Powered by Blogger.
RSS

သေဆုံးနေသည့် ဂြိုဟ်သား အလောင်းကို ဆိုက်ဘေးရီးယား ဒေသ ရေခဲပြင်ထဲ ၌ တွေ့ရှိရ ဟုဆို




ဆိုက်ဘေးရီးယား ဒေသရဲ့ ခဲနေတဲ့ စွန့်ပစ် အရည်တွေထဲ ကနေ ဂြိုဟ်သား တစ်ဦးရဲ့ အလောင်းကို လမ်းလျှောက် ထွက်လာသူ နှစ်ဦးက တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံ အာကက်စကီမြို့ အနီး ရေခဲပြင်မှာ တစ်ဝက် နစ်နေတဲ့ ရုပ်အလောင်းကို တွေ့ရှိ ခဲ့ရပြီး အဲဒီ အလောင်းဟာ ပါးစပ်ဟပြဲ၊ ရှည်သွယ်သွယ် နဲ့ ဆိုးဆိုးရွားရွား ပျက်စီးနေတယ် လို့ ဆိုပါတယ်။အဲဒီ နေရာဟာ ပန်းကန်ပြားပျံတွေ ဆင်းသက်ခဲ့တယ် လို့ နာမည်ကြီးခဲ့တဲ့ နေရာ ဖြစ်ပြီး ဂြိုဟ်သားရဲ့ အလောင်းကို တွေ့ရှိတယ် ဆိုတဲ့ သတင်းက အင်တာနက်ကနေ ကမ္ဘာတစ်လွှားကို တောမီးလို ပျံ့နှံ့သွားခဲ့တယ် လို့ ဆိုပါတယ်။

အဲဒီအလောင်းဟာ ဆိုးဆိုးရွားရွား ပျက်စီး နေပြီး ရုပ်ရှင်ထဲက အီးတီနဲ့ တူပြီး အရပ်က နှစ်ပေပဲ ရှိတယ် လို့ ဆိုပါတယ်။ အလောင်းမှာ ညာဘက် ခြေထောက် ပျောက်ဆုံး နေပြီး မျက်လုံး နေရာမှာ နက်ရှိုင်းတဲ့ အပေါက် နှစ်ပေါက်နဲ့ လူရဲ့ဦးခေါင်းခွံလို အရိုးကြီးမှာ ပါးစပ်နေရာ မှာလည်း အပေါက်ကြီး တစ်ပေါက် ရှိတယ် လို့ ဆိုပါတယ်။ ပန်းကန်ပြားပျံ ၀ါသနာရှင်တွေ က ကမ္ဘာမြေကို အလည် လာတဲ့ ဂြိုဟ်သားတွေ ဟာ မတော်တဆမှု တစ်ခု ဖြစ်ပွားခဲ့ပြီးတဲ့ နောက် အဲဒီ ဂြိုဟ်သားဟာ ကမ္ဘာမြေမှာ ကျန်ရစ်ခဲ့တာလို့ ယူဆ ကြပါတယ်။

Source: People Media Voice

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...