Powered by Blogger.
RSS

ဂြိုဟ်ပူးခြင်းဂယက်

jeffyplanet1.jpg

အင်္ဂါဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ ပူးယှဉ်မှုဖြစ်စဉ်ကြောင့် မေလ ၁၅ ရက်မှ ဇွန်လ ၁၅ ရက်အတွင်း ဂျပန်၊ တရုတ်(တိုင်ပေ)၊ ဖိလစ်ပိုင် နှင့် မြန်မာနိုင်ငံတနင်္သာရီကမ်းရိုး တန်းဒေသတို့ကို အကျိုးသက် ရောက်စေမည့် မုန်တိုင်းတစ်ခု ဖြစ် ပေါ်နိုင်ကြောင်း နက္ခတ်သိပ္ပံအဖွဲ့မှ သိရသည်။

အဆိုပါ ဂြိုဟ်ပူးမှုဖြစ်စဉ်သည် မေလ ၂ဝ ရက် မြန်မာစံတော်ချိန် ၇ နာရီ ၄၆ မိနစ်တွင် မိဿရာသီ ခွင်၌ယိုင်ထောင့် အကွာအဝေး ၂ ဒသမ ၄ ဒီဂရီတွင် ပူးယှဉ်မည်ဖြစ် သောကြောင့်အားအသင့်အတင့်ရှိ သော ဂြိုဟ်ပူးယှဉ်မှုအဖြစ် သတ် မှတ်ပြီး အရှေ့လောင်ဂျီတွဒ် ၁၃၈ ဒီဂရီ ဝ၄ မိနစ်၊ မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၁၁ မိနစ်အတွင်း ဖိလစ် ပိုင်နိုင်ငံအနီးတွင် ဖြစ်ပေါ်မည်ဖြစ် ကြောင်း သိရသည်။

”အင်္ဂါနဲ့ ဗုဒ္ဓဟူးဂြိုဟ် ပထမ အကြိမ်ပူးတုန်းက ဧပြီလ ၁၉ ရက် နေ့မှာ ရွှေဈေးနှုန်းသိသိသာသာ တိုးမြင့်သွားခဲ့တယ်။ ဒါကြောင့် အခု ဂြိုဟ်ပူးယှဉ်မှုမှာလည်း တစ်ပတ် အတွင်း ရွှေဈေးနှုန်းမြင့်တက်သွား လိမ့်မယ်လို့ သုံးသပ်ပါတယ်” ဟု နက္ခတ်သိပ္ပံအဖွဲ့၊ အမှုဆောင်အရာ ရှိချုပ် ဦးဇေယျာကိုက ပြောသည်။

ထို့အပြင် မေလ ၂၂ ရက်နေ့ တွင် အင်္ဂါဂြိုဟ်နှင့်သောကြာဂြိုဟ် ပူးယှဉ်မှုထပ်မံဖြစ်ပေါ်မည်ဖြစ်ပြီး အဆိုပါ ဂြိုဟ်ပူးယှဉ်မှုကြောင့် တစ်ပတ်အတွင်း မြန်မာနိုင်ငံတွင် မတ်ပဲနှင့် နိုင်ငံခြားငွေကြေးနှုန်းမြင့်မား တိုးတက်လာနိုင်ကြောင်းနှင့် ဂြိုဟ်ပူးယှဉ်မှုနှစ်ခုစလုံးတွင် အင်္ဂါဂြိုဟ်အားကောင်းသဖြင့် ၄င်းကာလအတွင်း အင်္ဂါသားသမီးများ ကံဇာ တာမြင့်မားလာမည်ဖြစ်ကြောင်း သိ ရသည်။

”ပထမဂြိုဟ်ပူးမှုဖြစ်စဉ်ကို မြန်မာနိုင်ငံက လေ့လာနိုင်တယ်။ လေ့လာလိုသူတွေအနေနဲ့ မေလ ၂ဝ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ် အရုဏ်တက်ချိန်အတွင်း အရှေ့ဘက် မိုးကောင်းကင်ကိုကြည့်ရင် အင်္ဂါ ဂြိုဟ်၊ ဗုဒ္ဓဟူးဂြိုဟ်နဲ့သောကြာဂြိုဟ် တို့ နီးနီးကပ်ကပ်ရပ်တည်နေတာကို တွေ့ရပါလိမ့်မယ်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...