Powered by Blogger.
RSS

Skylon

http://www.hin4ooe.com/main/temp/Mar%2015,%202011/jat.jpg

အမေရိကန် အမျိုးသားအာကာသအေဂျင်စီ၏ အာကာသလွန်းပျံယာဉ်များ အနားယူတော့မည့် အချိန်တွင် ဗြိတိန်မှ Reaction Engines ကုမ္ပဏီက အာကာသနှင့်ကမ္ဘာမြေခရီးကို ဂျမ်ဘိုဂျက်လေယာဉ် တစ်စင်းကဲ့သို့ အဆင်းအတက် ပြုလုပ်နိုင်မည့် ယာဉ်ဒီဇိုင်းကို ထုတ်ဖော်ပြသခဲ့သည်။

Skylon ဟု အမည်ပေးထားသော အာကာသလေယာဉ်သည် အာကာသ လွန်းပျံယာဉ် များထက် ကုန်ကျစရိတ် သက်သာမည် ဖြစ်သော်လည်း ထုတ်လုပ်ရန် ၁၀ နှစ်မျှ အချိန်ယူရဦးမည် ဖြစ်သည်။ မီတာ ၉၀ ရှည်လျားသည့် ယာဉ်၏အဓိက အားသားချက်မှာ ဟိုက်ဒရိုဂျင် လောင်စာသုံး ရော့ကတ်အင်ဂျင် SABRE ဖြစ်ကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာ အလန်ဘွန်းက ပြောကြားခဲ့သည်။

လူမဲ့ Skylon ယာဉ်သည် ဂြိုဟ်တုလွှတ်တင်ရန် အတွက်သာ မူလက ရည်ရွယ်ခဲ့ခြင်း ဖြစ်သော်လည်း ခရီးသည် ၃၀ ၊၄၀ မျှ တင်ဆောင်နိုင်သောကြောင့် အာကာသ ခရီးသွားလုပ်ငန်း၏ ရှေ့ဆောင်လည်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။

ဒုံးအင်ဂျင်မှာ ယာဉ်တွင်တစ်ပါတည်း ပါရှိသောကြောင့် အာကာသ လွန်းပျံယာဉ်များ လွှတ်တင်သကဲ့သို့ ဒုံးယာဉ်တွဲပြီး လွှတ်စရာမလိုဘဲ သမားရိုးကျ ဂျမ်ဘိုဂျက် လေယာဉ်တစ်စင်းကဲ့သို့ အဆင်းအတက် ပြုလုပ်နိုင်ခြင်းက အားသာချက်ဖြစ်သည်ဟု သိရသည်။

Source: hin4ooe

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...