်။

အခြားသော ITU နှင့် သက်ဆိုင်သော သိမှတ်ဖွယ်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

· Regulatory Philsophy

· ITU Sectors and Bodies

· The ITU Radio Regulations

· Objectives of the Radio Regulations

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...