Powered by Blogger.
RSS

China အာကာသစခန်းများ

1970 ဧပြီ 24 ရက်နေ့ မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဟာ အာကာသထဲကို ဂြိုဟ်တု ပစ်တင်နိုင်တဲ့ ပဉ္စမမြောက်နိုင်ငံဖြစ်လာခဲ့ ပါတယ်။ ဂြိုဟ်တုရဲ့ အမည်ကတော့ Mao-1 ဖြစ်ပီး Lnog March 1 ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။ထိုဒုံးပျံကို ကျူကွမ်း အာကာသစခန်းကနေလွှတ်တင်ခဲ့ တာဖြစ်ပီး ယခုဆိုရင် တရုတ်ပြည် မှာ အာကာသစခန်း သုံးခုရှိနေပီဖြစ်ပါတယ်။

Jiuquan အာကာသစခန်း(Latitude 40.6o N Longitude 99.9o E)

ကျူကွမ်းအာကာသစခန်း ဟာ မွန်ဂိုလီးယားနယ်စပ်၊ ဂိုဘီသဲကန္တာရ အနီးက ကျူကွမ်းမြို့ မှာတည် ဆောက်ထားတာဖြစ်ပီး မြို့ တော်ပီကင်းကနေပြီး မိုင် 1000ခန့်ကွာဝေးပါတယ်။ ၄င်း ဟာတရုတ်နိုင်ငံရဲ့ ပထမ ဦးဆုံး အာကာသစခန်းဖြစ်ပီး မီတာ 50 မြင့်တဲ့ ပစ်လွှတ်စင်တွေ ကို ပိုင်ဆိုင်ထားပါတယ်။ ယင်း အာကာစခန်းဟာ အရှေ့ တောင်ဘက် 57 မှ 70 ဒီဂရီကြားထဲ သို့ ပစ်လွှတ်နိုင်ခြင်းမရှိပါဘူး။ မွန်ဂိုလီးယားနှင့် ရှရုနိုင်ငံ အတွင်း သို့ ဒုံးပျံ ကျရောက်နိုင် တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ Long March ဒုံးပျံတွေ အပြင်လေထုတိုင်းတာရေး ဂြိုဟ်တုတွေ၊ မိုးလေ၀သ ဂြိုဟ်တုတွေကို ပစ်လွှတ်နေတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။ လွင်ပြင်ဒေသအနီးမှာ တည်ဆောက်ထားတဲ့အတွက်ကြောင့် အခြားအာကာသစခန်းများမှအာကာသယာဉ်များ ဆင်းသက်နိုင်သလို နေထွက်တဲ့ရှုခင်းဟာလဲလှပပြီး နာမည်ကျော်ကြားပါတယ်။ 2003 အောက်တိုဘာ 15 ရက်နေ့ မှာ အာကာသယာဉ်မှုး ယန်လီဝေ ( Yan Lewai) လိုက်ပါတဲ့ ရှန်ဇူး 5 အာကာသယာဉ်ကို Long March 2F ဒုံးပျံဖြင့် လွှတ်တင်နိုင်ခဲ့ ပြီး တရုတ်နိုင်ငံ ဟာတတိယမြောက် အာကာသထဲကို လူလွှတ်တင် နိုင်တဲ့ နိုင်ငံ အဖြစ်ရောက်ရှိလာခဲ့ ပါတယ်။


Xichang အာကာသစခန်း(Latitude 28.25o N Longitude 102.0o E)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ သူတို့ရဲ့ချန်ကျန်း (Changzheng) ဒုံးပျံတွေ ကိုပစ်လွှတ်ဖို့ အာကာသစခန်းသုံးခုရှိပြီး ဇီကျန်း အာကာသစခန်းဟာ အကြီးဆုံးဖြစ်ပါတယ်။ ထိုအာကာသစခန်းဟာ တစ်ခြားစခန်းနှစ်ခုထက်ပိုကောင်းတဲ့ တည်နေရာမှာတည်ရှိပြီးတော့ ပိုမိုကောင်းမွန်တဲ့ပတ်လမ်းထဲ ကိုပစ်လွှတ်နိုင်ပါတယ်။ တရုတ်ပြည်တောင်ပိုင်း စီချွမ် (Sichuan) ပြည်နယ်ကတောင်နှစ်လုံးကြားမှာ တည်ရှိပါတယ်။ ဒုံးပျံပစ်လွှတ်စင်တွေအပြင် အာကာသယဉ်တင်ဆောင်နိုင်တဲ့ 76 မီတာ မြင့်တဲ့ ပစ်စင် အကြီးစားနှစ်ခုလဲပါရှိပါတယ်။ လက်ရှိတရုတ်ရဲ့ Long March ဒုံးပျံတွေကို ပစ်လွှတ်နေတဲ့နေရာဖြစ်ပြီး1984 ခုနှစ်မှာပထမဦးဆုံးသော ဒုံးပျံကိုပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။ သူ့၏အကြီးဆုံးအားနည်းချက်ကတော့ လူဦးရေ ထူထပ်တဲ့နေရာတွေကိုဖြတ်သန်း ပစ်လွှတ်ရတာဖြစ်ပြီး 1996 က ပျက်ကျခဲ့ တဲ့  Long March 3 ဒုံးပျံကြောင့် 6 ယောက်သေပြီး 57 ယောက်ဒဏ်ရာရရှိခဲ့ ပါတယ်။ အလားတူ 1995 တုန်းကလဲ Long March 2E ဒုံးပျံ ပေါက်ကွဲခဲ့ တဲ့ အတွက် အစအနတွေ ဟာ ငါးမိုင်အကွာက ရွာကိုကျရောက်ခဲ့ ပြီးခြောက်ယောက် သေဆုံးကာ 23 ယောက် ဒဏ်ရာရရှိခဲ့ ပါတယ်။


Taiyuan အာကာသစခန်း (Latitude 37.5o N Longitude 112.6o E)

တိုင်ယွမ် အာကာသစခန်းဟာ ကျူကွမ်း အာကာသစခန်းကနေ ပစ်လွှတ်ဖို့ ကြီးလွန်းတဲ့  အာကာသဒုံးပျံတွေကို ပစ်လွှတ်တဲ့နေရာ တစ်ခုဖြစ်ပြီး ၀ူဇီ ပြည်နယ်မှာတည်ရှိပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဖက်ဆက်တည်ဆောက်ထားတာဖြစ်ပြီး ထောက်လှမ်းရေး၊ လေ့လာရေး ဂြိုဟ်တုတွေကို ၀င်ရိုးစွန်းပတ် လမ်းတွေကို ပစ်လွှတ်နေတဲ့  စခန်းတစ်ခု ဖြစ်ပါတယ်။ 1990 ခုနှစ်မှာအမေရိကန်ရဲ့ နာမည်ကျော် Iriidum constellartion satellite တွေကိုပစ်လွှတ်ခဲ့ တာဖြစ်ပါတယ်။

Source: Satellite&Space

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...