Powered by Blogger.
RSS

အာကာသသိပံ္ပပညာဘယ်သူသာ ( မာယန် Mayan & Nasa နာဆာ )

ယနေ့စကြာဝဠာ၏ သက်တမ်းသည် နှစ်သန်းထောင်ပေါင်း(၁၃.၇၅)သန်းရှိပြီဖြစ်သည်။ ယနေ့သိပ္ပံပညာသည် အတိုင်းအတာတစ်ခုထိ အဆင့်မြင့်မားမှုရှိသော်လည်း အာကာသနက္ခတ်သိပံ္ပတွင် ရှာဖွေတွေ့ရှိမှုများသည် ယခင်ရှေးဟောင်းလူမျိုးစု ပညာရှင်တို့ ချန်ထားရစ်သော အာကာသ သိပ္ပံပညာလေ့လာတွေ့ ရှိချက်ချက်များ နှင့်စာလျှင် အဆင့်နိမ့်နေပေသေးသည်။ ကျွန်ုပ်တို့ ကမ္ဘာပါဝင်သော နေလှည့်လည်မှုစနစ်တွင် ပါဝင်သည့် ဂြိုဟ်များအနက် ယူရေးနပ်စ်(Uranus) ဂြိုဟ်ကို ၁၇၈၁-ခုနှစ်၊ နက်ပကျွန်း ဂြိုဟ်ကို ၁၈၄၆-ခုနှစ်၊ ပလူတို(Pluto) ဂြိုဟ်ကို ၁၉၃၀-ခုနှစ်၊ ယခု အငြင်းပွားနေကြသည့် ဂြိုဟ်(၁၀)(Planet X) ဟု ယူဆကြသည့် အီရစ်(Eris)ဂြိုဟ် အသေးအမွှားကို ၂၀၀၃-ခုနှစ်မှ ရှာဖွေ တွေ့ရှိခဲ့ကြပြီး ရှေးဟောင်းလူမျိုးစုများဖြစ်သည့် ဆူမေးနီးယန်း(Sumenian) နှင့် မာယန်(Mayan)တို့က လွန်ခဲ့သောနှစ်(၂၀၀၀) မှ (၆၀၀၀)အတွင်းကပင် ယင်းဂြိုဟ်များ တည်ရှိကြောင်းနှင့် လှည့်လည်သွားလာမှုများ၊ အကျိုးသက်ရောက်မှုများကို မှတ်တမ်းတင်ထားနိုင်ခဲ့ကြသည်။ ယနေ့ အာကာသ သိပံ္ပပညာရှင်များ အနေဖြင့် စကြာဝဠာအားလေ့လာရာတွင် လိုက်မမီသော၊ မသိနားမလည်သော ၊ မတွေ့ရှိသေးသောလျှို့ဝှက်နက်နဲသော အကြောင်းအရာ အများအပြား ရှိနေသေးကြောင်း ၀န်ခံထားပြီး ဆက်လက်၍ လေ့လာ စူးစမ်း နေကြဆဲဖြစ်သည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...