Powered by Blogger.
RSS

အင်္ဂါဂြိုဟ်သွား ခရီးအတွက် ခြေတစ်လှမ်းနီးပြီ မိုင် ၄၉ သန်း ခရီးကိုသွားမည့် လေးယောက်စီး အာကာသယာဉ် နာဆာ ထုတ်ဖော်ပြသ


w63501


အမေရိကန် အမျိုးသား အာကာသအေဂျင်စီ(နာဆာ)သည် အင်္ဂါဂြိုဟ်သွား ခရီးစဉ်အတွက် လူလေးယောက် စီးနင်းလိုက်ပါနိုင်သည့် အာသာသယာဉ်ကို ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

လပေါ်သို့ လူပြန်လည်စေလွှတ်ရန် ရည်ရွယ်ပြီး မူလက တည်ဆောက်ခဲ့သော အိုရီယွန်ယာဉ်ကို အခြေခံပြီး ပြန်လည် တည်ဆောက်ထားသော ဘက်စုံးသုံး လူစီးယာဉ် (MPCV) ကို မိုင် ၄၉ သန်း ကွာဝေးသည့် အင်္ဂါဂြိုဟ်သို့ လူသားတို့ကို ပို့ဆောင်ပေးရန် သုံးစွဲမည် ဖြစ်သည်။လာမည့် ငါးနှစ်အတွင်း ကမ္ဘာပတ်လမ်းအတွင်း လှည့်ပတ်နိုင်ရန် မျှော်လင့်ထားပြီး နောက်ပိုင်းတွင် အင်္ဂါဂြိုဟ်သို့ ပို့ဆောင်ပေးရန် ရည်ရွယ်ထားသည်။

အကြိမ်ကြိမ် ပြင်ဆင်မှုများဖြင့် နောက်ဆုံးထုတ် MPCV သည် ဘက်စုံသုံးအသွင် ပိုဆောင်လာပြီး အတွင်းတွင် လိုက်ပါမည့်သူများ ပိုမို ဘေးကင်းစေရန် အဆင့်မြှင့်ထားနိုင်သည် ဟုဆိုသည်။ အင်္ဂါဂြိုဟ်သွားရန် အဓိက
ရည်ရွယ်ထားသော်လည်း ဦးဆုံးအနေဖြင့် အနားယူသွားသော အာကာသလွန်းပျံယာဉ်များ နေရာ အစားဝင်ပြီး အမေရိကန် အာကာသယာဉ်မှူးများကို နိုင်ငံတကာ အာကာသစခန်းသို့ ပို့ဆောင်ရေး ဆောင်ရွက်ပေးရဦးမည် ဖြစ်သည်။

Source: First Eleven

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...