Powered by Blogger.
RSS

ဂြိုဟ်တုတည်ရှိနေသော အာကာသပတ်ဝန်းကျင်၏ ဆိုးရွားပြင်းထန်ခြင်းများ

ဂြိုဟ်တုတည်ရှိနေတဲ့အာကာသပတ်ဝန်းကျင် (space environment)သည်ဆိုးဝါးပြင်းထန်သော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ဥပမာအားဖြင့်-အာကာသအမှိုက်များအာကာသထဲမှာ ခန့်မှန်းရခက်ခဲစွာ မျောချင်ရာသို့အရှိန်အဟုန်ပြင်းစွာမျောပါနေသည့်လူသားတွေပြုလုပ်ထားတဲ့ အာကာသအမှိုက်သရိုက်များ (space debris) ဖြစ်ပါသည်။ ယင်းအာကာသ၀တ္ထုများနှင့် ဂြိုဟ်တုနဲ့တိုက်မိတဲ့အခါ သို့မဟုတ် ဂြိုဟ်တုပေါ်ကအရေးကြီးသည့်အစိတ်အပိုင်းတစ်ခုခုကို ထိမှန်သွားတဲ့အခါတွင် ဂြိုဟ်တုတစ်ခုလုံးပျက်စီးမှုကြီးများ အထိ ဖြစ်ပေါ်စေနိုင်သည်။ ဂြိုဟ်တုတစ်ခု၏ အစိတ်အပိုင်းအသေးအမွှားကလေးများမှ ထိန်းချုပ်စနစ်မရှိတော့သည့် ပတ်လမ်းထဲတွင်လွှင့်မျောနေကြသော ဂြိုဟ်တုအဟောင်းများ လည်းပါဝင်သည်။ ၂၀၀၉ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အမေရိကန် ဆက်သွယ်ရေးဂြိုဟ်တု (Irridium) နှင့်ရုရှားဆက်သွယ်ရေး ဂြိုဟ်တုအပျက် (Kosmos) တို့ တိုက်မိကြသည့်ဖြစ်ရပ်ကဲ့သို့တိုက်မိသည့်
ဂြိုဟ်တုနှစ်ခုစလုံးပေါက်ကွဲပျက်စီးသွားတာမျိုးအထိလည်းဖြစ်ခဲ့ဖူးပါသည်။

ဂြိုဟ်တုတစ်လုံးအသစ်တင်လိုက်တိုင်း ယင်းဂြိုဟ်တုကို
ပစ်လွှတ်ပေးသည့်ဒုံးပျံ (launch vehicle) မှလည်းကောင်း၊ ဂြိုဟ်တုနှင့်ဒုံးပျံခွဲထုတ်ခြင်းအတွက် ထည့်သွင်းထားရသည့်စက်ပစ္စည်းများမှလည်းကောင်း၊
ကိရိယာအစိတ်အပိုင်းများကို အာကာသအတွင်းတွင်ချန်ထားခဲ့သည့်အတွက် ဖြစ်ပါသည်။ထိုကြောင့် ကမ္ဘာ့ပတ်ဝန်းကျင် အာကာသထဲတွင် ၁၉၆၀ ခန့်မှစပြီး တစ်ကမ္ဘာလုံးပစ်လွှတ်ခဲ့ကြသည့်ဂြိုဟ်တုများအပြင် ယင်းဂြိုဟ်တုများကိုလွှတ်တင်ခဲ့သည့်အကြိမ်တိုင်း အာကာသထဲတွင် ချန်ထားခဲ့သည့်စွန့်ပစ် ပစ္စည်းများဟာအရေအတွက်အားဖြင့် သန်းဂဏန်းအထိရှိနေသောကြောင့်အာကာသတွင်းရှိ မည်သည့်ဂြိုဟ်တုကိုမဆို လာရောက်ထိမှန်နိုင်ခြေရှိနေသည်။ထို့အပြင်အာကာသအတွင်းသို့လွှတ်တင်ရန် ရည်ရွယ်ချက်နှင့်ပြုလုပ်ခဲ့ကြသည့်အတွက် ယင်းအမှိုက်သရိုက်များသည် ဂြိုဟ်တုနဲ့ယှဉ်လျင် အလွန်မာကျောသည်။ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အလွန်မာကျောပြီးအလွန်လျင်မြန်သော အမြန်နှုန်း (8 km/s) ဖြင့် ရွေ့လျားနေသောယင်း ပစ္စည်းအစအနများ သည် ဂြိုဟ်တုကိုထိမှန်တဲ့အခါမှာ ထိမှန်ခြင်းခံရသည့် အစိတ်အပိုင်းပေါ်ကိုလိုက်၍ ပျက်စီးမှုကြီးမားပါသည်။ အရေးအကြီးဆုံး အစိတ်အပိုင်းကိုထိမှန်ခဲ့မည်ဆိုပါက ဂြိုဟ်တုတစ်ခုလုံး သုံးမရတဲ့အထိ ဖြစ်သွားနိုင်ပါသည်။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Related Posts Plugin for WordPress, Blogger...