Powered by Blogger.
RSS

ဂျပန် အာကာသစခန်းများ

ကာဂိုရှီးမား အာကာသစခန်း(Latitude 31.2o N Longitude 131.1o E)

1970 ဖေဖော်ဝါရီ 11 ရက်နေ့ မှာ အိုဆုမိ (Ohsumi) လို့ ခေါ်တဲံ့ဂြိုဟ်တုကို လမ်ဗ်ဒါ ( Lumbda) ဒုံးပျံဖြင့် ပစ်လွှတ်ပြီးဂျပန်နိုင်ငံဟာ စတုတ္ထမြောက် အာကာသထဲကို ဒုံးပျံပစ်လွှတ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အားထားရတဲ့ ထိုအာကာသစခန်းဟာ ပစိဖိတ် သမုဒ္မရာဘက်ကို မျက်နှာမူထားပြီး တောင်ထိပ်ပိုင်းမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ ကျူရှုကျွန်း ပေါ်မှာတည်ရှိပြီး အစပိုင်းမှာ မိုးလေ၀သ ဂြိုဟ်တုတွေ ကိုပစ်လွှတ်ဖို့ ရည်ရွယ်ခဲ့ တာဖြစ်ပြီး ယခုအခါမှာတော့ အာကာသယာဉ်တွေကိုပါ ပစ်လွှတ်နိုင် ပြီဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ ပထမဒုံးပျံခြောက်စင်းကို ကာဂိုရှီးမား အာကာသစခန်း ကနေပစ်လွှတ်ခဲ့တာဖြစ်ပြီး ယခုအချိန်ထိအာကာသ ဂြိုဟ်တုပေါင်း နှစ်ဒါဇင်ကျော်ကို ပစ်လွှတ် နိုင်ပြီးဖြစ်ပါတယ်။


တန်ဂါရှီးမား အာကာသစခန်း (Latitude 30.4o N Longitude 131.0o E)

ဂျပန်အာကာသဖွံ့ ဖြိုးရေး အေဂျင်စီရဲ့ ရုံးစိုက်ရာစခန်းဖြစ်ပြီး တိုကျိုမြို့ မှ မိုင်ပေါင်း 650 သာ ကွာဝေးတဲ့  တန်ဂါရှီးမား ကျွန်းပေါ်မှာတည်ရှိပါတယ်။ ထို စခန်းမှာတော့ အဓိကအားဖြင့် solid or liquid ဒုံးပျံတွေကိုသာ စမ်းသတ်ပစ်လွှတ် လျှက်ရှိပါတယ်။


အခြားအာကာသစခန်းများ

အထက်ပါ အာကာသစခန်း များအပြင် ကမ္ဘတစ်ဝှမ်းမှာလဲ အခြားအာကာသစခန်း များတည်ရှိပါသေး တယ်။ ထိုအထဲမှ တစ်ချိုကတော့ နိုင်ငံပိုင်စခန်းတွေဖြစ်ပြီး တစ်ချို့ ကတော့ နာဆာနဲ့ ဥရောပအေဂျင်စီရဲ့ စခန်းတွေဖြစ်ပါတယ်။ နာဆာရဲ့  tran-Atlantic landing အတွက်စခန်းသုံးခု တည်ဆောက်ထားပြီး စပိန်၊ ဆီနီဂေါနဲ့မော်ရိုကို နိုင်ငံတွေမှာဖြစ်ပါတယ်။ 1988 စက်တင်ဘာ 19 ရက်နေ့ မှာ
အစ္စရေးနိုင်ငံဟာ ကိုးနိုင်ငံ မြောက် အာကာသထဲကို ပစ်လွှတ်နိုင်တဲ့ နိုင်ငံဖြစ်လာခဲ့သလို အီရတ်နိုင်ငံ ဟာလဲ 1989 ဒီဇင်ဘာ 5ရက်နေ့  မှာဆယ်နိုင်ငံမြောက်နိုင်ငံဖြစ်လာခဲ့ ပါတယ်။ ထူးခြားတဲ့ အာကာသစခန်းကတော့ အီတလီနိုင်ငံ ရဲ့ အာကာသစခန်း ဖြစ်ပြီးတော့ ဆမ်မာရီနိုကျွန်း အနီးမှာရှိတဲ့ ရေပြင်ပေါ်မှာတည်ဆောက်ထားတဲ့  စခန်းကနေပစ်လွှတ်ခဲ့ တာဖြစ်ပါတယ်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...